← Chapters

ချီးပဲ...

Vol. 41 Ch. 606

ချီးပဲ...

Vol. 41 Ch. 606

#ဘာသာပြန် = စနိုးဝှိုက်

ဟီချန်းဟန် နဲ့ တစ်ခြားလူတွေ ထပ်ရောက်လာတာကြောင့် အစက အသက်မဲ့ နေတဲ့ ဖွင့်ပွဲအခမ်းအနားက ပိုမို အသက်ဝင်လာခဲ့ပါပြီ..။

လင်းဖန် လီရူ ရဲ့ ခါးကို ဖက်ပြီး လူတိုင်းနဲ့ ဆက်စကားပြောနေခဲ့တယ်..။အဲ့အချိန်မှာတော့..လီရူဟာ..စိတ်မသက်မသာ ဖြစ်နေပေမယ့်..အများရှေ့မှာကြောင့် သာမန်လိုသာ နေနေခဲ့ပါတယ်..။

ဘယ်သူမှ သတိမထားမိတဲ့ အချိန်မှာပဲ..လီရူ ရဲ့မျက်နှာအမူအရာဟာ ပြောင်းလဲ သွားခဲ့တယ်..။သူမရဲ့..ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်..။

"ငါ့ကို ဆိတ်ဆွဲနေတာ တော်တော် ခံစားလို့ကောင်းနေလား.."

လမ်းလျောက်နေတုနိးမှာ လီရူဟာ ဒီခွေးသား သူမခါးကို ဆိတ်ဆွဲနေတဲ့ နာကျင်မူကြောင့် မသက်မသာဖြစ်စေပါတယ်..။

အခြေအနေသာ ဒီလို ဖြစ်လာမယ်မှန်း သိရင် သူမ ဒီအကြံဥာဏ်ကို အသုံးပြုခဲ့မှာ မဟုတ်ပါဘူး..။

လင်းဖန် အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ခေါင်းညိမ့်လိုကိပြီး..

"ဟင်..ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ မေးခွန်းမျိုးလဲ..။ဒါပေါ့..ကောင်းတာပေါ့.."

"ဟီးဟီး.."

လီရူ အေးစက်စွာ ရယ်မောလိုက်တယ်..။

"ကောင်းပြီလေ..ဒါက ဒီတိုင်းပြီးသွားမှာ မဟုတ်ဘူး.."

လင်းဖန် သတိပေးတဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"တိတ်တိတ်နေ ..မဟုတ်ရင် တစ်ခြားလူတွေ သိသွားလိမ့်မယ်.."

အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟာ လျောက်လာခဲ့ပါတယ်..။

"ညီအစ်ကို ..ငါတော့ ဒါကို နားမလည်နိုင်တော့ဘူး.."

လင်းဖန် မေးလိုက်တယ်..။

"ဘာကို နားမလည်တာလဲ.."

ဝမ်မင်ယန် လင်းဖန်ရဲ့ နားနားကို ကပ်ပြီး တီးတိုး ပြောလိုက်ပါတယိ..။

"မင်း ဒီမိန်းကလေးနဲ့ ဘယ်တုန်းက တူတူနေနေတာလဲ..။ဘာလို့ ငါတောင် မသိရတာလဲ.."

လင်းဖန် ဝမ်မင််ယန်ကို ကြည့်ပြီး အကြိမ်အနည်းငယ် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်တယ်..။အဲ့အချိန်မှာတော့ ဝမ်မင်ယန်ဟာ သူ့ညီအစ်ကို သူ့ကို မျက်လုံးက တစ်ဆင့်စကားပြောဖို့ လုပ်နေမှန်း သဘောပေါက်လိုက်ပါတယ်..။

ဝမ်မင်ယန်က တုံးအတဲ့ လူတစ်ယောက် မဟုတ်ပါဘူး..။သူ ခနလောက် တွေးတောလို့ အပြီးမှာ နားလည် သွားခဲ့တယ်..။

ဒီလိုလား..။

သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ..။

ဧည့်ခန်းပွဲနေရာက မသေးငယ် ခဲ့ပေ..။ဒါက လူအများကြီး အတွက် အေးအေးဆေးဆေး ဆန့်ပါတယ်..။

တိမ်ဖြူလမ်းရဲ့ ဆိုင်ပိုင်ရှင်တွေဟာ အံ့ဩနေခဲ့ကြတယ်..။

"ဒီနေရာက အတော်ကို ဇိမ်ကျတာပဲ..။ငါ ဒီီလိုနေရာမျိုးကို တစ်ခါမှ မရောက်ဖူးဘူး.."

"ငါတို့ သူဌေးလေးရဲ့ ကံတရားကို လိုက်ပြီး မှီခိုနေကြရတာပဲ..။မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလိုနေရာမျိုးကို ရောက်ဖူးမှာလဲ.."

"ချီးပဲ..ဒါက အတော်စျေးကြီးမယ့်ပုံပဲ..။ဟုတ်တယ်မလား..။ဒီက ဟင်းတစ်မယ် လောက်နဲ့တင် ဒေါ်လာ တစိသောင်း ဝန်းကျင်လောက် ကုန်ကျလိမ့်မယ်.."

"ဘယ်လိုဖြစ်နိုင်မှာလဲ..။ဟင်းတစ်မယ်က အဲလောက်အထိ စျေးကြီးနိုင်ပါ့မလား.."

အဲ့အချိန်မှာပဲ..လင်းဖန် ဝင်လာခဲ့တယ်..။သူ အသံကို မြင့်ပြီး အော်လိုကိပါတယ်..။

"အားလုံးပဲ ဒီနေ့ ကြိုက်သလောက်စားကြ..။ကြိုက်တာကို မှာက..။ဒီနေ့က အကြီးအကဲ လီ ရဲ့ ဖွင့်ပွဲ အခမ်းအနားဖြစ်တာကြောင့် သူမက အရမ်းဂုဏ်ယူနေတာ..။ဘာမှ အားနာနေဖို့ မလိုအပ်ဘူး.."

"သူဌေးလေး ဒါအမှန်ပဲလား..။ဒီက ဟင်းလျာတွေက စျေးကြီးတယ်နော်.."

"ဒါဆိုလည်း အကြီးအကဲ လီရဲ့ စီစဥ္မူ အတိုင်းလိုက်လိုက်ရအောင်.."

"ဟုတ်တယိ.."

…

လီရူ ကြောင့် ရှန်ဟိုင်းမှာ ရှိတဲ့ လင်းဖန်ရဲ့အသိ မိတ်ဆွေ တွေ အကုန်လုံးကို ဖိတ်ကြားခဲ့ရပါတယ်..။လင်းဖန် ဒီအတွက် တစ်ခုခု ပြန်မလုပ်ရရင် သက်သောင့်သက်သာ ရှိမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် တိမ်ဖြူလမ်းက လူတွေက အမြဲတမ်း အလုပ်ရှုပ်နေကြပြီး ဘဝကို ပျော်ရွှင်ပြီး ဇိမ်မခံနိုင်ကြပေ..။ဒါကြောင့် ဒါက ထိုက်တန်တယ်လို့ ပြောလို့ရပါတယ်..။

ဝမ်မင်ယန် ရှေ့ကို တစ်လှမ်းတက်ပြီး ပြောလိုက်တယ်..။

"ဒါက ပြသနာ မဟုတ်ဘူး..။အကြီးအကဲ လီ နဲ့ သူဌေးလေးတို့က တစ်မူ ထူးခြားတဲ့ ဆက်ဆံရေး တွေ ရှိပုံရတယ်..။အကြီးအကဲ လီက ဒီလောက်တော့ တတ်နိုင်ပါတယ်..။ထပ်ပြောရရင် ခင်ဗျား တို့လည်း သူဌေးလေး ရဲ့ စွမ်းဆောင်ရည်တွေကို သိနေတာပဲ..။သူက ငွေရှားပါးတဲ့ လူမျိုးမဟုတ်ဘူးလေ.."

လူလိမ် ထျန် ပြုံးလိုက်ပြီး..

"ဒါအမှန်ပဲ..မစားမသောက်ပဲ နေရင် ဖြုန်းတီးရာ ကျသွားမှာပေါ့.."

လူတိုင်း သူဌေးလေးကို ကြည့်လိုက်ကြတယိ..။အဲ့အချိန်မှာတောါ သူဌေးလေးက လီရူ ရဲ့ ခါးကို ဖက်ထားတာ တွေ့့လိုက်ကြပါတယ်..။ကြည့်ရတာ တကယ် တစ်မူထူးခြားတဲ့ ဆက်ဆံရေး ရှိနေတဲ့ ပုံပါပဲ..။သူတို့ စိတ်သက်သာရာ ရသွားခဲ့တယ်..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ဒီနေ့ ခင်ဗျားတို့ ဘာမှ ယဥ္ကျေးနေစရာ မလိုဘူး..။တကယ်လို့ ခင်ဗျားတို့ စိတ်မဖြောင့်ဖူးဆိုရင် အကြီးအကဲ လီကို စကားလေး နည်နည်းပါးပါ ပြောခိုင်းလိုက်ရအောင်..။အကြီးအကဲ လီ တစ်ခုခု ပြောပါဦး.."

လီရူက တော့..လင်းဖန် ရဲ့ ဆံပင်ကို ဆွဲပြီး နံရံနဲ့ ပြေးဆောင့် ချင်စိတ်ပေါက်နေခဲ့ပါပြီ..။သို့ပေမယ့် အခုချိန်မှာ သူမ ဒေါသထွကိလို့ မရပေ..။သူမသည်းခံ နိုင်မှ ဖြစ်မှာပါ..။

သူမ ကျောင်းနင်က နေ ရှန်ဟိုင်းကို ပြောင်းလာတာ လင်းဖန်ကို လက်စားချေဖို့ပါ..။သို့ပေမယ့် သူ လက်​ေလျာ့ဖို့ ဆုံးဖြတ်လိုက်တယ်..။သူမ စိတ်ကို ပြောင်းလဲ လိုက်ပါပြီ..။ဒါက..သူမအဖေရဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ကျောင်းနင်ကို မပြန်တော့ပဲ..ရှန်ဟိုင်းမှာပဲ ကိုယ်တိုက် ရပ်တည်နိုင်အောင် ကြိုးစားဖို့ပါ..။

အခုချိန်မှာ လူတွေ အများကြီးက ကြည့်နေခဲ့ပါတယ်..။ဒီငနဲက အရှက်မရှိတဲ့ အရာတွေကို လုပ်နေပေမယ့် သူမ ဒေါသထွကိလို့မရပေ..။ဒါကြောင့် သူမ ပြုံးလိုက်ပြီး...

"အငိး..ဒီနေ့က ဖွင့်ပွဲ အခမ်းအနားလေ..။အားလုံးပဲ ကြိုက်သလောက်စားကြပါ..။စားပြီးရင်..အပေါ်ထပ်မှာ KTV ရှိပါတယ်..။ပျော်ပျော်ပါးပါး သီချင်း ဆိုလို့ ရတာပေါ့.."

လီရူ ဒီလို​ပြောလိုက်တဲ့ အခါမှာ ဆိုင်ပိုင်ရှင်တွေ ရဲ့ အပြုံးက ပိုမို ပေါ်လွင်လာခဲ့ပါတယ်..။

"ကျေးဇူး အများကြီးတင်ပါတယ် အကြီးအကဲ လီ.."

"ဒီတစ်ခေါက်က ငါတို့..လက်ဆောင်တွေ မယူလာတဲ့ အပြင် အစားအသောက်တွေပါ အခမဲ့စားရတော့မယ်..။ဒါက ရှက်ရွံ့စရာပဲ.."

တစ်ခြားလူတွေ ​ပျော်ရွှင်နေတာကို ကြည့်ပြီး လင်းဖန်လည်း ပြုံးလိုက်တယ်..။ယင်းနောက် သူ လီရူဖက်ကို လှည့်လိုက်ပြီး..

"အကြီးအကဲ ရူက ..တကယ်ကို ရက်ရောတာပဲ.."

လီရူ လင်းဖန်ကို အားတင်းပြုံးပြလိုက်ပြီး..

"ဟီးဟီး ဒါက ဘာမှ မဟုတ်ပါဘူး..။ဒေါ်လာ သိန်းဂဏန်း အနည်းငယ်လောက်ပဲလေ.."

သို့ပေမယ့် ဒါက အမှန်တကယ်ပဲ ဒေါ်လာ သိန်းဂဏန်း အနည်းငယ်ပါ..။သူမက အခုထိ တစ်ဆင့်တောင့် ဝငိငွေ ရှိသေးတာမဟုတ်ပါဘူး..။ဟင်းပွဲတွေ ဆိုတာက ..စျေးကြီးတဲ့ ပါဝင်ပစ္စည်းတွေ ပါဝက်နေပါတယ်..။

တိမ်ဖြူလမ်းက လူတွေ အောက်ထပ်မှာ အားရပါးရ စားသောက်နေချိန် လင်းဖန် နဲ့ ကျန်တဲ့ လူတွေဟာ အပေါ်ထပ်က သီးသန့်ခန်းထဲကို သွားလိုက်ကြတယ်..။

ဒီမှာ..စားပွဲအကြီးကြီး ရှိနေတာကြောင့် အကုန်လုံး ထိုင်ဖို့ လုံလောက်ပါတယ်..။

ဝူယူလန် နဲ့ ဝူရွှန်းယွဲ့ လည်း ထိုင်နေခဲ့ကြတယ်..။သူတို့ နှစ်ယောက်က အခုချိန်မှာ အတော်ကို ငြိမ်းချမ်းရေး ရှိနေခဲ့ကြတာပါ..။

"ယူလန်..အကြီးအကဲ လီ နဲ့ အစ်ကိုလင်းကြားမှာ ဘာတွေ ဖြစ်နေတာလဲ.."

ဝူရွှန်းယွဲ့ မေးလိုက်တာပါ..။အစ်ကိုလင်းက..အကြီးအကဲ လီ ရဲ့ ခါးကို ဖက်နေတာ မြင်ရတာ သူမ မနာလိုဖြစ်မိပါတယ်..။

ဝူယူလန် ပြောလိုက်တယ်..။

"ဒါက ရှင်းပြဖို့ခက်တယ်..။နင်က တိမ်ဖြူလမ်းကို မရောက်တာ ကြာတော့ ဒီအခြေအနေကို သိမှာ သိမှာ မဟုတ်ဘူး.."

ဝူရွှန်းယွဲ့ ပြောလိုက်တယ်..။

"အဲတာက ငါမလာချင်လို့ မဟုတ်ဘူးလေ..။ဒါက.."

ဝူယူလန် လက်ဝေ့ယမ်းလိုက်တယ်..။

"ငါသိတယ်..ဆယ်လီ တစ်ယောက် ဆိုတာ အလုပ်ရှုပ်နေမှာပဲ..။ဒါပေမဲ့ အကြီးအကဲ လီ နဲ့..အစ်ကိုလင်းကြားမှာ ပြသနာ တစ်ခု ရှိနေတယ်..။သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖျက်လိုဖျက်ဆီး လုပ်နေတာ မတွေ့ဖူးလား.."

"ဟင်.."

ဝူရွှန်းယွဲ့ ကြောင်အသွားခဲ့တယ်..။တစ်ယောက်ကို တစ်ယောက် ဖျက်လိုဖျက်ဆီး လုပ်နေတာလား..။ဒါက ဘာကို ဆိုလိုတာလဲ..။

"ဟီးဟီး..ဆက်စောင့်ကြည့်နေလိုက်..။နင် သိလာလိမ့်မယ်.."

ဝူယူလန် ရယ်မောပြီး ပြောလိုက်တာပါ..။သူမ လုံးဝ မနာလို မဖြစ်ပါဘူး.။ဒါက လီရူက မိန်းကလေးတွေကို ပဲ စိတ်ဝင်စားတာကို သူမ သိထားလို့လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်..။သူမ လုံးဝ စိတ်မပူမိပေ..။

စားသောကျနစေဉ်..။

လီရူ လင်းဖန်ကို ဆွဲလိုက်ပြီး..

"အားလုံးကို တောင်းပန်ပါတယ်..။ကျွန်မ ခနလောက် သွားစရာလေးရှိသေးလို့..."

ယင်းနောက် သူမ လင်းဖန်ကို ကြည့်လိုက်တယ်..။သူမ ရဲ့ ဆိုလိုရင်းကတော့ ရှင်းပါတယ်..။ငါနဲ့ အတူလိုက်ခဲ့..။

လင်းဖန် ပြုံးလိုက်ပြီး..။

"ခင်ဗျားတို့ ကိုယ့်ဟာကို ပျော်အောင် နေကြဦး..။ဒီ မိန်းကလေးက လုပ်စရာ တွေ အရမ်းများနေတာ.."

"ဟားဟား.."

လူတိုင်း ရယ်မောလိုက်ကြတယ်..။

"ငါတို့ နားလည်ပါတယ် မာစတာလင်း..။သွားပါ..သွားပါ.."

အပြင်ဘက်..။သန့်စင်ခန်းတွင်..။

လီရူ လင်းဖန်ရဲ့ လက်ကနေ ရုန်းထွက်လိုက်ပြီး..အေးစက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။

"ဟမ်း..ကျော်ကြားတဲ့ နတ်ဆေးဆရာလေးက တစ်စုံတစ်ယောက်ကို အသားယူတတ်တဲ့ လူမှန်း ငါမသိခဲ့ဘူး.."

လင်းဖန် ပုခုံးတွန်းလိုက်ပြီး..

"ဘာလဲ..ဒါက အဆင်မပြေဘူးလား..။ငါကတော့ အသားယူတာ ခံရပြီး..။တစ်ခြားလူတွေကိုတော့ အသားယူလို့ မရဘူးပေါ့..။ဒါက စားပွဲ အနည်းငယ်လောက်ပဲလေ..။မင်းမတတ်နိင်ဘူးဆိုရင် ငါ ငွေရှင်းပေးလို့ရတယ်နော်.."

လီရူ ရဲ့ မျက်နှာဟာ ဒေါသကြောင့် နီရဲသွားခဲ့တယ်..။သူမ လင်းဖန်နဲ့ တိုက်ခိုက်ရင် မနိုင်ဘူးဆိုတာ သိပေမယ့်လည်း လင်းဖန် ရဲ့ အောက်ဖက်ကို ဆောင့်ကန် လို့ရပါသေးတယ်..။

ဒါက သူမ​ပြောနေတဲ့ အကြောင်းအရာ ဟုတ်လို့လား..။

"ကောင်းပြီ ကျန်တာတွေကို ထားလိုက်တော့..။နင် ငါ့ကို ဒီတိုင်းဆက်ပြီး သရုပ်ဆောင်ပေးရမယ်..။ဒါပေမဲ့ ငါ့ရဲ့ခါးကိုဆက်ပြီး ကိုင်နေဖို့ တော့ မစဥ္းစားနဲ့..။မဟုတ်ရင် ငါ အဲ့နေရာမှာတင် နင့်ရဲ့အောက်ပိုင်းကို ဆောင့်ကန်မိလိမ့်မယ်..."

လီရူ ပြောလိုက်တာပါ..။သူမ ရှန်းဟိုင်းမှာ ရပ်တည်ဖို့ဆိုရင် ဒီလူတွေနဲ့ သိကျွမ်းထားဖို့ လိုအပ်ပါတယ်..။ဒါပေမဲ့ လင်းဖန်ရဲ့ လက်က သူမကို ဖက်ထားတာက တကယ်ကို စိတ်အနှောက်မယှက်ဖြစ်စရာပါပဲ..။

လငိးဖန် ​ပြောလိုက်တယ်..။

"မဟုတ်ဘူး..သူတို့က အရမ်းဥာဏ်ကောင်းကြတယ်..။ငါတို့ ..တကယ့်အစစ်အမှန်လို သရုပ်မဆောင်ရင် သူတို့က မြင်သွားကြမှာပဲ..။ငါကတော့ ဒီတိုင်း ဆက်ပြီး သရုပ်ဆောင်သင့်တယ်လို့ထင်တယ်.."

"လစ်လိုက်..နင်က အတော် လူမဆန်တဲ့ကောင်ပဲ.."

လီရူ ချက်ချင်းပဲ အမျိုးသမီး သန့်စင်ခန်းထဲကို ဝင်သွားလိုက်တယ်..။သူမ တံခါးကို ပိတ်ပြီးတဲ့ အချိန်မှာတော့.. နံရံကို မှီပြီး မျက်နှာတစ်ခုလုံး နီရဲနေခဲ့ပါတယ်..။သိူ့ပေမယ့် မကြာခင်မှာပဲ သူမ ပုံမှန်အခြေအနေ ပြန်ရောက်သွားခဲ့တယ်..။ဒီငနဲရဲ့ အသားယူတာကို ခံနေရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။ချီးပဲ...။

"တကယ်လို့ ငါလည်း မရှက်ရမှာကိုသာ ကြောက်မနေဘူးဆိုရင် မင်းလို မိန်းကလေး အတုအယောင် ကို ဖက်ထားချင်မယ်လို့ ထင်နေတာလား."

လင်းဖန် ဒါကို ပြောလိုက်ပြီး ထွက်သွားခဲ့ပါတယ်..။

သန့်စင်ခန်း ထဲမှာ ရှိနေတဲ့ လီရူဟာတော့ သူမရဲ့ နူးညံ့ပြီး သေးသွယ်တဲ့ လက်သီးကို ကျစ်နေအောင် ဆုပ်ထားခဲ့တယ်..။

"ချီးပဲ..."

နင်က သာ မိန်းကလေး အတုအယောင်..နင့် တစ်မိသားစုလုံးကသာ အတုအယောင် တွေ...။

All Chapters