ဆိုင်သစ်ဖွင့်ပွဲ
Vol. 10 Ch. 138
လင်းဖန်သည် ဖုန်းချသွားပြီးနောက် ငလျင်သတင်းများကို အင်တာနက်တွင် စတင်ရှာဖွေခဲ့သည်။
မြေငလျင်စင်တာက ငလျင်ကြိုတင်ခန့်မှန်းချက် မက်ဆေ့ချ်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် နေ့စဉ်သတင်းက သူ့ကိုယ်ချီးကျူးခဲ့တယ်ဆိုတာကိုသိလိုက်သည်။
ပြီးတော့သူ့ ရဲ့ ဓာတ်ပုံကို အွန်လိုင်းမှာ လွှင့်မတင်ထားပေ။
ဘာကြောင်ြလင်းရှောင်ရီက ဖုန်းဆက်မေးတယ်ဆိုတာကိုသိလိုင်သည်။
လင်းဖန်သည် အိမ်ထဲကနေထွက်လာပြီးBugatti Veyron (ကား)ဆီသို့ တည့်တည့်သွားကာ ၎င်းပေါ်တွင် တိုက်ရိုက်ထိုင်လိုက်သည်။
“ဗွမ်း!”
ကားအသစ်ကိုအရှိန်မြှင့်ကာ အပြင်သို့မောင်းသွားခဲ့သည်။
လင်းဖန်သည် တစ်ခုခုစားပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ တန်းတန်းမတ်မတ်မောင်းသွားခဲ့သည်။
ထိုအချိန်တွင်ကျန်ပေ့တက္ကသိုလ် တံခါးရှေ့တွင် တောက်ပသော စာတန်းများ ချိတ်ဆွဲထားသည်။
“ငလျင်ကြိုတင်ခန့်မှန်းစက်ကိုတီထွင်ခဲ့တဲ့ကျွန်ုပ်တို့ကျောင်းမှ လင်းဖန်အား ဂုဏ်ပြုပါသည်။”
အရင်အကြိမ်ကဇောင်၏ထင်မြင်ယူဆချက်နှင့် အမွှာအနှစ်သာရကို ဖြေရှင်းလိုက်သောအခါ လင်းဖန်သည် အတွေ့အကြုံတစ်ခုကိုရှိခဲ့သည်။
ထို့ကြောင့် သူ သည်ယခုဟာကိုဂရုမစိုက်ပေ။
104 အိပ်ဆောင်။
ဇောင်ချင်းဘိုသည် ဂိမ်းကစားရန် အလွန်အာရုံစိုက်နေသောကြောင့် လင်းဖန် တံခါးဝသို့ဝင်လာတာကိုတောင် သတိမထားမိပေ။
သိပ်မကြာခင်မှာပဲ မူဇောင်က စာအုပ်အနည်းငယ်နဲ့ အခန်းထဲသို့ဝင်လာခဲ့သည်။
လင်းဖန်ကိုတွေ့ပြီးနောက် “အစ်ကိုလင်း၊ မင်းပြန်လာပြီလား။ ငလျင်လှုပ်တာ...”
သို့သော် သူစကားမဆုံးမီတွင် ဂိမ်းကစားရန် အာရုံစိုက်နေဆဲဖြစ်သော ဇောင်ချင်းဘိုက ခုန်ထကာ “အစ်ကိုလင်း၊ မင်း ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တာလား။”
လင်းဖန်သည် သူ၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်ကို ကြည့်ပြီးရယ်ကာ “ငါ့ကလွဲရင် ဘယ်သူဖြစ်နိုင်မလဲ” ဟု မေးလိုက်သည်။
“သေရောကွာ!” ဇောင်ချင်းဘိုက အော်ပြောလိုက်သည် ။
“သေရော!” မူဇောင်သည် လည်း အော်ပြောလိုက်သည်။
ကျန်ပေ့တက္ကသိုလ် မှ လင်းဖန်သည်ငလျင်ကြိုတင်ခန့်မှန်းစက်အား တီထွင်ခဲ့သည်ကို သိရှိလိုက်သောအခါ ဓာတ်ပုံကို မမြင်ရကြသော်လည်း ၎င်းမှာ သူတို့၏အခန်းဖော်ဖြစ်ကြောင်း သံသယရှိကြသည်။
ဒါပေမယ့် လင်းဖန်က ဝန်ခံပြီးနောက်မှာတောင်သူတို့ ကအရမ်းအံ့သြနေကြဆဲပင်ဖြစ်သည်။
ဒါ ငလျင်ကြိုတင်ခန့်မှန်းစက်ဆိုတာ ကိုသိလား။
ကမ္ဘာပေါ်တွင် နည်းပညာမြင့်ထုတ်ကုန်တစ်ခုကို မည်သူမျှ မတီထွင်နိုင်သေးပေ။
ရလဒ်အနေနဲ့ သူ့တို့အခန်းဖော်က ဒါကို တီထွင်ခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထပ်မံထွက်ပေါ်လာသည်။
စုရီ မရောက်ခင်မှာ သူ့အသံက “မင်းတို့ဘာပြောနေတာလဲ”ဟုပြောလိုက်သည်။
သူသည်လင်းဖန်ကို မြင်သောအခါ “အစ်ကိုလင်း မင်းက ငလျင်ကြိုတင်ခန့်မှန်းစက်ကိုတီထွင်ခဲ့တာပဲ မဟုတ်လား။”
ထို့နောက် စုရီသည် လင်းဖန်ကို ပွေ့ဖက်ရန်သူ့လက်နှစ်ဖက်ကို ဆန့်ရှေ့သို့ လျှောက်လာသည်။
လင်းဖန်သည် စုရီကိုရှောင်ကာ”ငါ အဲဒါကို တီထွင်ခဲ့တယ်၊ ဒါပေမယ့် ငါ့မှာ အထူးဝါသနာ တော့မရှိဘူး”
စုရီ က သူ့ခေါင်းကိုကုတ်လိုက်ပြီး “အစ်ကို လင်း ငလျင်ကြိုတင်ခန့်မှန်းစက်ရဲ့ ပုံသဏ္ဍာန်ကို မင်းပြောပြနိုင်မလား။”
ဇောင်ချင်းဘို နှင့်မူဇောင်တို့သည် လဲထိုစကားကိုကြားပြီး သေချာအာရုံစိုက်လိုင်သည်။
အဲဒါကို သူတို့ အရမ်းစိတ်ဝင်စားတာ ထင်ရှားသည်။
လင်းဖန်က “ဒါကိုမင်းတို့အားလုံးမြင်ပြီးပြီ”
“ဟမ်?” သူတို့သုံးယောက်လုံး စိတ်ရှုပ်သွားသောအမူအရာကိုပြလိုက်ကြသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီကအနက်ရောင်သေတ္တာ ကိုမထား ထားဘူးလား” လင်းဖန်က ပြောသည်။
သုံးယောက်သား အထပ်ထပ်အခါခါ ခေါင်းညိတ်ပြသည်။
လင်းဖန်က “ဒါက ငလျင်ကြိုတင်ခန့်မှန်းစက်ပဲ”
“သေရော!” ဇောင်ချင်းဘို၊ မူဇောင်နှင့်စုရီတို့သည် စူးစူးဝါးဝါးအော်လိုက်ကြသည်။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။
ခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သည်။ ချင်ရှီရွာ၏ သူငယ်ချင်းကောင်း ချမ်စီရီထံမှ ဖုန်းခေါ်ဆိုမှုဆိုတာကိုသိပြီးနောက်ချက်ချင်းကိုင်လိုက်သည်။
လင်းဖန်နှင့် ချမ်စီရီတို့သည် လင်းဖန်၏ အဖိုးမွေးနေ့ကို နကျင်းပရန် ချင်ရှီ ရွာသို့ ပြန်သွားသောအခါတွင် အဆက်အသွယ်များဖလှယ်ခဲ့ကြသည်။
“စီရီ မြေငလျင်ကြိုတင်ခန့်မှန်းစက်ကို ကြားဖူးလား” လင်းဖန်က ပြုံးပြီး မေးလိုက်သည်။
“ငလျင်ခန့်မှန်းစက် အဲ့တာဘာလဒ” ချမ်စီရီက မေးလိုက်သည်။
လင်းဖန်က ခဏလောက် ထိတ်လန့်သွားပြီး “ဟမ်... ဘာမှမဟုတ်ပါဘူး၊ ဒီနေ့ မင်းငါ့ကို ဘာလို့ဖုန်းခေါ်တာလဲ။”
“အို၊ ဒါကငါ ကျန်ပေ့မှာ အသားကင်ဆိုင်တစ်ခု ဖွင့်ထားတယ်။ ဒီနေ့ တရားဝင်ဖွင့်မှာဆိုတော့ မင်းအချိန်ရရင် လာပေးလေ” ချမ်စီရီက ပြောလိုက်သည်။
လူအချို့သည် အားလပ်ချိန်ရှိ၍ အွန်လိုင်းသတင်းများကို မကြာခဏ ဖတ်ရှုလေ့ရှိသည်။
တစ်ချို့လူတွေက သူတို့ရဲ့အချိန်ကိုပအလုပ်တဲ့နေရာမှာကဲအကုန်မြှုပ်နှံကြသည်။
လင်းဖန်က ပြုံးပြီး”တကယ်လား ဒါဆို ငါသလယရမှာ။ နေရာက ဘယ်မှာလဲဆိုတာ မင်းငါ့ကိုပို့ပေးပါ”ပြောလိုက်သည်။
“ကောင်းပြီ။” ချမ်စီရီက ပြောသည်။
ဖုန်းချပြီးနောက် လင်းဖန်သည် အခန်းဖော်များနှင့် ခဏကြာအောင် စကားပြောခဲ့ပြီး နောက်ချမ်စီရီပြောသည့်နေရာကို သွားလိုက်သည်။
လင်းဖန်သည် ပန်းဆိုင်ကို ဖြတ်သွားသောအခါ တွင်သူသည် ဆိုင်ဖွင့်ဖွင့်ပွဲအတွက် ပန်းခြင်းတောင်းကို ဝယ်ခဲ့သည်။
“ကလင် ကလင်!”
မနီးမဝေး မီးပွိုင့်ကို ရောက်တဲ့အခါ ဖုန်း အသံမြည်လာခဲ့သည်။
လင်းဖန်က “ဒီနေ့ဖုန်းခေါ်တာတော်တော်များတာပဲ”ဟုရေရွတ်ပြီးကိုင်လိုက်သည်။
“အစ်ကိုလင်း၊ မင်းကအရမ်းအံ့သြဖို့ကောင်းတာပဲ။ မင်းကကမ္ဘာသင်္ချာပုစ္ဆာကြီးနှစ်ခုကို ဖြေရှင်းခဲ့ရုံသာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိစေမယ့် ငလျင်ကြိုတင်ခန့်မှန်းစက်ကိုလည်း တီထွင်ခဲ့တယ်!”
ဖုန်းထဲတွင် ကျန်ပေ့မြို့ခေါင်းဆောင် ဂျန်ရီ၏အသံထွက်ပေါ်လာခဲ့သည်။
ဂျန်ရီသည် ကျန်ပေ့တက္ကသိုလ်သို့ နောက်ဆုံးအကြိမ်သွားခဲ့တုန်းကလင်းဖန်နှင့် စကားသိပ်မပြောခဲ့ရပေ။
သို့သော်လည်း ဆက်သွယ်ရန် အချက်အလက်များကိုတစ်ယောက်နှင့်တစ်ယောက် ဖလှယ်ခဲ့သည်။
လင်းဖန်က “ဒါက သေးငယ်တဲ့ တီထွင်မှုတစ်ခုပဲ၊ အစ်ကို ဂျန် က ချီးကျူးလွန်းနေပါကြီ ဒါက နတ်ဘုရားလက်နက်မှမဟုတ်တာ”
Jiao Yang က ချက်ချင်း ထွက်သွားသည် ။
“ဒါက နတ်ဘုရားပစ္စည်းမဟုတ်ပေမဲ့ငါတို့လူသားတွေအတွက်ကတော့နတ်ဘုရားလက်နက်ပဲ”
“မကြာသေးမီကအကြောင်းကိုပြောရအောင်နှစ်သစ်ကူးနေ့တွင်၊ ညီအစ်ကိုလင်း၏ငလျင်အား ကြိုတင်ခန့်မှန်းခြင်းမရှိခဲ့ရင်၊ သုံးကြိမ်ဆက်တိုက်ငလျင်လှုပ်ခြင်းသည် လူများစွာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ထိခိုက်ဒဏ်ရာရစေကာ မရေမတွက်နိုင်သော ပစ္စည်းဥစ္စာများ ဆုံးရှုံးစေမည်ဖြစ်သည်။”
“ဒါ့အပြင် အနာဂတ်မှာ ကြီးကြီးမားမား ငလျင်ကြီး လှုပ်ခတ်လာတဲ့အခါ၊ ငလျင်ကြိုတင်ခန့်မှန်းစက်ဟာ မရေမတွက်နိုင်တဲ့ လူတွေကို ကယ်တင်တဲ့အခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်တယ်။”
ဂျန်ရီက ဒီအကြောင်းကိုပြောတဲ့အခါ သူ့လေသံက ကြီးမြတ်သောကယ်တင်ရှင်ကို ချီးကျူးနေပုံရသည်။
ခေတ္တနားပြီးနောက် ဂျန်ရီ က “ဒါ့အပြင် အခု ငါ့တျု့နိုင်ငံတစ်ခုတည်းက ငလျင်ကြိုတင်ခန့်မှန်းစက်နဲ့ နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုပြီး နိုင်ငံတကာအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့တယ်!”
“လင်းဖန်၊ မင်းက ငါတို့ တရုတ်နိုင်ငံရဲ့သူရဲကောင်းပဲ!”
ဒီလိုပြောတဲ့အခါ ဂျန်ရီ ရဲ့ လေသံက လေးစားမူအပြည့်ဖြစ်သည်။
အကယ်၍ သူသည် ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့မည်ဆိုလျှင်၊ ဂျန်ရီ သည် သူ၏အနာဂတ်သည် လုံးဝတောက်ပလာမည်ဟု ခံစားမိသည်။
ကံမကောင်းစွာပဲဖန်တီးဖို့မပြောတာငလျင်လှုပ်ရင်ဘာတွေဖြစ်လဲဆိုတာတောင်မသိပေ။
လင်းဖန် သည်အဆက်မပြတ်ချီးကျူးခံရသောကြောင့်ပြုံးကာ ‘’အစ်ကိုဂျန် က ငါ့ကို အထူးချီးမွမ်းဖို့ကို ခေါ်လိုက်တာလား။”
“ငါ မင်းကို ချီးမွမ်းဖို့တင်မကဘူး မင်းအတွက် ဂုဏ်ပြုပွဲတစ်ခု ကျင်းပဖို့ ကျန်ပေ့မြို့ရဲ့ ခေါင်းဆောင်အားလုံးကို ငါ စီစဉ်ပေးမယ်။ မင်းကကျန်ပေ့ တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်ပြီး၊ ငါတို့ ကျန်ပေ့မြို့ က မင်းကို ဂုဏ်ပြုပေးရမယ်လေ။ဒါကြောင့် အချိန်အားလားလင်း.....” ဂျန်ရီက ဖော်ရွင်သောအသံဖြင့်ပြောနေစဉ်လင်းဖန်က “ဂုဏ်ပြာဖို့ဆိုတော့ကျနော်မလာဖြစ်ဘူး။အခုကျနော်ရဲ့သူငယ်ချင်းကောင်းတစ်ယောက်က စတိုးဆိုင်ဖွင့်ပြီး သူ့ကို အားပေးဖို့ သွားနေတယ်”
ဂျန်ရီက လင်းဖန်အဖြေကိုစိတ်မပျက်ခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် သူ့မျက်လုံးများသည် အနည်းငယ်တောက်ပလာခဲ့သည်။
“တကယ်လားဒါဆိုငါလဲလာလို့ရလား” ဂျန်ရီ က ပြောလိုက်သည်။
တကယ်တော့ ဂျန်ရီသည်အရင်နေ့ကညစာစားနေစဉ်ကျူဝမ်မင် နံဘေးတွင်ထိုင်နေသော လင်းဖန်ကိုတွေ့သောအခါ လင်းဖန်နှင့် သူငယ်ချင်း ဖွဲ့ချင်ခဲ့သည်။
နောက်ပိုင်းတွင် လင်းဖန်အဘိုး၏ မွေးနေ့ပွဲ၌ ဂျန်ရီသည် ဤအကြံဉာဏ်ကို ခိုင်မာစေခဲ့သော်လည်း ကံမကောင်းစွာဖြင့်၊ သူသည် သင့်လျော်သောအခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။
ယခုတွင် လင်းဖန်သည် ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်လိုက်သောကြောင့် ဂျန်ရီသည် လင်းဖန် နှင့် သူငယ်ချင်းဖွဲ့ရန် ပိုမိုစိတ်အားထက်သန်လာကာ တစ်ချိန်တည်းမှာပင်သူသည် အခွင့်အရေးတစ်ခုကို ရှာဖွေချင်ခဲ့သည်။
ထို့ကြောင့်၊ ဂျန်ရီသည် နှစ်သစ်ကူးနေ့ကုန်ဆုံးချိန်အထိ စောင့်ဆိုင်းခဲ့ပြီး ချက်ချင်းဖုန်းခေါ်ဆိုခဲ့သည်။
လင်းဖန်က “ကောင်းပြီ ဒါဆို ငါမင်းကို လိပ်စာလိုက်ပို့ပေးလိုက်မယ်”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး