မင်းကြောက်ရွံ့နေတာလား
Vol. 41 Ch. 614
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း..။
ဆိုင်ပိုင်ရှင်တွေ အကုန်လုံးဟာ စောစော ပြန်လာခဲ့ကြတယ်..။သူဌေးလေးက ပြသနာ ဖြစ်နေတော့..သူတို့ ဖွင့်ပွဲအခမ်းအနားမှာ ဆက်ပြီး မပျော်ရွှင်နိုင်တော့ပါဘူး..။
ဝူယူလန် နဲ့ဝူရွှန်းယွဲ့တို့လည်း မျက်ရည်တွေ ဝဲနေခဲ့ပါပြီ..။အစ်မဟောင်ကတော့ သူမတို့ ဘေးနားမှာ နေပြီး..နှစ်သိမ့်ပေးနေခဲ့တယ်..။လီရူ တောင်မှ ဝူယူလန် ရဲ့ ဘေးနားမှာ ရှိနေခဲ့ပါတယ်..။
ဝူယူလန် ကတော့ ဒါတွေက သူမကြောင့်ဖြစ်လာတယ်လို့ ခံစားနေခဲ့ရပါတယ်..။သူမ ပြောလိုက်တယ်..။
"ဒါက ငါ့ရဲ့ အမှားတွေပဲ..။ငါ အစ်ကိုလင်းကို အတင်းခေါ်လာခဲ့လို့ ဒီလိုတွေ ဖြစ်ရတာ..။အစက သူသွားချင်ခဲ့တာ မဟုတ်ဘူး..။ဒါက သူ့ရဲ့ ကံကြမ္မာကို ကြိုမြင်ထားလို့ ဖြစ်နိုင်တယ်လေ..ဒါပေမဲ့ အတင်းခေါ်နေတော့ မတတ်သာပဲ သူလိုက်လာခဲ့ရတာ..."
တကယ်လို လင်းဖန် သာ ဒီမှာရှိရင် သူ ကျိန်းသေ ပြောစရာ ရှိမှာပါ..။
"ညီမလေး..မင်းက အရမ်းအတွေးလွန်နေပြီ..။ဘဝဆိုတာက မထင်ထားတာတွေလည်း ဖြစ်လာနိုင်တယ်လေ..."
လီရူ သူမကို နောက်ကနေ ပုတ်ပြီး ပြောလိုက်တယ်..။
"မငိုပါနဲ့တော့..သူလိုလူက ဘယ်လိူဖြစ်ပြီး တစိခုခု ဖြစ်လာနိုင်မှာလဲ..."
ဝူရွှန်းယွဲ့ သူ့ရဲ့ ခေါင်းကို ခါယမ်းလိုကိတယိ..။သူမ ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိပေမယ့်..ဒီတိုင်း ခေါင်းကို ခါယမ်းလိုက်ပါတယ်..။
အဲ့အချိန်မှာပဲ လီရူ သူမရဲ့ အသံကို စတင်ပြီး သတိထားမိသွားခဲ့တယ်..။သူမလည်း တစ်ခြားလူတွေ လိုမျိုး စိုးရိမ်နေခဲ့ပါတယ်..။ထပ်ပြောရရင် လင်းဖန်က...သူ့ဟော်တယ်ရဲ့ ရှေ့မှာ ပြန်ပေးဆွဲခံရတာ ဆိုတော့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်..။
လူလိမ် ထျန် ပြောလိုက်တယ်..။
"ဒီကောင်လေးက ဘယ်လိူလူပ် တစ်ခုခုဖြစ်နိုင်မှာလဲ..။အရင်တုန်းကဆိုရင်..သူက ငါတို့ မသိအောင်တောင် ပြသနာတွေ ရှာနေခဲ့တာ လေ..။အခုလည်း သူ့ဆီမှာ ပြသနာ ဖြစ်နေပေမယ့် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး.."
ကျောက်ကျန်းယန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဟုတ်တယ်..အစ်ကိုလင်း..ရဲ့ ကံတရားတွေက အတော်ကို ကောင်းမွန်တယ်လေ..။ပြီးတော့ ရဲဌာနတွေကလည်း သူ့ကို ပြန်ကယ်ထုတ်ဖို့ ကြိုးစားနေခဲ့ကြတာ..။ဘာပြသနာ မှ ရှိလောက်မှာ မဟုတ်ဘူး.."
ဆိုင်ပိုင်ရှင်တွေဟာလည်း စိုးရိမ်နေခဲ့ကြတယ်..။သူဌေးလေးလို လူကောင်းတစ်ယောက်က ဘာမှ မဖြစ်နိုင်လောက်ပါဘူး..။တစ်ကယ်လို့ သူတစ်ခုခုဖြစ်တယ် ဆိုရင်တောင် နတ်ဘုရားတွေ မျက်လံူးကန်းနေကြလို့ ဖြစ်မှာပါ..။
"သူဌေး ဘယ်မှာလဲ..ကျွန်တော် ဝယ်စရာ ရှိလို့.."
ကားစတန်မာတစ်ယောက်ဟာ..အစ်မဟောင် ရဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး လှမ်းအော်လိုက်တယ်..။
်အစ်မဟန် ရဲ့ လက်ရှ်ိစိတ်အခြေအနေက..စျေးရောင်းနိုင်တဲ့ အခြေအနေမဟုတ်ပါဘူး..။ဒီတော့ သူမ လှမ်းပြောပြီး ငြင်းပယ်လိုက်တယ်..။
"ကျွန်မ စိတ်မကောင်းပါဘူး..ဒီနေ့..စျေးမရောင်းနိုင်တော့ဘူး.."
ကာစတန်မာဟာ ကြောင်အသွားခဲ့တယ်..။ဆိုင်က ဖွင့်ထားပေမယ့်..သူ တကယ်ကို ငြင်းပယ်ခံလိုက်ရတာပါ..။ဒါက တကယ်ကို ရှုပ်ထွေးတဲ့ အနေအထားတစ်ခုပါပဲ..။
ဆိုင်ဝင်ပေါက်မှာ အကုန်လုံး စုဝေးနေခဲ့ကြတယ်..။သူတို့ တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ပြီး ရဲဌာန ဆီက သတင်းကို စောင့်နေခဲ့ကြပါတယ်..။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..."
ရုတ်တရက် လူတိုင်းရဲ့ စိတ်ဝိဥာဥ္ကိုတောင် တုန်လှုပ်စေနိုင်တဲ့..အသံတစ်ခုကို ကြားလိုက်ကြရတယ်..။
လူတိုင်းရဲ့ မျက်လုံးတွေဟာ အသံလာရာကို ကြည့်လိုက်တဲ့ အချိန်မှာ ပျော်ရွှင်သွားခဲ့ကြပါတယ်..။
"ချီးပဲ..သူဌေးလေး..မင်းတကယ်ကို ဘာမှ မဖြစ်ဘူးပဲ..."
"ဘုရားသခင်ကို ကျေးဇူးပါ..။သူဌေးလေး နောက်ဆုံးတော့ ပြန်ရောက်လာပြီ..."
"သူဌေးလေး ဘာမှ မဖြစ်လောက်ဘူးဆိုတာကို ငါသိသားပဲ.."
"ငါ သေချာတယ်..။မင်းတို့ သူဌေးလေး ဒုက္ခရောက်တာကို တစ်ခါမှ မမြင်ဖူးဘူးမလား..။သူက လူတွေ အများကြီးနဲ့..တိုက်ခိုက်တာတောင် တစ်ခါမှ အရိုက်နှက်ခံဖူးတာ မဟုတ်ဘူး..။ဒီလို အခြေအနေ မျိုးက ငါ့အတွက်တော့ ဘာမှ မဟုတ်ဘူး.."
ဝူယူလန် နဲ့ ဝူရွှန်းယွဲ့ တို့ဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဝမ်နည်းနေရာမှ ပျော်ရွှင်သွားခဲ့ပါတယ်..။သူတို့ လငဖန် ဆီကို ပြေးသွားပြီး ဖက်လိုက်ကြတယ်..။
"အစ်ကိုလင်း..နောက်ဆုံးတော့ ပြန်လာပြီပေါ့.."
လူတွေ အများကြီးရှေ့မှာ ဘယ်တစ်ဖက် ညာတစ်ဖက် ဆီ ..ဖက်ထားတာရတာက လင်းဖန် အတွက်တော့ ကောင်းမွန်တဲ့ အခြေအနေ မဟုတ်ပါဘူး..။အစကတော့ သူတို့ကို ဘေးကို တွန်းထုတ်လိုက်ဖို့ တွေးလိုက်မိပေမယ့် သူတို့ရဲ့.အမှန်တကယ် ဝမ်းနည်းနေတဲ့ ပုံစံကို ကြည့်လိုက်ပြီး..လင်းဖန် ရယ်မောကာ ပြောလိုက်တယ်..။
"နောက်ဆုံးတော့ ပြန်လာပြီ ဆိုတာ ဘာပြောတာလဲ..။ငါက ဒီတိုင်း အပြင်ကို ကိစ္စလေးတွေ သွားဖြေရှင်းတာလေ..ဘာလို့ အဲလောက်အထိ..ကြောက်လန့်နေကြတာလဲ..။ကောင်းပြီ ကောင်းပြီ ဒီမှာ လူတွေ အများကြီး ကြည့်နေကြတယ် ဒီလို နေတာ မကောင်းဘူး.."
လင်းဖန် သူတို့ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..ပြုံးကာ ပြောလိုက်ပါတယ်..။သူက ဒီလို မိန်းမလှလေး နှစ်ယောက်ကို တစ်ခါတည်းဖက်ထားဖို့ အခွင့်အရေးရတဲ့ တစ်ယောက်တည်းသော လူသားဖြစ်နိုင်ပါတယ်..။
ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ ရယ်မောလိုက်ကြတယ်..။
"သူဌေးလေးက တကယ်ကို ကံကောင်းတာပဲ.."
"ဝိုး ..သူက မိန်းကလေးတွေ နဲ့ ပတ်သက်လာရင်တော့ တကယ်ကံကောင်းတာပဲ..။တကယ်လေးစားဖို့ကောင်းတယ်.."
"ဘာကို လေးစားတာလဲ..။ရှင် အဲ့စကား ပြန်ပြောကြည့်စမ်း.."
"မိန်းမ ..ငါ ဘာမှ မပြောပါဘူး..။ငါက ဒီတိုင်း အတိတ်ကို သတိရသွားတာပါ.."
"ရှင်..ဘယ်က သတ္တိတွေ ရနေတာလဲ.."
ဝူယူလန် နဲ့ ဝူရွှန်းယွဲ့တို့ ..သူ့ကို လွှတ်လိုက်မှ
လင်းဖန် စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။သူ အဆင်ပြေနေသ၍ ဒါက အဆင်ပြေပါတယ်..။
အဲ့အချိန်မှာပဲ လင်းဖန် လီရူကို ကြည့်ပြီး ပြောလိုက်တယ်..။
"ဟေး..အကြီးအကဲ လီ..မင်းဘာလို့ ဒီမှာ ရှိနေသေးတာလဲ..။ဖြစ်နိုင်တာက အကြီးအကဲ လီ လည်း စိတ်ပူနေတာလား.."
လီရူဟာ လင်းဖန်ကို သူမရဲ့ လှပတဲ့ မျက်ဝန်းတွေ နဲ့ကြည့်လိုက်ပြီး..
"ဟမ့်..ငါက ယူလန်ကို လာကြည့်တာ..။အတွေးလွန်မနေနဲ့..။ယူလန် ငါ အရင်ပြန်နှင့်တော့မယ်.."
ယူလန် ပြောလိုက်တယ်..။
"အစ်မ လီရူ..ထပ်မနေတော့ဘူးလား.."
လီရူ လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ဟော်တယ်က အခုမှ ဖွင့်တာဆိုတော့ ငါရှိနေဖို့လိုတယ်လေ..။ပြီးတော့ ငါ ဒီမှာဆက်နေရင် တစ်ချို့လူတွေက ကြိုက်ချင်မှ ကြိုက်ကြမှာ.."
လင်းဖန် သူမကို ကြည့်လိုက်ပြီး အကူညီမဲ့စွာ ရယ်မောလိုကိတယ်..။
ဝူယူလန် ပြောလိုက်တယ်..။
"အစ်ကို လင်း..အစ်မလီရူကလည်း စိတ်ပူနေခဲ့တာလေ..။မဟုတ်ရင် ဒီမှာ ရှိနေပါ့မလား.."
လင်းဖန် ပြောလိုက်တယ်..။
"မိန်းမတွေကိုတော့ ငါ နားမလည်နိုင်တော့ဘူး..။ကောင်းပြီ အကုန်လည်း ဖြေရှင်းပြီးသွားပြီ ဆိုတော့ အလုပ်ကို ပြန်သွားကြရအောင်..။ဘာပဲဖြစ်ဖြစ် ဒီမှာ အကြာကြီး လူစုနေတာက မကောင်းဘူးလေ.."
လူတိုင်းဟာ လင်းဖန် နဲ့ စကားအနည်းငယ် ပြောပြီး ဒီနေရာကနေထွက်သွားလိုက်ကြပါတယ်..။
ဒီအခြေအနေက အပြင်ဘက်ကို မရောက်သေးပေ..။တိမ်ဖြူလမ်းက လူတွေနဲ့..သူဌေး အနည်းငယ်ပဲ သိကြတာပါ..။
လင်းဖန်လည်း ဒီသတင်းကို အပြင်ကို မပေါက်ကြားစေချင်ပေ..။သူ တစ်ခြားလူတွေကိုပါ အလကားနေရင်း..မစိုးရိမ် စေချင်ပါဘူး..။
အထူးသဖြင့် သူ့မိဘ တွေပါ..။တကယ်လို့ သူတို့သား ရှန်းဟိုင်းမှာ ပြန်ပေးဆွဲခံရတာကို သိသွားရင်..လင်းဖန်ကို မသတ်ဘူးဆိုရင်တောင် အိမ်ကို ချက်ချင်း ပြန်ခေါ်တော့မှာပါ..။ဒါကြောင့် သူမိဘတွေကို ကောင်းတာလေးတွေပဲ သိစေချင်ပါတယ်..။ဒါဆိုရင် သူတို့ ပတ်ဝန်းကျင်မှာ ကြွားဝါစရာလေး ရသွားပြီး..ဘာမှ လည်းစိုးရိမ်ပူပန်နေဖို့ မလိုအပ်ပါဘူး..။
…
ရဲဌာနတွင်..။
စစ်ဆေးမူတွေဟာ စတင်ခဲ့တယ်...။
မူးယစ်ဆေးသမားတွေဟာ ခြေထောက်ကို သနေတ်မှန်ထားကြရတာကြောင့်..ကုသပေးရပါသေးတယ်..။ဒီလူတွေ လွှတ်မြောက် မသွားဖို့အတွက် ရဲဌာနက အထူးဂရုစိူက်နေကြရတာပါ..။
ရဲဌာနဟာ မြန်မာက လူတွေကို ရွှေ တြိဂံ နယ်မြေက အချက်အလက်တွေ မေးပေမယ့် မထူးခြားခဲ့ပေ..။သူတို့ ဘာအသုံးဝင်တာမှ မရခဲ့ပါဘူး..။
လင်းဖန် နဲ့ စကားပြောထားတာကြောင့် ဝူဝေကတော့ ဘာမှ ဖုံးကွယ်မနေတော့ပေ..။သူသိတာတွေ အကုန်လံူးကို ပြောပြသွားခဲ့ပါတယ်..။ဒါပြီးရင် မြန်မာမှာ ရှိတဲ့ သူ့သမီးကို ခေါ်ပြီး ကုသပေးကြမှာပါ..။
ဝူဝေ ရဲ့ အကူအညီနဲ့ ရဲဌာနဟာ မသိသေးတဲ့ အချက်အလက်တွေ အများကြီးရခဲ့ပါတယ်..။ဒီသတင်းအချက်အလက်တွေက အရမ်းကို အရေးကြီးတာပါ..။ဒါက မူးယစ်ဆေးသမားတွေနဲ့ တိုက်ခိုက်တဲ့ အချိန်ကြရင် လျိုဝှက်လက်နက် တစ်ခုလိုပါပဲ..။
စစ်မေးနေရင်းကနေ ချင်ဂျု ကို အနည်းငယ် ကြောင်အစေတဲ့ အချက်အလက်တစ်ခုကို ထပ်ရခဲ့ပါသေးတယ်..။
ကျည်ဆန်ကို ကွေးပြီး ပစ်တာလား..။
မင်းက ရဲဌာနကို အရူးတွေများ ထင်နေတာလား..။
သို့ပေမယ့် အကုန်လုံးကို စစ်မေးကြီးတဲ့ နောက်မှာ အခြေအနေကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်..။
ကြည့်ရတာ သူက ကျည်ဆန်တွေကို တကယ်ကွေးနိုင်တဲ့ ပုံပါပဲ..။
ဒါက သိပ္ပံပညာကို တောင် ကျော်လွန်နေခဲ့ပါပြီ..။မာစတာလင်း သေနတ်ပစ်တဲ့ နည်းစနစ်က နားလည်နိုင်ဖို့တောင် အတော်ခက်ခဲလွန်းလှပါတယ်..။
သို့ပေမယ့်.ချင်ဂျု မလိုအပ်ပြသနာ အများကြီး မရှာချင်ခဲ့ပေ..။ဒါကြောင့် သူ ဘာမှ ထပ်မမေးတာ့ပါဘူး..။ဒီလိုဆို သူလည်း..အထက်ကို တင်ပြတဲ့နေရာမှာ ရေးစရာ လိုတော့မှာ မဟုတ်ပေ..။
လအနည်းငယ် ကြာပြီးနောက်..။
တိမ်ဖြူလမ်း..။
လင်းဖန် လှဲလျောင်းနေရင်းကနေ စွယ်စုံကျမ်းကို ကြည့်နေခဲ့တယ်..။ဒီအပြုံးက ပုံမှန်ထက် ပိုကြီးနေခဲ့ပါတယ်..။
စွယ်စုံ အမှတ် : 8500.
ဒါက အတော်ကို အံ့ဩဖို့ကောင်းလွန်းလို့ လင်းဖန် ကိုယ်တိုင်တောင် ကြောက်ရွ့ံမိပါတယ်..။အခြေခံ သင်ရိုးကြောင့် စွယ်စုံအမှတ်တွေရဖို့က အတော်ကိုလွယ်ကူနေခဲ့တာပါ..။
"ကျုပိအပြင်ကို ခနသွားလိုက်ဦးမယ်..ခင်ဗျားတို့ ဆိုင်ကို ကြည့်ထားလိုက်ကြဦး.."
လင်းဖန် ပြောလိုက်တာပါ..။သူ ထပ်ပြီး စိတ်မရှည်နိုင်တော့ပါဘူး..။နန်ရှမ်းကလေးဂေဟာကို သွားပြီး..ပြီးပြည့်စုံသော အဆင့် ဥာဏ်ကောင်းစေသော ဆေးလုံး ဘယ်လောက်ကောင်းမွန်လဲ စမ်းသပ်ကြည့်ရမှာပါ..။