← Chapters

ပြဿနာ ရှာခြင်း

Vol. 10 Ch. 139

ပြဿနာ ရှာခြင်း

Vol. 10 Ch. 139

နေရာကိုရောက်ပြီးနောက် လင်းဖန်သည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ နောက်ဆုံးတွင် အသားကင်စားသောက်ဆိုင်နှင့် ဝေးလံသောနေရာတစ်ခုကို တွေ့လိုက်ရသည်။

ချမ်စီရီသည် စားပွဲအသေးလေးများကို ဂရုတစိုက်ချကာ ရပ်နေခဲ့သည်။

အသားကင်ဆိုင်လား။

လင်းဖန်သည် မဝေးလှသော အများသူငါ ကားပါကင်နေရာတွင် Bugatti Veyron(ကား) ကို ရပ်ထားကာ ပန်းခြင်းတောင်းကိုယူကာ ချမ်စီရီ စီသို့သွားခဲ့သည်။

“စီရီစတိုးဆိုင်သစ်ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်!” လင်းဖန်က ပန်းခြင်းတောင်းပေးပြီးပြောလိုက်သည်။

ချမ်စီရီ က”မင်းဘာလို့လက်ဆောင်တွေယူလာတာလဲ”ပန်းခြင်းတောင်းကိုယူပြီးပြောလိုက်သည်။

ထို့နောက် သူကလင်းဖန်ထိုင်လို့ရအောင် စားပွဲကို သုတ်လိုက်ပြီး “ဒီမှာထိုင် ထိုင်၊ ငါမင်းအတွက်အသားကင်ပေးမယ်” လို့ပြောလိုက်သည်။

လင်းဖန်က”မင်းကိုယ်တိုင် ကင်လို့ရတယ်မလား ၊ မင်းလုပ်ပေးတဲ့ အကင်ကိုမစားရတာကြာတော့ အရသာပိုရှိမယ်ထင်တယ်”

ချမ်စီရီသည် လင်းဖန်၏ ချီးကျူးမှုကို ခံရပြီး အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

ထိုအချိန်တွင် မျက်နှာဝိုင်းဝိုင်းအမျိုးသမီးတစ်ဦးသည် အသားသီတံအိုးဖြင့် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ချမ်စီရီက “ဒါက ငါ့ရည်းစား တန်လီ” လို့ အလျင်စလို မိတ်ဆက်ပေးလိုက်သည်။

“လီလီ၊ ဒါက ငါတို့ရွာက လင်းဖန်” ဟုမိတ်ဆက်ပေးလိုက်သည်။

တန်လီသည် ထိုစကားကိုကြားသောအခါတွင် သူမသည် အလွန်ပျော်ရွှင်နေပုံရပြီး ဖြူဖွေးသောသွားများပြသကာ “ငါတို့နဲ့ဆိုင်ကိုလာပေးလို့ကျေးဇူးတင်ပါတယ်၊ “ လို့ပြောလိုက်သည်။

“မင်းငါ့အကူအညီလိုသလား” လင်းဖန်က မေးလိုက်သည်။

“ရပါတယ်” လို့တန်လီက ပြောသည်။

လင်းဖန် က တန်လီရဲ့ ဇွဲလုံ့လရှိတဲ့ပုံစံကို ကြည့်ပြီး “စီရီ၊ ဒီလိုမျိုး ရည်းစားကောင်းကို ဘယ်တုန်းက တွေ့ခဲ့တာလဲ၊ ပြီးတော့ဘယ်တော့ လက်ထပ်မှာလဲ” လို့ ပြောလိုက်သည်။

ချမ်စီရီ က “ငါတို့ နောက်နှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားတယ်။”

“ဒါဆို မင်းငါ့ကိုဖုန်းဆက်ရမယ်နော်!” လင်းဖန်က ပြောသည်။

နှစ်ယောက်သား အတန်ကြာ စကားစမြည်ပြောကြပြီးနောက် အသားကင်ဆိုင်အတွက် ပြင်ဆင်မှုများ ပြီးဆုံးလုနီးပါးဖြစ်ခဲ့သည်။

မီးခိုးငွေ့များ ထွက်လာပြီးနောက် အသား၏ ကြွယ်ဝသောမွေး ရနံ့သည် တဖြည်းဖြည်း ပျံ့လွင့်လာသည်။

ထို့နောက် ကြက်ခြေထောက်၊ ဝက်သားပြား၊ ဆိသားကင်စည်တို့ကိုလင်းဖန်၏ စားပွဲသို့ ယူဆောင်လာခဲ့သည်။

ချမ်စီရီက “အရသာက ဘယ်လိုလဲ?”

လင်းဖန်က လက်မထောင်ပြပြီး “အရသာရှိလိုက်တာ!”ဟုပြောလိုက်သည်။

“ကလင် ကလင်”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာသည်။

ကျန်ပေ့မြို့၏ခေါင်းဆောင် ဂျန်ရီထံမှ ဖုန်းခေါ်ဆိုမှုဖြစ်လာသည်။

“အစ်ကိုလင်း၊ မင်းပြောခဲ့တဲ့နေရာကို ငါရောက်နေပြီ၊ ဒါပေမယ့် ဆိုင်အသစ်တွေတော့ မတွေ့ဘူး” ဂျန်ရီက မေးလိုက်သည်။

လင်းဖန်သည် ထိုစကားကိုကြားသောအခါ လမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။

မကြာခင်မှာအေဒီ ကားတွေ အများကြီးတွေ့လိုက်သည်။

ဒီတော့ လင်းဖန်က ထပြီး “ငါ ဒီအသားကင်ဆိုင်မှာ ရောက်နေတာ။ ရှေ့က အများသူငါ ကားပါကင်မှာ မင်းတို့ကားရပ်လို့ရတယ်” လို့ပြောလိုက်သည်။

ထိုအချိန်တွင်အေဒီ ကားပေါ်တွင်ထိုင်နေသော ဂျန်ရီသည် လင်းဖန်ကိုတွေ့လိုက်ရသည်။

သူ ခဏလောက် ထိတ်လန့်သွားတယ်။ လင်းဖန်၏ သူငယ်ချင်းကောင်းတစ်ဦး ဦးစီးသော စားသောက်ဆိုင်သည် အသားကင်ဆိုင် ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။

သို့သော်လည်း ဂျန်ရီသည် သူ၏စိတ်ကိုပှံန်ပြန်ဖြစ်အောင်လုပ်လိုက်သည်။

ဘယ်ဆိုင်ပဲဖြစ်ဖြစ်လင်းဖန်နဲ့ ဆက်ဆံရေးက ပိုနီးစပ်နေသမျှတော့ အဆင်ပြေသည်။

ထို့ကြောင့် ဂျန်ရီ သည် အများသူငှာ ကားပါကင်တွင် ကားကို ရပ်လိုက်သည်။

ထို့နောက် စုံစမ်းရေးအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးအဖွဲ့ခေါင်းဆောင်နှင့် အခြားသူများကပန်းခြင်းတောင်းကို ကိုင်ဆောင်ကာ အသားကင်ဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။

ရုတ်တရက်၊ မူလက အသားများနှင့် အဆီများပြည့်နေသော အသားကင်ဆိုင်တွင် ပန်းနံ့များ​ပြည့်သွားခဲ့သည်။

“ကျေးဇူးတင်ပါတယ်၊ ငါတို့စီလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...” တန်လီက သူ့တို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောပြီးပန်းခြင်းတောင်းများကိုယူကာ စားပွဲနှစ်လုံးကို တွဲပေးလိုက်သည်။

အသားကင်နေသော ချမ်စီရီသည် လင်းဖန်အဘိုး၏ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သော်လည်း ဂျန်ရီ အပါအဝင် လူအများအပြားကို သူတွေ့ခဲ့ရသည်။

သို့သော် ဤနေရာတွင် လူများလွန်းသဖြင့် ချမ်စီရီသည် ဒါကိုရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ပေ။

ထို့ကြောင့် ယခုအချိန်တွင် သူသည် ဂျန်ရီကို အသိအမှတ်မပြုခဲ့ပေ။(အသိအမှတ်မပြုတာကမသိဘူးလို့ပြောတာပါ)

လင်းဖန် က ပြုံးပြီး “အစ်ကို ဂျန်၊ ထိုင်ပြီး စားကြည့်လိုက်ကျတော့သူငယ်ချင်းလုပ်ထားတဲ့ အသားကင်က အရမ်းအရသာရှိတယ်!”

ဂျန်ရီက “ဟားဟား၊ ဒါဆို ငါ ကောင်းကောင်းစားပြီကွာ!”

ဂျန်ရီ နှင့် ကျန်ပေ့မြို့ရဲ့ခေါင်းဆောင်အုပ်စုကြီးတစ်စုသည် လမ်းဘေးရှိ စားပွဲငယ်လေးတစ်ဝိုင်းတွင် ထိုင်နေကြသည်။

တကယ်ဆို သူတို့ဟာ အရည်အချင်းရှိတဲ့ လူတစ်စုလို့ ပြောရမည်ဖြစ်သည်။

ဂျန်ရီ နဲ့ တခြားသူတွေအနေနဲ့ လမ်းဘေးဆိုင်မှာ တစ်ခါမှစားဖူးမည်မဟုတ်ပေ။ရွံတောင်ရွံအုံးမည်ဖြစ်သည်။

သို့သော်လည်း သူတို့သည် လုံး၀ ရွံရှာမှုကိုမပြပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ ၎င်းတို့၏အပြုအမူသည်အလွန် သဘာဝကျသည်။

ဂျန်ရီက “အင်း။ အရသာက တကယ်ကောင်းတယ်၊ အထူးသဖြင့် ဒီကြက်ခြေထောက်၊ နူးညံ့ပြီး အနေတော်ယုံစပ်ပြီးအရသာရှိတယ်!”

သူ့ဘေးနားက စီးပွားရေးတစ်ယောက်က “ကျွန်တော်က သိုးသားကင်ကို စားရတာပိုကြိုက်တယ်’’

…………

တစ်ယောက်ယောက်သိရင် ကျန်ပေ့မြို့မှာရှိတဲ့ ခေါင်းဆောင်အုပ်စုတစ်စုဟာ အသားကင်ဆိုင်ကို မြင့်မားတဲ့အကဲဖြတ်မှုလုပ်တယ်ဆိုတာကိုတစ်ခြားလူတွေသိရင်ဘယ်လိုမျိုးဖြစ်မလဲမသိဘူး။

လင်းဖန်က ပြုံးပြီး “အရသာရှိရင် များများစားပါ။”

“ကောင်းတယ်!”

“သေချာတယ်!”

လူတိုင်းကပြန်ဖြေလိုက်သည်။

ဂျန်ရီက “လင်းဖန်ရဲ့ ကောင်းမွန်တဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လင်းဖန်နဲ့အတူတူ ဆန္ဒပြုပါတယ်”

အဲဒီနောက်မှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့မှူး၊ စီးပွားရေးအဖွဲ့မှူး စသည်ဖြင့် အားလုံးဟာ သူတို့ရဲ့ဖန်ခွက်ကို မြှောက်ပြလိုက်ပြီးရင် အားလုံးကို တချက်တည်း သောက်လိုက်ကြသည်။

“မင်းက ယဉ်ကျေးလွန်းနေပြီ” လင်းဖန်သည် လဲနောက်မှလိုက်ကာ တစ်ခွက်သောက်လိုက်သည်။

အရက်သောက်ပြီး အသားကင်စားနေစဉ်၊ ဆိုင်ရှိလေထုသည် အလွန်လိုက်ဖက်ညီသည်။

ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်လာခဲ့သည်။

အခြားဧည့်သည်အချို့သည် လဲအသားကင်ဆိုင်သို့ ရောက်လာကြသည်။

ပထမတော့ တန်လီ နဲ့ ချမ်စီရီ က သူတို့နဲ့ စကားပြောနေကြသည်။

သို့သော်အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် နဖူးပေါ်မှ ချွေးစက်အနည်းငယ်ဖြင့် တဖြည်းဖြည်း အလုပ်များလာကြသည်။

သို့သော် ပင်ပန်းသည်ဟု အော်ဟစ်နေမည့်အစား ကျေနပ်သော အပြုံးများဖြင့် သူတို့မျက်နှာတွင်ပြည့်နှက်နေသည်။

ထိုအချိန်တွင်၊ ဂျန်ရီ၏နောက်တွင် ထိုင်နေသော တက်တူးထိုးထားသည့် အမျိုးသားလေးဦးသည် စားပွဲပေါ်တွင် အသားကင်စားလို့ ပြီးသွားခဲ့ပြီဖြစ်သည်။

တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ပြီးနောက်သူတို့ထဲက ထိပ်ပြောင်တဲ့လူက ဆတ်ခနဲ စားပွဲပုတ်ပြီး “ဘာကောင်လဲ!”

စားပွဲရှင်းနေကြသော အနီးနားရှိ ဧည့်သည်များအပြင် တန်လီနှင့် ချီစီရီတို့ အားလုံး အံ့အားသင့်သွားကြသည်။

တန်လီသည် ပန်းကန်လုံးများနှင့် သံချောင်းများကို မြေကြီးပေါ်တွင် ပြုတ်ကျလုနီးပါးဖြစ်ပြီး ချမ်စီရီသည်လဲအသားကင်ရင်းလက်ကိုမီးလောင်လုမတတ် ဖြစ်သွားသည်။

တန်လီသည် လူလေးယောက်၏ ပြင်းထန်သော အသွင်အပြင်ကို ကြည့်ပြီး အလျင်စလို လျှောက်လာကာ သူမ အနည်းငယ် ကြောက်ရွံ့ကာ”ကျေးဇူးပြုပြီး ဒီဧည့်သည်တွေကို မေးလို့ရမလား၊ ဘာကိစ္စဖြစ်လို့လဲဆိုတာ’’

“ငါတို့ ကဒီမှာ အသားကင်စားကြပေမယ့် ပိုက်ဆံအိတ် ပျောက်သွားတယ်။ပိုက်ဆံအိတ်ထဲမှာ စုစုပေါင်း ယွမ်ငွေ 10,000 ရှိတယ်။ အဲ့တာကိစ္စမဟုတ်ဘူးလား” ဟုထိပ်ပြောင်သောလူက အော်ပြောသည်။

သင့်ပိုက်ဆံအိတ် ပျောက်ဆုံးသွားပါသလား။

ထို့အပြင်ထိုအိတ်ထဲမှာ ယွမ်တစ်သောင်းရှိတယ်။

ဒါက မဖြစ်နိုင်ဘူးဆိုတာ သိသာသည်။

ယွမ်တစ်သောင်း၊ပိုက်ဆံ ဒီလောက်အများကြီးကိုပိုက်ဆံအိတ်ထဲသို့ထည့်၍မရပေ။ယခုအချိန်သည် ဒစ်ဂျစ်တယ်ငွေကြေးခေတ်ဖြစ်သည်၊ ၎င်းတို့နှင့်အတူ ဤမျှငွေများစွာကို မည်သူက ယူဆောင်လာမည်နည်း။

ရှင်းပါတယ်၊ ဒီခေါင်းထိပ်ပြောင်က လိမ်ညာပြောနေတာ ထင်ရှားသည်။

တန်လီက ထိတ်လန့်တကြားနဲ့ “ဒီ… ဒီကဧည့်သည်၊ မင်း ဒါကို သေသေချာချာရှာကြည့်ပါအုံးအနီးနားမှာ ရှိပါလိမ့်မယ်” လို့ ပြောလိုင်သည်။

“ရှာ? ဘယ်လိုရှာရမလဲ! မင်းကငါတို့ ဝိုင်ပုလင်းတွေ လာသိမ်းသွားမှ ပိုက်ဆံအိတ်က ပျောက်သွားတာ”

“​ဒါကြောင့်ပိုက်ဆံအိတ်ကိုမင်းခိုးသွားတာမလား။ မြန်မြန်ငါတို့ပိုက်ဆံအိတ်ကိုကြန်ပေး” ခေါင်းထိပ်ပြောင်က ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။

ထို့နောက် လေးယောက်အုပ်စုသည် တန်လီဆီသို့ ခြေလှမ်းကြီးလှမ်းလာခဲ့သည်။

သူတို့ပုံစံကတန်လီက သာသူတို့ပိုက်ဆံအိတ်ကို ပြန်မလွှဲပေးရင် နောက်အခိုက်အတန့်မှာ ရန်ဖြစ်လိမ့်မယ်ဆိုတဲ့ရုပ်သွင်ပင်ဖြစ်သည်။

တန်လီသည် အလွန်ကြောက်လန့်သွားပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters