← Chapters

ချီးမွမ်းခြင်းများစွာ

Vol. 10 Ch. 137

ချီးမွမ်းခြင်းများစွာ

Vol. 10 Ch. 137

နေ့စဉ်သတင်းကထုတ်ပြန်လိုက်တာကိုမြင်ပြီး

စောစောက လှည့်စားခံရမှန်း လူတိုင်းသိသွားကြသည်။

(ကောက်ညှင်းပေါင်း၊ လင်းဖန်၊ မင်း ကြိုးကြိုးစားစား လုပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်!)

(စတော်ဘယ်ရီဖျော်ရည်- လင်းဖန်၊ မင်း ကြိုးကြိုးစားစား လုပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်!)

(သစ္စာရှိလင်-လင်းဖန်၊ မင်း ကြိုးကြိုးစားစား လုပ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်!)

...

(အမှန်တရားဘက်တော်သား- တောက်ပသောနေမင်းအကောင့်ကိုင်ရှင်ကိုတကယ်မုန်းမိတယ်။ ဒီအကောင့်ကတင်ထားသောဓာတ်ပုံများသည် “War of Resistance” ရုပ်ရှင်မှ စခရင်ရှော့ဖြစ်နေတယ်ဆိုတာကိုသိလိုင်သည်။မင်းတို့ မယုံပါက၊ ဇာတ်ကားနာမည်ဖော်ပြထားသည်မို့သွားကြည့်နိုင်သည်)

(ဂျီ- ဒါဆိုငါတို့ကလှည့်စားခံလိုက်ရတာပေါ့)

(လီနင်-ကျနော်ကဒီဓာတ်ပုံတွေကိုမြင်တော့သွားကြည့်လိုက်တာဘာမှမဖြစ်ဘူးဆိုတာကိုကျနော်အခုမှသိလိုက်တယ်။)

(ဖူရန်: ဟုတ်တယ်တောက်ပသောနေမင်းအကောင့်ပိုင်ရှင်ကိုဖမ်းပေးပါ)

(ဝမ်-ဒီတောက်ပသောနေမင်းအကောင့်ပိုင်ရှင်ကနိုင်ငခြားကိုအထင်ကြီးပြီးငါတို့တရုတ်ကိုတော်တော်အထင်သေးတာပဲ)

ရုတ်တရက် ကွန်ရက်တစ်ခုလုံး ပွက်ပွက်ဆူညံ့သွားကြသည်။

(ငါကလူ-တောက်ပသောနေမင်းကဘာမို့ခွေးလိုသတင်းမျိုးကိုတင်ရတာလဲ)

(သခင်မိုရူ- ငါအရင်က မျက်စိကန်းခဲ့တာဖြစ်မယ်၊ ဆန်းမီကိုအားပေးခဲ့တယ်ဆို)

...

အပြင်းအထန် ဆွေးနွေးမှုသည်နောက်ဆုံးတွင် ဇန်နဝါရီ ၂ ရက်နေ့ ၁၅ နာရီ ၃၀ မိနစ်သို့ရောက်ရှိ လာကြ သည်။

“ဗွမ်း!”

ဖူမြို့ကြီးတစ်ခုလုံးသည် အချိန်အတော်ကြာ တုန်လှုပ်သွားကာ အချိန်အတော်ကြာ ပြိုကျပျက်စီးနေပြီး လူနေထိုင်သူမရှိသော အိမ်ဟောင်းများစွာ သည်မြေပြင်ပေါ်သို့ ပြိုကျကာ ပျက်စီးနေသော ရွှံ့များပြည့်နေသော လမ်းပေါ်တွင် စင်တီမီတာများစွာ ကျယ်သော မြောင်းများ ပေါ်လာသည်။

ကံကောင်းထောက်မစွာ၊ ဖူမြို့ မှလူတိုင်းသည် အရင်ရက်တွေတုန်းကသတင်းကိုမြင်ပြီးတစ်ခြားမို့သို့ပြောင်းရွှေ့သွားသောကြောင့်ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

ယင်းနောက် ဇန်နဝါရီ ၂ ရက် ၂၁ နာရီ ၃၀ မိနစ်တွင် စီချွမ်တွင် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်လေသည်။

ဇန်န၀ါရီလ ၃ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဟန်မြို့တွင် ပြင်းအား ၃ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ငလျင်တိုင်းကို တိကျစွာ ကြိုတင်ခန့်မှန်းထားနိုင်သောငလျင်ကြိုတင်ခန့်မှန်းစက်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်ဆိုတာကိုဤအချက်အလက်များကနေသက်သေပြဖို့လုံလောက်သည်။

ဒီအကြောင်းကြောင့်တစ်တိုင်းပြည်လုံးဆူညံနေသည်။

...

ဒါတွေကိုလင်းဖန်က မသိခဲ့ပါပေ။

ထိုအချိန်တွင် သူသည် ပန်လုံဗီလာတွင် တစ်ယောက်တည်း လဲလျောင်းနေပြီး လေးနက်စွာ အိပ်ပျော်နေသည်။

လွန်ခဲ့သည့်သုံးရက်အတွင်း သူသည် ချူစီရှင်းနှင့် ဟေးလင်းတို့နှင့် အတူရှိနေခဲ့သည်။

လင်းဖန်သည် သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မြှင့်တင်ထားသည့်တိုင်

သုံးရက်ဆက်တိုက် ကတော့ပင်ပန်းနေသေးသည်။

နှစ်သစ်ကူးနေ့ဖြစ်သောကြောင့် အိပ်ဆောင်ထဲတွင် ဆူညံသံအချို့ထွက်ပေါ်လာမည်မှာ မလွဲမသွေပင်ဖြစ်သည်။

ထို့ကြောင့် ပန်လုံဗီလာတွင် အနားယူရန် လင်းဖန်ကရွေးချယ်ခဲ့သည်။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! လျှို့ဝှက်မစ်ရှင်အားလုံးကသင့်ကို အားလုံးကချီးကျူးသောကြောင့်ငွေရောင်စာအိတ် ၅ စောင်ကို ရရှိသည်။ 】

ဒီအသံကိုကြားတော့ အချိန်အတော်ကြာ အိပ်ပျော်နေတဲ့ လင်းဖန်က သူ့မျက်နှာမှာ သံသယစိတ်တွေနဲ့ မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

“ချီးကျးတာ ဒါက ဘာလဲ။”

ယခင်နေ့တွင် သူသည် ချူစီရှင်း နှင့် ဟေးလင်းတို့နှင့်နေရန်သာ အာရုံစိုက်ခဲ့ပြီး ကျန်တဲ့အဖြစ်အပျက်တွေကို သူတကယ်မသိပေ။

လင်းဖန်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး “ဘာပဲဖြစ်ဖြစ် မေ့လိုက်ပါ၊ ဘာကို ရမလဲဆိုတာ ကြည့်ရအောင်” လို့သန်းဝေပြီးပြောလိုက်သည်။

[ငွေရောင်စာအိတ် ၅ အိတ်ကို ဖွင့်ချင်ပသလား။ 】

“ဟုတ်တယ်!”

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 500,000 လက်ခံရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း Bugatti Veyron (ကား)တစ်စီးရသည်။ 】

【ဒင်း! ဂုဏ်ယူပါသည်၊ သင့်တွင် Koenigsegg CCR(ကား) 1 ခုရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 300,000 လက်ခံရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ်၊ 10 ဆ တိုးမြင့်ကို ရရှိသည်။ 】

လင်းဖန်သည် ငွေရောင်စာအိတ်ဖွင့်ရာတွင်လေးအိတ်ကိုစိတ်ပျက်လက်ပျက်နဲ့ကြည့်နေသည်။

ဒါကိုတခြားသူတွေသိရင် ဘယ်လိုပုံစံဖြစ်မလဲ မပေ။

Bugatti Veyron(ကား) နှင့် Koenigsegg CCR (ကား)တို့သည် ယွမ် သန်း 20 ကျော်တန်စူပါကားများဖြစ်ကြသည် ။

ရလဒ်အနေနဲ့ လင်းဖန် ကဒါကို စိတ်ပျက်နေတာလား။

ထို့နောက် လင်းဖန်သည် ဆယ်ဆတိုးမြင့်သည့်ဆေးကို တိုက်ရိုက်စိုက်လိုက်သည်။

【10-ဆတိုးမြင့်ဆေး- အထူးသောက်ဆေး၊ သောက်ပြီးနောက်၊ ၎င်းသည် စိတ်ဓာတ်၊ တုံ့ပြန်မှု၊ အရှိန်၊ ခွန်အားနှင့် အခြားရှုထောင့်များကို 10 ဆတိုးမြင့်ပြီး အကျိုးသက်ရောက်မှုသည် 24 နာရီဖြစ်သည်။ 】

လင်းဖန်သည် ဒါကိုမြင်သောအခါ သူအနည်းငယ်ပြုံးလိုက်သည်။

ဒါဟာ သူ့ကို10 ဆ ချက်ခြင်း သန်မာလာအောင် လုပ်တဲ့အတွက် ဒါဟာ သေချာပေါက် ကောင်းမွန်တဲ့ ဆေးဖြစ်သည်။

လင်းဖန်သည် သူ့ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့ရှေ့တွင်ရှိသောသော့နှစ်ခုကိုတွေ့လိုက်သည်။ထို့နောက် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ Mercedes-Benz G အပြင်၊ တံခါးအပြင်ဘက်မှာ နောက်ထပ် စူပါပြိုင်ကားနှစ်စီး ရှိနေတယ်ဆိုတာကိုတွေ့လိုက်သည်။

သို့သော် လင်းဖန်သည် ၎င်းတို့ကိုမြင်သောလဲအောက်ထပ်သို့ဆင်းရန် မရည်ရွယ်ခဲ့ပေ။

အဲဒီအစား ဖုန်းကို ဖြည်းညှင်းစွာ ကောက်ဖွင့်လိုက်သည်။

[သင် 255 အနီရောင်စာအိတ်များကိုဖွင့်မည်လား 】

ဤသည်မှာ နှစ်သစ်ကူးနေ့တွင် ပစ္စည်းဝယ်ရန် ချူစီရှင်း နှင့် ဟေးလင်းတို့ကို ကူညီခြင်းဖြင့် ရသော အနီရောင်စာအိတ်များဖြစ်သည်။

“ဟုတ်တယ်!”

【ဒင်း! ဂုဏ်ယူပါတယ် 3 ယွမ် ရသည် 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည် 】

...

【ဒင်း! ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုနှစ်ထပ်ကတ်ကို ရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း 199 ယွမ်ရသည်။ 】

...

【ဒင်း! ဂုဏ်ယူပါတယ်၊ ၁ ယွမ်ကိုရရှိခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးကတ်ကို ရရှိခဲ့သည်။ 】

...

အနီရောင်စာအိတ် 255 စောင်ဖွင့်ရာတွင် လင်းဖန်သည် စုစုပေါင်း 352,211 ယွမ် ရရှိခဲ့သည်။

ဟုတ်ပါတယ်၊လင်းဖန်အတွက်ကတော့ပိုက်ဆံကကိန်းကဏန်းလောက်သာရှိသည်။

လင်းဖန်အတွက်အရေးကြီးသည်မှာကျွမ်းကျင်မှုနှစ်ထပ်ကတ်နှင့် သူအမြဲလိုချင်သော ကျွမ်းကျင်မှုအဆင့်မြင့်တင်ရေးကတ်ပင် ဖြစ်သည် ။

လင်းဖန်၏အမြင်တွင် ဤအရာနှစ်ခုသည် ငွေရောင်စာအိတ်ငါးလုံးထက် ပိုတန်ဖိုးရှိသည်။

လင်းဖန်သည် သူ၏မေးစေ့ကိုကိုင်လိုက်ပြီးမည်သည့်ကျွမ်းကျင်မှုအဆင့်ကိုမြှင့်တင်ရမည်ကို စဉ်းစားနေလေသည်။

“ကလင် ကလင်”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာအသံမြည်လာခဲ့သည်။

လင်းရှောင်ရီ ၏ခေါ်ဆိုမှုဆိုတာကိုသိတာနဲ့ချက်ချင်းကိုင်လိုက်သည်။

“အစ်ကို၊ ကျန်ပေ့တက္ကသိုလ်က လင်းဖန် က ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တယ်... အဲဒီလူက မင်းပဲမဟုတ်လား” လင်းရှောင်ရီက တိုက်ရိုက်မေးလိုက်သည်။

လင်းဖန်က ခဏလောက် ထိတ်လန့်သွားပြီး “မင်းဘယ်လိုသိတာလဲ”ဟုမေးလိုက်သည်။

“ဘာ အဲ့တာအဲ့တာအစ်ကိုပေါ့အံ့သြစရာပဲ” လင်းရှောင်ရီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters