ကွေးကောက်နေတဲ့ ကျည်ဆန်တွေ
Vol. 41 Ch. 611
#ဘာသာပြန် = စနိုးဝှိုက်
ဝူဝေ.ဒီအခွင့်အရေးကို ..လက်မလွှတ်နိုင်ပါဘူး..။သူ ပြောလိုက်တယ်..။
"ငါ ဒီငနဲကို အသေမခံနိုင်ဘူး..။သူ့ကို ငါ့အိမ်ကို ခေါ်သွားမှ ဖြစ်မယ်.."
ချန်းဟူ ပြောလိုက်တယ်..။
"အစ်ကို ချင်က ဒီကိစ္စကို သဘောတူမှာ မဟုတ်ဘူး.."
ဝူဝေ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။
"မဟုတ်ဘူး..သူ သဘောတူလား မတူဘူးလား ဆိုတာကို ငါ ဂရုမစိုက်ဘူး..။ငါ ဒီလူကို ခေါ်သွားမှ ရမယ်.."
အဲ့အချိန်မှာပဲ ..ဝူဝေ လင်းဖန်ရဲ့ အင်္ကျီကို ကိုင်ပြီး ပြောလိုက်တယ်..။
"မင်းသာ ငါ့ကို ကူညီမယ် ဆိုရင်..မင်းရဲ့ လုံခြုံမူကို ငါ အာမခံတယ်..။ငါ မင်းကို လွှတ်ပေးနိုင်တယ်..."
လင်းဖန် ခေါင်းခါယမ်းကာ ရယ်မောလိုက်ပြီး ဖြည်းဖြည်း ချင်းထရပ်လိုက်ပါတယ်..။သူ့ရဲ့ လက်တွေ ခြေထောက်တွေကို ကြိုးတုတ်ထားပေမယ့် မတ်တတ် ထရပ်တာကတော့ ပြသနာတစ်ခု မဟုတ်ပါဘူး..။
ဝူဝေ နဲ့ ကျန်တဲ့လူတွေကတော့..လုံခြုံရေးကို သိပ်ပြီး စိတ်ထဲမထားတော့ပါဘူး..။ဒါက လင်းဖန် အစောက ပြောသွားတဲ့ စကားတွေက အရမ်းကို အံ့ဩဖို့ ကောင်းတာကြောင့်..သူတို့ စိတ်ထဲမထားတော့တာပါ..။
ရုတ်တရက်..။
ရုတ်တရက် လင်းဖန် ဒရမ်မာ ဆန်တဲ့ အကြည့်နဲ့ တံခါးဝကို ကြည့်ပြီး မေးလိုက်တယ်..။
"အစ်ကိုချင် မင်းဘာလုပ်နေတာလဲ.."
ပြန်ပေးသမား သုံးယောက်စလုံး တံခါးဆီကို လှည့်ကြည့်လိုက်ကြပေမယ့် ဘယ်သူမှ မရှိနေခဲ့ပါဘူး..။သူတို့ သုံးယောက်လုံး..မကောင်းတဲ့ ခံစားချက်တစ်ခု ရလိုက်ကြရတယ်...။
သူတို့ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ တစ်ခုခု မကောင်းတာဖြစ်တော့မယ့် ခံစားချက်ကို ရလိုက်ကြတာပါ..။
"စွမ်းအား ရှစ်မျိူး လက်သီးသိုင်း..မာစတာလင်း ဆိုတာ ငါပဲ.."
*ဘန်း*
*ဘန်း°
ရိုက်ချက် အနည်းငယ် နဲ့ မိတ်ဆက်အပြီးမှာ သုံးယောက်စလုံး မြေကြီးပေါ်ကို ခံစားချက်မဲ့စွာ လဲကျသွားခဲ့ပါတယ်..။
"ချီးပဲ..ဒါက အံ့ဩစရာပဲ.."
လုလီ ပြောလိုက်တယ်..။သူ ဒါကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်တယ်..။
"အစ်ကိုလင်းးက တကယ် အံ့ဩဖို့ကောင်းတာပဲ..။သူတို့ အကုန်လုံးကို တစ်ယောက်တည်း တိုက်ခိုက်သွားခဲ့တာ.."
လင်းဖန် သူ့ကို ချည်ထားတဲ့ ကြိုးတွေကို ဖြည်နေခဲ့တာ အတော်ကြာနေခဲ့ပါပြီ..။သူ့လိူ လူတစ်ယောက်ကို ဒီလောက် နဲ့ ဖမ်းထားချင်တာလား..။ဘယ်လိုဟာသမျိုးလဲ..။
လုလီ မေးလိုက်တယ်..။
"အစ်ကိုလင်း ကြိုးတွေကို ဘယ်လိုဖြည်လိုက်တာလဲ.."
အခုချိန်မှာတော့ လုလီအတွက် လင်းဖန်က နတ်ဘုရား တစ်ပါးလိုပါပဲ..။
သူတို့ စတွေ့တုန်းက လုလီက ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက်ပါ..။သို့ပေမ
ယ့် ဒါတွေက သရုပ်ဆောင်မူတစ်ခု ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ..။ဒီပြန်ပေးဆွဲမူ ဖြစ်တဲ့ အချိန်မှာ လုလီက သေလောက်အောင် ကြောက်ရွံ့နေခဲ့တာပါ..။သူသာ တကယ့်လူကြီးလူကောင်း ဆိုရင် ဒီလောက်အထိ ပုံပျက်နေမှာ မဟုတ်ပါဘူး..။
"နည်းလမ်းလေးတွေ ရှိတာပေါ့.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။
လုလီ ကြောင်အသွားခဲ့တယ်..။ပြီးမှ သူမယုံကြည်နိုင်တဲ့ မျက်နှာနဲ့.
"မာစတာလင်းက အံ့ဩစရာပဲ..။ဒီလောက်အထိ ကျွမ်းကျင်မူ ရှိလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး.."
လင်းဖန် လုလီ ရဲ့ ကြိုးတွေကို သွားဖြည်ပေးပြီး ပြောလိုက်တယ်..။
"အိုကေ ကောင်းပြီလေ..။မင်း ဒီကနေ ထွက်သွားဖို့ လမ်းရှာလိုက်တော့.."
လူလီ ပြန်ပြောလိုက်တယ်..။
"အစ်ကိုလင်းကရော.."
"ငါလား..။ငါကတော့ ကျိန်းသေ ဒီမှာနေပြီးဘဒီလူတွေကို ဖမ်းရမှာပေါ့..။မင်းသိထားရမှာက..ငါလင်းဖန်ကို ရန်သူတွေပြန်ပေးဆွဲ ခံရတယ် ဆိုတာက ငါ့စတိုင်မဟုတ်ဘူး ဆိုတာပဲ.."
လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။
လုလီ ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်ပါတယ်..။တကယ်လို့ သာမန်လူသာ ဆိုရင် အခုချိန်က ထွကိပြေးဖို့ အကောင်းဆုံးပါပဲ..။သို့ပေမယ့် မာစတာလင်းက တကယ်ကို တော်လွန်းပါတယ်..။သူက ရန်သူတွေကို ဖမ်းဆီးဖို့ပါ တွေးနေခဲ့တာပါ..။
"ကောင်းပြီလေ..ကျွန်တော်အရင်သွားလိုက်မယ်..။ပြီးရင် ရဲကို ပြန်ခေါ်လာခဲ့မယ်..။ဒီခွေးသားတွေက ကျွန်တော်ဖုန်းကို ယူသွားတော့ ဒါက ဘယ်နေရာမှန်း မသိဘူးလေ.."
လုလီ ပြောလိုက်တာပါ.။
လုလီ ထွကိသွားပြီးနောက်မှာ လင်းဖန် ဒီနေရာကို စစ်ဆေးလိုက်ပါတယ်..။
သူ လဲကျနေတဲ့ ခွေးသား သုံးကောင်ကို ကြိုးနဲ့ တုတ်ပြီး ကျန်တဲ့ လူတွေ ရောက်လာမှာကို စောင့်နေလိုက်တယ်..။
ပြင်ဆင်မူက ပြီးသွားပါပြီ..။လင်းဖန် စိတ်ထဲမှာတော့ အနည်းငယ် စိုးရိမ်နေခဲ့တယ်..။ဒီခွေးသားတွေ လူဘယ်နှစ်လောက်ရှိမှန်း သူမသိသေးပါဘူး..။သူက အရမ်းမြန်တယ် ဆိုပေမယ့် ကျည်ဆန်တွေကိုတော့ ရှောင်ဖို့ မလွယ်ပေ..။
သူ ကြမ်းပြင်မှာကျနေတဲ့ သေနတ်နှစ်လက်ကို မြင်တဲ့ အချိန်မှာ အကြံဥာဏ်တစ်ခု ရသွားခဲ့ပါတယ်..။
…
သိပ်မဝေးတဲ့ နေရာတစ်ခုမှ ကားတစ်စီးထဲတွင်..။
အစ်ကို ချင် ပြောလိုက်တယ်..။
"ခနနေသူတို့ကို သွားခေါ်လိုက်..။သူဌေးရောက်လာတာနဲ့ ငါတို့ ချက်ချင်းထွက်သွားကြမယ်..."
ဒီအချိန်မှာ ပြင်ဆင်မူတွေ အကုန်ပြီးစီးသွားခဲ့ပါပြီ..။သူတို့ ရေလမ်းက အရာရှိတွေကို ဆက်သွယ်ထားပြီးသားပါ..။ကင်းမြီးကောက် လွတ်လာတာနဲ့ သူတို့ရေလမ်းခရီးက ထွက်သွားကြမှာပါ..။သူတို့ တရုတ်ကနေ ဒီလို ထွက်သွားလို့ရပေမယ့် လုံခြုံတဲ့နေရာတစ်ခုမှာ ခနလောက်တော့ အခြေအနေတည်ငြိမ်တဲ့အထိ ပုန်းနေရပါဦးမယ်..။
*ဒိုင်း*
သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့တယ်..။
ကားထဲမှာ ရှိတဲ့..နောက်လိုက်ဟာ အံ့ဩသင်စွာ ပြောလိုက်တယ်..။
"ဒါက သေနတ်သံပဲ.."
ရုတ်တရက် ကားဘီးတွေဟာ နေရာပြောင်းသွားတာကြောင့် ကားမောင်းနေတဲ့လူဟာ ကြောင်အသွားခဲ့ပါတယ်..။
"အစ်ကိုချင် ကားဘီးကို ထိသွားပြီ.."
"ဘာ..."
သူတို့ ပြန်မတုန့်ပြန်နိုင်ခင်မှာပဲ ကားက ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းလာခဲ့ပါတယ်..။
လင်းဖန် ..သိုလှောင်ခန်း ရှေ့မှာ ရပ်နေပြီး ပြုံးလိုက်တယ်..။ယင်းနောက် သူ သေနတ် ပြောင်းဝကို မှုတ်လိုက်ပါတယ်..။မဆိုးဘူး..မဆိုးဘူး ဒီလက်တန်းပစ်တဲ့ အကြံဥာဏ်က တကယ် အံ့ဩဖို့ကောင်းတယ်..။
"ဟင်..ဘာတွေဖြစ်နေတာလဲ.."
အစ်ကို ချင် အလျင်အမြန်တည်ငြိမ်သွားပြီး..အမိန့်ပေးလိုက်တယ်..။
"အကုန်လုံး အပေါ်က ဆင်းပြီး စစ်ဆေးကြည့်.."
လူတိုင်း ကားပေါ်က ဆင်းပြီး ကားနောက်မှာ နေရာယူလိုက်ကြတယ်..။
* ဒိုင်း *
နောက်ထပ် သေနတ်သံတစ်ခု ထွကိလာခဲ့ပါတယိ..။
"အား..ငါ့ခြေထောက်...။နောက်ကနေ ပစ်နေတာပဲ.."
အစ်ကို ချင် ဒါကိုကြားတဲ့ အချိန်မှာ နောက်ကို အမြန်ကြည့်လိုက်ပေမယ့် ဘယ်သူမှ ရှိမနေခဲ့ပါဘူး..။နောက်ကနေ သူတို့ကို ဘယ်ကောင်ကပစ်နေတာလဲ..။
*ဒိုင်း*
နောက်ထပ်သေနတိသံတစ်ချက် မြည်လာခဲ့တယိ..။
အစ်ကို ချင် ပေးက လူဟာ သူ့ခြေထောက်ကို ကိုင်ပြီး ပြောလိုက်တယ်..။
"သူက ငါတို့ နောက်မှာ.."
"ချီးပဲ..အဲ့ကောင်က ဘယ်မှာလဲ.."
အစ်ကို ချင် ဒေါသထွက်နေခဲ့ပါပြီ..။သူတို့ နှစ်ခါတောငိ အပစ်ခံပြီး ပေမယ့် အခုထိ အဲ့ငနဲကို ရှာမတွေ့သေးပါဘူး..။
လင်းဖန် ကတော့ အတော်လေးကို အံ့ဩသင့်နေခဲ့ပါပြီ..။
သူက သိုလှောင်ခန်း တံခါး ရှေ့မှာ ရပ်နေပြီး ပစ်နေခဲ့တာ..။ဒီကောင်တွေ ကားနောက်မှာ ကွယ်နေပေမယ့်..သူ ကျည်ဆန်တွေကို ကွေးပြီး ပစ်လို့ရမယ်လို့မထင်ထားခဲ့ပါဘူး..။ဒါက စွယ်စုံကျမ်း စတိုးထဲက အသိပညာ တစ်ခုပါပဲ..။
"ချီးပဲ ဘာတွေ ဖြစ်ျနတာလဲ..။ငါတို့နောက်က ဘယ်သူ ပစ်နေတာလဲ.."
"အာ..."
"အစ်ကို ချင် သူက ရှေ့ကနေ ပစ်နေတယ်လို့ မထင်ဘူးလား.."
"မင့်ဖင်ကြီးကို ရှေ့ကပစ်..။မင်း ကန်းနေတာလား..။ငါတို့ရှေ့မှာ..ဘယ်သူမှ မရှိတာ မြင်နေရတယ်လေ..။နောက်က ပစ်နေတာ.."
"ဒါပေမဲ့ ကျွန်တော်တို့မှာ မတွေ့ရတာ.."
"ဒီတိုင်း ပြန်ပစ်ကွာ..။မင်းတို့ မြင်တာ မမြင်တာ ငါ ဂရုမစိုက်ဘူး.."
*ဒိုင်း*
*ဒိုင်း*
သူတို့ရဲ့ မြင်ကွင်းထဲမှာ ဘယ်သူမှ မရှိပေမယ့် လည်း နောက်လိုကိတွေဟာ ဂရုမစိုက်နိုင်တော့ပဲ ဒီတိုင်း ပစ်လိုက်ကြပါတယ်..။
* ဒိုင်း *
"အစ်ကို ထျင် ကျွန်တော် အပစ်ခံလိုက်ရပြီ.."
"ကျွန်တော်တို့ နောက်မှာ ဘယ်သူမှ မရှိဘူး..။သူက ရှေ့ကနေပစ်နေတာ..။သူ ကျည်ဆန်ကို ကွေးထားတာလား မသိဘူး.."
အစ်ကို ချင် ကျိန်ဆဲလိုက်တယ်..။
"မင့်ဖင်ကြီးကို ကွေးထားပါလား.."
အဲ့အချိန်မှာတော့ အစ်ကိုချင်က ကြောင်အနေခဲ့ပါပြီ..။ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သူတကယ် မသိတော့ပါဘူး..။
*ဒိုင်း*
ကြောက်လန့်စရာ တွေ ဖြစ်လာခဲ့တယ်..။
သူ့ဘေးနားက လူတွေ အကုန်ပစ်ခံလိုက်ရပါပြီ..။ပိုပြီး ကြောက်လန့်စရာက ဘယ်ကပစ်နေလဲ ဆိုတာ သူအခုထိ မသိသေးပါဘူး..။
ဘယ်လိုဖြစ်နိုင်မှာလဲ..။
လင်းဖန် စွယ်စုံကျမ်းစတိုးရဲ့ သေနတ်ပစ်တဲ့ အသိပညာက ဒီလောက်အထိ အသုံးဝင်မယ်လို့ မထင်ခဲ့ပေ..။သူ ကျည်ဆန်တွေကို ကွေးပြီး ကားရှေ့ကနေ ကွယ်ပစ်နေခဲ့တာပါ..။ဒါက စွယ်စုံအမှတ် အများကြီး မပေးရပဲ အတော်လည်း အဆင်ပြေပါတယ်..။
နောကိဆုံးကျည်ဆန် ထွက်သွားခဲ့တယ်..။
အစ်ကို ချင်ရဲ့ အော်သံကြီး ထွက်ပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ မစ်ရှင်တော့ အဆုံးသတ်ပြီ ဆိုတာသိလိုက်ပါတယ်..။
သူသေချာ ရှာပေမယ့်..ဘယ်က ပစ်နေလဲ ဆိုတာကို မတွေ့သေးပါဘူး..။ယင်းနောကိ သူ့ခြေထောက်က ဒဏ်ရာကို ကြည့်လိုက်တယ်..။ဒါက ကျိန်းသေ ကားဟိုဘက်ခြမ်းက ပစ်လိုက်တာပါ..။
"အစ်ကို ချင် ..ဘာရှာနေတာလဲ.."
အဲ့အချိနိမှာပဲ သိပ်မဝေးတဲ့ နေရာကနေ အသံတစ်ခုထွကိလာခဲ့တယ်..။
အစ်ကို ချင် ကြောင်အသွားခဲ့ပါတယ်..။သူ ခေါင်းကို အမြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။
"မင်း...မင်းဒီမှာဘာလုပ်နေတာလဲ..."
လင်းဖန် သူ့လက်ထဲက သေနတ်ကို အောက်ပစ်ချလိုက်ပြီး ပြောလိုက်တယ်..။
"မင်းက စောက်ရူးပဲ.။ငါ မင်းတို့ကို ကားရှေ့ကနေ တစ်လက်မ မှ မရွေ့ပဲ ပစ်နေတာကို..ဘာလုပ်နေတာလဲ မေးနေသေးတယ်.."
"ဘယ်လို ဖြစ်နိုင်မှာလဲ.."
အစ်ကိုချင်..လင်းဖန်ကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ပြောလိုက်တာပါ..။
…
ရဲဌာန တွငိ..။
လုလီက ကံကောင်းပါတယ်..။လူ လမ်းမှာ ကားတစ်စီးနဲ့ တွေ့လာခဲ့တာပါ..။မဟုတ်ရင် သူဒီကို ရောက်ဖို့ ဘယ်လောက်အထိ ကြာမလဲ ဆိုတာကို မသိနိုင်ပါဘူး..။
သူ ရဲဌာန ဝင်ပေါက်ကို ရောက်တဲ့ အချိနိမှာ ချင်ဂျု နဲ့ တစ်ခြား လူတွေကို တွေ့လိုက်တယိ..။
"ကျွန်တော်ကို ကူညီပါဦး.."
လုလီ အော်ပြောလိုက်တာပါ..။
ချင်ဂျု အသံလာတဲ့ နေရာကို ကြည့်လိုက်တဲ့ အချိနထမှာ သူ့အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။သူ ပြောရွှင်စွာ ပြောလိုက်ပါတယ်..။
"မင်းဘယ်လို ပြန်လွှတ်လာတာလဲ..."
"ကျွန်တော်နဲ့ လိုက်ခဲ့ပါ..။ကျွန်တော် အဲ့နေရာကို လိုက်ပြပြီး အေးအေးဆေးဆေး ရှင်းပြမယ်.."
လုလီ အမြန်ပြောလိုက်တာပါ..။သူ ဒီလူတွေနဲ့ အရေးမပါတာတွေ ပြောဖို့ အချိနိမရှိပါဘူး..။မာစတာ လင်းဆီီကို တတ်နိုင်သလောက် လူတွေခေါ်သွားပေးဖို့ လိုအပ်ပါတယိ..။အဲ့မှာက လူမိုက်တွေ အများကြီး ရှိနေပြီး..သူတို့သာ ရောက်လာကြရင် မာစတာလင်းက ကိုယ့်ကိုကို သတ်သေသလိုဖြစ်သွားမှာပါ..။
….
ပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။