← Chapters

မစ်ရှင်ပြည့်စုံသွားပြီ

Vol. 41 Ch. 615

မစ်ရှင်ပြည့်စုံသွားပြီ

Vol. 41 Ch. 615

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် စိတ်ကြည်နေခဲ့တယ်..။သူ့ရဲ့ စွယ်စုံအမှတ်က..လက်ရှိမှာ ၈၅၀၀ ဆိုတော့...တားဂတ်ထက် ကျော်လွန်နေပြီလို့တောင် ပြောလို့ရပါတယ်..။သို့ပေမယ့် စွယ်စုံအမှတ် တက်တဲ့ နှုန်းကတော့ အရမ်းကို နှေးကွေး လွန်းလှပါတယ်။သို့ပေမယ့် ဒီလောက်အများကြီး ထပ်ရနိုင်ဦးမလား ဆိုတာကတော့ သူလည်း မသေချာပါဘူး..။

သို့ပေမယ့် အခုချိန်က ဒါတွေကို တွေးတော့ရမယ့် အချိန်မဟုတ်သေးပေ..။အခုချိန်က နန်ရှမ်းကလေး ဂေဟာကို သွားပြီး ကလေးတွေကို ပြီးပြည့်စုံသော အဆင့်..ဥာဏ်ကောင်းစေသော ဆေးလုံးကို..စမ်းသပ်ခိုင်းဖို့ပါ..။

ဒီလို ဆေးမျိုးကို..သောက်ပြီးသွားရင် ..သူတို့အတွက် သင်ယူဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ခက်ခဲနိုင်တော့မှာလဲ..။

သိုပေမယ့် ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာတော့ သူလည်း အတိအကျမသိပါဘူး..။လူတစ်ယောက် ဂျီးနီးယပ် ဖြစ်ဖို့ ဆိုတာက ပုံမှန်ဆိုရင် အတော်ခက်ခဲလှတာပါ..။ဒါက လင်းဖန်ကိုယ်တိုင်..ကလေးတွေကို သေချာ သင်ကြားပေးဖို့လည်း လိုအပ်ပါသေးတယ်..။

"ဟေး..."

လင်းဖန် ..အံ့ဩစွာ ရေရွတ်လိုက်တယ်..။သူ နန်ရှမ်းဂေဟာကို ရောက်တဲ့ အချိန်မှာ..ကျိုးမင်ချင်းရဲ့ ကားကို တွေ့လိုက်ပြီး သူ့ရဲ့..ဒါရိုက်ဘာကတော့ ကားထဲမှာ..အနားယူနေခဲ့ပါတယ်..။

ကျိုးမင်ချင်း လည်း နန်ရှမ်းဂေယာကို ရောက်နေတာလား..။

သူ အထဲကို ဝင်သွားတဲ့ အချိန်မှာ ကျိုးမင်ချင် က အမှန်တကယ် အထဲကို ရောက်နေခဲ့ပါတယ်..။

"မင်ချင်း ဘာလုပ်နေတာလဲ.."

လင်းဖန် လှမ်းမေးလိုက်တာပါ..။

ကျိုးမင်ချင်းဟာ ကလေးတွေ ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးနေတုန်းမှာပဲ..လင်းဖန် ရောက်လာတာကို တွေ့ပြီး..လုပ်နေတာတွေကို ရပ်လိုက်တယ်..။သူ ပြောလိုက်တယ်..

"ဆရာ..ကျွန်တော် ကလေးတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့ ရောက်နေတာပါ..။ဒီတစ်လော ရာသီဥတုက အေးနေတော့..ဖျားနာရတာ လွယ်ကူတယ်လေ.."

"အခြေအနေ ဘယ်လိုလဲ.."

လင်းဖန် ပြုံးပြီး မေးလိုက်တယ်..။

"ခင်ဗျား လတ်တလော ဘာလုပ်နေတာလဲ..။အခြေအနေ တစ်ခုခု ပြောင်းလဲတာ ရှိသေးလား.."

ဒါကို ကြားတဲ့ အချိန်မှာ ကျိုးမင်ချင်း သက်ပြင်းချပြီး ပြောလိုက်တယ်..။

"ဆရာ..ဥာဏ်ကောင်းစေသော ဆေးလုံးက သာမန်မဟုတ်ဘူး..။ဒီဆေးကို သောက်ပြီးကတည်းက ဆန်းကျယ်တဲ့ ခံစားမူတွေကို..ရရှိခဲ့တယ်..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒါက သူ ဖော်စပ်ထားတဲ့ ဆေးလုံးပါ..။ဒါကို သောက်ပြီးသွားလို့ရှိရင်..ဦးနှောက်ကို မကြာခန ​အသုံးပြုပြီး လေလေ..ပိုပြီး အစွမ်းထက်လေလေ ပါပဲ..။အကျိုးသက်ရောက်မူကို ထိုင်ပြီး စောင့်နေရင်တော့..ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး..။

ကျိုးမင်ချင်း သူ့ဆရာ လက်ထဲက အိတ်ကို ကြည့်ပြီး သိချင်စွာ မေးလိုက်တယ်..။

"ဆရာ..အိတ်ထဲက ဘာတွေလဲ..."

လင်းဖန် ပြုံးပြီး အိတ်ကို ဖွင့်လိုက်ပါတယ်..။ကျိုးမင်ချင်း အိတ်ထဲက အရာကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ့ အသံဟာ အံ့ဩနေခဲ့ပြီး ပြောလိုက်ပါတယ်..။

"ဆရာ..ဒါ...ဒါက..."

ကျိုးမင်ချင်း အိတ်ထဲမှာ ရှိတဲ့ ဆေးတွေကို ကျိန်းသေ မှတ်မိပါတယ်..။ဒါက..သူ့ဆရာ ဖော်စပ်ဖူးတဲ့ ဥာဏ်ကောင်းစေသော ဆေးလုံးတွေပါ...။ကြည့်ရတာတော့ အရည်အသွေးက...သူ့မာစတာ ပြောထားတဲ့..ပြီးပြည့်စုံသော အဆင့်ပါပဲ..။

ရုတ်တရက် ကျိုးမင်ချင်း နားလည်သွားခဲ့တယ်..။သူ ပြောလိုက်တယ်...။

"ဆရာ..ဒီကလေးတွေကို ဥာဏ်ကောင်းစေသော ဆေးလုံး..တိုက်မလို့လား..။အဲလိုလား..."

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျား ပြောတာ မှန်တယ်..။ကျုပ်ဒါကို ကလေးတွေကို တိုက်မလို့..။ခငိဗျားလည်း တွေ့တဲ့ အတိုင်းပဲ ဒီကလေး တွေက..အရမ်းကို သနားဖို့ကောင်းတယ်လေ..။သူတို့က တစ်ခြားကလေးတွေ နဲ့ မတူဘူး..သူတို့ကြီးလာရင်..ငြိမ်းချမ်းတဲ့ မိသားစုလေး တစ်ခု..ဖြစ်မလာနို်င်မှာကို ကျုပ်စိုးရိမ်မိတယ်..။ဒါကြောင့် ကျွန်တော် သူတို့ကို ပိုပြီး ဥာဏ်ကောင်းတဲ့ ကလေးတွေ ဖြစ်စေချင်တာ..။ပြီးတော့ သူတို့အတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးစေချင်တယ်လေ.."

ကျိုးမင်ချင်း ..သူ့ရဲ့ဆရာကို စိုက်ကြည့်နေခဲ့တယ်..။သူ့ဆရာ ကလေးတွေကို ဒီလို ဆန်းကျယ်တဲ့ အရာပေးလို့ အံ့ဩတာ မဟုတ်ပဲ..သူ့ဆရာမှာ ဒီလို နှလုံးသား ရှိတာကို အံဩမိတာပါ..။

တကယ်လို ဒီလိုဆေးလံူးတွေသာ တစ်ခြားလူတစ်ယောက်ယောက်ကို ရသွားရင်..ဒီလိုမျိုး ရက်ရက်ရောရော ပေးနိုင်မှာ မဟုတ်ပါဘူး..။သူကိုယ်တိုင် ဆိုရင်တောင် ဒီလိုမျိုး ပေးလိုက်နိုင်မယ် ဆိုတာ မသေချာပါဘူး..။

လင်းဖန် ပြောလိုက်တယ်..။

"ဘာလို့လဲ..။ပြသနာ တစ်ခုခု ရှိလို့လား.."

ကျိုးမင်ချင်း ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"ပြသနာ မရှိဘူး..။ကျွန်တော် ဆရာ့ကို အတော် လေးစားလို့ပါ.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"လုံလောက်ပြီ..ကျုပ်ကို မြှောက်နေဖို့ မလိုပါဘူး..။ခင်ဗျားပြောတာတော့..အထက်မျိူးဆက်ကဆိုပြီးတော့ ကလေးတွေလိုမျိုး ပြုမူနေတယ်.."

ကျိုးမင်ချင်း ရယ်မောပြီး ပြောလိုက်တယ်..။

"ဆရာ..ကျွန်တော့်ရဲ့ နှလုံးသားကတော့ ငယ်ရွယ်တယ်လေ..။အသက်ကြီးတာနဲ့ နှလုံးသားက ပြောင်းလဲတာတာ မှမဟုတ်တာ..။ဆရာသာ ကျွန်တော် ငယ်ငယ်က ပုံကိုမြင်ရင် ကြောက်ပြီး.မောင်းထုတ်လိမ့်မယ် ထင်တယ်.."

လင်းဖန် ခေါင်းခါယမ်းပြီး ရယ်မောလိုက်တယ်..။

"ကြည့်ရတာတော့ ခင်ဗျားရဲ့ အခုချိန်က ငယ်ငယ်ကထက်တောင် ပိုဆိုးမယ်ထင်တယ်..။ကောင်းပြီ ကလေးတွေကို အကြောင်းကြလိုက်တော့..။ဒီ ထူးခြားချက်တွေကို တစ်ခြားလူတွေကို မပြောနဲ့ဦး..။ခင်ဗျားနဲ့ ကျုပ်ပဲ..သိထားတာကောင်းမယ်.."

"သိပါပြီ.."

ခနကြာပြီးနောက်..။

ဟန်လု နဲ့ ဒါရိုက်တာ ဟောင်တို့ ရောက်လာခဲ့တယ်..။

ဟန်လု သိချင်စွာ မေးလိုက်ပါတယ်..။

"မာစတာလင်း..အိပ်ထဲက ဘာတွေလဲ.."

လင်းဖန် လျို့ဝှက်ချက်တွေ ပြည့်နေတဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်..။

"ဒါက ကောင်းမွန်တဲ့ အရာပဲ..ကလေးတွေကို အများကြီး အကျိုးသက်ရောက်စေလိမ့်မယ်..။ဒါပေမဲ့ ဘာလဲ ဆိုတာတော့ ငါ ..ပြောပြလို့ရမှာ မဟုတ်ဘူး.."

ဟန်လု အရမ်းသိချင်နေခဲ့ပါတယ်..။သို့ပေမယ့် မာစတာလင်းက မပြောချင်ဘူးဆိုမှတော့ ထပ်ပြီး မေးမနေတော့ပါဘူး..။သူ နန်ရှမ်းကလေး ဂေဟာမှာ..ရောက်နေပြီ ကြာတာကြောင့် သူ့ရဲ့ စိတ်အခြေအနေကလည်း နောက်ထပ် အဆင့်တစ်ခုကို ရောက်နေခဲ့ပါပြီ..။

တည်ငြိမ်မူ..ရင့်ကျတ်မူ..အတွေ့အကြုံရှိမူတွေ အများကြီးပါပဲ..။သူက အရင်ကလို..ရန်လိုမူ..ပြိုင်ဆိုင်မူ..ကြမ်းတမ်မူတွေ မရှိတော့ပါဘူး..။

ဒီလို ပြောင်းလဲမူတွေ ဆိုတာက မာစတာလင်းကြောင့်ပါပဲ..။မာစတာ လင်းကြောင့်သာ မဟုတ်ရင် သူ ဒီအခြေအနေကို ရောက်နိုင်မှာ မဟုတ်ပေ..။

ကလေးတွေ ထွက်လာခဲ့တယ်..။

"ဝိူး..အန်ကယ်လင်းက မုန့်ယူလာတယ်.."

"အမြန်တန်းစီးကြ..မတိုက်ခိုက်ကြနဲ့.."

လီဖက်တီးက ဦးဆောငိပြီး ကြေညာလိုက်တာပါ..။လီဖက်တီးက ဒီနေရာမှာ ခေါင်းဆောင်တစ်ယောက်လိုတောင် ဖြစ်နေခဲ့တာပါ..။

ကလေးတွေဟာ လီဖက်တီးရဲ့ စကားကို နားထောင်လိုက်ကြတယ်..။သူတို့ သေချာတန်းစီလိုက်ကြပြီး လင်းဖန် လက်ထဲမှာ ရှိနေတဲ့..အိတ်ကိုသာ စိုက်ကြည့်နေခဲ့ကြပါတယ်..။အထဲမှာ ဘယ်လိူမုန့်တွေ ရှိနေလဲ ဆိုတာကို သူတိူ့ သိချင်နေခဲ့ကြတာပါ..။

လီဖက်တီး နှပ်တွေိကို သုတ်လိုက်ပြီး..အကုန်လုံးကို ဂရုတစိုက်ကြည့်ကာ ပြောလိုက်တယ်..။

"ကောင်လေး ဟွေ..မင်းအစ်မကို ရှေ့မှာ တန်းစီ ခိုင်းသင့်တယ်နော်.."

ကောင်လေးဟွေးက မုန့်ကို အရင်စားချင်တာကြောင့် တန်းစီတဲ့ နေရာမှာ အသိမသာ ခိုးယူပြီး ရှေ့ကို လာလိုက်တာပါ..။ဒါကို လီဖက်တီး သတိထားမိသွားလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။

"မင်းသေချာ မှတ်ထား..။မိန်းကလေးတွေကို အရင်ဦးစားပေးရမယ်.."

လီဖက်တီး ပြောလိုက်တာပါ..။သူ လူတွေ အကုန်လုံးကို သေချာ ကြီးကြပ်နေခဲ့ပါတယ်..။

လင်းဖန် နဲ့ ကျန်တဲ့လူတွေဟာ ဒါကိုမြင်တဲ့ အချိန်မှာရယ်မောလိုက်ကြတယ်..။ဒီ လီဖက်တီးလေးကတကယ်ကို စွမ်းဆောင်နိုင်စွမ်းရှိတာပါ..။

အဲ့အချိန်မှာတော့ လီဖက်တီးဟာ သူပြောထားတဲ့ မိန်းကလေးကို ဦးစားပေးရမယ် ဆိုတဲ့ စကားကို မေ့နေပြီး ရှေ့မှာ တန်းစီနေခဲ့တယ်..။သူ လက်တွေကို ဖွင့်ထားပြီး မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်နေခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"လီဖက်တီး မိန်းကလေးတွေကို ဥိီးစားပေးရမှာ မဟုတ်ဘူးလား..။မင်းက ဘာလို့ ရှေ့ကို ရောက်နေတာလဲ.."

လီဖက်တီး ရယ်မောပြီး ပြောလိုက်တယ်..။

"ကျုပ်က..သူတို့ရဲ့ ခေါင်းဆောင်ဆိုတော့ အရင်တန်းစီ သင့်တယ်လေ.."

လင်းဖန် သူ့ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"မင်းဒီလို မမျှမတ မလုပ်သင့်ဘူးလေ..။မင်းအရင်က ဒါကို စားပြီးပြီ ဆိုတော့..ဘေးမှာရပ်ပြီး တန်းစီတာကို သာ ဂရုစိုက်ပေ.."

လီဖက်တီး သက်ပြင်းချပြီး ပြောလိုက်တယ်..။

"စိတ်မကောင်းတောင် ဖြစ်သွားပြီ.."

လင်းဖန် ခေါင်းခါယမ်းပြီး ရယ်မောလိုက်တယ်..။ဒီဖက်တီးက တကယ်ကို သရုပ်ဆောင်ကောင်းတာပါ..။ပြီးတဲ့နောက်မှာ သူ ကလေးတွေကို ဆေးစတင် ဝေပေးလိုက်တယ်..။

ဒါရိုက်တာ ဟွန်နဲ့ ဟန်လုဟာ..ရွှေရောင်ဆေးကို မြင်ပြီး ကြောင်အသွားခဲ့ကြတယ်..။ဒါက ဘာဆေးမှန်း မသိကြပါဘူး..။သို့ပေမယ့် ကလေးတွေကျတာ့ ရွှေရောင် တောက်ပနေတဲ့ ဆေးကို မြင်ပြီး သဘောတွေ ကျနေခဲ့ကြပါတယ်..။

လင်းဖန် ကလေးတွေ သောက်တာကို ကိုယ်တိုင် အတည်ပြုပြီးမှ နောက်တစ်ယောက်ကို ထပ်သောက်ခိုင်းပါတယ်..။

တကယ်လို့ ကလေးတစ်ယောက်ယောက်ကသာ မသောက်ဖြစ်ရင် သူ့မစ်ရှင်က အောင်မြင်မှာ မဟုတ်ပါဘူး..။ဒီနေ့ပြီးမှ ဘယ်ကလေး မသောက်ဖြစ်လဲ ပြန်စစ်ဆေးရမယ် ဆိုရင် ပိုခက်ခဲရမှာပါ..။ဒါကြောင့် သူသေချာအောင် လုပ်ရပါမယ်..။

ဘာပဲဖြစ်ဖြစ် ဥာဏ်ကောင်းစေသော ဆေးလုံးဆိုတာ လွယ်လွယ်နဲ့ ရထားတဲ့ အရာမဟုတ်ပါဘူး..။

တစ်နာရီလောက် ကြားသွားခဲ့တယ်..။

ကလေးတွေ အကုန်လုံး ဆေးကို ​သောက်ပြီးသွားခဲ့ကြပါ့ပြီ..။

အဲ့အချိန်မှာပဲ စွယ်စုံကျမ်း ရဲ့အသံဟာ နောက်ဆုံးတော့ မြည်လာခဲ့ပါတော့တယ်..။

မစ်ရှင် ပြီးမြောက်သွားပါပြီ..။

လင်းဖန် ရဲ့ မျက်နှာမှာတော့ ကျေနပ်တဲ့ အ

All Chapters