အစ်ကို ဟောင်
Vol. 10 Ch. 140
မနီးမဝေးတွင်အသားကင်နေသောချမ်စီရီသည် အလျင်အမြန် တန်လီနားသို့လာလိုက်သည်။
သူသည်လာသာလာရတာအလွန်ကြောက်နေခဲ့သည်။
သို့သော်လည်း ချမ်စီရီသည် တန်လီကို သူ့နောက်တွင် ကာထားဆဲဖြစ်သည်။
“ဧည့်သည်တို့၊ဒါ နားလည်မှုလွဲမှားတာတွေရှိရမယ်။ ငါတို့အားလုံးဟာ ရိုးသားသူတွေဖြစ်ပြီး မင်းပိုက်ဆံအိတ်ကို ဘယ်တော့မှ ခိုးမှာမဟုတ်ဘူး...”
“ကြီးတော့ငါတို့ကဒီနေ့ မင်းတို့ရဲ့ စားသုံးမှု အားလုံးကို အလကားဘဲ။ မင်းတို့ဘယ်လိုထင်လဲ”
ချမ်စီရီသည် ဤလူများနှင့် ရန်တွေ့ရန် မှာမလွယ်ကူကြောင်း သိထားသောကြောင့် စွန့်စားရန် တိုက်ရိုက်ရွေးချယ်ခဲ့သည်။
သို့သော် ထိပ်ပြောင်လူက ချမ်စီရီကိုကြည့်ကာ “မင်းတို့ကငါတို့ရဲ့ပိုက်ဆံအိတ်ခိုးတာကိုဒီအစားအသောက်လေးနဲ့ရှောင်ဖို့ အဆင်ပြေမယ်ထင်နေတာလား။”
“မြန်မြန်ငါတို့ပိုက်ဆံအိတ်ကို လွှဲပေးလိုက်!”
“မဟုတ်ရင်...ဟင့်!”
စကားကျလာသောအခါ၊ ထိပ်ပြောင်သော အမျိုးသားသည်ချမ်စီရီကိုဆောင့်တွန်း တွန်းလိုက်သည်။
ချမ်စီရီခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့ပြီး မဝေးသော စားပွဲတစ်ခုပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။
မူလက ဂျန်ရီမှာ ပျော်နေတဲ့သူ့မျက်နှာသည်ချက်ချင်းပင်သုန်မှုန်သွားသည်။
ဒီခေါင်းပြောင်ကြီးက သူ့ပိုက်ဆံအိတ်မပျောက်ဘူဆိုတာကိုသူသိသည်။
ထိပ်ပြောင်သောလူသည် အပြစ်ရှာရန် ရည်ရွယ်ကာယွမ် 10,000 လိုချင်သည် ။
ဒီနေ့ လင်းဖန်နဲ့ ချိန်းပြီး သူ့သူငယ်ချင်းရဲ့ အသားကင်ဆိုင်မှာ စားနေသည်။
မထင်မှတ်စွာဖြင့်ရလဒ်ဆိုးများ ပေါ်လာခဲ့သည်။
ဒါကသူ့လိုခေါင်းဆောင်ကြီးကိုအရှက်ခွဲတာနဲ့အတူတူပင်ဖြစ်သည်။
ဂျန်ရီက ဖြည်းညှင်းစွာထလိုက်ပြီး အေးစက်စွာဖြင့် “မင်း ပိုက်ဆံအိတ် ပျောက်သွားတယ်လို့ မင်းပြောတယ် ဟုတ်ပြီ! ဒါဆို ပိုက်ဆံအိတ်က ဘာအရောင်လဲ ပြောစမ်း။ ယွမ် 10,000 ကလွဲရင် လက်ကိုင်အိတ်ထဲမှာဘာရှိသေးလဲ”
တကယ်တော့ ဂျန်ရီမျှော်လင့်ထားသလိုပါပဲ။
ထိပ်ပြောင်တဲ့လူနဲ့ တခြားသူတွေက ယွမ် ၁၀,၀၀၀ ပဲ လိုချင်တာဖြစ်သည်။
ထိပ်ပြောင်တဲ့လူက မတ်တပ်ရပ်ပြီး “မင်းကဘာကောင်မို့လို့ဝင်ပါရတာလဲ”
ဂျန်ရီ၏အမူအရာသည် ရုပ်ဆိုးလာကာ “ကျွန်တော်က ကျန်ပေ့မြို့ရဲ့ ခေါင်းဆောင်ပါ။ ကျန်ပေ့ မှာ ဖြစ်သမျှအရာအားလုံးကို ဂရုစိုက်ရတယ်၊ နောက်ပြီး မင်းရဲ့ပါးစပ်ကို သန့်ရှင်းအောင်ထားပါလို့အကြံပေးချင်တယ်!”
ထိပ်ပြောင်သူနှင့် အခြားသူများမှာ မကြောက်ကြဘဲကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်သလိုမျိုးပတ်ပတ်ဆက်ဆက်ရယ်ကာ”မင်းက ကျန်ပေ့မြို့ရဲ့ခေါင်းဆောင်ဆိုတော့ငါကတိုင်းပြည်ရဲ့ခေါင်းဆောင်ပဲ၊ စောက်ခွက်ပြောင်ချင်တစ်ခြားသွားပြောင်။” ထိပ်ပြောင်လူကကဲ့ရဲ့ပြီး သူက ဂျန်ရီ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
“ဗွမ်း!”
အထိုးခံလိုက်ရတော့ဂျန်ရီ ၏နှာခေါင်းပေါက်များမှ သွေးများစီးကျလာပြီး နာကျင်မှုကြောင့်သူ့မျက်လုံးကနေမျက်ရည်တောင်ကျသည်။
“ဘာလဲ?”
“ခေါင်းဆောင်ကြီး!”
“ခေါင်းဆောင်ကြီး မင်းအဆင်ပြေရဲ့လား”
အဖွဲ့အစည်း၏ ခေါင်းဆောင်၊ စီးပွားရေးလုပ်သူများနှင့် အခြားသူများ ကထိတ်လန့်စွာ အော်ဟစ်ပြော လိုက်ကြသည်။
ကျန်ပေ့တက္ကသိုလ်၏ခေါင်းဆောင် အရိုက်ခံရသည်။
စုံစမ်းရေး အဖွဲ့မှူးက ပြင်းပြင်းထန်ထန် အော်ဟစ်ပြီး “ကောင်းတယ် ဒါဂုဏ်ယူစရာပဲ”ဟုပြောလိုက်သည်။
စကားဆုံးသည်နှင့်ထိပ်ပြောင်လူကိုစောင့်ခွက်ကိုရိုက်မျက်လုံးကိုထိုးပြီးတင်ပါးကိုပိန့်ကန်ပစ်လိုက်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်လာနိုင်သူဟာ သာမညောင်ကျွမ်းကျင်မှုသာရှိမည်မဟုတ်ပေ။
ထိပ်ပြောင်သောဘက်ရှိလူများသည်လူတို့အဖွဲကလူနည်းပြီး တစ်ဖက်အဖွဲ့တွင် လူအများအပြားရှိတယ်ဆိုတာသိသည်။
ထို့ကြောင့်ထိပ်ပြောင်အဖွဲ့ကလူများကဂျန်ရီတို့အဖွဲ့ကိုယှဉ်နိုင်မာ်မဟုတ်မှန်း သိလိုက်ရတော့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
ထိပ်ပြောင်သော အမျိုးသားသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်မှုကို အံကြိတ်ပြီးမတ်တပ်ရပ်ကာ ဆဲလ်ဖုန်းအား ခေါ်ဆိုကာ “အစ်ကိုဟောင်၊ လုံလမ်းအရှေ့ဘက်ခြမ်းကအသစ်ဖွင့်ထားသော အသားကင်စားသောက်ဆိုင်မှာငါ အရိုက်ခံရတယ်” ဟု ပြောလိုက်သည်။
စုံစမ်းရေး အဖွဲ့မှူးက ထိပ်ပြောင်တဲ့လူကို မြေပြင်ပေါ် သို့အနမ်းပေးလို့ရန်အောင်မြေပြင်နဲ့မျက်နှာကိုမိတ်ဆက်ပေးလိုက်သည်။
ထိုအချိန်တွင်၊ ဂျန်ရီ သည် နှာခေါင်းသွေးများ ရပ်တန့်သွားပြီး “တစ်စုံတစ်ယောက်ကိုခေါ်တာလား။ ကောင်းတယ် ၊ ဒီနေ့ လူဘယ်နှစ်ယောက် အဖမ်းခံရမလဲဆိုတာ ငါကြည့်ချင်တယ်” လို့ပြောလိုက်သည်။
စုံစမ်းရေး အဖွဲ့မှူးက ဒါကိုကြားတော့ သူ့လက်ကိုင်ဖုန်းကို အမြန်ထုတ်ပြီး “အဖွဲ့ 1၊ အဖွဲ့ 2၊ အဖွဲ့ 3... လူအားလုံးကိုခေါ်လာပြီး လုံလမ်းရဲ့ အရှေ့ဘက်ကို မြန်မြန်လာ! မြန်မြန်! “
ထိပ်ပြောင်သောလူနှင့် အခြားလူများဒါကိုကြားလိုက်ရသည်နှင့် ပြင်းထန်သောစိုးရိမ်မှုတစ်ခု သူတို့နှလုံးသားထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
များမကြာမီတွင်၊ စတီးပိုက်များ၊ ဓားများကိုကိုင်ဆောင်ထားသောအရောင်အမျိုးမျိုးဖြင့် ဆံပင်ဆိုးထားသည့် လူသုံးဆယ်နီးပါးသည် အဝေးက စုရုံးလာကြသည်။
ထိပ်ပြောင်သောလူနှင့် အခြားသူတို့သည် ဤလူများကို မြင်သောအခါ၊ သူတို့၏ စိုးရိမ်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ရှေ့ဆုံးကနေလျှောက်လာတဲ့လူက “ ငါ့ညီကိုရိုက်ရဲတဲ့လူက ဘယ်သူလဲဆိုတာ ငါကြည့်ချင်တယ်” လို့အော်ပြောလိုက်သည်။
ထိပ်ပြောင်သော အမျိုးသားများနှင့် အခြားသူများသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“မင်္ဂလာပါ အစ်ကို ဟောင်”
“အစ်ကို ဟောင် ဒီကောင်ပဲငါ့ကိုရိုက်တာ”
“မင်္ဂလာပါ အစ်ကို ဟောင်!”
ရှေ့ဆုံးကလူသည်သူတို့ညွှန်ပြတဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ သူ့မျက်လုံး ချက်ချင်းဝိုင်းစက်သွားတော့သည်။
ထိပ်ပြောင်သော အမျိုးသားများနှင့် အခြားသူများမှာ သူ၏အောက်ခြေလူ ငယ်များသာဖြစ်သောကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှူးကို ဘယ်မှာသိမှာလဲ။
သို့သော် ဒွန်ဟောင်သည် သူကို မြင်ဖူးသည်။
တစ်ချက်ကြည့်လိုက်တော့ သူက တခြားပါတီရဲ့ လက္ခဏာကချက်ချင်းအသိအမှတ်ပြုလိုက်သည်။
ဒွန်ဟောင်သည် အရှိန်မြှင့်လိုက်ပြီး စုံစမ်းစစ်ဆေးရေးတပ်စု၏ အကြီးအကဲထံသို့ သွားလိုက်သည်။
ထိပ်ပြောင်သောလူက “အစ်ကိုဟောင်” သည် အခြားသူများကို သွန်သင်ဆုံးမရန် ကူညီပေးမည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အား မောက်မာစွာဖြင့် “အဘိုးကြီး၊ မင်း အခုမာနကြီးနေတာမဟုတ်ဘူးလား။ လာလေ လာလေ!”ဟုပြောလိုက်သည်။
အဘိုးကြီး
အဖွဲ့ခေါင်းဆောင်ရဲ့ အကြီးအကဲကို လူသိရှင်ကြား စော်ကားတာလား။
သူဘယ်လိုသတ္တိရှိလဲ...
ဒွန်ဟောင်သည်ထိပ်ပြောင်သောလူ၏မျက်နှာကို ရိုက်ထည့်လိုက်သည်။
ထို့နောက် သူက ထိတ်လန့်သောလေသံဖြင့် “ဗိုလ်ကြီး ဒန်တောင်းပန်ပါတယ်၊ကျနော့လက်အောက်ကလူတွေက မင်းကို သတိမထားမိလို့ မလုပ်သင့်တာကိုလုပ်မိတာပါ...”
ဗိုလ်ကြီးထန်?
ဒန်ဟောင်
ကျန်ပေ့မြို့ စုံစမ်းစစ်ဆေးရေးတပ်မဟာမှူး။
ထိုအချိန်တွင် ထိပ်ပြောင်သောသူသည် သူ့ကိုရိုက်နှက်သောစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ကပ္ပတိန်ဖြစ်ပြီး၊သူ ရိုက်နှက်ခဲ့သူကကော။
ထိပ်ပြောင်သောလူသည် ထိုအချက်ကို တွေးသောအခါ နဖူးပေါ်၌ ချွေးသီးများ ထွက်လာသည်။
ဒန်ဟောင်က အေးစက်စွာဖြင့်”မင်းလက်အောက်ကလူတွေကကျတ်ပေ့မြို့ရဲ့ ခေါင်းဆောင်ကို လူမြင်ကွင်းမှာ ရိုက်နှက်ခဲ့တယ် “
“ဘာလဲ?” ဒွန်ဟောင်ကထိတ်လန့်တစ်ကြားပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ဘေးဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
သူတွေ့လိုက်တာကနူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိပြီး အထက်လူကြီး၏ အရှိန်အဝါ ပြည့်နှက်နေသော လူတစ်ယောက်သည် သူ့နှာခေါင်းပေါက်တွင် သွေးများဖြင့် သူ့ဘေးတွင် ရပ်နေတယ်ဆိုတာပင်ဖြစ်သည်။
ဒါက... ကျန်ပေ့ မြို့ရဲ့ခေါင်းဆောင် ဂျန်ရီပဲမဟုတ်လား?
သူ့အောက်ကလူတွေက ဂျန်ရီရဲ့နှာခေါင်းကို တကယ်သွေးထွက်အောင်လုပ်လိုက်တာလား။
ဒီ……
ဒီ……
ဒါကိုစဉ်းစားမိပြီးဒွန်ဟောင် ၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည် ။
“Fuck”
ဒွန်ဟောင် အော်ပြီး ထိပ်ပြောင်တဲ့လူကို တစ်ချက်ကြီးတစ်ချက်ကန်နေလိုက်သည်။
“ဝီညော် ဝီညော်!”
ဒီအချိန်မှာ တစ်၊ နှစ်၊ သုံး...ရဲကားကြီးတများသည် လေပွေကဲ့သို့ အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်ကာသူတို့ရှေ့မှာရပ်သွားခဲ့သည်။
ကားထဲကနေလက်နက်တွေ ကိုင်ဆောင်ထားတဲ့ရဲတွေကဒွန်ဟောင် နဲ့ အခြားလူတွေကို အလွန်လျင်မြန်စွာ ဝိုင်းရံထားလိုက်သည်။
ဒွန်ဟောင်နဲ့သူ၏လက်အောက်ငယ်သားတွေဟာ ထိတ်လန့်သွားကယ တယောက်ပြီး တယောက် မြေပြင်ပေါ် လဲကျကာ မလှုပ်ဝံ့ဘဲ ငုတ်တုတ်ထိုင်ချလိုက်တော့သည်။
“ငါတို့ကိုဖမ်းလိုက်တော့!” ဒွန်ဟောင် က အော်ပြောလိုက်သည်။
ဂျန်ရီသည် သူ၏နှာခေါင်းအောက်ရှိ သွေးများကို သုတ်လိုက်ပြီး နာကျင်မှုကို ကြိတ်ခံကာ “ညီလေးလင်း၊ စိတ်မကောင်းပါဘူး၊ မင်းတို့ကိုဒီလိုဖြစ်စေတဲ့အတွက်’’ လို့ ပြောလိုက်သည်။
လင်းဖန်က “ရပါတယ်။မင်းအရင်ဆုံး ဆေးကုသဖို့ ဆေးရုံသွားသင့်တယ်”
“ကောင်းပြီ ဒါဆို ငါ မင်းကို နောက်မှဂုဏ်ပြုဖို့ ရှာလိုက်မယ်” ဂျန်ရီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ရဲကားက အရှိန်ပြင်းပြင်းနဲ့ အသံထွက်မောင်းနှင်သွားပြီးနောက် လမ်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး