သူက ဒီလောက် အံ့ဩဖို့ကောင်းတာလား..
Vol. 41 Ch. 613
#ဘာသာပြန် = စနိုးဝှိုက်
သူ စီးကရက်က အငွေ့တွေကို မှုတ်ထုတ်လိုက်တယ်..။
အဖြူရောင် အငွေ့တွေက..လေထဲကို တိုးဝင်သွားခဲ့ပါတယ်..။
လင်းဖန် လီရှောင်ရှမ်းကို ကြည့်ပြီး ပြောလိုက်တယ်..။
"စစ်ဆေးရေးမှူး လီ..ခင်ဗျားတို့ ဘာလို့ ဒီလောက်တောငိ ကြာနေတာလဲ..။ကျုပ်ဒီမှာ စောင့်နေတာ အတော်ကြာနေပြီ..!"
"အာ..."
လီရှောငိရှမ်း မျက်တောင် အနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး..ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်ပါတယ်..။ဘာတွေ ဖြစ်နေတာလဲ..။ရက်စက်ပြီး ကြမ်းကြုတ်တဲ့..ပြန်ပေးသမားတွေက ဘယ်ကို ရောက်သွားကြတာလဲ..။ဘာလို့ မာစတာ လင်းက ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလဲ..။ပြီးတော့..သူက ဇိမ်ကျကျ နဲ့ ထိုင်ပြီး ဆေးလိပ်သောက်နေခဲ့တာပါ..။
ရဲတပ်ဖွဲ့ တွေ အကုန်လုံးဟာလည်း ပုန်းနေတဲ့ နေရာတွေကနေ ထွကိပေါ်လာခဲ့ကြတယ်..။
သူတို့..မူးယစ်ဆေးသမားတွေ ကို ပြင်းပြင်းထန်ထန် ပစ်ခတ်ဖမ်းဆီးရမယ်လို့ ထင်ထားပေမယ့် မြင်ကွင်းကတော့ လုံးဝ မတူညီခဲ့ပါဘူး..။သူတို့မြင်ကွင်းမှာ ဘယ် ပြန်ပေးသမားကိုမှ မတွေ့ခဲ့ပေ..။တင်ပြချက်က မှားယွင်းနေတာများ ဖြစ်နိုင်မလား..။ဒါမှမဟုတ် အထူးတပ်ဖွဲ့တွေ လာတာကို သိလို့ သေးထွက်အောင် ကြောက်ပြီး..ကင်းမြီးကောက်ကို ပစ်ထားခဲ့တာလား..။
ဒါပေါ့. ဒါက သူတို့ ဒီတိုင်းလျောက်တွေးကြည့်နေကြတာပါ..။သူတို့..ကိုသူတို့ တော့ အဲလောက်ကြီး အထင်မကြီးပါဘူး..။
ဘေးနားမှာ ရှိနေတဲ့ ကင်းမြီးကောက်ဟာ ကြောင်အသွားခဲ့တယ်..။
"ငါ့လူတွေ ဘယ်ရောက်သွားတာလဲ.."
သူပြောလိုက်တာပါ..။ကင်းမြီးကောက် သူ့မျက်လုံးကိုတောင် သူမယုံကြည်နိုင်တော့ပါဘူး..။သူ ပြင်ဆင်မူတွေ အများကြီး လုပ်ထားတာတောင် အခု သူ့လူတွေ ဘယ်ရောက်နေမှန်း မသိပါဘူး..။ငါ့ လူတွေက ဘယ်ကိုရောက်ကုန်တာလဲ..။
လီရှောင်ရှမ်း ကြောင်အစွာ ပြောလိုက်တယ်..။
"မာစတာလင်း..မူးယစ်ဆေးသမားတွေက ဘယ်မှာလဲ.."
လင်းဖန် သူ့ရဲ့ စီးကရက်က ပြာမှုန့်တွေ ကို ခါချလိုက်ပြီး နောက်က သိုလှောင်ရုံထဲကို လက်ညိုးထိုးပြလိုက်တယ်..။
"အထဲမှာ ရှိတယိ..။ခင်ဗျားတို့ အဆင်သင့် ဖမ်းဆီးလိုက်ယုံပဲ.."
အထူးတပ်ဖွဲ့ တွေဟာ..အထဲကို အလျင်အမြန် ဝင်သွားလိုက်ကြပါတယ်..။သူတို့ အထဲက မြင်ကွင်းကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။သူတို့ရဲ့ ပါးစပ်ပေါက်တွေဟာ အံ့ဩလွန်းလို့ ပွင့်နေခဲ့ကြပါတယ်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
"ငါ့ကို တစ်ချက်လောက် ရိုက်စမ်းပါ..။ဒါ အိပ်မက်မက် နေတာလား.."
*ဖြန်း*
"အား..ဘာလို့ ဒီလောက်ထိ နာအောင် ရိုက်တာလဲ.."
"ငါလည်း မယုံကြည်နိုင်တော့ဘူး.."
"ဒီ မာစတာလင်း ဘာတွေ တောင် လုပ်ခဲ့တာလဲ..။ဒီလူတွေက အများကြီး သူက တစ်ယောက်ထဲလေ..။ဒါက.."
သိုလှောင်အိမ်ထဲတွင်..။
မူးယစ်ဆေး သမားတွေ ဆယ်ယောက်လောက်ဟာ အတူတကွ ချည်နှောင်ခံထားကြရပါတယ်..။သူတို့ မျက်လုံးတွေဟာ ပြူးကျယ်နေပြီး အထူးရဲတပ်ဖွဲ့တွေကို ကြည့်နေခဲ့ကြတယ်..။
အထူးရဲတပ်ဖွဲ့က အရာရှိတွေဟာ..ဒီလူတွေကို ကြည့်လိုက်ပြီး..
"ဒီလို လူတွေက ဒီလောက်လွယ်လွယ်နဲ့ အဖမ်းခံခဲ့ကြရတာလား.."
"သူတို့ ခြေထောက်ကို ကြည့်လိုက်..အပစ်ခံထားရတယိထင်တယ်.."
"သူတို့ တကယ် အပစ်ခံထားရတာပဲ..။ဘယ်သူ ပစ်ခဲ့တာလဲ..မာစတာလင်းလား.."
ရုတ်တရက်..။
လူတိုင်းဟာ တိတ်ဆိတ်သွားခဲ့ပြီး နောက်ဘက်ကို အံ့ဩစွာ ကြည့်လိုက်ကြတယိ..။သူတို့ အကုန်လုံး လီရှောင်ရှမ်းနဲ့ စကားပြောနေတဲ့ မာစတာလင်းကိုပဲ ကြည့်လိုက်ကြတာပါ..။ယင်းနောက် သူတို့ မယုံကြည်နိုင်စွာ ပြောလိုက်တယ်..။
"ဒီဟာကို သူ လုပ်ထားတာ လို့တော့ မပြောနဲ့နော်.."
"သူ တစ်ယောက်ထဲနဲ့လေ.."
"သူ ဘယ်လို်များ လုပ်လိုက်တာလဲ.."
အဲ့အချိန်မှာပဲ..ဒီအရာရှိကြီးတွေဟာ တိတ်ဆိတ်နေပြီး အခြေအနေကို ဆွေးနွေးနေခဲ့ကြပါတယ်..။
လင်းဖန် ကင်းမြီးကောက်ကို ကြည့်ပြီး ရယ်မောလိုက်တယ်..။
"ကင်းမြီးကောက် မင်းအတွက်တော့ ငါ စိတ်မကောင်းပါဘူး..။မင်းလူတွေ ရဲ့ အကြံအစည်းက အ
ဆုံးသတ်သွားပြီ ဆိုတော့ မင်းလည်း လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး..။မင်းကတော့ အကျဥ္းကျခံဖို့ ထောင်ကို ပြန်သွားရတော့မယ်..."
ကင်းမြီးကောက်က အခုထိ မယုံကြည်နိုင်သေးပါဘူး..။
"မဖြစ်နိုင်ဘူး...ဒါ မဖြစ်နိုင်ဘူး..."
"ညီအစ်ကို.."
အဲ့အချိန်မှာပဲ.ဝမ်မင်ယန် ဟာ အော်ဟစ်ပြီး သူ့ဆီီကို ပြေးလာနေခဲ့ပါတယ်..။သူ လင်းဖန်ကို ..ဖက်ပြီး ပြောလိုက်တယ်..။
"ချီးပဲ..မင်းက ငါ့ကို သေအောင် ခြောက်လှန့်နေတာပဲ..။နောက်ဆို ဒီလိုတွေ မလုပ်စမ်းပါနဲ့..။ငါတောင်းပန်ပါတယ်.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဘာတွေ စိတ်ပူနေတာလဲ..။ဒါက ဘာမှ မဟုတ်ဘူး..။ဒီ ငနဲတွေက ရှန်ဟိုင်းကိုအခုမှ ရောက်ပြီး ကျုပ်ကို လာစိန်ခေါ်ချင်နေတာလေ..။ကျုပ် ဂုဏ်သိက္ခာအရ သူတို့ လက်ထဲမှာ ဘယ်လိုလုပ် သေနိုင်မှာလဲ.."
ဘေးမှာရပ်နေတဲ့..လီရှောင်ရှမ်းက မေးလိုက်တယ်..။
"မာစတာလင်း..ဘယ်လိုများ လုပ်လိုက်တာလဲ.."
လင်းဖန် ထူးဆန်းစွာ ပြုံးပြီး ပြောလိုက်တယ်..။
"နိမ့်ချပြီးနေရမယ်..။ဒါက နည်းနည်းရှည်တော့ အခွင့်အရေးရမှ ပြောကြတာပေါ့.."
လီရှောင်ရှမ်းလည်း အနည်းငယ် ကြောင်အနေခဲ့တယ်..။သူ အထဲဝင်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ..ခြေထောက်တွေမှာ သေနတ်ဒဏ်ရာတွေ ရှိနေပြီး ကြိုးနဲ့ ချည်ခံထားရတဲ့ တရားခံတွေကို တွေ့လိုက်ရပါတယ်..။ဒီလို လူမျိုးတွေနဲ့ တွေ့တဲ့ အချိန်မှာ ခြေထောက်တွေကို ပစ်နိုင်ခဲ့ရင်တောင် ဖမ်းမိတယ်လို မပြောနိုင်ပါဘူး..။
အခု မာစတာလင်း တစ်ယောက်တည်းနဲ့ ဒီလူတေံ အကုန်လုံးကို ဖမ်းသွားတယ် ဆိုတာက တကယ်ကို မဖြစ်နိုင်တဲ့အရာပါ..။ဒါက ရုပ်ရှင်ထဲမှာ ဆိုရင်တောင် ဒီလိုအခန်းမျိုး ထည့်ရိုက်မှာ မဟုတ်ပါဘူး..။
အခြေအနေကို ညွှန်ကြားဖို့ လာတဲ့ ချင်ဂျု ဟာလည်း ကြောင်အသွားခဲ့တယ်..။ဘာတွေ ဖြစ်ခဲ့တာလဲ သူမသိပေမယ့် ဒီကိစ္စက မာစတာလင်းကြောင့် ဆိုတာကိုတော့ သူသိထားပါတယ်..။သူ လင်းဖန်ကို လက်မ ထောင်ပြလိုက်ပြီး တကယ်ကောင်းတယ် လို့ ပြောလိုက်တယ်..။
လု ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ ဖြစ်တဲ့ လုလီဟာ သူ အန္တရာယ်ကို ကျော်လွှားနိုင်လိုက်ပြီ ဆိုတာကို နားလည်လိုက်တယ်..။သူက လူတွေ အများကြီးကို အလုပ်အကိုင် တွေ ပေးထားတဲ့ လူတစ်ယောက်ပါ..။သူက တစ်ခြား လူတွေနဲ့ မတူပါဘူး..။
"မာစတာလငိး..ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူး အရမ်းတင်ပါတယ်..။ကျွန်တော် လုလီ ..ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး.."
လုလီ တည်ငြိမ်စွာ ပြောလိုက်တာပါ..။
လင်းဖန် သူ့ကို ကြည့်ပြီး ပြောလိုက်တယ်..။
"ရိုးရိုးသားသား ပြောရရင် မင်း ဘာပြောခဲ့လဲ ဆိုတာကို ငါ မှတ်မိပါသေးတယ်.."
လုလိ အနည်းငယ် ရှက်ရွံ့သွားခဲ့တယ်..။ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သူနားမလည်ပဲမနေပါဘူး..။ယင်းနောက် သူ လင်းဖန်ရဲ့ နား နားကို ကပ်သွားလိုက်ပြီး..
"အစ်ကိုလင်း..ကျွန်တော့်ကို မျက်နှာသာပေးပါဦး..။ဒီမှာက လူတွေ အများကြီး ရှိနေတာ ကျွန်တော်က လု မိသားစု ကုမ္ပဏီ ရဲ့ ဥက္ကဌ လေ.."
လင်းဖန် ရယ်မောလိုကိတယ်..။ဒီခွေးသားကဘယ်လို သရုပ်ဆောငိရမလဲ ဆိုတာ တကယ်သိတာပါ..။သို့ပေမယ့် လင်းဖန်ကတော့ မတူပါဘူး..။
ယင်းနောက် ရဲတပ်ဖွဲ့တွေဟာ..စတင်ပြီး..လုပ်ဆောင်လိုက်ကြတယ်..။ဒါက နိုင်ငံတကာ အဆင့်ရာဇဝတ်သားတွေကို ဖမ်းနိုင်ခဲ့တာက..။ဒါက နိုင်ငံကို ဂုဏ်တက်စေပေမယ့် သတင်းစာထဲမှာ ထည့်လို့မဖြစ်ပါဘူး..။ဒီကိစ္စပြီးတဲ့နောက်မှာတော့ လီရှောင်ရှမ်းဟာ လင်းဖန်ရဲ့ လုံခြုံရေးကို ပိုပြီး တန်ဖိုးထားတော့မှာပါ..။
နောက်ထပ်လူတွေ ထပ်ပြီး..လက်စားလာမချေကြဖို့ ဒီကိစ္စမပျံ့နှံ့တာ အကောင်းဆုံးပါပဲ..။
ဒီလူတွေဟာ ခြေထောက်ဒဏ်ရာရနေပေမယ့် ရဲတပ်ဖွဲ့တွေဟာ..လက်ထိပ်ခတ်ပြီး ခေါ်ထုတ်လာခဲ့ကြတယ်..။
ဝူဝေ ဖြတ်သွားတဲ့အချိန်မှာ လင်းဖန် သူ့ကို လှမ်းတားလိုက်ပါတယ်..။
"ခနလေး.."
ဝူဝေဟာ ခံစားချက်မဲ့စွာ ခေါင်းမော့ပြီး လင်ဖန်ကို ကြည့်လိုက်တယ်..။သူ့မျက်လုံးတွေကတော့ လင်းဖန်ကို ငိုပြီး တောင်းပန်နေသလိုပါပဲ..။
လင်းဖန် ဝူဝေ ပုခုကို ပုတ်ပြီး ပြောလိုက်ပါတယိ..။
"ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်..။မင်းသာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အကုန်လုံးကို ဝန်ခံမယ် ဆိုရင် ငါ အကြီးအကဲ ချင်ဂျုကို မင်းသမီးကို ရှန်ဟိုင်းဆီ ခေါ်လာပေးဖို့ စီစဥ္ခိုင်းပြီး ငါကုသပေးမယ်.."
ဝူဝေ ဘာစကားတစ်ခွန်းမှ မပြောပဲ သဘောတူစွာ ခေါင်းညိမ့်လိုကိတယ်..။သူ ခံစားချက်တွေကို ဖုံးကွယ်ဖို့ ကြိုစားနေပေမယ့် အခုချိန်မှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"အကြီးအကဲ ချင်ဂျု..သူက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အကုန်လုံးကို ပြောပြလိမ့်မယ်..။ဒါပေမဲ့..သူ့သမီးက ့မြန်မာမှာ..။သူမကို ကုသပေးဖို့ အတွက် ဒီကို ခေါ်လာပေးနိုင်မလား.."
ချင်ဂျု ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီလေ..ပြသနာ မရှိဘူး..။သူသာ ပူးပေါင်းမယ် ဆိုရင် ကျွန်တော်တို့ ပိုပြီး လွယ်ကူသွားတာပေါ့.."
"ဒါပေမဲ့ မာစတာလင်း သူတို့ရဲ့ ခြေထောက်ကို ဘယ်လို ပစ်ခဲ့တာလဲ.."
လင်းဖန်ရယ်မောပြီး ပြောလိုက်တယ်..။
"ဒါက လျိူ့ဝှက်ချက်ပဲလေ..။ဒါကြောင့် ထပ်ပြီး မမေးပါနဲ့တော့..။စစ်ဆေးရေးမှူးလီ..ကျွန်တော် ဘာမှ ထပ်ပြီး မပြောနိုင်တော့ဘူးနော်..။
လီရှောင်ရှမ်း လင်းဖန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်..။
"ဘာတွေ ပြောနေတာလဲ..။မင်း လုံခြုံနေပြီ ဆိုရင် ရပြီလေ..။နောက်တစ်ခါ သူရဲကောင်းမလုပ်နဲ့တော့..။ဒီလူတွေက လူသတ်တာကို ယဥ္ပါးနေကြတဲ့လူတွေ..သူတို့က လူတစ်ယောက်သတ်ဖို့ကို မျက်တောင် ခတ်မှာတောင် မဟုတ်ဘူး..။တကယ်လို့ မင်းသာ တစ်ခုခု ဖြစ်သွားရင် ငါဘယ်လို ဖြေသိမ့်ရမလဲ.."
လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်...
"အေးဆေးပါ..။နောက်တစ်ကြိမ်ဆိုတာ မရှိတော့ပါဘူး..။တကယ်လို့ ဘာမှ မရှိဘူးဆိုရင် ကျုပ်သွားတော့မယ်လေ..။တိမ်ဖြူလမ်းက လူတွေ စိုးရိမ်နေကြဦးမှာ..."
"အင်း.."