← Chapters

နင့်ရဲ့ ခွေးလက်တွေကိုဖယ်လိုက်

Vol. 41 Ch. 605

နင့်ရဲ့ ခွေးလက်တွေကိုဖယ်လိုက်

Vol. 41 Ch. 605

#ဘာသာပြန် = စနိုးဝှိုက်

ဂျင်ယွန်မင်ဟာ မာစတာလင်းကို ဒီမှာ တွေ့ရလိမ့်မ

ယ်လို့ မထင်ထားခဲ့ပေ..။သူ အကူမဲ့သွားပြီး စိတ်လှုပ်ရှားကာ မေးလိုက်တယ်..။

"မာစတာလင်း..အကြီးအကဲ ရူ နဲ့ သိနေတာလား.."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"မသိပါဘူး..။ကျွန်တော်က အကြီးအကဲ လီ ရဲ့ ဖွင့်ပွဲ အခမ်းအနားကို လာတက်တာ..."

"အိုး.."

ဂျင်ယွန်မင်..ဟော်တယ်ကို တစ်ချက်ကြည့်လိုက်ပြီး

ဘေးနားမှာ ရှိနေတဲ့ လီဟုကို ကြည့်လိုက်တယ်..။တစ်ချက်ကြည့်လိုက်တာနဲ့ သူ့စိတ်ထဲမှာ အတွေးပေါင်းများစွာ စီးဆင်းသွားခဲ့ပါတယ်..။ဒီီလို လှပပြီး စွမ်းဆောင် နိုင်စွမ်းရှိတဲ့ မိန်းကလေးက..မာစတာလင်း နဲ့..ထူးခြားတဲ့ ဆက်ဆံရေးများ ရှိနေနိုင်မလား..။

ဒါပေါ့..ဒါက သိပ်တော့ မဖြစ်နိုင်ပါဘူး..။

"အငိး..မာစတာလင်း..တစ်ခြားလူတွေကို အသိမပေးဘူးလား..။ဒါဆိုရင် အကုန်လုံးက အကြီးအကဲ လီကို လာပြီး ဂုဏ် ပြုကြမှာပေါ့.."

ဂျင်ယွန်မင်..ပြောလိုက်တာပါ..။

နန်ရှမ်း ဂေဟာ မှာ တွေ့ပြီးကတည်းက သူတို့ ထပ်မတွေ့ဖြစ်ကြတော့ပါဘူး..။အခု..မာစတာလင်း သာမန်လူတစိယောက်တောင် မဟုတ်တော့ပေ..။သူတို့ စတွေ့တုန်းကနဲ့ စာရင် အများကြီးပိုပြီး..အံ့ဩသင့်ဖို့ ကောင်းတာပါ..။

အစကတော့ မာစတာလင်း သူတို့နဲ့ တွေ့ရင် အထင်အမြင်သေးပြီး ဆက်ဆံမယ်လို့တောင် ထင်ထားခဲ့ပါသေးတယ်..။

သို့ပေမယ့် အခုလို..မာစတာလင်း ရဲ့ နွေးထွေးပြီး ကြင်နာတဲ့ အပြုအမူကြောင့်..စိုးရိမ်စိတ်တွေဟာ ပျောက်ကွယ်သွားခဲ့ပါပြီ..။မာစတာလင်းက အရင်တုန်းက မာစတာလင်း အတိုင်း ရှိနေဆဲပါပဲ..။

လင်းဖန် တစ်ခုခူ ပြောတော့မယ့် အချိန်မှာပဲ..လီရူဟာ ဖြတ်ပြောလိုက်တယ်..။

"အစက ညီမ သူ့ကို အကူညီတောင်းချင်ပေမယ့် သူက ပြသနာ ရှိတယ်လို့ ပြောနေတာလေ..။အခုလို ဖွင့်ပွဲမှာ လူမရှိတာက တကယ်ကို ရှက်စရာပဲ.."

ချီးပဲ..

လီရူက ဒီလောက်အထိ နှလုံးသားမရှိလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။သူက သူမအပေါ်မှာ နည်းနည်းလောက်ပဲ အသားယူခဲ့ပေမယ့်..သူမကတော့ ရက်ရက်စက်စက် လက်စားပြန်ချေနေခဲ့တာပါ..။

အမှန်တကယ်ပဲ..။

ဂျင်ယွန်မင် ဒါကိုကြားတဲ့ အချိန်မှာ သည်းမခံနိုင်တော့ပေ..။

"မာစတာလင်း..ကျွန်တော်တို့ကို ခေါ်ရတာ ဘာများ အပမ်းကြီးမှာ မို့လို့လဲ..။စိတ်မပူနဲ့ အကြီးအကဲ လီ..ကျွန်တော် အခုပဲ အကြောင်းကြားလိုက်မယ်..။တကယ်လို့ သူတို့သာ..မာစတာလင်းက အခက်ခဲရှိမှာကြောင့် မခေါ်ချင်တာကို သိသွားရင် သူတို့အပေါ် မာစတာလင်းက အထင်သေးနေတယ်လို့ ထင်သွားကြမှာပဲ.."

လီရူ ပြုံးလိုက်ပြီ..

"အကြီးအကဲ ဂျင်..ဒါက အခက်အခဲများ ဖြစ်နိုင်မလား..."

"မဟုတ်တာ..မဟုတ်တာ.."

အကြီးအကဲ ဂျင် လက်ဝေ့ယမ်းလိုက်ပြီး သူ့ဖုန်းက နံပါတ် တွေကို နိပ်လိုက်တယ်..။

"အကြီးအကဲ ရူ ဘာလိူ့ အရင်မပြန်နှင့်လဲ..။ကျုပ် ဒီမှာ ခနလောက် နေလိုက်ဦးမယ်.."

လက်ရှိအခြေအနေက အကြီးအကဲ ရူကို နားမလည်နိုင်ဖြစ်စေခဲ့ပါတယ်..။ဘာတွေ ဖြစ်နေတာလဲ..။

အခြေအနေက သိပ်တော့ မဟုတ်သေးပါဘူး..။

ဂျင်ယွန်မင်က ငါ့ရဲ့ ဧည့်သည်လေ..အဲတာကို ဘာလို့ သူက ဒီမှာနေမှာလဲ..။

ဒီကလေးက ဘယ်လို ကလေးမျိုးလဲ..။သူကို အကြီးအကဲ ဂျင်တောင် လေးစားနေတဲ့ ပုံပေါက်ပြီး..အကြီးအကဲ ဂျင်က နောက်ထပ်လူတွေပါ ထပ်ခေါ်နေခဲ့တာပါ..။

သူနဲ့ ဂျင်ယွန်မင် နဲ့ ဆက်ဆံရေး တောင် ဒီလောက်အထိ မကောင်းပါဘူး..။သူတို့ စုဝေးပွဲမှာ တွေ့ဆုံးဖြစ်ပြီး..နံပါတ်ချင်းဖလှယ်လို့..စီးပွားရေးအရ တစ်ယောက်နဲ့ တစ်ယောက် သိလာကြတာပါ..။

ပြီးတော့ ဒီအကြီးအကဲ ဂျင်က လူကောင်းတစ်ယောက်ပါပဲ..။ဘယ်လို ဆက်ဆံရေးပဲ ဖြစ်ဖြစ် သူက လူတိုင်းကို ယဥ္ယဥ္ကျေးကျေး ဆက်ဆံတတ်ပါတယ်..။သူက တကယ်ကို နိမ့်ချနေထိုင်တတ်တဲ့ လူပါ..။

ဖုန်းဝင်သွားခဲ့တယ်.. ။

"အကြီးအကဲ ဟီ..မြစ်ရှည်လမ်းကို အမြန်လာခဲ့..။မာစတာလင်းက..ဖွင့်ပွဲ အခမ်းအနားကို ရောက်နေတာ. သူက ငါတို့တောင် အကြောင်းမကြားဘူး..။ငါလည််း သူ့ကို တွေ့လို့သာ ဒီကိစ္စကို သိတာ..။တစ်ခြား လူတွေကိုလည်း ဖုန်းဆက်လိုက်ဦး..ကျုပ်ဒီကနေပဲ စောင့်နေလိုက်မယ်.."

"လီဟောင် မင်းဘာလုပ်နေလဲ..။စားနေတာလား..။အေး စားနေတာကို ရပ်ပြီး မြစ်ရှည်လမ်းကို အမြန်လာခဲ့..။မာစတာလင်းက....."

ဂျင်ယွန်မင် လူဆယ်ယောက်လောက်ကို ဆက်တိုက်..ဖုန်းခေါ်နေခဲ့ပါတယ်..။

လင်းဖန် ဒီတစ်ကြိမ်တော့ လီရူ ရဲ့ ထောင်ခြောက်ထဲ မိနေသလို ခံစားလိုက်ရပါတယ်..။သူ တွေဝေစွာ ပြောလိုက်တယ်..။

"အကြီးအကဲ ဂျင်..လူတွေ အများကြီး ခေါ်ဖို့ မလိုပါဘူး..။ဒီတိုင်း...."

သူစကား မဆုံးခင်မှာပဲ..ဂျင်ယွန်မင် ကြားဖြတ်ပြောလိုက်တယ်..။

"မာစတာလင်း..ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး..။ကျုပ်တို့ မတွေ့တာက အရမ်းကြာနေပြီ ဆိုတော့..ဒီနေ့က..ပြီးပြည့်စုံတဲ့ နေ့လေး မဟုတ်ဘူးလား..။အကြီးအကဲ လီက..ဒီမှာ ဟော်တယ် ဖွင့်ပွဲအခမ်းအနား ကျင်းပနေတာ ဆိုတော့ လာပြီး ဂုဏ်ပြုသင့်တာပဲလေ.."

"ကျွန်တော် နဲ့ သူမက..."

လင်းဖန် ရှင်းပြဖို့ ကြိုးစားလိုက်ပေမယ့်..ဂျင်ယွန်မင်ကတော့ သူ့့ကို လုံးဝ အခွင့်အရေး မပေးခဲ့ပါဘူး..။သူ ငတုံးတစ်ယောက်လို ရယ်မောလိုက်ပြီး..

"ကျွန်တော် နားလည်ပါတယ်..။ပြောစရာမလိုပါဘူး..ကျွန်တော် နားလည်ပါတယ်..."

"ငါ့ဖင်ကြီးကို နားလည်ပါလား..."

လင်းဖန် ငိုတောင် ငိုချင်နေခဲ့ပါပြီ..။သူ ဒီတစ်ကြိမ် လီရူ ကို ကောင်းကောင်း ပညာပေးဖို့ ကြိုးစားနေခဲ့တာပါ..။သို့ပေမယ့် ဂျင်ယွန်မင်က ကြားဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

အထူးသဖြင့် အခုချိန်မှာ ခံနေရတဲ့လူက သူပါပဲ..။

အဲ့အချိန်မှာတော့ လီရူ ရယ်မောနေခဲ့တယ်..။သူမက သဘောကျစွာ ရယ်မောနေခဲ့တာပါ..။ယင်းနောက် သူမ အကြီးအကဲ ရူကို ကြည့်လိုက်ပြီး..

"စိတ်မကောင်းစရာပဲ ကြည့်ရတာ ကျွန်မဘက်မှာ လူပိုများလာတော့မယ် ထင်တယ်.."

"အာ.."

အကြီးအကဲ ရူကတော့ အခုချိန်မှာ အတော်ကို ကြောင်အနေခဲ့ကြပါပြီ..။သူဘာ​ေပြာရမှန်းတောင် မသိတော့ပါဘူး..။

"အကြီးအကဲ ဂျင်..ဘာလို့....."

ဂျင်ယွန်မင်လက်ဝေ့ယမ်းလိုက်တယ်..။

"အကြီးအကဲ ရူ..ခင်ဗျားအရင် ပြန်သွားလိုက်ပါလား..။ကျုပ် ညီအစ်ကိုဟောင်းတွေနဲ့ မတွေ့ရတာ နည်းနည်းကြာနေလို့..။ကျုပ် ဒီဖွင့်ပွဲမှာ နေလိုက်ဦးမယ်..။နောက်တစ်ခါမှာ ခင်ဗျားကို တောင်းပန်တဲ့ အနေနဲ့ လိုက်ပြီး ပြုစုတော့မယ်.."

ဂျင်ယွန်မင်က ဒီလောက်အထိ ပြောနေပြီ ဆိုမှတော့ ရူမင် ဘာမှ မတတ်နိုင်တော့ပါဘူး..။

သူ လင်းဖန်ကို ထပ်ကြည့်လိုက်တယ်..။ဒီကောင်လေးက ဘယ်သူမို့လို့လဲ..။

အကြီးအကဲ ရူလက်မလျော့ ချင်သေးပါဘူး..။သူ ဘယ်သူတွေ ရောက်လာမလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။

မကြာခင်မှာပဲ..။

ကားတွေဟာ သူတို့ရဲ့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့တယ်..။ဒီကားတွေက အရင်က ရောက်လာတဲ့ ကားတွေနဲ့ စာရင် အများကြီး ကွာခြားပါတယ်..။ပထမ ကားတွေနဲ့ စာရင် ကောင်းကင်နဲ့ မြေကြီး လိုပါပဲ..။

ဟီချန်းဟန် ကားပေါ်က ဆင်းပြီး လင်းဖန်ကို လက်ဝေ့ယမ်းပြလိုက်တယ်..။

"မာစတာလင်း ဒါက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘူးလား..။ဒီလို အခမ်းအနား အကြီးကြီး ရှိတာတောင် ကျွန်တော်တို့ကို မဖိတ်ဘူး..။ကျွန်တော်တို့ကို အထင်သေးနေတာလား.."

လီဟောင် ပြောလိုက်တယ်..။

"ဟုတ်တယ် အကြီးအကဲ ဂျင်သာ မပြောရင် သိရမှာတောင် မဟုတ်ဘူး.."

လင်းဖန် သက်ပြင်းချလိုက်တယ်..။သူ ဘာပြောနိုင်ဦးမှာလဲ..။သူတို့က ဒီမှာရောက်နေပြီ ဆိုမှတော့ ရှင်းပြလည်း အသုံးမဝင်တော့ပေ..။လီရူ ရဲ့ ဂုဏ်ယူနေတဲ့ အပြုံးကိုမြင်နေရတာက သူ့ကို အကူညီမဲ့စေခဲ့ပါတယ်..။

"အကြီးအကဲဟီ..အကြီးအကဲ လီ..အဲလိုမျိူးမဟုတ်ပါဘူး.။အင်း...ထပ်မပြောတော့ဘူး..။အကုန်လုံး ဒီကို ရောက်နေပြီ ဆိုမှတော့..စုဝေးပွဲလို့ပဲ သဘောထားကြတာပေါ့.."

လင်းဖန် ဘာမှ ထပ်မပြောချင်တော့ပေ..။ဒီရောက်မှတော့ ထပ်ပြောနေလဲ အပိုပါပဲ..။

ရူမင်ဟာ ရောက်လာခဲ့တဲ့ လူတွေကို မြင်တဲ့ အချိန်မှာ အနည်းငယ် အံ့ဩသွားခဲ့တယ်..။သူ လီဟောင်ကို မမှတ်မိပေမယ့် ဟီချန်းဟန်ကိုတော့ မှတ်မိပါတယ်..။

ဒီမှာ လူနှစ်ယောက်ပဲ ရောက်နေသေးပေမယ့် နှစ်ယောက်စလုံးကို သူမယှဥ္နိုင်ပါဘူး..။ထပ်ပြောရရင် အကြီးအကဲ ဂျင်က ဆယ်ယောက်လောက်ကို ဖုန်းဆက်ခဲ့တာပါ..။တကယ်လို့ သူတို့ အကုန်ရောက်လာခဲ့ရင် တကယ် အံ့ဩစရာပါပဲ..။

ထပ်ပြောရရင် လင်းဖန်ရဲ့ မျက်နှာကို မြင်ပြီး

ရူမင် သွေးအန်မလိုတောင် ဖြစ်သွားခဲ့ပါတယ်..။ဒီလောက်အကောင်ကြီးတွေ အများကြီး လာတာတောင်..သူ့ရဲ့ အမူအရာက.'.ခင်ဗျား တို့ ဘာလာလုပ်ကြတာလဲ' လို့ မေးနေတဲ့ ပုံပါပဲ..။

ဒါက သူ့ကိုတောင် ရူးသွပ်လု ဖြစ်စေပါတယ်..။

ရူမင်ဟာ ဒီမှာ ဆက်နေပြီး အဆက်အသွယ်တွေ ပိုရချင်ပေမယ့် တစ်ခြားတစ်ဖက်က သူ့ကို ကြိုဆိုတဲ့ပုံ မပြပေ..။

"အကြီးအကဲ ဂျင် ကျုပ်သွားတော့မယ်..။နောက်တစ်ကြိမ်မှ တွေ့ကြတာပေါ့.."

ရူမင် ပြောလိုက်တာပါ..။

ဂျင်ယွန်မင် ခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပြီ အကြီးအကဲ ဟီ..။နောက်တစ်ကြိမ်မှ တွေ့ကြမယ်..။ဒီတစ်​ေခါက်အတွက်ကတော့ စိတ်မကောင်းပါဘူး..။ကျွန်တော်လည်း ထားခဲ့ဖို့ အဆင်မပြေလို့.."

ရူမင် ပြန်ပြောလိုက်တယ်..။

"ကျွန်တော် နားလည်ပါတယ် နားလည်ပါတယ်.."

တစိယောက်ပြီး တစ်ယောက် ထပ်ရောက်လာခဲ့ပါတယ်..။

အဆုံးမှာတော့..ဝမ်မင်ယန် ပါ ရောက်လာခဲ့ပါတယ်..။

လီရူကတော့..ဂုဏ်ယူပြီး ပျော်ရွှင်တဲ့ အပြုံးနဲ့ ပြုံးနေခဲ့တယ်..။

ရောက်လာတဲ့ လူတိုင်းဟာ..ချမ်းသားတဲ့ အရှိန်အဝါတွေ ရှိနေခဲ့ပါတယ်..။

သူမ ရဲ့ အသက်မဲ့ပြီး အေးစက်နေတဲ့ အခမ်းအနားလေးက..အခုတော့..အသက်ပြန်ဝင်လာခဲ့ပါပြီ..။

ဝမ်ရှင်း ဟာ သူမရှေ့က မြင်ကွင်းကို ကြောင်အစွာ ကြည့်နေခဲ့တယ်..။ဘာလို့ အကောင်ကြီးတွေ အများကြီးက ရုတ်တရက်..ရောက်လာတာလဲ..။

လီရူဟာ..ရုတ်တရက် ရှေ့ကို တက်သွားပြီး လင်းဖန်ရဲ့ လက်မောင်းကို တွဲလိုက်ပါတယ်..။သူမ နှုတ်ခမ်းကို ဆူပြီး ချစ်စဖွယ်ပြောလိုက်တယ်..။

"နည်းနည်းပါးပါးတောင် မိတ်မဆက်ပေးတော့ဘူးလား..."

ချီးပဲ..

ဒီမိန်းမက များနေပြီ...

မဟုတ်ဘူး ငါ သူမရဲ့..ဇာတ်ညွှန်းအတိုင်း လိုက်နေလို့ မရဘူး..။

ဒီလို အခြေအနေ ရောက်မှတော့ ငါ့ကို အပြစ်မတင်နဲ့တော့..။

လင်းဖန် လက်မောင်းကို မလိုက်ပြီး..လီရူ ရဲ့ သွယ်လျတဲ့ ခါးလေးကို ဖက်လိုက်တယ်..။ဒါက အတော်ကို နူးညံ့ပြီး..အိစက်နေခဲ့တယ်..။

"ကောင်းပြီလေ ..အစ်ကို မိတ်ဆက်ပေးမယ်.."

လီရူ ရဲ့ အမူအရာဟာ ပြောင်းလဲသွားခဲ့တယ်..။ယင်းနောက်..သူမ လင်းဖန်ကို အသာအယာမှီ ပြီး ညှင်သာစွာ ပြောလိုက်တယ်..။

"နင် ငါ့ကို နောက်တစ်ခါ လာဆိတ်ဆွဲရင် နင့်ရဲ့ ခွေးလက်တွေကို ဖြတ်ပစ်မယ်.."

လင်းဖန် ပြုံးပြီး တီးတိုး ပြောလိုက်ပါတယ်..။

"ငါကို လွယ်လွယ် အသားယူလို့ ရမယ်များ ထင်နေတာလား..."

ဝူရွှန်းယွဲ့ ရှေ့ကို တက်ပြီး ​တီးတိုးမေးလိုက်တယ်..။

"ယူလန် သူတို့နှစ်ယောက်က..."

ဝူယူလန် ပြောလိုက်တယ်..။

"သူတို့က တိုက်ပွဲဖြစ်နေကြတာ..."

"ဟင်.."

ဝူယူလန် ကြောင်အသွားခဲ့ပါတယ်..။ဘာတွေ ဖြစ်ျနလဲ သူမ နားမလည်တော့ပါဘူး..။

All Chapters