မေ့ချင်ယောင် ဆောင်နေတာအကောင်းဆုံးပဲ..
Vol. 41 Ch. 607
#ဘာသာပြန် = စနိုးဝှိုက်
စားသောက်ပွဲ ပြီးစီးသွားခဲ့တယ်..။
ဒီအချိန်ကာလလေး အတွင်းမှာ လီရူ ရဲ့ နှလုံးးးသားက မီးတောင်ပေါ် ရောက်နေသလိုပါပဲ..။သူမရဲ့ သည်းခံနိုင်တဲ့ အကန့်အသတ် အစောကတည်းက ကျော်လွန်နေခဲ့ပါပြီ..။ဒီဘေးနားက လူတွေကို သာ..သူမ မစိုးရိမ်ဘူးဆိုရင် လင်းဖန်နဲ့ ချက်ချင်း ထပြီး ရန်ဖြစ်မိမှာပါ..။
လီရူ ရဲ့ လက်ထောက်အနေနဲ့ ဝမ်ရှင်းဟာ စားပွဲမှာ မထိုင်ပဲ ဘေးနားမှာသာ..ရပ်ပြီး နားထောင်နေခဲ့တယ်..။သူမ ဒီလူတွေရဲ့..နောက်ခံတွေကိုလည်း သိရှိထားပြီးပါပြီ..။အကြီးအကဲ လီ ဘေးနားကလူက ဒိီလို လူတွေ အများကြီး နဲ့ သိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
အခုဆိုရင် သူမ အနာဂတ်အတွင် မျှော်လင့်ချက်တွေ ပြည့်နေခဲ့ပါပြီ..။သူ ..ဒီဟော်တယ်အတွကိ အကောင်းဆုံးပေးဆပ်ပြီး အလုပ်လုပ်ရမယ် ဆိုတာကို နားလည်ထားပါတယ်..။
ဟီချန်းဟန် ပြောလိုက်တယ်..။
"ဒီလို ပြန်ပြီးစုဝေးရတာက တကယ်ကို ပျော်ဖို့ကောင်းတာပဲ..။ပြီးတော့ ပိုပြီး အရေးကြီးတာက အကြီးအကဲ လီ ရဲ့ ဖွင့်ပွဲအခမ်းအနားပဲ..။မာစတာလင်းက ကြိုမှ အကြောင်းမကြားထားတာ..။မဟုတ်ရင် လက်ဆောင်လေး ဘာလေး ပြင်ဆင်ခဲ့လို့ ရတာပေါ့..။ဒါပေမဲ့ အခုလည်း နောက်မကျသေးပါဘူး..။ငါ ဒီဟော်တယ် ရဲ့ မန်ဘာတစ်ယောက် အဖြစ်ဝင်ပြီး ဒေါ်လာ နှစ်သိန်းလောက် ကြိုသွင်းထားရမယ်.."
လီဟောင် ပြောလိုက်တယ်..။
"ဒါတကယ် မဆိုးဘူး..။ဒီက ပတ်ဝန်းကျင်လည်း ကောင်းသလို ဝန်ဆောင်မူ ပိုင်းလည်း ကောင်းတယ်လေ..။ဒီမှာက အစားအသောက်နဲ့ ဖျော်ဖြေရေးလည်း တစ်ခါတည်း ရှိတယ်လေ..။တကယ်လို့ အနာဂတ်မှာ ကျုပ်ကုမ္ပဏီရဲ့ အခမ်းအနားတွေ ရှိရင် ဒီမှာလာပြီး ကျင်းပရမယ်..။ကျုပ်လည်း အကြီးအကဲ ဟီ အတိုင်း ဒေါ်လာ ၂ သိန်းလောက် ကြိုသွင်းထားပြီး မန်ဘာဝင်ထားမယ်.."
"ဟားဟား..မင်းတို့ မန်ဘာဝင်မယ် ဆိုရင် ငါလည်း ဝင်ထားမယ်..။အစ်ကို ဟီ က ဒေါ်လာ နှစ်သိန်း ကြိုသွင်းထားတော့ ငါက အဲ့ထက်ပိုပြီး သွင်းလို့ မကောင်းတော့ဘူး..။ဒါကြောင်ဘ ငါလည်း ဒေါ်လာ ၂ သိနသိန်းကြိုသွင်းထားမယ်.."
ညစာစားပွဲမှာ လူတိုင်းစကားပြောနေခဲ့ကြပါတယ်..။ဒီတစ်ကြိမ်မှာ သူတို့ လက်ဆောင် တွေပါမလာခဲ့ကြတော့ မန်ဘာဝင်လိုက်တာက အကောင်းဆုံး လက်ဆောင်ပါပဲ..။
အစကတော့ လင်းဖန် အစားအသောက်တွေကို အကုန်လုံးစားသောက် နေကြတာ မြင်ပြီး ပျော်ရွှင်နေခဲပေမယ့် ..ဒီစကားတွေကို ကြားတဲ့ အချိန်မှာကြောင်အသွားခဲ့တယ်.။
အိုး..ချီးပဲ...
ိဒီလူတွေက..သူတို့နဲ့ အခုမှ သိတဲ့ လူတစ်ယောက် အတွက် ပိုက်ဆံတွေ အများကြီး သုံးဖို့ လုပ်နေကြတာ မဟုတ်ဘူးလား...
တစ်ခြား တစ်ဖက်မှာတော့ လီရူဟာ အလွန်တောက်ပတဲ့ အပြုံးနဲ့ ပြုံးနေခဲ့ပါတယ်..။အထူးသဖြင့် သူမ လင်းဖန်ကို ပြုံးပြတဲ့ အချိန်မှာ..အဲဒီအပြုံးရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး ပါဝင်နေခဲ့တာပါ..။
ဝမ်ရှင်းဟာ..ဒါကိုကြားတဲ့ အချိန်မှာ..စိတ်ခံစားချက်မြင့်တက်လာခဲ့တယ်..။ဒီ သူဌေးတွေက သူတို့ ဟော်တယ် မှာ မန်ဘာတောင် ဝင်ချင်ကြလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။ဒါက သူမကို ကြောင်အစေပါတယ်..။
ဒါက သူတို့ ပိုက်ဆံ ဘယ်လောက်ပေးတယ် ဆိုတာ ကြောင့် မဟုတ်ပေ..။
ဒါက သူတို့ကို မန်ဘာအဖြစ်..ဒီမှာ သတ်မှတ်လိုက်လို့ပါ..။ဒါက သူတို့..အနာဂတ်မှာ ဒီမှာပဲ ငွေ အသုံးပြုကြတော့မယ် လို့ ဆိုလိုတာပါ..။
ဒီလို အဆင့်အတန်းမြင့်တဲ့ ဟောိတယ် တစ်ခုကအမှန်တကယ် အောင်မြင်လာဖို့ ဆိုရင်..အဆက်အသွယ်နဲ့..ဧည့်သည်စီးဆင်းမူက အရေးကြီးပါတယ်..။
တကယ်လို့ အကောင်ကြီးတွေက ဒီကို မကြာခန လာကြရင် တစ်ခြားလူတွေကလည်း ဒီနေရာကို ဆုံမှတ်တစ်ခု အဖြစ်အသုံးပြုကြမှာပါ..။ထပ်ပြောရရင် သူတို့က မန်ဘာအဖြစ်တောင် ဝင်ထားကြပါသေးတယ်..။
ဒေါ်လာ သန်း အနည်းငယ် ပေးချေလိုက်ကြတယ်..။
ဒါက တကယ်ကို အံ့ဩစရာပါပဲ..။
လင်းဖန် ဘာကိုမှ မပြောချင်တော့ပေ..။ဒီမတော်တဆ မူက တကယ်ကို စောက်တလွဲပါပဲ..။
လီရူ ညှင်သာစွာ ပြောလိုက်တယ်..။
"စိတ်မကောင်းစရာပဲ..။ကြည့်ရတာ...ဒီတစ်ကြိမ် ငါနိင်သွားပြီ ထင်တယ်..."
လင်းဖန် ရယ်မောလိုက်ပြီး..
"အလျင်မလိုဘူး..။အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာဦးမှာပါ.."
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြပေမယ့် အပြင်ပိုင်းမှာတော့ တကယ်ကို အေးချမ်းနေခဲ့ပါတယ်..။အထူးသဖြင့် တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေ အတွက် တကယ်ကို ပျော်စရာ နေ့လေး တစ်နေ့ပါပဲ..။
ဒါက တကယ်ကို ကောင်းမွန်တဲ့ ဟင်းလျာတွေပါ..။စားသောက်ပြီးတဲ့ နောက်မှာလည်း သူတို့ သီချင်း ဆိုကြပါသေးတယ်..။ဒီနေ့မှာ သူတို့ဟာ စိတ်လွတ် ကိုယ်လွတ်နဲ့ နိဗ္ဗာန် ဘုံကို ရောက်တဲ့ အထိ ပျော်ပါးခဲ့ကြပါတယ်..။
ဖွင့်ပွဲ အခမ်းအနားပြီးသွားခဲ့တယ်.။
ဟော်တယ် အပြင်ဘက်..။
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားတို့ကို ဘာပြောရမှန်းတောင် မသိတော့ဘူး.."
ဟီချန်းဟန် ပြုံးလိုက်တယ်..။
"မာစတာလင်းက ကျွန်တော်တို့ကို အခြေအနေတွေ နားမလည်ဘူးလိူ့ တကယ် ထင်နေတာပဲ..။ကျုပ် အကြီးအကဲ ဟီ က ဒီလောက်အထိ မပြောရဲပေမယ့် လူတွေကို ခန့်မှန်းတဲ့ နေရာမှာ တကယ်ကို ကျွမ်းကျင်တယ်..။အကြီးအကဲ လီ နဲ့ မာစတာလင်း တို့ ဒီလို ဆက်ဆံရေးမျိုးရှိနေတာ ကျုပ်တို့ မသိဘူးလို့ ထင်နေတာလား.."
"မင်းတို့ နှစ်ယောက် ဘာလုပ်နေကြမှန်း မသိပေမယ့် ကျုပ်တို့က မိတ်ဆွေတွေလေ..။သူမက ရှန်ဟိုင်းမှာ ဖွင့်ပွဲအခမ်းအနား ကျင်းပတော့ ကျိန်းသေ ငါတို့ရောက်လာပြီး အရှက်မရအောင် လုပ်ပေးရမှာပေါ့.."
ဝမ်မင်ယန် လင်းဖန် ရဲ့ ပုခုံးကို ပုတ်ပြီးပြောလိုက်တယ်..။
"အကြီးအကဲ ဟီ ပြောတာ မှန်တယ်..။ငါတို့ ဒါကို လုပ်ပေးတာက မင်းက လေးစားရတဲ့ ပုဂ္ဂိုလ် ဆိုတာ သိစေဖို့ အတွက်ပဲ..။ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အကြီးအကဲ ဟီက တကယ်ကို ချောမောလှပတယ်..။သူမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းရုံသာမက ဖော်ရွေမူလည်း ရှိတယ်လေ..။သူမက တစ်ခြား မိန်းကလေးတွေ မရှ်ိတဲ့ ပင်ကိုယ် အစွမ်းအစ ရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ.."
လငိးဖန် သက်ပြင်းချလိုက်တယ်..။ဒီလူတွေ ဘာတွေးနေကြတာလဲ ဆိုတာ သူတကယ် နားမလည်တော့ပါဘူး..။
"ကောင်းပြီ ဒီအကြောင်းမပြောပဲ နေရအောင်..။အိုး ဟုတ်သားပဲ..ခင်ဗျား..ပြသနာ ဖြစ်စေတဲ့ အခြေအနေတစ်ခုမှာ ပတ်သက်မိသေးတယ် မလား..။ကျုပ် ဒီမှာ ရှိနေတယ် ဆိုတော့ ပြောကြည့်ပါဦး..အကြံပေးလို့ရအောင်.."
"ဟင့်အင်.."
"အကုန်လုံးက အဆင်ပြေပြေပဲ.."
"နောက်ဆုံးအကြိမ် မင်း တွက်ချက်ပေးခဲ့တာတွေက အခုထိ အသုံးဝင်နေတုန်းပဲလေ.."
ဘယ်သူကမှ ပြသနာ တစ်ခုမှ မကြုံတွေ့ကြရပေ..။သူတို့ အရေးကြီးတဲ့ အလုပ်တွေကို မလုပ်သ၍ အခက်အခဲ ဆိုတာမျိုး ကြုံတွေ့ရမှာ မဟုတ်ကြပေ..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ကောငိးပြီလေ..ဒါဆိုကောင်းတယ်..။ဖြည်းဖြညး်နဲ့ မှန်မှန် လုပ်ကြရင် ခင်ဗျားတို့ ပြသနာ တက်ကြမှာ မဟုတ်ဘူး.."
အဲ့အချိန်မှာပဲ သူတို့ဆီကို လူကြီးတစ်ယောကိ လျောကိလာခဲ့တယ်..။
"ဟိုင်း ညီအစ်ကို တို့..ကျွန်တော် လမ်းလေး မေးချင်လို့..။ဒီနေရာကို ဘယ်လိုသွားရမလဲ.."
လူကြီးက လင်းဖန်ရဲ့ ပုခုံးကို ပုတ်ပြီး မေးလိုက်တာပါ..။
လင်းဖန် မြေပုံကို ကြည့်လိုက်ပြီး..
"ဒီဟာလား..ဒါက..."
"မလှုပ်နဲ့.."
ရုတ်တရက် လူကြီးဟာ လင်းဖန်ရဲ့ နားနားကို တီးတိုး ကပ်ပြောလိုက်တယ်..။လင်းဖန် သူ့နောက်ကျောကို တစ်ခုခု ထောက်ထားတာ ခံစားလိုက်ရပါတယ်..။
သေနတ် တစ်လက်လား..။
ဒါက လင်းဖန် ရဲ့ ပထမဆုံးအတွေးပါပဲ..။
ဒီလို အခြေအနေ နဲ့ တွေ့တဲ့ အချိန်မှာ သူ မကြောက်ဘူးလို့ ပြောရင် ဒါက ညာပြောတာ ပါပဲ..။
သူ့မှာ စွယ်စုံကျမ်း ရှိတယ် ဆိုပေမယ့် သူလည်း လူသားတစ်ယောကိပါ..။တကယ်လို့ သေနတ်နဲ့ သာ အပစ်ခံရရင် သူလည်း သေရမှာပါ..။
သိူ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည် တွေနဲ့ ဒီလူကို အမှောက်သိပ်နိုင်ပါတယ်..။သိုပေမယ့် ဒီလူ ရဲ့ နောက်ထပ်စကားကြောင့် သူ့ရဲ့ အကြံကို လက်လျော့လိုက်ပါတော့တယ်..။
"ငါ မင်းကို သတိပေးလိုက်မယ်..။မင်း မလှုပ်တာက အကောင်းဆုံးပဲ..။ငါ မင်းအကြောင်း စံူစမ်းပြီးသွားပြီ..။မင်းက အင်အားကြီးတယ် ဆိုပေမယ့် ငါက ဒီကို တစ်ယောက်တည်း လာခဲ့တာ မဟုတ်ဘူး..။မင်းလှုပ်လိုကိတာနဲ့..ဒီလူတွေ အကုန်လုံး သေရလိမ့်မယ်.."
ဝမ်မင်ယန် နဲ့ ကျန်တဲ့ လူတွေကတော့ စကားပြောနေကြတုန်းပါပဲ..။သူတို့ ဒီအခြေအနေကို သတိမပြုမိကြပေ..။သို့ပေမယ့် လင်းဖန် အနည်းငယ် ထူးဆန်းသွားတာတော့ သတိထားမိပါတယ်..။
"ဘာဖြစ်လို့လဲ.."
ဝမ်မင်ယန် အနားကို လျောက်လာဖို့ လုပ်လိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"မလှုပ်နဲ့..အဲ့မှာပဲ ရပ်နေ...."
ဝမ်မင်ယန် တစ်ခုခု မှားနေပြီဆိုတာကို သဘောပေါက်လိုက်ပါတယ်..။ယင်းနောက် သူ့ရှေ့က လင်းဖန်ကို ကြည့်လိုက်ပြီး..
"ညီအစ်ကို မင်းဘယ်သူလဲ..။ဘာလို့ သူ့ကို လာရှာတာလဲ.."
MPV မှန်လုံ ကားတစ်စီးဟာ လမ်းဘေးမှာ ရပ်သွားခဲ့တယ်..။
လူကြီးဟာ ညှင်သာစွာ ပြောလိုက်တယ်...။
"ဘာမှ ဥာဏ်များဖို့ စဥ္းစားမနေနဲ့..။ငါပြောတာကိုပဲ လိုက်လုပ်..။တကယ်လို့ မင်း တစ်ခုခု လုပ်တာနဲ့..မင်းရဲ့ မိတ်ဆွေတွေ အကုန်သေရမယ်.."
"အကုန်လုံး မလှုပ်ကြနဲ့..ကျုပ်ပြောတာ နားထောင်.."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယူလန် နဲ့ ဝူရွှန်းယွဲ့တို့ တစ်ခုခု ပြောချင်ပေမယ့် လင်းဖန် သူတို့ကို စိုက်ကြည့်လိုက်ပါတယ်..။
လူကြီးဟာ MPV ကားနားကို မရောက်မချင်း လင်းဖန်ကို တစ်ချိန်လုံး ချိန်းခြောက်နေခဲ့တယ်..။ကားထဲကနေ လက်တစ်စုံဟာ ပေါ်ထွက်လာခဲ့ပြီး လင်းဖန်ကို အထဲကို ဆွဲသွင်းလိုကိတယ်..။
ဘန်း..။
တံခါးကို ပိတ်လိုက်တာနဲ့ ကားက ချက်ချင်းထွက်သွားခဲ့ပါတယ်..။
"ချီးပဲ.."
လင်းဖန် အံ့ဩသင့်စွာ အော်ဟစ်လိုကိတယ်..။
"ရဲကို အမြန်ဖုန်းဆက်လိုက်.."
ဝူယူလန် နဲ့ ဝူရွှန်းယွဲ့ တို့ဟာ အမူအရာ ပြောင်းလဲ သွားခဲ့ကြပါတယ်..။
"အစ်ကိုလင်း..."
အဲ့အချိန်မှာပဲ..ဒါက ပြန်ပေးဆွဲတဲ့ အမူဆိုတာ သူတို့ ချက်ချင်းသိလိုက်ကြပါတယ်..။
ကားထဲတွင်..။
လင်းဖန် ရဲ့ လက်နဲ့ ခြေထောက်တွေကို ချည်နှောင်ထားခဲ့ကြတယ်..။
လင်းဖန်ကို နောက်က သေနတ်နဲ့ ချိန်ထားတဲ့ လူကြီးဟာ ပြောလိုကိပါတာ်..။
"အမှန်တရားကို ချစ်တဲ့ မြို့သားကြီး မာစတာလငိး..ဒီလို ဖြစ်မယ်လို့ မထင်ထားခဲ့ဘူးမလား.."
လင်းဖန် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်တယ်..။
"ငါတကယ် မထင်ထားခဲ့ဘူး..။မင်းတို့ ဒီလောက် မြန်မြန် လာမယ်လို့ မထင်ထားဘူး..။မင်းတို့က ကင်းမြီးကောက်ရဲ့လူတွေမလား.."
လူကြီးဟာ ပြန်ပြောလိုက်တယ်..။
"မင်း သိနေတော့ ပိုကောင်းသွားတာပေါ့.."
ဒါပေါ့.သူသိပါတယ် ..။ဒါက နည်းနည်းလောက် တွေးကြည့်ရင်ကို သိနေတဲ့အရာပါ..။
လူကုန်ကူးမူ အဖွဲ့တွေက ကြီးမားပေမယ့်..ဒီလောက်အထိ စွန့်စွန့်စားစားလုပ်ကြမှာ မဟုတ်ပါဘူး..။ဒီလို လုပ်နိုင်တာဆိုလို့..မူးယစ်ရာဇာ ရဲ့ လက်အောက်မှာ ရှိနေတဲ့ လူမိုက်တွေပါပဲ..။
လင်းဖန်က ကင်းမြီးကောက်ကို ဖမ်းထားတာ ဆိုတော့ သူ့အပေါင်းအပါတွေက သူ့ကို လွှတ်ပေးမှာ မဟုတ်ပေ..။
ဘန်း...
လင်းဖန် စဥ်းစားနေတုန်းမှာပဲ..သူ့ခေါင်းပေါ်ကို ပြင်းထန်တဲ့ ရိုက်ချက်တစ်ခု ကျလာခဲ့တယ်..။
ဒါက လုံးဝ မနာကျင်ပါဘူး..။
သိူ့ပေမယ့်..ရိုက်တဲ့လူက သူ့ကိုသတိလစ် စေချင်လို့ဆိုတာကို လင်းဖန်သိထားပါတယ်..။တကယ်လို့ သူသာ သတိလစ်သလို ဟန်မဆောင် ဘူးဆိုရင် နောက်ထပ် လေးငါးချက်လောက် ဆက်တိုက် အရိုက်ခံရတော့မှာပါ..။
သတိလစ်တာ..
.
သတိလစ်သလို ဟန်ဆောင်လိုက်တာက အကောင်းဆုံးပါပဲ..။