သနားစရာပဲ..တကယ်သနားစရာပဲ
Vol. 41 Ch. 610
#ဘာသာပြန် = စနိုးဝှိုက်
ရဲဌာနတွင်..။
ကလင် ကလင်
ကျယ်ေလာင်တဲ့ ဖုန်းမြည်သံဟာ..ကြာရှည်နေတဲ့ တိတ်ဆိတ်မူကို..ဖြိုခွင်းသွားခဲ့ပါတယ်..။
"အကြီးအကဲ..ပြန်ပေးသမားတွေ ဖုန်းခေါ်လာပြီ.."
လီရှောင်ရှမ်း ပြောလိုက်တာပါ..။ဖုန်းကတော့ လုလီ ရဲ့ ဖုန်းကနေ လုကျုံးမင် ဆီကို ဝင်လာခဲ့တာပါ..။
ချင်ဂျု ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဖြေလိုက်..ပြီးတော့..တည်နေရာကို ခြေရာခံဖို့ပြင်ထား..."
"သိပါပြီ.."
ဝမ်မင်ယန်ကတော့..မတ်တတ်ရပ်နေခဲ့တယ်..။ပြန်ပေးသမား ဆီက ဖုန်းဝင်လာတယ် ဆိုတာကို ကြားတဲ့ အချိန်မှာ..သူ နှလုံးခုန်မြန်လာခဲ့ပါတယ်..။
ချင်ဂျု ပြောလိုက်တယ်..။
"မင်းတို့ ဘာလုပ်ဖို့ စီစဥ္ထားတာလဲ.."
အစ်ကို ချင်း ပြောလိုက်တယ်..။
"ဒါက ရိုးရှင်းပါတယ်..။ခင်ဗျားတို့ရဲ့ လူနှစ်ယောကိကို လုံခြုံစေချင်တယ် ဆိုရင်..ကင်းမြီးကောက်ကို လွှတ်လိုက်..။ကျုပ်ပြောပြီးတာနဲ့ တစ်နာရီ အတွင်းမှာ လွှတ်နော်..။မဟုတ်ရင်..ခင်ဗျားလူနှစ်ယောက် အသက်ရှ်ိဦးမလား ဆိုတာကို ကျုပ်အာမမခံဘူး..."
ချငိဂျု ပြောလိုက်တယ်..။
"ငါ..သူတို့ရဲ့ အသံကို ကြားချင်တယ်..။မဟုတ်ရင် သဘောတူနိုင်မှာ မဟုတ်ဘူး.."
အစ်ကို ချင် ပြောလိုက်တယ်..။
"ဟေး..ကျုပ်တစ်ခါတည်း ရှင်းအောင် ပြောလိုက်မယ်..။ကျုပ်က ခင်ဗျားကို..အသနားခံနေတာ မဟုတ်ဘူးနော်..။ခင်ဗျားကသာ ကျုပ်ကို အသနား ခံရမှာ..။ခင်ဗျား တစ်နာရီ အတွင်းမှာသာ ကင်းမြီးကောက်ကို မလွှတ်ဘူးဆိုရင် ဒီနှစ်ကောင်ရဲ့ အလောင်းကို ကောက်ဖို့သာ ပြင်ထားပေတော့..။ကျုပ်ခင်ဗျားကို အလောင်းနေရာကို ပြောပြပေးမယ်..."
လိုငိးပြုတ်ကျသွားခဲ့တယ်..၏
"ဟဲလို..ဟဲလို.."
ချင်ဂျု အနည်းငယ် ခေါ်ပြီးမှ ဖုန်းကို ချလိုက်ပါတယ်..။
"သူတို့ရဲ့ တည်နေရာကို ရလိုက်လား.."
နည်းပညာ ဝန်ထမ်းဟာ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။
"ဟင့်အင်..ရှာမတွေ့ခဲ့ဘူး..."
"ချီးပဲ.."
ချငိဂျု ပြောလိုက်တယ်..။ဒီ မူးယစ်ဆေးသမားတွေက အတော်ကို တွက်ချက်တတ်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။အခု သူတို့ဆီမှာ..ဓားစာခံ တွေရှိနေတော့..ကောင်းတာ ဘာမှ ဖြစ်မလာနိုင်ပေ..။
လီရှောင်ရှမ်း ပြောလိုက်တယ်..။
"အကြီးအကဲ..ဒါဆို ကျွန်တော်တို့ ကင်းမြီးကောက်နဲ့ ပြန်လဲ ရတော့မှာလား.."
ချင်ဂျု ပြန်ပြောလိုက်တယ်...
"မူးယစ်ဆေးသမား တွေက ရက်စက်ပြီး ကြမ်းတမ်းကြတယ်..။တကယ်လို့ ငါတို့ ကင်းမြီးကောက်ကို ပြန်လွှတ်ပေးရင်တောင်.ဓားစာခံ နှစ်ယောက်ရဲ့ အသက်ကို အာမခံ နိုင်ပါ့မလား မသေချာဘူး..။တကယ်လို့ ကင်းမြီးကောက်ကို လွှတ်လိုက်ရင် ပြန်ဖမ်းလို့ ရသေးတယ်..။ဒါပေမဲ့ ဓားစာခံ တွေ သေသွားရင် ပြန်ရှင်အောင် လုပ်ပေးလို့ မရဘူးလေ.."
လီရှောင်ရှမ်း ခေါင်းညိမ့်လိုက်ပြီး..
"သိပါပြီ အကြီးအကဲ..."
ချင်ဂျု ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..
"တကယ်လို့ လဲလှယ်မယ် ဆိုရင်တောင် မျက်နှာချင်းဆိုင် လုပ်ရလိမ့်မယ်..။တကယ်လို့ ကင်းမြီးကောက် တစ်ယောက်ထဲ လွှတ်ရမယ် ဆိုရင်တောင် သူ့နောက်ကို တစ်ယောက်ယောက် စောင့်ကြည့်ဖို့ လွှတ်ထားရမှာပဲ.."
"သိပါပြီ."
ဝမ်မင်ယန်ဟာ စိတ်ပူနေခဲ့ပြီး..မျက်လုံးပြူးပြီး စောင့်ကြည့်နေခဲ့ပါတယ်..။အင်အား မရှိတဲ့ လူတွေက ရဲတွေ ဆီက သတင်းကို စောင့်နေဖို့ပဲ တတ်နိုင်တယ် ဆိုတာကို သူ နားလည်လိုက်ပါပြီ..။
လုကျုံးမင် လည်း ထိုင်နေခဲ့တယ်..။အပြင်ဘက်ပိုင်းမှာတော့ သူ့ပုံစံက တည်ငြိမ်နေသလိုပါပဲ..။သို့ပေမယ့် ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ သူ့ လက်နှစ်ဖက်ကြောင့်. အတွင်းပိူင်းမှာ ကြောက်ရွံ့နေတယ် ဆိုတာကို.. ပေါ်လွင်စေပါတယ်..။
သူ့မှာ ဒီသားတစ်ယောက်ထဲ ရှိတဲ့အတွက်..ဘာမှ အဖြစ်မခံနိုင်ပါဘူး..။
အထူးသဖြင့် မူးယစ်ဆေးသမားတွေက သူ့သားကို ဖမ်းထားပြီး သူတို့ရဲ့ ခေါင်းဆောင်နဲ့ လဲလှယ်ချင်နေတာကိုသိရတဲ့ အချိန်မှာ ပိုပြီး ကြောက်လန့်မိပါတယ်..။
ဒါကသာ ပုံမှန် ပြန်ပေးဆွဲတာ ဆိုရင် ပိုက်ဆံပေးပြီးတဲ့ နောက်မှာ ဓားစာခံတွေကို သတ်ဖို့ အကြောင်းအရင်း လုံးဝ မရှိတော့ပါဘူး..။သူတို့က လိုချင်တဲ့လူကို ရပြီးရင်တောင် သူတိူ့သားကို သတ်သွားနိူင်ပါတယ်..။
"ချင်ဂျု..ဘယ်လို အကြောင်းအရင်းပဲ ရှိရှိ ငါ့သား အသက်ရှင်နေမှ ဖြစ်မယ်.."
လုကျုံးမင် ပြောလိုက်တာပါ..။
ချင်ဂျု ပြောလိုက်တယ်..။
"စိတ်အေးအေးထားပါ..ငါတို့ ရဲဌာနကလည်း အကောင်းဆုံး ဆောင်ရွက်နေပါတယ်.."
ဝမ်မင်ယန် ပြောလိုက်တယ်..
"ပြီးတော့ ကျုပ်ညီအစ်ကို ရောပဲ...သူ လုံခြုံတာက ပိုကောင်းလိမ့်မယ်..။တကယ်လို့ သူသာ တစ်ခုခု ဖြစ်သွားရင်..ကျုပ် ဘဝကို ရင်းပြီး သူ့အတွကိ ပြန်လက်စားချေသွားမှာ.."
…
ပျက််စီးနေပြီး..တိတ်ဆိတ်သည့် နေရာတစ်ခုတွင်..။
"အစ်ကို ချင်း.သူတို့က လွှတ်ပေးပါ့မလား.."
လီချင်း နှာခေါင်းရှုတ်လိုက်တယ်..။
"သူတို့ မလွှတ်ချင်ဘူးဆိုရင်တောင်.လွှတ်ရလိမ့်မယ်..။ဒါက သူတို့ တစိခုခု လုပ်နိုင်တဲ့ အရာမဟုတ်ဘူး.."
ဒီတစ်ကြိမ် ရှန်ဟိုင်းက ကိစ္စက သူတို့သေချာ စီစဥ္ထားခဲ့တာပါ..။တကယ်လို့ သူတို့ ပုံစံပေါ်သွားရင်တောင် ပြသနာ မရှိပါဘူး..။အလွန်ဆုံးမှ ဒီနိုင်ငံကို မလာရယုံလောက်ပဲ ရှိမှာပါ..။
ထောင်ထဲတွင်..။
ကင်းမြီးကောက်ဟာ အကျဥ္းထောင်ထဲမှာ စစ်မေးခံနေရတာပါ..။သို့ပေမယ့် ကင်းမြီးကောက်က အရမ်းကို တည်ငြိမ်လွန်းလှပါတယ်..။စစ်မေးတဲ့လူက ဘယ်လို မေးခွန်းမျိုးကို မေးမေး သူ ပြန်မဖြေပါဘူး..။တစ်ခါတစ်ရံ သူပေးတဲ့ အခြေခံ အချက်အလက်တွေကလည်း ရဲတွေ သိထားပြီးသားပါ..။
အကြမ်ဖက် နိမ်နင်းရဲ့ အဖွဲ့က ခေါင်းဆောင် ဟွန်ဂန် ဟာ လီရှောင်ရှမ်းကို ဒီခေါ်လာခဲ့တယ်..။ကင်းမြီးကောက်က သူတို့ကို မြင်တဲ့ အချိန်မှာ ပြုံးပြီး စိုက်ကြည့်လိုက်ပါတယ်..။သူ ပြောလိုက်တယ်..။
"ရဲအရာရှိကြီးတို့..ပြသနာ တစ်ခုခု ဖြစ်လို့ ကျုပ်အကူအညီကို လာတောင်းတာလား.."
"ကင်းမြီးကောက်..မင်းရဲ့လူတွေ မင်းကို လာကယ်မယ် ဆိုတာ အစကတည်းက သိခဲ့တာလား.."
လီရှောင်ရှမ်း မေးလိုက်တာပါ..။
"ဟီးဟီး.."
ကင်းမြီးကောက် ရယ်မောလိုက်တယ်..။သူ့ရဲ့ အပြုံးတွေက အရမ်းကို တည်ငြိမ်နေခဲ့တာပါ..။
ယင်းနောက် လီရှောင်ရှမ်း ဟောင်ဂန်ကို ကြည့်လိုက်တယ်..။ကြည့်ရတာ..ကင်းမြီးကောက်က သူ့လူတွေ..လာကယ်မယ် ဆိုတာကို အစောကတည်းကဘသိထားတဲ့ပုံပါပဲ..။
ကင်းမြီးကောက်လည်း သူ့မှာ လျို့ဝှက်ချက် တွေ အများကြီး ရှိနေတဲ့ အတွကိ..ရဲဌာနက သူ့ကိုဘာမှ မလုပ်နိုင်ဘူးဆိုတာကို သိထားပြီးသားပါ..။တကယ်လို့ ဒီလူတွေက အချက်အလက်တွေကို သိချင်တယ် ဆိုရင်..သူ အသက်ရှင်ဖို့ လိုအပ်ပါတယ်..။
…
သိုလှောင်ခန်းတွင်..။
လင်ဖန် ဝုဝေ ကို ကြည့်နေပြီး ဆက်လက် ခေါင်းခါယမ်းနေခဲ့တယ်..။
"သနားစရာပဲ..သနားစရာပဲ.."
လင်းဖန် ရဲ့စကားလုံးကြောင့် ဝုဝေ စိုးရိမ်သွားခဲ့တယ်..။ဝုဝေ အကူည္ီမဲ့စွာပဲ လေးလေးနက်နက် ထပ်မေးလိုက်ပါတယ်..။
"ဘယ်လို သနားစရာလဲ..။မင်း ဒီတိုင်းတစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြောလိုက်လို့ မရဘူးလား.."
ချန်းညု ပြောလိုက်တယ်..။
"မင်းဘာတွေ အလျင်လိုနေတာလဲ..။မာစတာ ဘာပြောမလဲ ဆိုတာကိုပဲ အေးအေးဆေးဆေး နားထောင်စမ်းပါ.."
သူ လင်းဖန် ကို ခေါ်တဲ့ အခေါ်အဝေါ် တောင် မာစတာ အဖြစ်ပြောင်းလဲ နေခဲ့ပါပြီ..။ဒီလို အဆင့်ရှိတဲ့ မာစတာ နဲ့ သူတွေ့ရလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။လင်းဖန် စကားပြောတဲ့ အချိန်မှာ သူ့စကားလုံးတွေက နှလုံးသားထဲအထိ ဝင်ရောက်နိုင်ခဲ့ပါတယ်..။
သူ အတိတ်က ဖြစ်ရပ် တွေကဖြည်းဖြည်း ချင်း ပြန်တွေးကြည့်တဲ့ အချိန်မှာလဲ..သူပြောတာတွေနဲ့ ကွက်တိပါပဲ..။
လင်းဖန် သူ့ကိုကြည့်ပြီး ပြောလိုက်တယ်..။
"မင်းက ဘဝမှာ မကောင်းမူတွေကို အများကြီး လုပ်ထားတာပဲ..။ဒီအကျိုးသက်ရောက်မူတွေက မင်းဆီကို မရောက်သေးပေမယ့်လည်း..မင်းရဲ့သမီးကို ကြည့်ရတာတော့..သူမဆီကို ရောက်နေမှာကို ငါစိုးရိမ်မိတယ်.."
ဝုဝေ ကြောင်အသွားခဲ့တယ်..။သူ့ရဲ့ အမူအရာက..စကားပြောတဲ့ အချိန်မှာ ကြောက်ရွံ့နေခဲ့ပါတယ်..။
"မင်းက ငါ့သမီးကို သိနေတာလား.."
အဲ့အချိန်မှာတော့ ဝူဝေ တင်မကပဲ..ချန်းဟူပါ..ကြောင်အနေခဲ့တယ်..။သူ့ ဘောဒါရဲ့ သမီးအကြောင်းကို သူသိထားပါတယ်..။သိူ့ပေမယ့် သူနဲ့ လူအနည်းငယ် အပြင် တစ်ခြား ဘယ်သူမှ မသိထားပါဘူး..။
သို့ပေမယ့် အခုတော့ မာစတာလင်းက အကုန်လုံးကို သိနေခဲ့တာပါ..။ဒါက တကယ်ကို ကြောက်စရာပါပဲ..။
"ဟားဟား..မင်းတို့ ငါ့ကို ဒီလို အကြည့်တွေနဲ့ မကြည့်လို့ မရဘူးလား..။ငါက ဘယ်သူလဲ..။ငါက မာစတာလင်းလေ..။ငါက မင်းရဲ့ သမီးအကြောင်းကို သိရုံတင်မကပဲ သူမ ခံစားနေရတဲ့ ရောဂါကိုပါ သိထားတယ်..။ပြီးတော့..သူမရဲ့ ကံကြမ္မာကို ကြည့်သလောက်တော့ သိပ်ပြီး ကောင်းမနေဘူး..။မင်းကို ဘယ်သူကများ မကောင်းမူတွေ အဲလောက်အထိ လုပ်ခိုင်းထားတာလဲ..။သနားစရာပဲ..တကယ်သနားစရာပဲ.."
လင်းဖနိ ခေါင်းခါယမ်းပြီး ပြောလိုက်တာပါ..။
လုလီ လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့တယ်..။အခြေအနေကတော့ နည်းနည်းထူးခြားနေခဲ့ပါပြီ..။ဒီ ပြန်ပေးသမားတွေ ဘာဖြစ်ကုန်တာလဲ..။ဘာလို့ သူတို့က လင်းဖန်နဲ့..ယဥ္ယဥ္ကျေးကျေး ပြောနေကြတာလဲ..။
ဝူဝေ ရူးသွပ်သလို ဖြစ်နေပြီး ပြောလိုက်တယ်..။
"သနားစရာလား..။ဘာကို သနားနတောလဲ.."
လငိးဖန် ခေါင်းခါယမ်းလိုက်ပြီး..
"ငါက မင်းသမီးရဲ့ အခြေအနေကို သနားနေတာ မဟုတ်ဘူး..။ဒါပေမဲ့ မင်းသာ ဒီမူးယစ်ဆေးအမူမှာ မပါရင် မင်း သမီးအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ရှိနိုင်သေးတယ်..။ဒါပေမဲ့ အခုတော့ နောက်ကျသွားပြီ..."
"ဘယ်လို ဖြစ်နိုင်မှာလဲ..။ဝူဝေ သမီးရဲ့ ရောဂါက.."
ဂျင်ဟီ ကြောင်အနေခဲ့တယ်..။သူပြောလို့ မပြီးခင်မှာပဲ လင်းဖန် ဖြတ်ပြောလိုက်ပါတယ်..။
"မဟုတ်ဘူး..ငါ့အတွက်က မကုနိုင်တဲ့ ရောဂါ ဆိုတာမျိုး မရှိဘူး..။ဒါပေမဲ့..မင်းတို့ ကြိုက်တာကိုသာ လုပ်ကြပါ..။အကြီးအကဲ လု နဲ့ ငါက ဒီတိုင်း ဓားစာခံ တွေပဲလေ..။ဒီတော့ မင်းတို့ကို ဘာမှ အကြံမပေးသင့်ဘူး.."
လင်းဖန် ပြန်ပြောလိုက်တာပါ..။
လုလီ အလျင်စလို ပြောလိုက်တယ်..။
"အစ်ကိုလင်း..သူတို့ နဲ့ ဆက်ပြောဦးလေ..။စကား ဆက်ပြောမှ ဖြစ်မှာပေါ့.."
လုလီ အခုတော့ လက်ခံသွားပါပြီ..။မာစတာ လင်းက ပြန်ပေးသမားတွေကိုတောင် ဆွဲဆောင်နိုင်လောက်အောင် ဒီလောက်အထိ အရည်အချင်း ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒီအရည်အချင်းက စကားလုံးတွေထက်ကို သာလွန်ပါတယ်..။
သိူ့ပေမယ့် လင်းဖန်ကို ကြည့်ရတာတော့ သူ ဆက်ပြောချင်တဲ့ပုံမရှိပေ..။
ဒါက သူ့အတွက်တော့ အကူညီမဲ့စေပြီး..ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး..။