ဒါကဘာလဲ..
Vol. 41 Ch. 612
#ဘာသာပြန် = စနိုးဝှိုက်
ရဲကားတွေဟာ..လမ်းပေါ်မှာ ဆက်တိုက် ပြေးလွှားနေခဲ့တယ်..။
လုလီ..ပြန်ပေးဆွဲခံရတာကနေ ပြန်ရောက်လာပြီ ဆိုတော့ လုကျုံးမင်..စိတ်သက်သာရာ ရသွားခဲ့ပါပြီ..။
လုကျုံးမင် စိတ်သက်သာရာ ရနေပေမယ့် ဝမ်မင်ယန်ကတော့ စိတ်မသက်သာ နိုင်သေးပါဘူး..။လုလီ ပဲ ပြန်လာပြီး လင်းဖန် ပြန်ရောက်မလာလို့..ဝမ်မင်ယန် စိတ်ထဲမှာ အရမ်းစိုးရိမ်နေခဲ့ပါတယ်..။
"မြန်မြန်...မြန်မြန်မောင်းပါလား..."
ဝမ်မင်ယန် ဒါရိုက်ဘာကို လှမ်းခေါ်လိုက်တာပါ..။
ဒါရိုက်ဘာ..အကူညီမဲ့စွာ ပြောလိုကိတယိ..။
"ဒါက ကျုပ်သွားနိုင်တာ အလွန်ဆုံးပဲလေ..။ဒါက လမ်းမ ပေါ်မှာဆိုတော့..မြန်မြန်ကြီး သွားလို့မရတော့ပါဘူး.."
ဝမ်မင်ယန် လုလီကို ကြည့်ပြီး ပြောလိုက်တယ်..။
"မင်းထွက်လာတုန်းက ဘာလို့ သူ့ကိုပါ ခေါ်မလာခဲ့တာလဲ.."
အခုချိန်အထိ သူ့ညီအစ်ကို ဘာလုပ်ချင်နေလဲ ဆိုတာကို နားမလည်သေးပါဘူး..။သူက ဒီအချိန်မှာတောင် သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတာလား..။ဘာလို့ သူက အခွင့်ရေးရရဲ့ သားနဲ့ ပြန်မလာခဲ့တာလဲ..။
လုလီ ရဲ့ မျက်နှာဟာ အကူညီမဲ့..သွားပြီး ပြောလိုက်တယ်..။
"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ..။သူက အတင်းနေမယ် လုပ်ပြီး..ကျွန်တော့်ကို အရင်ပြန်ခိုင်းတာ..။သူက ..အဲဒီ ပြန်ပေးသမားတွေကို ဖမ်းဆီးရဦးမယ်လို့လည်း ပြောသေးတယ်.."
"ပြသနာရှာတာပဲ..။သူက ပြသနာ ရှာရတာကို တကယ်ကြိုက်တဲ့ကောင်..။သူက သူရဲကောင်းလုပ်ချင်တာပဲ သိတယ်..တကယ့်အခြေအနေက ဘယ်လိုရှိနေလဲ ဆိုတာကို မသိဘူး..။သူသာ တကယ်သေသွားရင် ငါ ဘာလုပ်ရမလဲ..."
ဝမ်မင်ယန် အတော်ကို စိုးရိမ်နေခဲ့ပါပြီ..။
ချင်ဂျု ကတော့ ကားထဲမှာ ထိုင်နေခဲ့တယ်..။သူဘာတွေ ဖြစ်နေမှန်း မသိပေမယ့် ဒီ ပြန်ပေးသမားတွေက သာမန် ပြန်ပေးသမားတွေ မဟုတ်မှာကို ကြောက်ရွံ့မိပါတယ်..။ဒီကောင်တွေက ကင်းမြီးကောကိကို လာကယ်ချင်တာလား..။လင်းဖန်က ..အံ့ဩစရာ လူတစ်ယောက်ဖြစ်ပေမယ့်..အသက်ကိုတော့ အာမခံနိုင်ပါဘူး..။
ချင်ဂျု ပြောလိုက်တယ်..။
"မူခင်း နိမ်နင်းရေး တပ်ဖွဲ့ကရော..ပြန်ပေးသမား အဖွဲ့ရဲ့ အချက်အလက်တွေကို သိရပြီလား..."
ရဲအရာရှိ တစ်ယောကိက ပြောလိုကိတယ်..။
"မသိရသေးပါဘူး.."
အဲ့အချိန်မှာပဲ..နည်းပညာ ဝန်ထမ်းတစ်ယောကိဟာ အော်လိုကိတယ်..။
"အကြီးအကဲ ဂျု..ဒီ်မှာ တင်ပြချက် တစ်ခု ရောက်နေတယ်.."
ချင်ဂျု ပြောလိုက်တယ်..။
"အမြန်ငါ့ကိုပေး.."
အဲ့အချိန်မှာပဲ ဒါရိုက်ဘာကလွဲလို့ ကျန်တဲ့လူတွေဟာ..ကွန်ပြူတာ စခရင်ကို ကြည့်လိုက်ကြပါတယ်..။ဒါက မူးခင်းနိမ်နင်းရေး တပ်ဖွဲ့ရဲ့ စုံးစမ်းစစ်ဆေးထားတဲ့..အချက်အလက်တွေဖြစ်ပြီး..ဒီ ပြန်ပေးသမားတွေက..လွယ်ကူတဲ့ လူတွေ မဟုတ်ကြပါဘူး..။သူတို့ CCTV တစ်ခုကနေ ပြန်ပေးသမားတွေကို တွေ့လိုက်တာဖြစ်ပြီး..ဒီလောက် ရှာဖွေ နိုင်တာကတင် ကံကောင်းနေပါပြီ..။
"ဘာ.."
ချင်ဂျု အချက်အလက်တွေကို ဖတ်ပြီး သူ့ရဲ့ အမူအရာတွေက..ပြောင်းလဲ သွားခဲ့ပါတယ်..။သူ့ကြည့်ရတာ မယုံကြည်နိုင်ဖြစ်နေတဲ့ ပုံပါပဲ..။
ဂျင်ဟီ : မြနိမာ မူးယစ်ဆေး ရောင်းဝယ်သူ..။
ဝူဝေ : မြန်မာ မူးယစ်ဆေး ရောင်းဝယ်သူ..။
…
ဒါက ကြောက်စရာ အကောင်းဆုံး အပိုင်းမဟုတ်သေးပါဘူး..။ကြောက်စရာ အကောင်းဆုံးက အောက်မှာ ရှိနေတဲ့ လူတွေရဲ့..အချက်အလက်တွေပါ..။
လီချငိ..မြန်မာ မူးယစ်ဆေး ရောင်းဝယ်သူ..။နာမည်ပြောင် ' အစ်ကို ချင် ' ။အရှေ့တောင် အာရှ၏ ရွှေတြိဂံ နယ်မြေတွင် လှုပ်ရှားပြီး..တိုက်ခိုက်ရေးကိုလည်း အထူးကျွမ်းကျင်သည်..။
မာကာ..: ရွှေ တြိဂံ နယ်မြေမှ ကြေးစား စစ်သားတစ်ယောက်ဖြစ်သည်..။နိုင်ငံတစ်ကာမှ သူ့အား အလိုရှိနေသည်..။
…
ဒီမှာ နာမည်တွေ နဲ့ သူတို့ရဲ့ အကြောင်းတွေ ပါဝင်နေခဲ့ပါတယ်.။သူတို့အကုန်လုံးကလည်း သာမန်လူတွေ မဟုတ်ကြပဲ တိုက်ခိုက်ရေးကို အထူးကျွမ်းကျင်ကတဲ့ လူတွေချည်းပါပဲ..။
"အခြေအနေကတော့ သိပ်မကောင်းတော့ဘူး.."
အကြှီးအကဲ ဂျု ရဲ့ မျက်နှာအမူအရာက ပိုပိုပြီး ဆိုးရွားလာခဲ့ပါပြီ..။သူလို လူတွေကို ဆိုရင် သူတို့တောင် ကိုင်တွယ်ဖို့ အတော်ကို ခက်ခဲမှာပါ..။သူတို့အဖွဲ့တောင် ဒီလို လူတွေနဲ့ ယှဥ္ရရင် ရလာဒ်က သိပ်ကောင်းမှာ မဟုတ်ပါဘူး..။
ဝမ်မင်ယန် စိုးရိမ်သွားပြီး ချင်ဂျု ရဲ့ ပုခုံးကို ပုတ်ပြီး မေးလိုက်တယ်..။
"ဘာက မကောင်းတာလဲ..."
ချင်ဂျု ဘာမှ ပြန်မဖြေခဲ့ပဲ..ဒီတိုင်း အတွေးနက်နေခဲ့ပါတယ်..။မာစတာလင်း ဘယ်လို အခြေအနေ ရောက်နေမလဲ သူမပြောနိုင်တော့ပါဘူး..။သူက မူးယစ်ဆေးသမားတွေရဲ့..အဖမ်းခံရမလား..အသတ်ခံရမလား မပြောနိုင်ပေ..။
အထူးသဖြင့် ..ဒီလူတွေမှာက အရေအတွက် များတာကြောင့် ရဲတပ်ဖွဲ့တွေတောင် ဘာမှ သိပ်ပြီး အာမမခံနိုင်ပါဘူး..။အခု လင်းဖန်က တစ်ယောက် တည်း ဆိုတော့..သူ ခုခံနိုင်ဖို့ဆိုတာက မဖြစ်နိုင်ပေ..။
ဒီလို လူတွေ နဲ့ ရင်ဆိုင်ရရင် ..အသက်ရှင်ခွင့်ရရင်တောငိ ကျေးဇူးတင်ရမှာ ဖြစ်ပြီး..ဘယ်သူကမှ ဖမ်းဖို့ စိတ်ကူးမယဥ္ရဲကြပေ..။
ဝမ်မင်ယန်က အရူးတစ်ယောက် မဟုတ်ပါဘူး..။သူ ကွန်ပြူတာ စခရင်ကို ကြည့်မိလိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေထဲမှာ ကြောက်စိတ်တွေ ပြည့်လာခဲ့ပြီး..
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ချင်ဂျု အလျင်အမြန်ပဲ ပြောလိုက်တယ်..။
"မူခင်းနိမ်နင်းရေး တပ်ဖွဲ့က ဘယ်လိုစီစဥ္ထားလဲ.."
"အကြီးအကဲ ဂျု သူတို့လည်း ပန်းတိုင်ကို လာနေကြပါပြီ..။ကျွန်တော် သူတို့ဆီကို သွားပြီး စုစည်းလိုက်ပါ့မယ်..။ကျွန်တော်တို့ အချိန်မှီမယ်လို့ မျှော်လင့်ရတာပဲ.."
လင်းဖန် အဲဲဒီမှာ ရှိနေတုန်းဆိုတာကို ရဲတပ်ဖွဲ့တစ်ခုလုံး သိထားကြပါတယ်..။သိူ့ပေမယ့် လက်ရှ်ိအခြေအနေအရတော့ လင်းဖန် အသက်ရှင်နိုင်မယ့် အခွင့်အရေးက မရှိသလောက်ပါပဲ..။ဒီ လူတွေက အတွေ့အကြုံအများကြီးရှိနေတဲ့..ရာဇဝတ်သားတွေပါ..။သူတို့ကို သာမန်လူတစ်ယောက်က သွားဖမ်းဆီးလို့ ရမှာ မဟုတ်ပါဘူး..။
အထူးသဖြင့် သူတို့က အဖွဲ့လိုက် ရှိနေခဲ့ပါတယ်..။ဒါက ဘယ်သူ့အတွက်မဆို..အန္တရာယ် ရှိတဲ့ အခြေအနေ တစ်ခုပါပဲ..။
…
ရဲကားထဲတွင်..။
သတ်မှတ်ထားတဲ့ နေရာကို လီရှောင်ရှမ်း,ဟွန်ဂန် နဲ့ ကျန်တဲ့လူတွေဟာ ကင်းမြီးကောက်ကိုပါ ခေါ်လာခဲ့ကြတယ်..။လမ်းတစ်လျောက်လုံး လီရှောင်ရှမ်းရဲ့ အမူအရာက ထိုင်းမှိုင်းနေခဲ့ပါတယ်..။ဒီ ပြန်ပေးသမားတွေပ သာမန်မဟုတ်ပဲ..မာစတာလင်းလည်း အဲဲဒီမှာ ရှိနေတုန်းဆိုတာကို သူသတင်းရထားပြီး ပါပြီ..။အခြေအနေကတော့ ..ဘာမှ မသိရသေးပဲ..မာစတာလင်း..လုံခြုံဖို့ကိုပဲ သူမျှော်လင့်မိပါတယ်..။
ကင်းမြီးကောက်ရဲ့ အမူအရာကတော့ အတော်တည်ငြိမ်နေခဲ့တယ်..။သူ့ရဲ့ နှုတ်ခမ်း ထောင့်စွန်းမှာတော့အပြုံးရေးရေးလေး ရှိနေခဲ့ပါတယ်..။သူ..လွတ်မြောက်မူ အနံ့အသက်ကို ရနေပြီ ဖြစ်ပြီး..နောက်ဆုံးမှာ လုံလုံခြုံခြုံနဲ့..မြန်မာပြည်ကို ပြန်နိုင်တော့မှာပါ..။
မူခင်းနိမ်နင်းရေး တပ်ဖွဲ့ရဲ့..အထူးတပ်ဖွဲ့ကိုလည်း ညွှန်ကြားလိုက်တယ်..။
"မှတ်ထားကြ..ခနနေတွေ့ရမယ့် လူတွေက တရားမဝင် မူးယစ်ဆေး ရောင်းဝယ်တဲ့ လူတွေပဲ..။ငါတို့ ဒီလိုလူတွေကို..ဖမ်းဆီးတဲ့ နေရာမှာ..ဓားစာခံတွေရဲ့..လုံခြုံရေးကိုလည်း ဂရုစိုက်ရမယ်.."
"နားလည်ပါပြီ.."
မူးခင်းနိမ်နင်းရေး အထူးတပ်ဖွဲ့က သေချာဖွဲ့စည်းထားတဲ့ အဖွဲ့ပါ..။သူတို့ ဖြစ်နိုင်ခြေရှိတဲ့..အရာတွေ အကုန်လုံးကို သိထားကြပါတယ်..။
သူတို့ ဒီလို အန္တရာယ်များတဲ့ အခြေအနေမျိုး ရှန်ဟိုင်းမှာ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။ဒါက အတော်ကို ရှားပါးတာပါ..။
သူတို့ ဒီလိူ အခြေအနေကို ရင်ဆိုင်ဖို့ အကြိမ်များစွာ လေ့ကျင့်ထားခဲ့ကြတဲ့ လူတွေပါ..။
ပြသနာတွေကြားထဲမှာပဲ..ဓားစာခံကို ကာကွယ်ပြီး တရားခံတွေကို ဖမ်းဆီးကြရမှာပါ..။
…
လုလီ နေရာတစ်ခုလုံးကိုကြည့်ပြီး အော်လိုကိတယ်..။
"အဲ့နေရာပဲ..အရှေ့မှာ ရှိတဲ့ သိုလှောင်ခန်းမှာ ကျွန်တော်တို့ကို ဖမ်းထားတာ.."
ချင်ဂျု သူ့ရဲ့ စကားပြောစက်ကို ယူပြီး ပြောလိုက်တယ်..။
"အးလုံး ကားတွေကို ရပ်လိုက်ကြ..။အရှေ့မှာ ရှိနေတဲ့..သိုလှောင်ခန်းက..မူးယစ်ဆေး တရားခံတွေ ရှိနေတဲ့ နေရာပဲ.."
"မစ္စတာ ဝမ် ..မစ္စတာ လု..ကားထဲမှာပဲ နေကြပါ..။အလျင်စလို မလုပ်ကြပါနဲ့..။ဒီမှာ..ပစ်ခတ်ပြီး ဖမ်းဆီးရမယ့် အခြေအနေတွေ အများကြီး ရှိပါတယ်..။ခင်ဗျားတို့ နားလည်မယ်လို့ မျှော်လင့်ပါတယ်.."
ချင်ဂျု လေးနက်စွာ ပြောလိုက်တာပါ..။
လုလီကတော့ ကျိန်းသေ ထွက်မလာရဲပါဘူး..။သူ ခေါင်းကို အမြန်ညိမ့်လိုက်ပါတယ်..။သူ အဲ့နေရာကို ပြန်သွားရမှာ အကြောက်ဆုံးပါပဲ..။
ဝမ်မင်ယန် ချင်ဂျုရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်တယ်..။
"ချင်ဂျု..ငါ့ညီအစ်ကို ရဲ့..အသက်ကို ကယ်တင်ပေးရမယ်နော်.."
ချင်ဂျု ခေါင်းညိမ့်လိုက်ပြီး..
"စိတ်အေးအေးထားပါ..ငါတို့ မာစတာလင်းကို အကောင်းဆုံး ကြိုးစားပြီး ကယ်ပေးပါ့မယ်.."
"လှုပ်ရှားတော့.."
အထူးတပ်ဖွဲ့ဆိုတာ ဒီလိုအခြေအနေအတွက် သေချာ လေ့ကျင့်ပေးထားတာပါ..။သူတို့က အထူးသဖြင့် နိုင်ငံတကာ တပ်ဖွဲ့တွေနဲ့ အတူ အလုပ်တွဲ လုပ်ရလေ့ ရှိပါတယ်..။
နည်းပညာ ကားလေးတစ်စီဟာ..ရီမု ရဲ့ ထိန်းချုပ်မူ နဲ့ အတူ သိုလှောင်ခန်းအနားကို ကပ်သွားခဲ့တယ်..။
ဟွန်ဂန်က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောကိပါ..။သူ လက်အမူအရာတွေ စတင်ပြသပြီး..ဒီနေရာကို ဝန်းရံ ထားခိုင်းလိုက်တယ်..။
လီရှောင်ရှမ်းလည်း ဒီအဖွဲ့ထဲမှာ ရှိနေခဲ့ပါတယ်..။သူတို့က မူးယစ်ရာဇာတွေ နဲ့ ညှိနှိုင်းဖို့..ကင်းမြီးကောက်ကို ခေါ်လာခဲ့ကြပါသေးတယ်..။
ဟွန်ဂန် ပြောလိုက်တယ်..။
"ကောင်လေး ဝမ်..အဲ့မှာ အခြေအနေ ဘယ်လိူရှ်ိလဲ.."
"ခေါင်းဆောင် ရှင်းလင်းနေတယ်..။ဘာရန်သူမှ မရှိဘူး.."
ရုတ်တရက်..။
ကောငိလေးဝမ် ဟာ စိုးရိမ်သွားပြီး ပြောလိုကိပါတယ်..။
"ခေါင်းဆောငိ..တားဂတ် ပေါ်လာပြီ..။မဟုတ်ဘူး..ခနလေး..ကြည့်ရတာ မာစတာလင်း ထင်တယ်..။ချီးပဲ..သူဘာလုပ်နေတာလဲ.."
ဟွန်ဂန် ရဲ့ အမူအရာဟာ ပြောင်းလဲ သွားပြီး ပြောလိုက်တယ်..။
"ဘာတွေဖြစ်နေတာလဲ..။ကောင်လေး ဝမ်..အခြေအနေကို အမြန် တင်ပြစမ်း...."
…
သိုလှောင်ခန်း၏ ဝင်ပေါက်တွင်..။
လင်းဖန် ထိုင်ခုံမှာ ထိုင်နေခဲ့တယ်..။သူ့ရဲ့ ဘယ်ဘက်လက်မှာ စီးကရက်ကို ကိုင်ထားပြီး ညာဘက်လက်မှာတော့..သေနတ်ကို ကိုင်ထားခဲ့ပါတယ်..။ဘာလို့ ရဲတပ်ဖွဲ့တွေ အခုထိ ရောက်မလာသေးတာလဲ သူနားမလည်နိုင်တော့ပါဘူး..။သူ ဒီမှာစောင့်နေတာ တစ်နာရီ လောက်ရှိပြီး ဆေးလိပ်တွေ သောက်ရပါ များလို့..အဆုတ်တွေပါ ပေါက်ကွဲထွကိပါတော့မယ်..။
လင်းဖန်ကို ပိုပြီးစိတ်ပျက်စေတဲ့ အရာက သူ့ရဲ့ ဖုန်း ပျက်ဆီး သွားတာပါပဲ..။
ဒီ အစ်ကိုချင် လား ဘာလား..အဲဒီကောင်က သူ့ရဲ့ ဖုန်းကို ယူသွားတဲ့ အပြင် ဖျက်တောင် ဖျက်ဆီး ပျက်ခဲ့ပါသေးတယ်..။ဒီမအိမ်လံူး..ငါ့ဖုန်းက ဒေါ်လာ ထောင်ချီပြီး တန်တယ် ဆိုတာ မသိဘူးလား..။
လင်းဖန်ရဲ့ လက်ထဲမှာတော့..မှန်တစ်ချပ် ရှိနေခဲ့တ
ယ်..။သူ ဗီဒီရို ကြည့်သလိုပဲ..မှန်ကိုထောင်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်..။သူ လူကိုယ်တိုင် အပြင်ထွက်ပြီး မကြည့်ရဲခဲ့ပါဘူး..။
ဟင်...
သူ့ရဲ့ အမြင်အာရုံနဲ့ ပတ်ဝန်းကျင် ဝေးဝေးက လူတွေကိုပါ မြင်ရပါတယ်..။သူ ပျော်ရွှင်သွားခဲ့တယ်..။ကြည့်ရတာ နောက်ဆုံးတော့ သူတို့ရောက်လာကြတဲ့ ပုံပါပဲ.။
အဲ့အချိန်မှာတော့ သူ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယိ..။
သိပ်မဝေးတဲ့ နေရာတစ်ခုမှာ..လီရှောငိရှမ်းက ကင်းမြီးကောင်ကို ကိုင်ထားပြီး မတ်တတ်ရပ်နေခဲ့ပါ..။ကြည့်ရတာ သူ အတော်ကို စိုးရိမ်နေတဲ့ ပုံပါပဲ..။
ကင်းမြီးကောက်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်တယ်..။
"ဟားဟား..ခနနေကြရင် ငါလွတ်မြောက်တော့မယ်..။ငါ့လူတွေက..မင်းတို့နဲ့ အကြာကြီး အချိန်ဖြုန်းရတာကို သိပ်ကြိုက်မယ့်ပုံ မရှိဘူးနော်.."
ကင်းမြီးကောကိ..အရှေ့ကို ကြည့်လိုက်တဲ့ အချိန်မှာ..သူ့ရဲ့ အမူအရာဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာဟာ ပျောက်ကွယ်သွားခဲ့တယ်..။
ဒါက ဘာလဲ....