← Chapters

ကောင်းပြီလေ ဒါဆိုလည်းဆက်ပြောကြည့်ပါဦး

Vol. 41 Ch. 609

ကောင်းပြီလေ ဒါဆိုလည်းဆက်ပြောကြည့်ပါဦး

Vol. 41 Ch. 609

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ ..သူက..သိုလှောငိခန်း အဟောင်းတစ်ခုထဲမှာမှန်း သိလိုက်ပါတယ်..။ပတ်ဝန်းကျင်က အရမ်းကို တိတ်ဆိတ်နေတဲ့ အတွက် ဒါက ပျက်စီးနေတဲ့ ဧရိယာ တစ်ခု ဖြစ်နိုင်ပါတယ်..။ဒီတော့ သူက ဆင်ခြေဖုန်းနေရာတစ်ခုမှာ ဖြစ်ပြီး ဝေးလံတဲ့ နေရာတစ်ခုလည်း ဖြစ်လောက်ပါတယ်..။

ဒိီခွေးသားတွေ ဒီလောက်အထိ အသေးစိတ် နေရာကို ရွေးချယ်ထားပုံထောက်ရင်..နေရာကို သေချာ ရွေးချယ်ထားတဲ့ ပုံပါပဲ..။

"နိုးနေတာလား.."

အေးစက်နေတဲ့ အသံတစ်ခုဟာ လင်းဖန်ရဲ့ နားထဲကို ဝင်လာခဲ့တယ်..။လီချင်းဟာ..လှံစွပ်တစ်ခုကို ကိုင်ထားပြီး လင်းဖန် ရဲ့ အနားကို လျောက်လာခဲ့ပါတယ်..။သူ့ရဲ့ အမူအရာဟာ..ထိုင်းမှိုင်းနေပြီး..စကားပြောတဲ့ အချိန်မှာ ဒေါသတွေ ထွကိနေသလိုပါပဲ..။

"မင်းကို ငါတို့ ဘာလို့ ပြန်ပေးဆွဲလာခဲ့တာလဲ ဆိုတာကို သိလား.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"မသိဘူးလေ..။ငါသာ သိနေရင် အစောတုန်းက ဘယ် ပြန်ပေးဆွဲခံရပါ့မလဲ.."

လီချင်း နှာခေါင်းရှုတ်ပြီး ပြောလိုက်တယ်..။

"ဟမ့်..အန္တရာယ်နဲ့ တွေ့နေတာတောငိ လေသံက မလျော့ပါလား..။မင်းက ကင်းမြီးကောက်ကိုတောင် ဖမ်းရဲ့လောက်အောင် ဘယ်လောက်အထိ သတ္တိကောင်းနေလဲ ဆိုတာ ကြည့်ရသေးတာပေါ့.."

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.."

လင်းဖန် ​မေးလိုက်တာပါ..။

လီချင်း ပြန်ပြောလိုက်တယ်..။

"ငါ ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာ မင်းမကြာခင်သိလိမ့်မယ်.."

အဲ့အချိန်မှာပဲ..အပြင်ဘက်မှာ ကားတစ်စီး ရပ်သွားတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်..။

ပြီးတဲ့တောက်မှာတော့..လူကောင်ကြီးကြီး လူနှစ်ယောက်ဟာ လူတစ်ယောက်ကို သယ်လာခဲ့ပါတယ်..။သူက လင်းဖန်ရဲ့ ဘေးနားကို ဆွဲခေါ်ခံလာခဲ့ရတာပါ..။

"အစ်ကို ချင်း..ကျွန်တော်တို့ ပြင်ဆင်ပြီးသွားပြီ..။ဒီခွေးသားက..လု မိသားစု အုပ်စုရဲ့ သူဌေးပဲ..။သူက အတော်ကို ချမ်းသာတယ်..။ရဲတွေက မာစတာလင်းကို ဂရုမစိုက်ဘူးဆိုရင်တောင်..သူ့ကိုတော့ ဂရုစိုက်ရမှာ အသေအချာပဲ.."

ဂတုံးနဲ့ လူတစ်ယောက်က ပြောလိုက်တာပါ..။

လင်းဖန် သူ့ဘေးနားက လူကို ကြည့်လိုက်တဲ့ အချိန်မှာကြောင်အသွားခဲ့တယ်..။လုလီ လို အရမ်း ချမ်းသားတဲ့ သူဌေးကြီတစ်ယောက်က ပြန်ပေးဆွဲခံရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။လအနည်းငယ် ကြာပြီးတဲ့ နောက်မှာ သူတို့ဒီလို နေရာမှာ ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

ဒါက တကယ်ကို တိုက်ဆိုင်မူကြီးပါပဲ..။

အဲ့အချိန်မှာပဲ..လုလီ နိုးလာခဲ့တယ်..။သူ နိုးလာတဲ့ အချိန်မှာ ချက်ချင်းပဲ အော်ဟစ်လိုကိပါတယ်..။

"ကယ်ကြပါဦး..။မင်းတို့က ဘယ်သူတွေလဲ..။မင်းတို့ ဘာလုပ်ချင်နေကြတာလဲ..."

*ဖြန်း*

လီချင်း ရှေ့ကို တက်သွားပြီး ဖြတ်ရိုက်လိုက်တယ်..။

"မအိမ်လုံး..စောက်ပါးစပ် ပိတ်ထား..။မဟုတ်ရင် မင်းမျက်နှာကို ဓားနဲ့ လှီးပစ်မယ်.."

ယင်းနောက် သူ သေနတ်ကို လူလီ ရဲ့ ခေါင်းကို ချိန်ပြီး ချိန်းခြောက်လိုက်ပါတယ်..။လုလီဟာ ကြောက်ရွံ့သွားခဲ့ပြီး တံတွေး တွေကို မြိုချလိုက်တယ်..။သူ့ကြည့်ရတာ အမှန်တကယ် ကြောက်နေတဲ့ ပုံပါပဲ..။

သူက အဆင့်အတန်းမြင့်မားတဲ့ သူဌေးတစ်ယောက်ဆိုပေမယ့်..သူလည်း လူသားတစိယောက်ပါပဲ..။ဒီလိူ နတ်ဆိုးဆန်တဲ့ လူမိုက်တွေရဲ့ ဖမ်းဆီးထားတာကို ခံရတဲ့ အချိန်မှာ..သူကြောက်ရွံ့နေတာက..ဖြစ်သင့်ပါတယ်..။

"ဟေး..အကြီးအကဲ လု..ခင်ဗျားလို လူမျိုးကလည်း ကြောက်တတ်တာပဲလား..ဟားဟား"

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။

လုလီက..အတော်ကြောက်ရွံ့နေတာဖြစ်တဲ့ အတွက်ကြောင့် ဘေးကို တောင် လှည့်မကြည့်နိုင်ခဲ့ပါဘူး..။သူ့ဘေးက လူကို မြင်တဲ့ အချိန်မှာ ကြောင်အသွားပြီး ပြောလိုက်တယ်..။

"မင်းလား.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ဟုတ်တယ်..ကျုပ်ပဲ..။ခင္ဗျားနဲ့ အတူ ပြန်ပေးဆွဲခံရတာကို တကယ် စိတ်မကောင်းပါဘူး..။

လုလီ မာစတာလင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။အထူးသဖြင့် အခုလို အတူတူ ပြန်ပေးဆွဲခံရဖို့ကိုပါ..။ယင်းနောက် သူ့အကြည့်ဟာ ပြန်ပေးသမားတွေ ဆီကို ရောက်သွားပြီး ပြောလိုက်တယ်..။

"မင်းတို့ ဘာလိုချင်တာလဲ..။မင်းတို့ ပိုက်ဆံလိုချင်တာဆိုရင် ငါ့ကို နံပါတ်ပဲ ပေးလိုက်..ငါ ပိုက်ဆံပေးလိုက်မယ်..။ငါတို့ကို နာကျင်ရအောင် မလုပိနဲ့.."

လီချင်း နှာခေါင်းရှုတ်ပြီး ပြောလိုက်တယ်..။

"အကြီးအကဲ လု..ငါတို့က ပိုက်ဆံမလိုချင်ဘူး..။ဒီတော့ မင်း အသက်ရှင်ချင်သေးတယ် ဆိုရင် ပါးစပ်ပိတ်ထား..."

လုလီ ကြောင်အသွားခဲ့တယ်..။သူ့ဘဝ တစ်လျောက်လုံး ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူး..။အထူးသဖြင့် ဒီလိုမျိုး ပြန်ပေးဆွဲခံရတာ မျိုးကိုပါ..။

လီချင်း ပြောလိုက်တယ်..။

"သူတို့ကို စောင့်ကြည့်ထား.."

ဒီစကားပြောပြီး နောက်မှာ သူ တစ်ခြား လုပ်စရာ ရှိတာတွေကို လုပ်ဖို့ ထွက်သွားခဲ့ပါတယ်..။

ဒီလို အခြေအနေမှာ..ကင်းမြီးကောက်ကို ပြန်ကယ်ထုတ်ဖို့ ဆိုတာက ..ခက်ခဲမှာပါ..။တကယ်လို့ သူ ပြောမယ့်အရာတွေကို မပြင်ဆင်ထားဘူးဆိုရင် လိုတာထက်ပိုပြီး ခက်ခဲသွားမှာကို ကြောက်ရွံ့မိပါတယ်..။

…

"မင်းက ဘာလို့ ့​ြ့ပန်ပေးဆွဲခံ ရတာလဲ.."

လုလီ လင်းဖန်ကိုကြည့်ပြီး ပြောလိုက်တယ်..။သူနဲ့ သိနေတဲ့..တစ်ယောက်ယောက်ကပါ..ပြန်ပေးဆွဲခံရတာက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေပါတယ်..။သို့ပေမယ့်..ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ သူလည်း မသိပါဘူး..။

လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ်..။

"မပြောတတ်ဘူး..ကျုပ်ကို ဒီတိုင်း ခေါ်လာကြတာပဲလေ..။အကြီးအကဲ လုက..ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပဲ..။ခင်ဗျား ကြောက်နေတာတော့ မဟုတ်ပါဘူးနော်.."

လုလီ ပြန်ပြောလိုက်တယ်..။

"မင်းမကြောက်ဘူးလား..။သူတို့ ငါတို့ကို သတ်နိုင်တယ်နော်.."

လင်းဖန် ရယ်မောလိုက်တယ်..။ဘာတွေကများ ကြောက်စရာ ရှိနေလို့လဲ..။

လူလီ လင်းဖန်ကို လှမ်းထိလိုက်ပြီး..

"သူတို့ ငါတို့ကို သတ်မယ်လို့ မင်းထင်လား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်...။

"အင်း သူတို့သတ်မယ် ဆိုတာ ကျိန်းသေတယ်.."

"အာ.."

အဲ့အချိန်မှာပဲ..လုလီ ကြောင်အသွားခဲ့တယ်..။အစောက ​ပျောက်ကွယ်လု နီးနီး ဖြစ်နေတဲ့ သူ့ရဲ့ ကြောက်စိတ်တွေက အခုတော့ ပြန်ရောက်လာခဲ့ပါပြီ..။သူတကယ် မသေချင်သေးပါဘူး..။

"ငါ့ကို ကယ်ပါ.."

လုလီ အော်လိုကိတယ်..။ယင်းနောက် သူ..စောင့်ကြည့်နေတဲ့ ပြန်ပေးသမား သုံးယောက်ကို ကြည့်လိုက်ပြီး..

"မင်းတို့သာ ငါ့ကို သွားခိုင်းရင် မင်းတို့လိုချင်သလောကိ ပိုက်ဆံကို ငါပေးမယ်ကွာ.."

ပြန်ပေးသမားဟာ ဒေါသထွက်သွားခဲ့တယ်..။

"စောက်ပါးစပ် ပိတ်ထား.."

သူ့ရဲ့ သားရဲတစ်ကောင်လို အကြည့်တွေက လုလီကို ချကိချင်းကြောက်ရွံ့ပြီး ပါးစပ်ပိတ်သွားစေခဲ့ပါတယ်..။လုလီ အကူညီမဲ့စွာပဲ..လင်းဖန်ရဲ့ အနားကို ကပ်သွားလိုက်တယ်..။

လင််းဖန် ဒီလူကို ကြည့်ပြီး..ကူညီရာ မဲ့သွားခဲ့ပါတယ်..။ဒီလူက ဒီလောက်အထိ ကြောက်တတ်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။

ဒါက ပြန်ပေးသမားလေးတွေပဲလေ..အဲလောက်ကြောက်ဖို့ လိုလို့လား..။

"ပြန်ပေးသမား ညီအစ်ကိုတို့..ဒါက မင်းတို့ လူအကုန်ပဲလား.."

လင်းဖန် မေးလိုက်တာပါ..။

လင်းဖန် နဲ့ နီးနေတဲ့..လုလီဟာ ခေါင်းကို လှည့်ပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။လင်းဖန် ဘာလုပ်ဖို့ စဥ္းစားနေတာလဲ သူနားမလည်တော့ပါဘူး..။သူက ဘာလို့ ဒီလိုမေးခွန်းမျိုး သွားမေးရတာလဲ..။

"ပါးစပ်ပိတ်ထား..ထပ်ပြောရင် ဘာဖြစ်မလဲ သိတယ်မလား.."

ဂတုံးနဲ့ ပြန်ပေးသမားဟာ လှည့်လာခဲ့ပြီး ပြောလိုက်တာပါ..။သူ့ရဲ့ ဟန်ပန်အမူအရာက တကယ်ကို ကြောက်စရာကောင်းနေခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"မစ္စတာ ပြန်ပေးသမား..အရမး်လည်း အလျင်မလိုပါနဲ့..။မင်းတို့ ငါဘယ်သူလဲ ဆိုတာတောင် သိရဲ့လား.."

ဂတုံးနဲ့ ပြန်ပေးသမားဟာ ပြန်ပြောလိုက်တယ်..။

"ဟမ့် ဘယ်သူလဲ ဘယ်သူကမှ စောက်ဂရုမစိုက်ဘူး..။မင်းက အခု ငါတို့ရဲ့ ပိုက်ကွန်ထဲမှာ...မင်းရဲ့ အသက်က အခု ငါတို့ လက်ထဲမှာပဲ.."

လငိးဖန် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"ငါ့ လက်ကလေးကို လှုပ်ပြီး တွက်ချက်လိုက်ယုံပဲ..။ဒီနေ့က..သွေးတွေဖုံးလွှမ်းပြီး ဘေးအန္တရာယ် တစ်ခု ဖြစ်မယ့်နေ့ လို့ ​ငါ ပြောနိုင်မယ်.."

"မင်း ပါးစပ်ကို ငါ ပိတ်ပေးရမှာလား.."

ဂတုံးနဲ့..ပြန်ပေးသမားဟာ သည်းခံစိတ် ကုန်ဆုံးလာတဲ့ ပုံစံနဲ့ ပြောလိုက်တာပါ..။တကယ်လို့ လင်းဖန် သာ.နောက်ထပ် စောက်ရေးမပါတာ ထပ်ပြောရင်..သူ..သတိလစ်တဲ့ အထိ ရိုက်နှက်တော့မှာပါ..။

"မာစတာလင်း.ထပ်မပြောနဲ့တော့..။လုံခြုံဖို့က ပထမပဲလေ.."

လုလီ ကြောက်ရွံ့စွာ ပြောလိုက်တယ်..။

သူ ဒီမာစတာလင်း ကို သူ သေချာ မသိဘူးလို့ ခံစားလိုက်ရပါတယ်...။တကယ်လို့ တစ်ခြားလူသာ ဆိုရင် ပြန်ပေးဆွဲခံရရင် သေလောက်အောင် ကြောက်ရွံ့နေလောက်ပါပြီ..။သို့ပေမယ့် ဒီခွေးသားက..ပြန်ပေးသမားတွေကိုတောင် သွားနောက်ပြောင်ရဲနေပါသေးတယ်..။ဒါက ကိုယ့်သေတွင်းကို တူးနေသလိုပါပဲ..။

"သေချင်နေတာပဲ.."

ဂတုံးနဲ့ လူကြီးဟာ လျောက်လာခဲ့တယ်..။သူ့ရဲ့ မူလစိတ်ရင်းက တကယ်ကို ကြမ်းတမ်းပါတယ်..။အခု သူ ပြန်ပေးဆွဲလာတဲ့ ခွေးသားတွေက..အချိုးမပြေတာကြောင့် သင်ခန်းစာ ပေးဖို့ ဆုံးဖြတ်လိုက်တယ်..။

"ချန်းဟူရေ..တော်လောက်ပြီ..။မင်းကိုယ့်ကိုကို ပြန်တွေးကြည်းစမ်းပါဦး..။မင်းကို ကြည့်ရတာ ကြမ်းတမ်းတဲ့ အမူအရာ ရှိပေမယ့် မင်းမှာ ကောင်းမွန်တဲ့ ကံတရားတွေ ရှိနေတယ်နော်..။ဒါက ကမ္ဘာကြီးပေါ်မှာတောင် လူအနည်းငယ်လောက်သာ ရတဲ့ အခွင့်အရေးပဲ..။မင်းသာ အခွင့်အရေး ကောင်းကို ဖမ်းဆုပ်နိုင်ရင် ဘဝက ပြောင်းလဲသွားမှာ..။ပိုက်ဆံလား...ပါဝါလား..မင်းလိုချင်တဲ့ အရာ အကုန်လုံးပဲ..။သနားစရာပဲ..သနားစရာပဲ..ထားလိုက်တော့...မင်းရဲ့ ကံကြမ္မာကို တွက်ချက်ပေးလို့လဲ ဒါက အပိုပဲ.."

ဂတုံးနဲ့ ပြန်ပေးသမားဟာ..သင်ခန်းစာ ပေးဖို့ ပြင်ဆင်နေခဲ့တာပါ..။သို့ပေမယ့်..ဒီခွေးသားက ရုတ်တရက် သူ့နာမည်ခေါ်ပြီး စကားတွေ ပြောလာလိမ့်မယ်လို့ မထင်သွားခဲ့ပေ..။သူက အဆုံးသတ်မှာ သူ့ကိုတောင် လှည့်စားသွားခဲ့ပါသေးတယ်..။

ချန်းဟူ လင်းဖန်ကို သံသယ ဖြစ်စွာ ကြည့်ပြီး ပြောလိုက်တယ်..။

"မင်း ငါ့နာမည်ကို ဘယ်လိုသိတာလဲ.."

လင်းဖန် မတူညီစွာ ပြုံးပြီး ပြောလိုက်တယ်..။

"ငါဘယ်သူလဲ ဟုတ်လား..။ငါက မာစတာလင်းပဲ..။မင်းငါ့ကို မယုံကြည်ဖူးဆိုရင် အင်တာနက်မှာ ရှာကြည့်လိုက်..ငါဘယ်သူလဲ မင်းချက်ချင်းသိလိမ့်မယ်.."

ဘေးနားမှာ ရှိနေတဲ့ ပြန်ပေးသမား နှစ်ယောကိက သတိပေးလိုက်ကြတယ်..။

"ဒီကောင် စောက်တလွဲပြောနေတာကို နားမထောင်နဲ့..။ဒီတိုင်း စောင့်ကြည့်နေ.."

ချန်းဟူပြောလိုက်တယ်..။

"ငါ အင်တာနက်မှာ စစ်ဆေးကြည့်လိုက်ဦးမယ် ..။မင်းတို့ စောင့်ကြည့်ထားလိုက်ဦး.."

ယင်းနောကိ သူ ဖုန်းကို ထုတ်ပြီး အင်တာနက်ကနေ ရှာကြည့်လိုက်ပါတယ်..။သူ အင်တာနက်က သတင်းတွေကို မြင်တဲ့ အချိန်မှာ လင်းဖန်အပေါ် စတင်ပြီး အမြင်ပြောင်းလဲ လာခဲ့တယိ..။

"မင်းက ဗေဒင်ဟောတာလား..."

လင်းဖန် ပြုံးရုံသာပြုံးပြီး မျက်လုံး မှိတ်ထားခဲ့ပါတယ်..။အပြင်ဘက်မှာတော့..သူ ဘာမှမကြောက်သလို ဖြစ်နေပေမယ့်..စိတ်ထဲမှာတော့..ဘာဆက်လုပ်ရမလဲ ဝေခွဲမရဖြစ်နေခဲ့တာပါ..။

ချန်းဟူ ပြောလိုက်တယ်..။

"မင်းက..တကယ် ထူးချွန်တာပဲ..။အခု..ငါ့ရဲ့ ကံကြမ္မာကို သေချာ ရှင်းပြစမ်းပါဦး..."

အဲ့အချိန်မှာပဲ လင်းဖန်ရဲ့ မျက်လုံးတွေဟာ ပွင့်လာခဲ့ပြီး ပြောလိုက်တယ်..။

"မင်းရဲ့ ကံကြမ္မာ တင်မဟုတ်ဘူး..ကျန်တဲ့ နှစ်ယောက်ရဲ့ကံကြမ္မာကိုပါ ငါ မြင်နိုင်တယ်..။ဒါကို မင်းတို့ နှစ်ယောက်ယုံရဲ့လား..ဂျင်ဟီ နဲ့ ဝူဝေ.."

တစ်ခြား ပြန်ပေးသမား နှစ်ယောက်ဟာ လင်းဖန် ကို သတိထားစောင့်ကြည့်နေကြပေမယ့်..သူတို့ နာမည်ကို ခေါ်တဲ့ အသံကြားလိုက်ရတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

….

"မင်း ငါတို့ကို သိနေတာလား.."

ရုတ်တရက် အန္တရာယ်ရဲ့ အငွေ့အသက်ကို ရလိုက်ပါတယ်...။သူတို့ ပြန်ပေးဆွဲလာတဲ့ လူတွေက သူတို့ကို သိနေလိမ့််မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒီတိုင်းသာဆိုရင် အရှင်ထားလို့ မဖြစ်တော့ပေ..။

"ငါ့ကို..သတ်ဖို့ စိတ်တောင် မကူးနဲ့..။ငါက..နတ်ဘုရားဆန်တဲ့ ဗေဒင်ဟောပြောသူပဲ..။ငါ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ သူ့ရဲ့ ကံကြမ္မာကို သိပြီးသွားပြီ..။ဒါက ရိုးရှင်းတဲ့ အရာပဲလေ..။မင်းတို့ရဲ့ ကံကြမ္မာကို ငါနည်းနည်း ပြောပြပေးရင်ရော..ဘယ်လိုလဲ..."

ဂျင်ဟီ နဲ့ ဝူဝေ တို့ဟာ တစ်ယောက်တစ်ယောကိ ကြည့်လိုက်ကြတယ်..။ဒီခွေးသားနှစ်ယောက်က ချည်နှောင်ခံထားရတော့..သူတို့ကို လုံးဝ အန္တရာယ် ပြုနိုင်မှာ မဟုတ်ပါဘူး..။

"ကောင်းပြီလေ..ဆက်ပြောကြည့်ပါဦး.."

…

All Chapters