ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ခံစားချက်ပဲ..
Vol. 41 Ch. 604
#ဘာသာပြန် = စနိုးဝှိုက်
အကြီးအကဲ ရူ ဟာ စိတ်ထဲမှာနေသာ ရယ်မောလိုက်ပြီး ဘာမှ မပြောခဲ့ပေ..။ဘယ်လို လူမျိုးတွေ ရောက်လာမလဲ ဆိုတာကို သူတကယ် ကြည့်ချင်မိပါသေးတယ်..။
တိမ်ဖြူလမ်း..။
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"အားလုံးပဲ ငါ့ဆီကို အရေးကြီးတဲ့ စာတစ်စောင် ရောက်လာတယ်..။သူဌေးလေးက ငါတို့အကုန်လုံးကို ဖွင့်ပွဲ အခမ်းအနားတစ်ခု တက်ပေးဖို့ခေါ်နေတာ..။အဆင့်မြင့်ဟော်တယ်ကြီးမှာ..စားစရာ ရော သောက်စရာ ရော အပြည့်အစုံ ရှိတယ်တဲ့..."
အကြီးအကဲ လိန် ပြောလိုက်တယ်..။
"သူေဌးလေးက နောက်ဆုံးတော့ ငါတို့အတွက်တွေးပေးတာပဲ..။သူက ဒီလိုကောင်းတာတွေ နဲ့ ကြုံတဲ့ အချိန်ဆို ငါတို့ကို အမြဲသတိရတယ်.."
"ဟေး..ခင်ဗျားပြောတဲ့ ပုံဆိုရင် သူဌေးလေးက..ကပ်စေးနဲ တဲ့လူလိူဖြစ်နေပြီ..။သူဌေးလေးက ဘယ်တုန်းက ကျုပ်တို့အတွက် မတွေးပေးပဲ နေလို့လဲ.."
လူလိမ် ထျန်ဟာ ဒါကို ကြားတဲ့ အချိန်မှာ ချက်ချင်း လှုပ်ရှားလိုက်တယ်..။
"ဒါဆိုလညး် ဘာကို စောင့်နေကြတာလဲ..။အမြန်သွားကြမယ်လေ.."
သူတကယ် စိတ်ကြည်လင်နေခဲ့ပါတယ်..။ဒီကောင်လေက အမှန်တကယ် ကောင်းမွန်တဲ့ အရာတွေကို တွေ့တော့ သူတို့ကို သတိရပေးမယ်လို့ မထင်ထားခဲ့ပါဘူး..။အရင်က သူ အမြင်မကြည်ခဲ့တာတွေ အကုန်ပျောက်ကွယ် သွားခဲ့တယ်..။
"ငါတို့ ဖွင့်ပွဲ အခမ်းအနားကို သွားတာ ဆိုတော့ စာအိတ်အနီ တွေ ဘာတွေ ယူသွားရဦးမှာလား.."
"သူဌေးလေးကတော့ မလိုဘူးလို့ ပြောတာပဲ..။ငါတို့ ဒီတိုင်းလာရင်ကို အဆငိပြေပြီတဲ့.."
"ဒါတကယ်ကောင်းတယ်.."
…
ဒေါင်ယွဲ့ ဖျော်ဖြေရေး ဟော်တယ်..။
လင်းဖန် ပြုံးနေခဲ့တယ်..။ယင်းနောက် သူ့ဖုန်းကို ဝေ့ယမ်းလိုက်ပြီး..
"ငါ လူတွေကို ခေါ်ပြီးသွားပြီ..။မင်းရဲ့ ဖွင့်ဖွဲအခမ်းအနားမှာ လူတွေ နည်းနေတာက..အရမ်းသနားဖို့ ကောင်းတယ်လေ..။ဒါပေမဲ့ သူတို့ ရောက်လာရင် ဒါတွေ အကုန် ကွယ်ပျောက်သွားလိမ့်မယ်..။မင်းရဲ့ စားစရာနဲ့ သောက်စရာတွေ ကတော့ လုံလောက်ပါတယ်နော်.."
လီရူ ရယ်မောလိုက်တယ်..။
"ငါက ဘယ်လိုဖြစ်ပြီး. မလောက်မငှ စီစဥ္ထားမှာလဲ.."
အကြီးအကဲ ရူကတော့ ဘေးနားမှာပဲ တိတ်တဆိတ်ရပ်နေခဲ့ပါတယ်..။ဘယ်လို လူတွေ ရောက်လာမလဲ ဆိုတာကို သူတကယ် ကြည့်ချင်နေခဲ့တာပါ..။သူ့အမြင်အရတော့ ဒီကောင်လေး စီးလာတဲ့ ကားအနေအထားနဲ့ ဆိုရင်ပိုက်ဆံ အနည်းငယ်တော့ ရှိမယ့်ပုံပါပဲ..။သူ့ဆီက ရနေတဲ့ ဆန်းကြယ်တဲ့ ခံစားချက်ကလည်း သိပ်တော့ မဟုတ်သေးပေ..။ပုံမှန်အားဖြင့် ဒီကောင်လေး ဘယ်လို လူတွေကို လှမ်းခေါ်လိုက်တာလဲ သူသိချင်မိပါတယ်။
"အစ်ကိုလင်း.."
လူတိုင်း စောင့်နေတဲ့ အချိန်မှာပဲ သိပ်မဝေးတဲ့နေရာကနေ မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်ရတယ်..။
ဝူရွှန်းယွဲ့က အခုနောက်ပိုင်း အလုပ်များနေခဲ့တာပါ..။သူမ ရှန်ဟိုင်းကိုတောင် သိပ်မရောက်ဖြစ်တော့ပါဘူး..။ဒါက သူ တစ်ခြားနေရာတွေမှာ အနုပညာ လှုပ်ရှားမူတွေ လုပ်နေလို့ပါ..။အစက တော့ သူမ တိမ်ဖြူလမ်းကို သွားဖို့ လုပ်ထားပေမယ့် ဒါက အရမ်းကို အလျင်စလို နိုင်လှပါတယ်။နောက်ဆုံးတော့ သူမမှာ ရွေးချယ်စရာ မရှိတော့ပဲ ပွဲကို အရင်လာတက်ခဲ့ရတာပါ..။
ဝူယူလန်ဟာ ဒီအသံကို ကြားတဲ့ အချိန်မှာ အမူအရာပြောင်းလဲ သွားခဲ့တယ်..။သူမရဲ့ ပြိုင်ဘက်ကတော့ ဒီကို ရောက်လာခဲ့ပါပြီ..။
သိပ်မကြာခင်မှာပဲ..အရမ်းကို တက်တက်ကြွကြွ ရှိတဲ့ အရိပ်တစ်ခုဟာ လင်းဖန်ရဲ့ ရှေ့ကို ရောက်လာခဲ့တယ်..။သူမက အခုဆိုရင် လူအများသိတဲ့လူတစ်ယောက် ဖြစ်နေပြီ ဆိုတော့ ဂရုတစိုက်နဲ့ mask တပ်ထားခဲ့ပါတယ်..။သူမနဲ့ မရင်းနှီးတဲ့ လူဆိုရင်..သူမကို မှတ်မိမှာ မဟုတ်ပါဘူး..။
အကြီးအကဲ ရူ အခုရောက်လာတဲ့ တစ်ယောပ်ကို ကြည့်လိုက်တယ်..။သူ ..သူမရဲ့ မျက်နှာကို မမြင်ရပေမယ့်လည်း..သူမကြည့်ရတာ မိန်းမလှလေးတစ်ယောကိပါပဲ..။ ဒါပေါ့..ဒီမိန်းကလေးက ဆယ်လီ တစ်ယောက်လို့တော့ သူမတွေးမိပေ..။
လင်းဖန် ပြုံးလိုက်ပြီး..
"ရွှန်းယွဲ့ ..နင်က အခုနောက်ပိူင်း ငါ့ကို တောင်လာမတွေ့တော့ဘူးနော်..။ဒါက ကျော်ကြားသွားလို့ ငါ့ကို မသိတော့တာမလား..."
ဒါက ဟာသတစ်ခု ဆိုပေမယ့် ဝူရွှန်းယွဲ့ကိုတော့ ထိပ်လန့်စေခဲ့ပါတယ်..။
"မ..မဟုတ်ပါဘူး.."
ဝူရွှန်းယွဲ့ စိတ်ပူစွာနဲ့ ရှင်းပြဖို့ ကြိုးစားလိုက်တယ်..။
"ညီမ အစ်ကို့ကို မမေ့ပါဘူး..။ညီက အစ်ကိုလင်း ဆီကို အမြဲလာတွေ့ချင်ပေမယ့်..အလုပ်တွေက ရှန်ဟိုင်းမှာ မဟုတ်ဘူးလေ..."
ဒီစကားကို ပြောနေတဲ့ အချိန်မှာ ဝူရွှန်းယွဲ့တစ်ယောက် မျက်ရည်တောင် ကျခါနီးနေခဲ့ပါပြီ..။သူမတို့က အလှမ်းဝေးနေတာကြောင့် အစ်ကိုလင်းက သူမအပေါ် တစိမ်းတစ်ယောက်လို ဆကိဆံမှာကို အကြောက်ဆုံးပါပဲ..။
ဝူယူလန်ဟာ ဝူရွှန်းယွဲ့ကို သူမရဲ့ ပြိုင်ဘက်အဖြစ် အမြဲတမ်းတွေးထားခဲ့တာပါ..။သိူ့ပေမယ့် အစ်ကိုလင်းရဲ့ စကားတစ်ခွန်းကြောင့်. အခုမှရောက်လာတဲ့.ဝူရွှန်းယွဲ့ ငိုမလို ဖြစ်နေတာကိုကြည့်ပြီး စိတ်အဆင်မပြေဖြစ်သွားခဲ့တယ်..။
"အစ်ကိုလင်း ဒါတော့ များသွားပြီ.."
လင်းဖန် အခြေအနေက ဒီလို ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ပေ..။သူအလျင်အမြန် သူမကို ပြန်နှက်သိမ့်လိုက်တယ်..။
"ရွှန်းယွဲ့..ငါက နောက်နေတာပါ..။ဘယ်လိုလုပ်ပြီး အတည်မှတ်နေတာလဲ..။နင် ကိုယ့်ကိုကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်နော်..အခုဆိုရင် သာမန်လူလည်း မဟုတ်တော့ဘူးလေ.."
ဝူရွှန်းယွဲ့ ပြောလိုက်တယ်..။
"အစ်ကိုလင်း..ညီမ တကယ် အလုပ်ရှုပ်နေတာပါ.."
လင်းဖန် ဝူရွှန်းယွဲ့ရဲ့ ခေါင်းလေးကို ပုတ်ပြီး ပြောလိုက်တယ်..။
"ငါသိပါတယ်..ဒါက ဒီတိုင်း စနောက်လိုက်တာပါ..။ဘာလို့ အရမ်းကြောက်ရွံ့နေရတာလဲ ကောင်မလေးရဲ့.."
အကြီးအကဲ ရူ ဒါကိုကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေခဲ့တယ်..။ဒီကလေး ရဲ့နောက်ခံက ဘာများဖြစ်မလဲ..။ဒီအခြေအနေက တစ်ခုခုတော့ မူမမှန်ပါဘူး..။လင်းဖန်ဘေးနားက မိန်းမလှလေးကို သူနားလည်ပေမယ့်.. အခုမှ ရောက်လာတဲ့ မိန်းကလေးကရော ဘယ်လို ပတ်သက်နေတာလဲ..။သူ မျက်နှာကို မတွေ့ရပေမယ့် သွယ်လျပြီး လှပတဲ့ ခန္တာကိုယ် အချိုးအစားနဲ့ မျက်လံူးတွေအရ မိန်းမလှလေးတစ်ယောက်ဆိုတာ သိသာပါတယ်..။
ချီးပဲ..။
ဒီနေ့ခေတ် လူငယ်လေးတွေက ဘယ်လိုဖြစ်ပြီး မိန်း်လှလေးတွေရဲ့ ကြိုက်တာကို ခံနေရတာလဲ..။
ဝူရွှန်းယွဲ့ ပြောလိုက်တယ်..။
"အစ်ကိုလင်းက တကယ်ဆိုးတာပဲ.."
သူမ ဒီစကားကို ပြောလိုက်တဲ့ အချိန်မှာ လင်းဖန်ရဲ့ နှလုံးခုန်သံတွေဟာ ရပ်တန့်ပြီး အရည်ပျော်သွားသလိုပါပဲ..။ကြည့်ရတာ ..ဒီကလေးမလေးက နေရာအစုံကို လှည့်လည်ပြီးတဲ့ နောက်မှာ ပိုပြီး ရင့်ကျတ်လာပြီ ထင်ပါတယိ..။
အဲ့အချိန်မှာပဲ ဝင်ပေါက်မှာ ကားတွေ တစ်စီးပြီး တစ်စီး ရပ်တန့်သွားခဲ့တယ်..။
ဒီကားတွေက ဒေါ်လာ နှစ်ထောင် သုံးထောင်လောက်တော့ တန်ကြေးရှိကြပါတယ်..။သာမန်လူတွေ အတွက်ကတော့ ကားကောင်းလို့ သတ်မှတ်နိုင်ပေမယ့်..အကြီးအကဲ ရူ အတွက်ကတော့ ရိုးရှင်းတဲ့ ကားတွေပါ..။
"သူဌေးလေး ကျွန်တော်တု့ိ ရောက်ပြီ.."
အကြီးအကဲ ကျန်းက ကားပေါ်က အရင်ဆုံးဆင်းလာခဲ့တဲ့လူပါ..။သူ လက်ဝေ့ယမ်းပြလိုက်တယ်..။
လင်းဖန် ပြုံးပြီး ပြောလိုက်ပါတယ်..။
"ငါခေါ်ထားတဲ့ လူတွေ ရောက်လာပြီ.."
အကြီးအကဲ ရူ လှည့်လိုက်ပြီး သေချာကြည့်လိုက်တယ်..။သူ မနေနိုင်တော့ပဲ..အသံထွက်ပြီး ရယ်မိလိုက်ပါတယ်..။
"ဟားဟား..ကောင်လေး..ဒါ မင်းခေါ်ထားတဲ့ လူတွေလား.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ဘာလို့လဲ..။တစ်ခုခု မှားနေလို့လား.."
အကြီးအကဲ ရူ ရယ်မောလိုက်ပြီး..
"မဟုတ်ပါဘူး..ဘာပြသနာမှ မရှိပါဘူး.."
သူတကယ် ရယ်ရလွန်းလို့ သေပါတော့မယ်..။ဒီကောင်လေး က ဒီလိုလူတွေကို ခေါ်ထားလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။သူတို့ စီးကားတဲ့ ကားတွေနဲ့ သူတို့ဝတ်ဆင်ထားတဲ့..အဝတ်အစားတွေကို ကြည့်ရင် သူတို့က လုံးဝ လွှမ်းမိုးနိုင်တဲ့ လူတွေ မဟုတ်ပေ..။
သူနဲ့ သိတဲ့ လူတွေကို ကျပမ်းဖိတ်ရင် တောင် ဒီလူတွေထကိတော့ သာပါတယ်..။
"အကြီးအကဲ လီ ဘယ်လိုလဲ..။တကယ်လို့ ..ခင်ဗျား စိတ်ဝင်စားတယ် ဆိုရင် ကျွန်တော့်နေရာကို တစ်ချက်လိုက်ကြည့်လိုက်တယ်.."
အကြီးအကဲ ရူ ပြောလိုက်တယ်...။သူ ဒီနေရာမှာ ထပ်ပြီး မနေချင်တော့ပါဘူး..။ဒီနေရာက တကယ်ကို ဟာသတစ်ခုပါပဲ..။
လီရူ လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။လင်းဖန် တစိချို့ ဂုဏ်သိက္ခာရှိတဲ့ လူတွေကို ခေါ်ပေးမယ်လို့ သူမထင်ထားခဲ့တာပါ..။ဒီလိူ တိမ်ဖြူလမ်းက လူတွေကို ခေါ်လိမ့်မယ်လိူ့ မထင်ထားခဲ့ပေ..။
သူက သူမကို ကူညီနေတာ မဟုတ်တော့ပါဘူး..။သူတို့က ကျိန်းသေ စားဖို့နဲ့ သောက်ဖို့ အတွက်ပဲ လာကြတာပါ..။
လင်းဖန် ဧည့်သည်တွေကို ကြိုဆိုလိုက်တယ်..။
"ခင်ဗျားတို့ ရောက်လာတာ တကယ်မြန်တာပဲ..။ဒီနေ့က အကြီးအကဲ လီ ရဲ့ ဖွင့်ပွဲ အခမ်းအနားလေ..။အားလံူးပဲ သူ့ကို ဂုဏ်ပြုလိုက်ဦး..။စားစရာနဲ့ သောက်စရာကတော့ ကျွန်တော် အကြီးအကဲ လီနဲ့ ပြောပြီးသွားပြီ..။စိတ်ကျေနပ်သလိုသာ နေထိုင်ကြ.."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"ဂုဏ်ပြုပါတယ် အကြီးအကဲ လီ.."
လူလိမ် ထျန် ပြောလိုက်တယ်..။
"ဒီဟော်တယ်က တကယ်လှပတာပဲ..။အကြီးအကဲ လီ ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းဆောင်နိုင်စွမ်းရှိတာ အံ့ဩဖို့ကောင်းတယ်.."
"ဂုဏ်ပြုပါတယ်..."
"စီးပွားရေးတွေ ကောင်းမွန် ဖို့မျှော်လင့်ပါတယ်..။
တိမ်ဖြူလမ်းမှာ လူအများကြီး မရှိပေမယ့်..လူ လေးငါးဆယ် ကျော် တော့ ရှိပါသေးတယ်..။သူတို့ တစ်ကြိမ်တည်း အကုန်ရောက်လာတဲ့ အချိန်မှာ
လီရူ ပါးစပ်အဟောာင်းသားနဲ့ ဖြစ်နေခဲ့တယ်..။
သူမ အမြဲတမ်းအေးစက်စက် နေခဲ့ပေမယ့် အခုတော့ မနေနိုင်တော့ပေ..။ယင်းနောက် သူမ လင်းဖန်ကို စူးရဲစွာ ကြည့်လို်က်တယ်..။
ဒီခွေးသား နတ်ဆေးဆရာ...။အစကတော့ သူမအရှက်ရတာကို ကူညီပေးမယ်လို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့် ဒီလူတွေက သူ့မဟာတွေကို အမှန်တကယ်စားသောက်ကြဖို့ လာကြမယ်လို့ မထင်ထားခဲ့ပါဘူး..။
ဘေးနားမှာ ရပ်နေတဲ့ ဝမ်ရှင်းဟာလည်း ကြောင်အနေခဲ့ပါတယ်..။သူမ အားနည်းစွာ မေးလိုက်တယ်..။
"အကြီးအကဲ လီ..။ဘာဆက်လုပ်ကြမလဲ.."
လင်းဖန် ပြောလိုက်တယ်..။
"အကြီးအကဲ လီ ကိုယ့်စကားကိုယ်တော့ ပြန်မပြင်ပါဘူးနော်...။တကယ်လို့ မဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် ကျသင့်သလောက် ရှင်းပေးမှာပါ.."
လီရူ အသက်ကို ပြင်းပြင်းရူပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"ထားလိုက်တော့..သူတို့အကုန်လုံးကို အထဲခေါ်ပြီး ဧည့်ခံလိုက်.."
ဝမ်ရှင်း ခေါင်းညိမ့်လိုက်ပြီး..
"သိပါပြီ..."
လီရူ တီးတိုးပြောလိုက်တယ်..။
"နင်က နှလုံးသား မရှိတဲ့လူပဲ.."
လင်းဖန်တည်ငြိမ်စွာ ပြုံးလိုက်ပြီး..
"ဒါက အပြန်အလှန် အကျိုးရှိတဲ့ ခံစားချက််မျိုးပဲ.."
အဲ့အချိန်မှာပဲ..လူကြီးတစ်ယောက်ဟာ သိပ်မဝေးတဲ့ နေရာတစ်ခုကနေ လျောက်လာနေခဲ့တယ်..။
"အကြီးအကဲ ရူ..ခင်ဗျားရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဘယ်ကို ထွက်သွားတာလဲ..။အကုန်လုံးက ခင်ဗျားကို စောင့်နေကြတယ်.."
ဂျင်ယွန်မင် အပြုံးလေးနဲ့ ပြောလိုက်တာပါ..။
"အကြီးအကဲ လီ ဒါက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်း အကြီးအကဲ ဂျင် လေ.."
ယင်းနောက် ရူမင် ဂျင်ယွန်မင်ကို ပြန်ပြောလိုက်တယ်..။
"အကြီးအကဲ ဂျင် ..ကျွန်တော် ခနနေလာခဲ့ပါ့မယ်.."
ဂျင်ယွန်မင် ပြုံးပြီး ပြောလိုက်တယ်..။
"အကြီးအကဲ ရူ..ဒီနေ့က ခင်ဗျားရဲ့ ဖွင့်ပွဲ အခမ်းအနားပဲလေ..။ခင်ဗျား မရှိရင် အဓိပ္ပါယ်မရှိသလို ဖြစ်နေမှာပေါ့. ။ဟေး...."
"ဟေး..."
လင်းဖန် နဲ့ ဂျင်ယွန်မင် အကြည့်ချင်း ဆုံသွားခဲ့တယ်..။
"မာစတာ လင်း.."
"အကြီးအကဲ ဂျင်.."
သူတို့နှစ်ယောက် လုံး အံ့ဩသွားကြပါတယ်..။သူတို့တစ်ယောက်ကို တစ်ယောက် ဒီမှာ တွေ့ရမယ်လို့ မထင်ထားကြပါဘူး..။
သူတို့ ကြောင်အနေတဲ့ အချိန်မှာတော့ အကြီးအကဲရူက ဆွံ့အနေခဲ့ပါပြီ..။
ဘာတွေ ဖြစ်ကုန်တာလဲ..။သူတို့က တစ်ယောက်ကို တစ်ယောက် သိနေတာလား.....