← Chapters

တစ်ချက်တည်းနဲ့ ရှင်းပစ်ခြင်း

Vol. 41 Ch. 602

တစ်ချက်တည်းနဲ့ ရှင်းပစ်ခြင်း

Vol. 41 Ch. 602

#ဘာသာပြန် = စနိုးဝှိုက်

စွယ်စုံအမှတ် : 4015

သူ စွယ်စုံအမှတ် ၇၄၀၀ ရဖို့ သိပ်ပြီး ဝေးတဲ့ အနေအထားတစ်ရပ်မှာ မဟုတ်တော့ပါဘူး..။ဒီတစ်ကြိမ်မှာ..အခြေခံသင်ရိုးက အချိန်မှီ ဖြန့်ဝေနိုင်ခဲ့တာပါ..။ဒီမစ်ရှင်ကို သူမကြာခင်ပြီးမြောက် နိုင်မယ်လို့ ယုံကြည်ပါတယ်..။

အဲ့အချိန်မှာပဲ..လီဖက်တီးက..နန်ရှမ်းကလေးဂေဟာရဲ့ ပထမဆုံး ဥာဏ်ကောင်းစေသော ဆေးလုံးကို သောက်နိုင်ခဲ့တဲ့ ကလေးဖြစ်လာခဲ့ပါတယ်။ဘယ်လိုပြောင်းလဲမူမျိုး ဖြစ်လာမလဲ ဆိုတာ ဘယ်သူက သိမှာလဲ..။

စွယ်စုံကျမ်းရဲ့စတိုး ထဲမှာ ကောင်းမွန်တဲ့ အရာတွေ အများကြီး ရှိပါတယ်...။ဒါတွေကို ကြည့်လိုက်တာနဲ့တင် လင်းဖန် အတော်ကို လိုချင်နေခဲ့ပါပြီ..။သို့ပေမယ့်..ဒီစမ်းသပ်ချက်ကို..ပြီးပြည့်စုံအောင်လုပ်ဖို့ ဆိုရင် သူရဲ့ စိတ်ဆန္ဒတွေကို အတတ်နိုင်ဆုံး ထိန်းချုပ် ထားဖို့ လိုအပ်ပါတယ်..။နောက်ထပ် စွယ်စုံအမှတ် ၃၀၀၀ လောက်ရဲ့ရင် သူ့ရဲ့ မစ်ရှင်က ပြီးမြောက်သွားပါပြီ..။

တိမ်ဖြူလမ်း..။

လင်းဖန် သူ့ရဲ့ စွယ်စုံအမှတ်တွေကို အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်နေခဲ့တယ်..။ဒါက နည်းနည်း နည်းနည်းစီ တက်လာနေခဲ့တာပါ..။ဒါက စိတ်လှုပ်ရှားစရာပါပဲ..။

"အခု နောက်ပိုင်း တစ်ခုခု ဖြစ်ထားသေးလို့လား..အစ်ကိုလင်း..။ဘာလို့ အဲလောက်တောင် သဘောကျနေရတာလဲ.."

ဝူယူလန်ဟာ အစ်ကိုလင်း အခုနောက်ပိုင်း တစ်ခုခု ထူးခြားနေတာကို သတိထားမိပါတယ်..။ကြည့်ရတာ သူ့ဆီမှာ ပျော်ဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ရှိနေသလိုပါပဲ..။သူက ပျော်ရွှင်စရာ တစ်ခုခု ရှိတဲ့ အချိန်ဆိုရင် အမြဲတမ်း ပြုံးနေတတ်တဲ့ လူပါ..။

ငါက ဘာလို့ ဒီလောက်ပျော်နေရတာလဲ..။ဒါပေါ့..လင်းဖန် ဒီအ​ဖြေကို ပြောပြလို့ မရပါဘူး..။သူပြောရင် တောင် ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပေ..။

"မကြာခန ပျော်ရွှင်တာက..အသက်ကို ပိုပြီး ကြာရှည်စေတယ် ဆိုတာ မကြားဖူးဘူးလား...။ဒါကြောင့် ငါ နေ့တိုင်း ပြုံးနေတာလေ..."

လင်းဖန် သူ့ရဲ့ စကားက အနည်းငယ် တုံးအနေတယ်လို့ ခံစားမိပါတယ်..။ဒီလို အကြောင်းပြချက်မျိုးကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပါဘူး..။

ဘေးနားမှာ တစ်ချိန်လုံး လှဲလျောင်းနေတဲ့ အကြီးအကဲခွေးဟာ..ဒါကိုကြားတဲ့ အချိန်မှာ ထလာခဲ့ပြီး သွားတွေ ပေါ်လာအောင် ရယ်မောလိုက်ပါတယ်..။

အကြီးအကဲ ခွေးက အတော်ကို ဥာဏ်ကောင်းလာခဲ့တာပါ..။ဒါက ဥာဏ်ကောင်းစေသော ဆေးလုံးရဲ့ အကျိုးသက်ရောက်မူပါပဲ..။

လင်းဖန် သူ့ကို ကြည့်လိုက်ပြီး..

"အကြှီးအကဲ ခွေး..မင်း မရယ်စမ်းပါနဲ့..။မင်းရယ်လိုက်တိုင်း ဘေးနားတွေကို သွားရည် တွေ စင်ကုန်တယ်..။အမြန် ကိုယ့် မိန်းမကို သွားကြည့်..မဟုတ်ရင် တစ်ခြားတစ်ယောက်နောက် ပါသွားလိမ့်မယ်.."

အကြီးအကဲ ခွေးဟာ လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့မကျေနပ် မူတွေကို ပြသဖို့ အကြိမ်အနည်းငယ် ဟောင်လိုက်တယ်..။သို့ပေမယ့် သူပြန်လှဲလျောင်းနေပြီး အဝေးကို ကြည့်နေခဲ့ပါတယ်..။

*ဒေါက် ဒေါက်*

ကျယ်လောင်တဲ့ ဖိနပ်သံတွေ မြေကြီးပေါ်ကျနေတာကို ကြားနေခဲ့ရတယ်..။မကြာခင်မှာပဲ အားလုံးရဲ့ မြင်ကွင်းရှေ့ကို လှပတဲ့ ပုံရိပ်တစ်ခု ပေါ်လာခဲ့ပါတယ်..။

ဝူယူလန်ဟာ လာတဲ့ လူကို မြင်တဲ့ အချိန်မှာ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး..

"လီရူ..ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ.."

လီရူ လင်းဖန်ကို တစ်ချက်ကြည့်ပြီးမှ..ဝူယူလန်ကို ကြည့်လိုက်တယ်..။

"ငါ နင့်ကို ဖိတ်စရာ ရှိလို့လာခဲ့တာ..။ငါ ရှန်ဟိုင်းမှာ..ဟိုတယ် တစ်ခုဝယ်ထားတယ်လေ..။အဲ့ဒီဖွင့်ပွဲအခမ်းအနားကို နင့်ကို လာပြီး တက်ရောက်ပေးစေချင်လို့..."

"ဝိုး.."

ဝူယူလန် အံ့ဩသွားခဲ့တယ်..။ဝူတန်ဟီ ရဲ့ ရှေးဖြစ်ဟော စွမ်းရည်ကြောင့် သူမက နောက်ခံတောင့်တဲ့ မိန်းကလေး တစ်ယောက်လို့ ပြောလို့ရပါတယ်..။

လိန်ကျုံးမှာဆိုရင်..သူက ..လွမ်းမိုးနိုင်စွမ်းရှိတဲ့ ပွဲတွေ များစွာကို..သူမက ဧည့်သည်အဖြစ်တက်ရောက်ခဲ့တာပါ..။ပုံမှန်အားဖြင့် သူမ ချမ်းသာမူ နဲ့ အင်အားကြီးမူ တွေကို မအံ့ဩပါဘူး..။သို့ပေမယ့် လီရူက ရှန်ဟိုင်းမှာ ဟော်တယ် တစ်လုံး လာဝယ်ခဲ့တာက သူမကို အံ့ဩသင့်စေပါတယ်..။

"နင် တကယ်ဝယ်ခဲ့တာလား.."

လီရူ ခေါင်းညိမ့်လိုက်တယ်..။သူမရဲ့ အပြုံးတွေထဲမှာ. ခံစားချက်တွေ ပါနေခဲ့ပြီး..

"ဒါပေါ့.. ရှန်ဟိုင်းမှာ ရပ်တည်နိုင်အောင် ကြိုးစားမယ် လို့ ငါမပြောခဲ့ဖူးလား..။ဘာလို့လဲ ဆိုတော့..တစ်စုံတစ်ယောက်က ကိုယ့်စကားကို ကတိမတည်တော့ ငါ ရှန်ဟိုင်းက ထွက်သွားလို့မရဖြစ်နေတာလေ.."

လင်းဖန် အနည်းငယ် ဆွံ့အသွားခဲ့တယ်..။ဒီ အစ်ကို ချွင်ချွင်က သူ့ကို အဆုံးထိ ကိုက်ထားပြီး လံူးဝ လွှတ်မပေးမယ့် ပုံစံပါပဲ..။သူမက ရှန်ဟိုင်းမှာတောင် လာပြီး ရပ်တည်ချင်နေခဲ့တာပါ..။

ဝူယူလန် ရှက်ရွံ့စွာ ပြုံးလိုက်တယ်..။ပုံမှန်အားဖြင့် သူ လီရူ နဲ့ အစ်ကိုလင်းကြားက အခြေအနေကို သိထားပါတယ်..။သို့ပေမယ့် လီရူ ဒီလောက်အထိ လေးနက်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ..။

အစကတော့ လီရူ အစ်ကိုလင်းဘေးနားကို ရောက်လာမှာ စိုးရမ်မိပေမယ့်..နောက်ပိုင်းမှာတော့ မစိုးရိမ်တော့ပါဘူး..။သူတို့ နှစ်ယောက်က တည့်ကြတဲ့ ပုံမပေါ်ပေ..။ဝူယူလန် ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်..။သူမ အစ်ကိုလင်းရဲ့ ဘေးနားမှာ တစ်ချိန်လုံး နေဖို့ပါပဲ..။

"အိုး..ဟုတ်သားပဲ..။ငါ အခမ်းအနားကို တက်ဖို့ တစ်ခြား တစ်ယောက်ယောက်ကိုလည်း ဖိတ်ခဲ့သေးတယ်..."

ဒါပိုပြောပြီး လီရူ ဆန်းကျယ်စွာ ပြုံးလိုက်ပါတယ်..။သူမရဲ့ အကြည့်တွေကတော့ လင်းဖန် ရဲ့ အပေါ်မှာပါ..။

လင်းဖန် အကူညီမဲ့သလို ခံစားလိုက်ရတယ်..။တစ်စုံတစ်ယောက်ကို ဖိတ်တာက ငါနဲ့ ဘာဆိုင်လို့လဲ..။သို့ပေမယ့် လီရူက နာမည်ကို ထုတ်ပြောလိုက်တဲ့ အချိန်မှာတော့ သူဘာလုပ်ရမလဲတောင် မသိတော့ပါဘူး..။

"လက်ရှိ ပေါ်ပြူလာ ဖြစ်နေတဲ့ အဆိုတော့ ဝူရွှန်းယွဲ့လေ.."

လီရူပြောလိုက်တယ်..။

"ဖွင့်ဖွဲ့အခမ်းအနားက တကယ်ကို ခမ်းနားမှာ. ပြီးတော့ ဝူရွှန်းယွဲ့ကလည်း ..ရှန်ဟိုင်းက နာမည်ကြီး အဆိုတော်လေ..။သူမကို ဧည့်သည်အဖြစ်ဖိတ်ခေါ်တာက ရွေးချယ်မူကောင်းပဲ..."

ချီးပဲ...

လီရူ က သူ့ဘေးနားမှာ ရှိတဲ့လူတွေကို တစ်ချက်တည်း အဆုံးသတ်ဖို့ လုပ်နေတယ်လို့ လင်းဖန် ခံစားနေရပါတယ်..။သူမက သူ့ကို ဘာလှုပ်ရှားခွင့်မှ မပေးခဲ့ပါဘူး..။

"သူမလား.."

ဝူယူလန်ဟာ ဒီနာမည်ကို ကြားတဲ့ အချိန်မှာ မသာမယာ ဖြစ်သွားခဲ့တယ်..။ဝူရွှန်းယွဲ့က သူမရဲ့ အကြီးမားဆုံးပြိုင်ဘက်ပါ..။

အထူးသဖြင့် ဝူရွှန်းယွဲ့က ဆယ်လီတစ်ယောက်ဖြစ်နေတောါ သူမက နည်းနည်းအရေးသာနေတ

ယ််လို့ ပြောလို့ရပါတယ်..။ဝူယူလန် တောင် ပြိုင်ဘက် မဖြစ်နိုင်လောက်ပါဘူး..။

သို့ပေမယ့် ဝူယူလန်က လင်းဖန်ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ လူပါ..။ဒါက ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စဥ္းစားရခက်စေပါတယ်..။

လင်းဖန် သက်ပြင်းချလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အမူအရာဟာ လေးနက်သွားခဲ့ပြီး..

"လီရူ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား..။မင်း..အခြေအနေကို နားလည်သင့်တယ် နော်..."

လီရူ ပြုံးလိုက်ပြီး..

"နတ်ဆေးဆရာ လင်း..ငါတို့ကြားမှာ ဘာအဆင်​​မပြေမူမှ မရှိပါဘူး..။ငါက ဒီတိုင်း ရှန်ဟိုင်းမှာ အခြေချချင်တာပါ..။ဒါက အဆင်မပြေဘူးလား.."

လင်းဖန် ပြောလိုက်တယ်..။

"ဒါပေါ့..အဲလိုဆိုရင်တော့ ကောင်းတာပေါ့..။ငါတို့က ဒီလိုပုံစံဆိုရင် အမြဲကြိုဆိုနေတာပါ.."

သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ကျိန်ဆဲနေခဲ့တာပါ..။ငါ့ဖင်ကြီးကို ကြိုဆိုပါလား..။ဒီမိန်းကလေးရဲ့ စိတ်ထားနဲ့ ဆိုရင် တစ်ခုခု ဖြစ်လာမှာ အသေအချာပဲ..။

သို့ပေမယ့် အမှန်အတိုင်း​ပြောရရင် ဒီ လီရူ မိန်းကလေးလို နေတာက အတော်ကို လှပတာပါ..။ဒီအလှက ဝူယူလန် တောင် နှိုင်းးယှဥ္လို့ မရပါဘူး..။ပြီးတော့ သူမရဲ့ အမူအကျင့်ကြောင့်..ဖော်မပြတတ်လောက်အောင် ဆွဲဆောင် နိုင်စွမ်းရှိတဲ့..အရှိန်အဝါ ပေါ်ထွက်နေခဲ့ပါတယ်..။

သူမရဲ့ ကောက်ကြောင်း..ရှည်လျားတဲ့ ဆံပင်..နီရဲနေတဲ့ နှုတ်ခမ်းလေးတွေ..ပြီးတော့ သူမရဲ့ လည်သာ အင်္ကျီတွေက တစိ်ခုခုပါပဲ..။

ဝူယူလန် မေးလိုက်တယ်..။

"အစ်ကိုလင်းရော..သွားမှာလား.."

လီရူ ပြောလိုက်ပါတယ်..။

"ငါက နင့်ကိုပဲ လာဖိတ်တာပါ..။တကယ်လို့ နတ်ဆေးဆရာလေး လိုက်ချင်တယ် ဆိုလည်း လာခဲ့လေ..။သူကို့ မဖိတ်ဘူးဆိုပေမယ့်..သူအရမ်းလာချင်တယ် ဆိုရင် ကြိုဆိုနေမှာပါ.."

"ဟင်.."

လင်းဖန် စိတ်ထဲမှာ တုန်လှုပ်သွားခဲ့တယ်..။ငါက ဘာလို့ လာချင်ရမှာလဲ..။နင်ဖိတ်ရင်တောင် လာမယ်ထင်နေလို့ လား...။ဒါက ငါ့အတွက် အလုပ်တောင် ရှုပ်စေသေးတယ်..။

လီရူ ထွကိသွားပြီးနောက်မှာ ဝူယူလန်ဟာ လင်းဖန်ဘေးကို အပြုံးလေးနဲ့ လျေုာက်လာပြီး မေးလိုက်တယ်..။

"အစ်ကိုလင်းနဲ့ အစ်မ လီရူ ကြားထဲက နားလည်မူ လွဲနေတာကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာလဲ..."

လင်းဖန် ပြန်​ပြောလိုက်တယ်..။

"ငါတို့ကြားမှာ ဘာနားလည်မူလွဲတာ ရှိရမှာလဲ..။သူမက ဒီတိုင်း ငါ့ကို ပြသနာ ရှာချင်နေတာ..။ဒါကို တွေးကြည့်စမ်း..။ယောက်ျားလေး တစ်ယောက်က မိန်းကလေးလို ပြောင်းတယ် ဆိုတာက ပုံမှန်ပဲ..။ဒါပေမဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားလေးလို ပြောင်းချင်တာ ဖြစ်သင့်ရဲ့လား..။အခု သူမရဲ့ အသွင်အပြင်ကို ကြည့်လိုက်..။သူမက ငါ့ကို ကျေးဇူးမတင်တဲ့ အပြင် ပြသနာတောင် ရှာချင်နေတာပဲ.."

ဝူယူလန် ပြန်ပြောလိုက်တယ်..။

"အစ်မ လီရူက ပြသနာ မရှာပါဘူး..။ဒါပေမဲ့ အစ်ကိုလင်း ပြောတာ တစ်ကယ်ကို ဆိုးရွားတယ်..။တကယ်လို့ အစ်မ လီရူသာ ဒီစကားကို ကြားရင်..ထပ်ပြီး ရန်ဖြစ်ကြဦးမှာပဲ.."

"ဒါပေမဲ့ အခမ်းအနားကို တကယ် မသွားဘူးလား.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ဘယ်အချိန်လည်း တစ်ချက်ကြည့်လိုက်ဦးမယ်..။အဲ့အချိန် စိတ်ကောင်းဝင်နေရင်တော့ သွားမှာပေါ့..မဟုတ်ရင်တော့ သွားမှာ မဟုတ်ဘူး..."

ဝူယူလန် ပြုံးလိုက်ပြီး..

"အစ်ကိုလင်း သာ မသွားဖူး ဆိုရင် ညီမတော့ ပျင်းလို့ သေတော့မယ်.."

အဲ့အချိန်မှာပဲ..လူလိမ် ထျန်ဟာ မျှော်လင့်ချက် တွေ ပြည့်နေတဲ့ မျက်နှာနဲ့ လျောက်လာခဲ့ပြီး..

"ငါလိုက်လို့ရလား..."

လင်းဖန် ဘာမှ မပြောခင်မှာပဲ..ဝူယူလန်ဟာ ပြောလိုက်ပါတယ်..။

"မရဘူး..."

လူလိမ် ထျန် သက်ပြင်းချလိုက်ပြီး..

"ဟင်း..မင်းက အရမ်းအေးစက်တာပဲ..။အရင်တုန်းက ငါ မြို့ပေါ်မှာရော နယ်ဘက်မှာရော တိုက်ခိုက်တာမှာ ပြိုင်ဘက်ကင်းပဲ..။အဲ့တုန်းက ဆိုရင် ငါ့ကို အခမ်းအနား ဖိတ်ချင်တဲ့ လူတွေမှ အများကြီးပဲ..။ဒါပေမဲ့ အခုတော့..."

လူတိုင်းဟာ..မတတ်နိုင်စွာပဲ ရယ်မောလိုက်ကြပါတယ်..။သို့ပေမယ့် လင်းဖန်ကတော့ လူလိမ်ထျန် သူ့ရဲ့ အတိတ်က အချိန်တွေကို..ပြန်ပြီး သတိရနေပြီ ဆိုတာ သိလိုက်ပါတယ်..။

လင်းဖန် ဝမ်မင်ယန်ကို ဖုန်းခေါ်လိုက်တယ်..။

"မင်ယန် , ခင်ဗျား ဘယ်လိုလုပ်ပြီး လီရူ ကမ်းလှမ်းတဲ့ ဝူရွှန်းယွဲ့ရဲ့ ပွဲတက်ကို လက်ခံလိုက်ရတာလဲ.."

ဝမ်မင်ယန်," အာ...ဘာလို့လဲ..။မင်းက သူမနဲ့ အဆင်မပြေဘူးလား..။သူမ ပေးတဲ့ စျေးက အရမ်းများတယ်လေ..။ငါက ဒါကို လက်မခံရင် ဖြုန်းတီးမူ တစ်ခုလို့ တွေးလိုက်မိတာပေါ့..။ဒါကြောင့် သဘောတူလိုက်တာ..။ဒါက ပြသနာ ရှိနေတာလား..။အဲလိုဆိုရင် ငါအခုပဲ စာချုပ်ဖျက်သိမ်းလိုက်မယ်..."

"မလိုတော့ဘူး..ခင်ဗျား သဘောတူပြီးပြီ ဆိုမှတော့ ဒီတိုင်း ထားလိုက်တော့..."

ဖုန်းချပြီးနောက်မှာ လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။ဒီလီရူ ရဲ့ သတင်းအချက်အလက် စုစည်းနိုင်တဲ့ စွမ်းရည်က အံ့ဩစရာပါပဲ..။

ပြီးတော့ သူမ ဒီနေ့ ဆိုင်ကိုလာလိုက်တာက သူ့ကို သတိထား စောင့်ကြည့်ဖို့ ဖြစ်စေပါတယ်..။မဟုတ်ရင် သူ့ဘေးနားမှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို

လီရူ ဘာလုပ်လိုက်မလဲ ဆိုတာ မပြောနိုင်ပါဘူး..။

ဒီလို ပြိုင်ဘက်မျိုးက လျစ်လျူရူ လို့မဖြစ်ပေ..။

သူမက မိန်းကလေး တစ်ယောက် ဆိုပေမယ့်လည်း အတော်ကို အန္တရာယ် များပါတယ်..။

All Chapters