← Chapters

သူတို့ ကင်းမြီးကောက် အတွက်လာခဲ့ကြတာ..

Vol. 41 Ch. 608

သူတို့ ကင်းမြီးကောက် အတွက်လာခဲ့ကြတာ..

Vol. 41 Ch. 608

#ဘာသာပြန် = စနိုးဝှိုက်

ရဲဌာန တွငိ..။

"ခင်ဗျားတို့ ဘာလုပ်ကြ မလို့လဲ..။ဒါက ရဲဌာန နော်.."

ရဲအရာရှိတွေဟာ..လူတွေ အုပ်လိုက်ကြီး စခန်းထဲဝင်လာတာကို ကြည့်ပြီး ကြောင်အသွားခဲ့ကြတယ်..။ဒီလူတွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ..။ဒါ ရဲဌာန ဖြစ်တာကြောင့် ဒီလိူ လူတွေ အများကြီး ရုတ်တရက် ဝင်လာစရာ အကြောင်းမရှိပါဘူး..။

"တိုင်ကြားမလို့..။ငါတို့ ရဲဌာနကို တိုင်ကြားမလို့..။ငါတို့ရဲ့ သူငယ်ချင်းတစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတယ်.."

ဝမ်မင်ယန် နဲ့ တစ်ခြားလူတွေက ပြောလိုက်ကြတာပါ..။သူတို့ အကုန်လုံး တကယ်ကို စိုးရိမ် နေခဲ့ကြပါပြီ..။လင်းဖန်က သူတို့ မျက်လုံးရှေ့မှာတင် ပြန်ပေးဆွဲခံခဲ့ရပေမယ့် သူတို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ကြပါဘူး..။

ရဲအရာရှိဟာ ဒါကိုကြားတဲ့ အချိန်မှာ စိတ်ပူသွားခဲ့တယ်..။

"ပြန်ပေးဆွဲခံရတာလား..။ဘာတွေ ဖြစ်​ေနတာလဲ.."

ဒါက အမူကြီးပါပဲ..။ရှန်ဟိုင်းလို နေရာမှာ ပြန်ပေးဆွဲတဲ့ အမူက များများစားစား မရှိပေ..။

လီရှောင်ရှမ်း ရုံးထဲကနေ ထွကိလာခံ့တယ်..။

"ဘာတွေ ဖြစ်နေတာလဲ..။ဘာလို့ လူတွေ အများကြီး ရောက်နေတာလဲ.."

ရဲအရာရှိ တစ်ယောက်ဟာ ရှေ့ကိုတက်သွားပြီး ပြောလိုကိပါတယ်..။

"စစ်ဆေးရေးမှုး, ဒီလူ တွေက တိုင်ကြားဖို့ အတွက် ​ေရာက်နေကြတာပါ..။ သူတို့ပြောတာက..ပြန်ပေးဆွဲခံခဲ့ရတယ်တဲ့.."

"ပြန်ပေးဆွဲတာလား.."

လီရှောင်ရှမ်း အံ့ဩသွားခဲ့တယ်..။

"ငါသွားကြည့်လိုက်မယ်.."

သို့ပေမယ့် ရောက်နေကြတဲ့ လူတွေကို မြင်တဲ့ အချိန်မှာ သူ အံ့ဩသင့်သွားခဲ့တယ်..။

"လူလိမ် ထျန်..ဘာလို့ ဒီရောက်နေတာလဲ.."

လူလိမ် ထျန်ဟာ..လီရှောင်ရှမ်းကို တွေ့လိုက်ရတဲ့ အချိန်မှာ အားကိုးရတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသလိုပါပဲ..။ယင်းနောကိ..သူ့ရဲ့ မျက်နှာပေါ်မှာ စိတ်ပူပန်မူတွေ ပေါ်လာခဲ့ပြီး..

"စစ်ဆေးရေးမှူး လီ..တစ်ခုခု ကြီးမားတာတော့ ဖြစ်သွားခဲ့ပြီ..။ကျုပ်တို့ရဲ့ သူဌေးလေး ပြန်ပေးဆွဲခံလိုက်ရတယ်လေ.."

"ဘာ.."

လီရှောင်ရှမ်း ကြောင်အသွားခဲ့တယ်..။

"ခင်ဗျားပြောတာ မာစတာလင်း ပြန်ပေးဆွဲခံရတယ်လို့ ပြောလိုက်တာလား..."

ဝမ်မင်ယန် တုန်ရီနေတဲ့ အသံနဲ့ ပြောလိုကိတယ်..။

"ကျုပိတို့ ဟော်တယ် တစ်ခုမှာ..စားသောက်ပြီး ထွကိလာခဲ့တဲ့ အချိန်မှာ..လူတစ်ယောက်က သူဌေးလေးကို သေနတ်နဲ့ထောက်ပြီး နံပါတ်ပြားမပါတဲ့..MPV မှန်လုံကားနဲ့ တင်ခေါ်သွားခဲ့တယ်.."

လီရှောင်ရှမ်း ကြောင်အသွားခဲ့တယ်..။မာစတာလင်း ပြန်ပေးဆွဲ ခံရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေနဲ့ ကြုံနေရတာလဲ..။

သူ့ သိသလောကိတော့..မာစတာလင်းက တကယ်ကို စွမ်းဆောင်ရည်ကောင်းတွေ ရှိတဲ့ လူတစ်ယောက်ပါ..။သူ ပြန်ပေးဆွဲခံရမယ်လို့့ ဘယ်သူက ထင်ထားမှာလဲ..။

မဟုတ်သေးဘူး...

သူဘာဖြစ်သလဲ ဆိုတာ သဘောပေါက်လိုက်ပေမယ့် သိပ်တော့ မသေချာပါဘူး..။

ဝမ်မင်ယန် ရဲ့ အခြေအနေကတော့ အခုဆိုရင် အကူညီမဲ့ နေခဲ့ပါပြီ..။သူ့ရဲ့ ညီအစ်ကိုက သူ့ရှေ့မှာ ပြန်ပေးဆွဲခံခဲ့ရပေမယ့် သူ ဘာမှ မလုပ်ပေးနိုင်ခဲ့ရပါဘူး..။သူ ဒါကို ဘယ်လို သည်းခံနိုင်မှာလဲ..။

"စစ်ဆေးရေးမှူး လီ..ကျွန်တော်တို့ မြင်သလောက် ဆိုရင် အဲလူမှာ သေနတ်ပါတယ်နော်..။လူဘယ်နှစ်ယောက် ပါလာသလဲ တော့ ကျွန်တော် တို့လည်း မသိဘူး.."

အဲ့အချိန်မှာတော့ စစ်ဆေးရေးမှုး လီဟာ..သေနတ်တွေ ပါလာတာကြောင့် ကိစ္စသေးသေလေး မဟုတ်ဘူးဆိုတာ သဘောပေါက်လိုက်ပါတယ်..။

"အမြန် အထက်ကို တင်ပြပြီး..မီးပိွုင့် ရဲဌာနကို အကြောင်းကြားလိုကိ..။သူတို့ကို မြစ်ရှည်လမ်းက ကင်မရာ တွေကို စစ်ဆေးပြီး..သူတို့ ဘယ်ဘက်ကို ထွကိသွားလဲ ဆိုတာကို ရှာခိုင်းလိုက်..."

အဲ့အချိန်မှာပဲ..ရဲအရာရှိ တစ်ယောကိဟာ လီရှောင်ရှမ်းရဲ့ အနားကို လာပြီး တီးတိုး ပြောလိုက််တယိ..။

လီရှောင်ရှမ်း ရဲ့ နဂိုက စိတ်ပူနေတဲ့ အမူအရာဟာ..ရုတ်တရက် ပြောင်းလဲ သွားခဲ့ပါတယ်..။

"ဘာ..။လု မိသားစု အုပ်စုရဲ့..သူဌေးလည်း ပြန်ပေးဆွဲခံခဲ့ရတာလား.."

အဲ့အချိန်မှာတော့..သူ အပြည့်အဝကို..ကြောင်အနေခဲ့ပါပြီ..။

အခုချိန်မှာ ပြန်ပေးဆွဲခံခဲ့ရတာက..မာစတာလင်းတင်မဟုတ်ပဲ..လု မိသားစု အုပ်စုရဲ့..သူဌေး လုလီ ပါ ပါဝင်နေခဲ့ပါတယ်..။

ဒီနေ့က ဘာနေ့မို့လို့လဲ..။ဘာလို့ ကိစ္စကြီး နှစ်ခုက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေရတာလဲ..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"စစ်ဆေးရေးမှုး လီ ..ဘာတွေ ဖြစ်နေတာလဲ.."

လီရှောင်ရှမ်း ပြောလိုက်တယ်..။

"အကြီးအကဲ ဝမ် စိတ်မပူပါနဲ့.. ။ကျုပ် ဗျူရိုကို တစ်ချက်သွားကြည့်လိုက်ဦးမယ်..။တကယ်လို့ တစ်ခုခု ထူးရင် ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်.."

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မဟုတ်ဘူး..ကျုပ်လည်း ဗျူရိုကို လိုက်ခဲ့မယ်..။ဒါမှ တစ်ခုခု ဆိုရင် တစ်ခါတည်း သိရမှာ.."

"ကောင်းပြီလေ.."

…

ရုံးခန်းထဲတွင်..။

လီရှောင်ရှမ်း ရောက်လာတဲ့ အချိန်မှာ လူလီ ရဲ့ အဖေ လုကျုံးမင် လည်း ရောက်နေခဲ့ပါပြီ..။

"အကြီးအကဲ ချင် အခြေအနေ ဘယ်လို ရှိလဲ..။ကျွန်တော် မာစတာလင်း လည်း..ပြန်ပေးဆွဲခံရတယ်လို့ သတင်းရထားတယ်.ဒါပေမဲ့..တရားခံတွေက အတူတူပဲလား ဆိုတာတော့ အတည်မပြုရသေးဘူး.."

လီရှောင်ရှမ်း ပြောလိုက်တာပါ..။

အကြီးအကဲ ချင် မျက်မှောင်ကျုတ်လိုက်ပြီး..

"မာစတာလင်း လည်း ပြန်ပေးဆွဲခံရတာလား.."

ဒါက မမျှော်လင့်ထားတဲ့ အခြေအနေပါပဲ..။

ဘေးနားမှာ ထိုင်နေတဲ့ လုကျုံးမင် ဟာ ဒီလို အမူမျိုးကို ဘဝမှာ အကြိမ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ပြီးပါပြီ..။အဲ့အချိနိမှာပဲ သူ့ရဲ့ စိုးရိမ်စိတ်တွေကို ထိန်းချုပ်ထားခဲ့ပြီး..

"အကြီးအကဲ ချင်..ဒီကိစ္စမှာ ကျုပ်ရဲဌာနကို ယုံကြည်ပါတယ်..။ပြန်ပေးသမားတွေက ..ငွေလိုတယ် ဆိုရင်လည်း ကျုပ်ပေးနိုင်ပါတယ်..ဒါပေမဲ့ ခင်ဗျား ကျုပ်သားအသက်ကိုတော့ အာမခံနိုင်ရမယ်.."

အကြီးအကဲ ချင် ခေါင်းညိမ့်လိုကိပေမယ့်..သူ့ရဲ့ ပုခုံးပေါ်မှာတော့ ဖိအားတွေ အများကြီး ရှိနေခဲ့ပါတယိ..။လုကျုံးမင်က ရှန်ဟိုင်းမှာ အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက်ပါ..။အခု သူ့သားက ပြန်ပေးဆွဲ ခံရတယ်ဆိုတော့..သူ့အတွက်က စိန်ခေါ်မူ တစ်ခုလိုပါပဲ..။

ဒီကိစ္စရဲ့ ဖြစ်နိုင်ခြေက..ပြန်ပေးသမားတွေဟာ ငွေကို မလိုအပ်လောက်ပေ..။

သူတို့တွေးစရာ ဖြစ်နိုင်ခြေတွေက အများကြီး ရှိပါတယ်..။ပထမ ဆုံး တွေးမိတာက ..ပြန်ပေးသမားတွေ ပိုက်ဆံ လိုအပ်တာလား ဆိုတာကိုပါ..။သို့ပေမယ့် မာစတာလင်းပါ ပြန်ပေးဆွဲခံရတော့..တစ်ခြား အကြောင်းရင်း တစ်ခုခု ရှိလောက်ပါသေးတယ်..။

သို့ပေမယ့် သူတို့နှစ်ယောက်ကို ပြန်ပေးဆွဲတဲ့ လူတွေက..တစ်ဖွဲ့တည်းလား ဆိုတာ မသိသေးပေ..။တကယ်လို့ သူတို့က..တစ်ဖွဲ့တည်းက ဆိုရင်တော့ ဒီအခြေအနေက တစ်ခုခု လွဲမှားနေပါပြီ..။

လီရှောင်ရှမ်း အကြီးအကဲ ချင် ရဲ့ ဘေးနားကို ရောက်လာခဲ့တယ်..။

"ဗျူရို အကြီးအကဲ .ကျွန်တော်ကတော့ ပြန်ပေးသမားတွေက တစ်ဖွဲ့တည်းကလို့ ထင်တယ်..။ဒါက ကင်းမြီးကောက် ကြောင့်လို့ ဖြစ်နိုင်ခြေ များတယ်နော်.."

အကြီးအကဲ ခေါင်းညိမ့်လိုက်တယ်..။သူလည်း ဒီလို ခံစားမိပါတယ်..။ကင်းမြီးကောက်က မူးယစ်ရာဇာ တစ်ယောက် ဖြစ်တာကြောင့် နောက်လိုက်တွေ ရှိနေတာ မဆန်းပါဘူး..။

သိပ်မကြာခင်မှာပဲ စစ်ဆေးတဲ့ အရာရှိဟာ ရောက်လာခဲ့တယ်..။

"ဗျူရို အကြီးအကဲ ..သူတို့က နံပါတ်ပြားမပါတဲ့ MPV မှန်လုံကားကို မောင်းခဲ့ကြတာပါ..။စုံစမ်းစစ်ဆေးတာကတော့ အတော်အားထုတ်ရလိမ့််မယ်..။မနက်ဖြန်လောက်ဆိုရင်တော့ အသေးစိတ် တွေ့ရမှာပါ.."

အကြီးအကဲ ချင် ခေါင်းခါယမ်းလိုက်ပြီး..

"မနက်ဖြန် ဆိုရင် နောက်ကျသွားလိမ့်မယ်..။ဒါပေမဲ့ အခုက ငါတို့မှာ သဲလွန်စ မရှိသေးဘူးလေ..။ကြည့်ရတာ သူတို့ ပြင်ဆင်ချိန် ရသွားတော့မယ် ထင်တယ်..။ငါတို့ လုပ်နိုင်တာ အကုန်က သူတို့ ဖုန်းခေါ်လာတာကိုပဲ ထိုင်စောင့်နေရမှာကို ကြောက်ရတာပဲ.."

"အခုချက်ချင်း..အရေးပေါ် အသိပေးချက် ထုတ်ပြန်လိုက်.။ဘယ်လိုကိစ္စပဲ ရှိရှိ ၂၄ နာရီ အတွင်း သူတို့ကို ပြန်ကယ်ဆယ်ရမယ်.."

"သိပါပြီ ဆာ..."

…

MPV ကားထဲတွင်..။

"ချီးပဲ..ဒီကောင်က ငါတို့ သူဌေးကို ဖမ်းဆီးသွားတဲ့ကောင်ပဲ..။ဒီကောင်ခေါင်းထဲကိုသာ..ကျည်ဆန် တွေ ပစ်သွင်းလိုက်ချင်တော့တယ်.."

"ဒီကောင်က တကယ်အသုံးဝင်တယ်..။ငါတို့ရဲ့ ဘော့စ်ကို ပြန်လွှတ်စေချင်ရင် သူ့ကိုပဲ မှီခိုရမှာ.."

"အစ်ကို ချင်း..ဒီငနဲက အဲလောက်အထိ အသုံးဝင်ပါ့မလား..။ရဲတွေက သူ့အတွက်နံ့ ဘောစ့်ကို လွှတ်ပါ့မလား.."

အစ်ကို ချင်းဆိုတာက လင်းဖန်ကို လမ်းမေးခဲ့တဲ့ လူပါ..။သူ အေးစက်စွာ ရယ်မောလိုက်ပြီး..

"ဒါကြောင့် ငါတို့ နောက်တစ်ယောက်ကို ထပ်ပြီး ပြန်ပေးဆွဲထားတာလေ..။အဲလူသာ ငါတို့ လက်ထဲမှာ ရှိနေရင် ရဲဌာနတွေက ..ငါတို့စကားကို ..နားထောင်ရလိမ့်မယ်..."

လင်းဖန်ကတော့ မေ့ချင်ယောင်ဆောင်ပြီး..ဒီလူတွေ ပြောတာကို နားထောင်နေခဲ့တယ်..။သူ့စိတ်ထဲမှာ တော့ ဒီအခြေအနေကို အကြမ်းဖျင်း သိနေခဲ့ပါပြီ..။ကြည့်ရတာ ဒီလူတွေက နောက်ထပ်တစိယောကိကိုပါ..ပြန်ပေးဆွဲထားတဲ့ ပုံပါပဲ..။

ထပ်ပြောရရင် သူတို့ရဲ့..ပန်းတိုင်က ကင်းမြီးကောက်ကို ပြန်ကယ် ဖို့ပါ..။

အဲ့အချိန်မှာပဲ လင်းဖန်ဟာ..ရဲဌာနကို ကူညီတဲ့လူတွေ ဘာလို့ မျောက်မျက်နှာဖုံးကို တပ်ကြရတာလဲ ဆိုတာ သဘောပေါက်သွားခဲ့ကြတယ်..။ဒီလူတွေက အမှန်တကယ် လက်စားလာချေကြတဲ့ လူတွေပါ..။

အစကတော့ ဒီလူတွေ..ပိုက်ဆံ လိုချင်တာဆိုရင်..ကားပေါ်က မဆင်းခင်မှာပဲ..လင်းဖန် ဒီလိူ တွေကို တိုက်ခိုက်ဖို့ စဥ္းစားထားတာပါ..။

ဒီကောင်တွေက ကြိုးလေး တုတ်ထားတာနဲ့ ငါ့ကို ဖမ်းနိုင်ပြီ ထင်နေတာလား..။

ဒါက အိပ်မက်မက် နေတာပဲ ဖြစ်ရမယ်..။

အခုတော့ လင်းဖန် စိတ်ထဲမှာ စဥ္းစားနေခဲ့ပါတယ်..။ကြည့်ရတာ ဒီနောက်ကွယ်မှာ နောက်ထပ် တစ်ယောက် ရှိနေသေးတဲ့ ပုံပါပဲ..။ဘယ်သူလဲ ဆိုတာ ကို သူကြည့်ချင်ပါသေးတယ်..။

သူတို့ အကုန်စုစည်းမိတာနဲ့..လင်းဖန် သူတို့ကို တစ်ချက်တည်း ဖမ်းဆီးဖို့ ကြိုးစားမှာပါ..။

ဒီလိူသာ ဖြစ်လာရင် ဒါက ကြီးမားတဲ့ အကျိုးဆောင်မူ ကြီးပါပဲ..။

သို့ပေမယ့် သူ့လို ပြန်ပေးဆွဲခံရတဲ့ ကံမကောင်းတဲ့ ငနဲက ဘယ်သူလဲ ဆိုတာ သိချင်မိပါသေးတယ်..။သူကြားရသလောက်ကတော့..ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်လောက်ပါဘူး..။

လင်းဖန် ကားပေါ်မှာ ဘယ်လောက်ကြာသွားမှန်း မသိပေ..။သိူ့ပေမယ့်..ကားက အကွေ့များစွာ ကွေ့ပြီး..ဘရိတ်အုပ်သံတွေကို ကြားနေခဲ့ရပါတယ်..။

"သူ့ကို သယ် ထုတ်လိုက်.."

သူတို့က လင်းဖန်ကို သတိလစ်နေတယ် ထင်ပြီး သယ်သွားဖို့ ပြင်ဆင်နေတာပါ..။လင်းဖန် နိုးမလာခဲ့ပေ..။သူ ဆက်ပြီး သရုပ်ဆောင် နေခဲ့ပါတယ်..။

သူတို့အထဲရောက်သွားခဲ့တယ်..။

အစ်ကိုချင်း ပြောလိုက်တယ်..။

"ရေတစ်ပုံး သွားခတ်ပြီး သူ့ကို နိှုးလိုက်.."

လင်းဖန် သူ့အပေါ်ကို..ရေနဲ့လောင်းတော့မယ် ဆိုတာကို ကြားတဲ့ အချိန်မှာတော့..ဒါပေါ့ သူ ဆက်ပြီး..သရုပ်မဆောင် နိုင်တော့ပါဘူး..။သူ့ရဲ့ ခန္တာကိုယ် တစ်ခုလုံးစိုရွဲ သွားရင် သက်တောင့် သက်သာ ရှိမှာ မဟုတ်ပါဘူး..။

"အာ..ငါ ဘယ်ကို ရောက်နေတာလဲ.."

ပျော်စရာ အချိန်လေးကတော့ စတင်လာခဲ့ပါပြီ..။

All Chapters