← Chapters

လင်းဖန်ကျေးဇူးတင်ပါတယ်

Vol. 10 Ch. 136

လင်းဖန်ကျေးဇူးတင်ပါတယ်

Vol. 10 Ch. 136

“တောက်ပသောနေမင်း” အကောင့်ကတင်တဲ့ ဤဆောင်းပါးကို ဆန်းမီ နှင့် အခြားသူများ ကလျင်မြန်စွာ သတိပြုမိခဲ့သည်။

ဆန်းမီကဤဆောင်းပါးကိုလူများပိုမိုသိရှိရန်သူမ၏ပရိတ်သတ်များကိုရှယ်ခိုင်းလိုက်သည်။

ဒီဆောင်းပါးသည်တစ်ဖြည်းဖြည်းချင်းလူသိများလာတော့သည်။

(ဖားဘုရင်:ဓာတ်ပုံထဲမှာပြထားတာတွေကသနားစရာပဲ)

(ဘုရင်- ဟုတ်တယ်။ငါလဲပဲဓာတ်ပုံထဲမှာ မြင်လိုက်ရတော့အရမ်းကိုဝမ်းနည်းသွားခဲ့တယ်!)

(အမှန်တရားဘက်တော်သား- အမေရိကန်နဲ့ ဂျာမနီကလူတွေတောင်ငလျင်ကြိုတင်ခန့်မှန်းစက်ကို မတီထွင်နိုင်သေးပေ။တို့ကြောင့်ဒါကို ကျွန်တော် အံ့ဩမိတယ် တရုတ်နိုင်ငံက လူတစ်ယောက်က ငလျင်ကြိုတင်ခန့်မှန်းစက်ကို ဘယ်လို တီထွင်ခဲ့လဲ မသိဘူး။)

(အမည်မဲ့-ငါလဲအပေါ်ကပြောတာကိုထောက်ခံသည်။)

(လေရီ- ဟူတ်တယ်အဲ့လိုအလိမ်ညာသတင်ယကိုလွှင့်ရတယ်လို့။)

…………

သိပ်မကြာခင်မှာပဲ တောက်ပသောနေမင်းဟာ Weibo ရဲ့ အဟော့ဆုံးစာရင်းမှာ ပါဝင်ခဲ့သည်။

စာဖတ်သူနဲ့ ပရိသတ် အရေအတွက် တိုးလာနေတာကို ကြည့်လိုက်တော့ ချမ်ဇူကချက်ချင်းပျော်ရွှင်သွားတော့သည်။

ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

[ရွှေဆရာကြ- ယနေ့ဆောင်းပါးကတော်တော်ကောင်းတယ်၊ဆန့်ပြိးရေးပါ။ယခု ဦးစွာ သင့်အား ဘောနပ်စ် ၁ သန်း ပေးမည်။ 】

ချက်ခြင်းပဲ၊ ချမ်ဇူရဲ့ ဆဲလ်ဖုန်းက တုန်လှုပ်သွားပြန်ငည်။

[တရုတ် ဘဏ်၊ ယွမ် ၁,၀၀၀,၀၀၀ ရရှိသည်။ 】

ဒါကိုမြင်ကြီးနောက်တွင်ချမ်ဇူဝမ်းသာသွားခဲ့သည်။

ထို့နောက် ကီးဘုတ်ပေါ်တွင် လက်ကိုတင်ကာ အမြန်စာရိုက်ကာ ဆက်လက်ဝေဖန်မလိုအလုပ်လိုက်သည်။

…………

ပေကျင်း၊ ဇောင် အိမ်။

ဇောင်တန်က သူ့ရှေ့က အချက်အလက်တွေကို သေချာကြည့်ပြီး

“”သိပ်မကြာခင်မှာပဲ လင်းဖန်က ၅ ရက်ကြိုတင်ခန့်မှန်းနိုင်တဲ့ ငလျင်ကို တီထွင်ခဲ့ပြီး သိပ္ပံအကယ်ဒမီရဲ့ ကျွမ်းကျင်သူအားလုံးရဲ့ သုံးသပ်ချက်ကိုလည်း အောင်မြင်ခဲ့တယ်လို့ ဆိုသည်။ဒါကိုမသိတဲ့လူတွေကလင်းဖန်မကောင်းသတင်းကိုပြောနေတာလား”

ဇောင်တန်၏ လေသံသည် ငြိမ်သက်ပြီးပြောနေသည်။

သို့သော် သူ့ဘေးတွင် ရပ်နေသော ဇောင်စန်းဟိုင် သည် အဘိုးအိုသည် အမှန်တကယ် စိတ်ဆိုးနေကြောင်း နားလည်သည်။

ဇောင်တန် သည် ဇောင် မိသားစုကို ထိပ်တန်းမိသားစုလေးခုထဲမှ တစ်ခုအဖြစ် ပြောင်းလဲရန် သူ့ကိုယ်ပိုင်စွမ်းအားကို အားကိုးခဲ့သည်။

ဤသို့တိုးတက်လာရခြင်းမှာ သူမတူတဲ့အရည်အချင်းကြောင့်ပင်ဖြစ်သည်။

ပြီးတော့သူသည် မျိုးချစ်စိတ်ရှိပြီး တိုင်းပြည်အပေါ် သစ္စာရှိသောကြောင့်ဖြစ်သည်။

ယနေ့တွင် ဇောင်တန်သည် သိပ္ပံပညာရှင်တစ်ဦးအား အလေးအနက်ထားသည်အထူးသဖြင့် ဤသိပ္ပံပညာရှင် ... သို့မဟုတ် လင်းဖန်​ဖြစ်သောကြောင့်ပင်ဖြစ်သည်။

လင်းဖန်က သူ့အသက်ကို ကယ်ခဲ့တာ သိသင့်သည်။

ဒါကြောင့်ဇောင်တန်ရဲ့ နှလုံးသားထဲက ဒေါသကို မြင်ယောင်ကြည့်နိုင်သည်။

အချိန်အတော်ကြာပြီးနောက်၊ ဇောင်တန် “ဖျော်ဖြေရေးစက်ဝိုင်းကို ဆက်သွယ်လိုက်”

…………

ပေးကျင်း၊ ကျူ အိမ်။

လင်းဖန်အဘိုး၏မွေးနေ့ပြီးနောက်၊ ကျူဝမ်မင်သည် ၎င်း၏မြေးဖြစ်သူနှင့်အတူ ပေကျင်းသို့ ပြန်လာခဲ့သည်။

ယခုအချိန်တွင် ကျူဝမ်မင်သည် ပတ်လက်ကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်။

ထိုအချိန်တွင် ပခုံးပေါ်၌ ကြယ်တံဆိပ်ကို တပ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကျူဝမ်မင်စီသို့ လျှောက်လာခဲ့သည်။

ကျူဝမ်မင်က လာတဲ့သူကိုကြည့်ပြီး “ရှောင်ယူ၊ ဘာကိစ္စရှိလို့လဲ?”

“ခေါင်းဆောင်၊ လင်းဖန် နောက်ငါးရက်အတွင်း ကြိုတင်ခန့်မှန်းနိုင်သော ငလျင်ကြိုတင်ခန့်မှန်းစကို တီထွင်ခဲ့သည်။” ရှောင်ယူက ပြောလိုက်သည်။

“အိုး? ဒီ လင်းဖန် က တကယ်ကို အံ့သြစရာပဲ! သူက သင်္ချာနဲ့ ဆေးပညာကိုလဲသိတယ်။ အခုလဲငလျင်ကြိုတင်ခန့်မှန်းစက်တီထွင်ခဲ့တယ်။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”

ကျူဝမ်မင် က စကားပြောနေစဉ်တွင် သူ၏ မျက်လုံးများက တောက်ပလာပြီးနောက် မတ်တပ်ထရပ်လိုက်သည်။

သိသာထင်ရှားသည်က သူသည် ဤသတင်းကြားရသောအခါတွင် အလွန်ပျော်နေတယ်ဆိုတာ​ပင်ဖြစ်သည်။

အရင်တုန်းကကျူဝမ်မင်သည် ပြည်သူများကို ဒုက္ခမပေးစေလိုသောကြောင့်ကျူးကျော်သူများကို မောင်းထုတ်ခဲ့သည်။

သို့သော်လည်း ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကိုမူသူလုံးဝ မောင်းမထုတ်နိုင်ပေ။

ထို့ကြောင့် ကျူဝမ်မင်သည် ငလျင်လှုပ်သည့်အချိန်တိုင်းတွင်စိတ်မကောင်းဖြစ်မိသည်။

အခုဆို တစ်စုံတစ်ယောက်က နောင်၅ရက်အတွင်း ငလျင်ကြိုတင်မှန်းဆချက်စက်ကို တီထွင်ခဲ့တယ်ဆိုတာကို ကြားရသည်။

ဒါက ပြည်သူတွေရဲ့ ဒုက္ခကို သိသိသာသာ လျော့ပါးသွားမည်​ဖြစ်သည်။

ဒါက သူ့ကို ဘယ်လိုလုပ်မပျော်ရွှင်ပဲနေမှာလဲ။

ကျူဝမ်မင်က ကျေနပ်သော်လည်း ရှောင်ယူအနည်းငယ် ချီတုံချတုံဖြစ်နေပုံကိုကျူဝမ်မင်ကမြင်ပြီး “တခြားအရာတွေရှိသေးလို့လား’’ လို့ မေးလိုက်သည်။

“ဒါ ...လင်းဖန်က အခု အင်တာနက်မှာ တိုက်ခိုက်ခံနေရတယ်။” ရှောင်ယူက ပြောသည်။

ဒါကို ကျူဝမ်မင်ကြားလိုက်ရတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နောက် ရှောင်ယူသည် စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။

ဒီစာရွက်စာတမ်းများကိုကျူဝမ်မင် က မြန်မြန်ကြည့်လိုက်သည်။

“ဘုတ်”

နောက်အခိုက်အတန့်တွင် စာရွက်စာတမ်းများကိုကြမ်းကြမ်းထမ်းထမ်းပစ်ချလိုက်ရာစယးပွဲတောင်ကျိုးသွားလေသည်။

ဤဖြစ်စင်ကိူမြင်​ပြီးနောက်တွင်အချက်အလက်များကိုဖတ်ပြီးနောက် ကျူဝမ်မင်မည်မျှဒေါသထွက်နေသည်ကိုသိနိုင်သည်။

“ကောင်းတယ် ကောင်းတယ် သရုပ်ဆောင်အမျိုးသမီးတစ်ယောက်ကတိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ပေးနေတဲ့သိပ္ပံပညာရှင်တစ်ယောက်ကို ပြောင်ပြောင်တင်းတင်း ဆဲဆိုနေတာလား။ ဘယ်လောက်တောင်သတ္တိရှိလိုက်လဲ။”

…………

မဆင်းရဲမချမ်းသာတဲ့အိမ်။

ချမ်ဇူသည် စာဖတ်သည့်လူနဲ့မှတ်ချက်များ လျင်မြန်စွာ တိုးလာနေသည့် ပရိသတ်အရေအတွက်ကို ကြည့်လိုက်ကာ မတ်တပ်ရပ်ပြီးဘဲက ကနေလိုက်သည်။

“ငါ ချမ်းသာသွားပြီ၊ ဒီတစ်ခါတော့ ငါတကယ်ချမ်းသာသွားပြီ!”

“ဒေါက် ဒေါက်!”

ထိုအချိန်တွင် အပြင်ဘက်ကနေတံခါးခေါက်သံရုတ်တရက် ထွက်ပေါ်လာသည်။

ချမ်ဇူက မျက်မှောင်ကြုတ်ပြီး “ဘယ်သူလဲ?”

“ပစ္စည်းလာပို့တာပါ!”

ချမ်ဇူက “ပစ္စည်းလာပို့တာလား ငါဘာမှမဝယ်ထားပါဘူး။”

ပဟေဠိဖြစ်ပေမဲ့ လဲတံခါးကိုဖွင့်လိုက်သည်။

နောက်တခဏတွင်၊ စုံစမ်းစစ်ဆေးသူအုပ်စုကြီးသည် ပြေးဝင်လာကြသည်။

ချမ်ဇူက ထိတ်လန့်သွားပြီး တုံ့ပြန်ဖို့ အချိန်မရှိလိုက်ပေ။

“ဗွမ်း!”

စုံစမ်းစစ်ဆေးသူများသည်ချမ်ဇူကိုသတိလစ်အောင်ရိုက်ပြီးဖမ်းခေါ်သွားကြသည်။

…………

စီချွမ် မြို့ ဆေးရုံ။

ဆန်းမီသည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော်လဲသူမ၏မျက်နှာပေါ်တွင် အပြုံးများဖြင့်ပြည့်နေသည်။

ဒီကားမတော်တဆမှုကြောင့် သူမဟာ သူမရဲ့နာမည်ကျော်ကြားမှုကို မဆုံးရှုံးခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့်သူမကိုလူကြိုက်များစေခဲ့သည်။

ဆန်းမီ သည် အနာဂတ်တွင် မရေမတွက်နိုင်သော ပိုက်ဆံများကိုတွေးကာပြုံးနေခြင်းဖြစ်သည်။

“ကလင် ကလင်!”

ထိုအချိန်တွင် သူမ၏ခေါင်းအုံးဘေးတွင် ထားရှိသည့် ဖုန်းသည်အသံမြည်လာသည်။

ဆန်းမီသည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် အားကောင်းလာတော့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူမနှင့်လက်မှတ်ထိုးထားသော ကုမ္ပဏီ၏ သူဌေးထံမှ ခေါ်ဆိုမှုကြောင့်ပင်ဖြစ်သည်။

လူကြိုက်များလာတော့ဘော့စ်က သူ့မကို ဂုဏ်ပြုဖို့ ဆက်တာဖြစိမယ်ဟုသူမတွေးလိုက်သည်။

ဒါပေမယ့် ဆန်းမီ က ဖုန်းဖြေပြီးတာနဲ့ အထဲကနေ​ဒေါသထွက်နေသောအသံထွက်ပေါ်လာသည်။

“ဆန်းမီမင်း ဘာလုပ်လိုက်တာလဲ”

“အခုလေးတင်၊ ရုပ်ရှင်၊ တီဗီ၊ ကြော်ငြာ... မီဒီယာလုပ်ငန်းအားလုံးက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလုံးဝဖြတ်တောက်ပစ်လိုက်တယ်။”

“အလုပ်သမားအရင်းအနှီးကုမ္ပဏီ တီဗီဒရာမာတွေ၊ ရုပ်ရှင်တွေ၊ ကာတွန်းတွေ... အခုတော့ အားလုံးက ငါတို့နဲ့အတူအလုပ်မလုပ်တော့ဘူး”

“မင်းငါ့ကိုဘာလိုရှင်းပြမှာလဲ”

ဆန်မီ အံ့ဩသွားပြီး မည်သို့ရှင်းပြရမည်ဆိုတာကိုသူမလုံးဝမသိပေ။

ထိုအချိန်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကြီးသည် ဆေးရုံတံခါးဝသို့ ရုတ်တရက် ပြေးဝင်လာကြသည်။

“ဆန်းမီငါတို့မင်းကိုအရေးပေယ်ဖမ်းစီးလိုက်ပြီ”

…………

တစ်ချိန်တည်းမှာပင်၊ လင်းဖန်ကို ဆဲဆိုစော်ကားခြင်းနဲ့ပတ်သက်တဲ့ အင်တာနက်ပေါ်က အချက်အလက်အားလုံးဟာ အရင်က တစ်ခါမှ မပေါ်ဖူးသလို ရုတ်တရက် ပျောက်ကွယ်သွားကြတော့သည်။

လူအများ ပဟေဠိဖြစ်သောအခါ နေ့စဉ်သတင်းစာကနေသတင်းတစ်ပုဒ်ကိုထုတ်ပြန်ခဲ့သည်။

[နောက် ၅ ရက်အတွင်း ငလျင်များကို ကြိုတင်ခန့်မှန်းစက်ကိုတီထွင်ခဲ့သောကျန့်ပေ့ တက္ကသိုလ်မှ လင်းဖန်အား ဂုဏ်ပြုပါသည်။ ဤသုတေသနပြုမှုသည် ငလျင်ကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်များကို များစွာလျှော့ချနိုင်ပြီး မရေမတွက်နိုင်သော အသက်နှင့် ပိုင်ဆိုင်မှုများကို ကယ်တင်နိုင်မည်ဖြစ်သည်။ လင်းဖန်ကို စိတ်ရင်းမှန်ဖြင့် ကျနော်တို့ကျေးဇူးတင်ပါတယ်။ 】ကမ္ဘာတွင်ငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters