ကားပြပွဲ
Vol. 10 Ch. 141
ဂျန်ရီတို့ထွက်ပြီးနောက်မှလင်းဖန်သည်ချစ်စီရီတို့ကိုနှုတ်ဆက်ကာအဆောင်သို့ပြန်လာခဲ့သည်။
နောက်တစ်နေ့တွင် ကောင်းကင်သည် အလွန်ကြည်လင်နေပြီး လေပြင်းများကညင်သာစွာတိုက်နေသည်။
လင်းဖန်သည် အဆောင်ကနေလမ်းလျှောက်ထွက်လာခဲ့သည်။လမ်းဆုံတစ်ခုအရောက်တွင်လင်းဖန်ကစုရန်ဒေါင်ကိုတွေ့လိုက်သည်။စုရန်ဒေါင်ကလဲလင်းဖန်ကိုတွေ့ပြီးလင်ဖန်အနားကိုလာလိုက်သည်။
စုရန်ဒေါင်သည်လင်းဖန်အနားရောက်ပြီးနောက်”လင်းဖန် ဟားဟား!”ဟုနှုတ်ဆက်လိုက်သည်။
စုရန်ဒေါင်က သူ့လက်ကို လင်းဖန်၏ ပခုံးပေါ်တင်ကာ “မင်းကအရမ်း ထူးချွန်ထက်မြက်တဲ့ စွမ်းရည်တယ်ရှိဆိုတာကိုငါမသိခဲ့ဘူး။ မင်းကအဲ့စွမ်းရည်တွေနဲ့ငလျင်ကြိုတင်ခန့်မှန်းစက်ကိုတောင်မှ တီထွင်နိုင်ခဲ့တာမဆိုးဘူး! အရမ်းကောင်းတယ်! ဟား!”
လင်းဖန်သည် စုရန်ဒေါင်ကသူ့ကိုတွေ့တိုင်းချီးမွမ်းနေသောကြောင့်ယခုချီးမွမ်းခြင်းသည်သူ့အတွက်အစိမ်းသက်သက်မဟုတ်ပေ။
စုရန်ဒေါင် က “မင်းကိုလူတွေကအောင်မြင်တဲ့ဆယ်လီလိုမျိုးအားလုံးကသတ်မှတ်ထားတယ်၊ ဒါကြောင့်မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စဉ်းစားသင့်တယ်။ မင်းမှာကြိုက်တဲ့ မိန်းကလေး ရှိသလား၊ ချစ်ရင်သတ္တိရှိရှိဖွင့်ပြောရတယ်။မပြောပဲနေရင်ဟိုကသိတာတောင်မင်းကိုအဖြေပြန်ပေးလို့မရဘူး”
“ငါတို့အတန်းက ဆောင်ကျင်းအန်း က နည်းနည်းနေအေးပေမယ့်၊သူမရဲ့စိတ်ထားကကောင်းတယ်”
“ကံမကောင်းစွာပဲ၊ ငါ့သမီးက မူလတန်းကျောင်းတက်နေတဲ့အရွယ်ပဲရှိသေးလို့မဟူတ်ရင်မင်းနဲ့ချစ်သူဖြစ်အောင်လုပ်ဖ်ု့ကိုငါတိုက်တွန်းမှာအခုကမဖြစ်နိုဂ်ဘူးဆိုပေမဲ့ ငါ့သမီးအသက်ကြီးလာရင်မင်းနဲ့ကြိုက်တာတို့လက်ထပ်ဖို့ဆိုတာကမဖြစ်နိုင်တာတော့မဟုတ်ဘူး”
လင်းဖန်သည် တော့စုရန်ဒေါင်စကားကြောင့်ပြောစရာစကားမရှိအောင်ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။
ဆောင်ကျင်းအန်းကိုပြောတာကတော့ရပါတယ်။ဒါပေမဲ့သူ့ရဲ့မူလတန်းတက်နေတဲ့သမီးကငါနဲ့ဘာဆိုင်လို့လဲ။
နှစ်ယောက်သား လမ်းလျှောက်ပြီး စကားပြောကြရင်းမကြာမီ စာသင်ခန်းသို့ ရောက်လာကြသည်။
ယခုအချိန်တွင် စာသင်ခန်းအတွင်းရှိ ကျောင်းသားများအားလုံးသည်နှစ်သစ်ကူးနေ့တွင် သူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအချင်းချင်းဆွေးနွေးနေကြသည်။
လင်းဖန်ဝင်လာသည်ကို သတိပြုမိသောအခါတွင် လူတိုင်းသည် တံခါးကို လှမ်းကြည့်ကာ ရံဖန်ရံခါ ဆွေးနွေးသံများထွက်လာကြသည်။
“ကြည့်စမ်းလင်းဖန်လာနေပြီ!”
“ငါတို့အတန်းထဲကလင်းဖန်သည်ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တာလား။”
“ငါလဲမသိဘူးလေ...…”
ထိုအချိန်တွင် စုရန်ဒေါင်သည် စာသင်ခန်းရှေ့သို့လျှောက်သွားခဲ့သည်။
စာသင်ခန်းအရှေ့ကိုရောက်တာနဲ့သူက လည်ချောင်းကို ရှင်းထုတ်ပြီး “တရုတ်နိုင်ငံနှင့် တစ်ကမ္ဘာလုံးအတွက် ကြီးမားသော ပံ့ပိုးကူညီမှုပေးခဲ့သည့် ငလျင်ကြိုတင်ခန့်မှန်းစက်အား တီထွင်ခဲ့သော လင်းဖန်အား ဂုဏ်ပြုပါတယ်။”ပြောပြီးတာနဲ့လက်ခုပ်တီးပြီးတာနဲ့တစ်ခန်းလုံးကလဲလက်ခုပ်လိုက်တီးကြသည်။
သူတို့သည်လင်းဖန်ကို လေးစားသောအကြည့်ကြည့်နေကြသည်။
စုရန်ဒေါင်ထွက်သွားပြီးနောက် ဇောင်ချင်းဘို က “အစ်ကို လင်း မင်း ငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တဲ့အတွက်စုရန်ဒေါင်ကကျောင်းကပေးတဲ့ ဆုလာဘ်ကို ပေးမယ်လို့ ပြောခဲ့လား။”
စုရီနှင့်မူဇောင်တို့သည် စူးစမ်းလိုစိတ်ရှိသော မျက်လုံးများကို တယောက်ပြီးတယောက် ကြည့်နေကြသည် ။
လင်းဖန်က ပြုံးပြီး “ဆုတော့မသိဘူး။သူကတော့ငါ့ကိုသူရဲ့မူလတန်းကျောင်းတက်နေတဲ့ သူ့သမီးလေးကို ငါရဲ့ရည်းစားအဖြစ် မိတ်ဆက်ပေးဖို့ လုပ်နေသလိုပဲ?”
အခန်းဖော်သုံးယောက်လုံးတိတ်ဆိတ်သွားတော့သည်။
…………
လေးရက်သည်မျက်စိတစ်မှိတ်အတွင်းကုန်သွားခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် လင်းဖန်သည် နေ့လယ် 12:00 တွင် လက်ခံရရှိသော စာအိတ်အနီများအားလုံးသည် ငွေသားများသာဖြစ်သည်။
မူဇောင်သည် အိပ်ဆောင်ထဲတွင် လေးလေးနက်နက် စာဖတ်နေပြီး ဇောင်ချင်းဘိုသည် ကွန်ပြူတာအား စိုက်ကြည့်နေပြီး ရံဖန်ရံခါတွင် စိတ်ဆိုး၊ ရယ်မောနေသည်။
လင်းဖန်ကတော့သူသည်ဖုန်းသုံးနေခဲ့သည်။
ထိုအချိန်တွင်စုရီက အမြန်ဝင်လာပြီး “ကားပြပွဲအတွက် ငါလက်မှတ်အနည်းငယ် ရခဲ့တယ်!”
“ဒီကားပြပွဲမှာ နောက်ဆုံးပေါ် BMW၊ အေဒီ၊ Mercedes၊Ferrari၊Porsche နဲ့ အခြား စူပါဇိမ်ခံကားတွေ လဲရှိသေးတယ်။”(ဒီဟာတွေအကုန်လုံးက ကားနမည်တွေပါ)
“မင်းတို့ကိုငါပြောစရာတစ်ခုရှိတယ်။ ငါ့ဝမ်းကွဲက Ferrari မှာ အရောင်းလုပ်နေတာ၊မင်းတို့အဲ့နေရာကိုရောင်ရင်မင်းတို့ကိုFerrari မောင်းတာကို အတွေ့အကြုံရအောင် စီစဉ်ပေးလို့ရတယ်။”
စုရီသည်ပြောနေရင်းပြောနေရင်းသူငပိုစိတ်လှုပ်ရှားလာပြီး သူ့မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နေသည်။
ဇောင်ချင်းဘိုသည်ဒါကိုကြားပြီးနောက်သူ၏မျက်လုံးသည်အနည်းငယ်တောက်ပလာပြီး “ငါလဲသွားမယ်”ဟုပြောလိုက်သည်။
စုရီက “အစ်ကို လင်း၊ မင်းလဲလိုက်မလား။”
လင်းဖန်က တစ်ခုခုပြောဖို့ လုပ်လိုက်သည်နှင့်တပြိုင်နက်သူစိတ်ထဲတွင်ပြတ်သားသောသတိပေးချက်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်- ငွေအများကြီးသုံးပါ။ စုစုပေါင်း 10 သန်းကျော်ကားများကို ဝယ်ယူပြီး အထူးကျွမ်းကျင်မှု 1 ခုကို ဆုချမည်။ 】
“ငါလည်းလိုက်မယ်!” လင်းဖန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
မူဇောင်သည် စာအုပ်ကိုချ၍ တုံ့ဆိုင်းသွားကာ “ငါ...”
စုရီက မူဇောင်ကိုထပ်ဖြေဆိုခွင့် လုံးဝမပေးခဲ့ဘဲ ပခုံးပေါ်လက်တင်ကာ “ကားပြပွဲမှာ မင်းအကြိုက်ဆုံး ခြေတံရှည်ရှည်၊ ပိုးသားလိုဖြူတဲ့အလှတွေ ရှိတယ်”
“ဂုရု!”
မူဇောင်သည်ဒါကိုကြားပြီးနောက်တံတွေးတစ်လုတ်ကိုမနေနိုင်ဘဲမြိုချလိုက်သည်။
ထို့နောက် သူတို့လေးယောက်သည် Mercedes-Benz Grand G ကိုမောင်းကာ ကားပြပွဲဆီသို့ ဦးတည်သွားကြတော့သည်။
ယခုနှစ် ကားပြပွဲသည် ကောဖန့်စတိတ်တွင်တည်ရှိသည်။
ဤနေရာသည် ကြီးကျယ်ခမ်းနားပြီး အလန်းစားကားများနှင့်လူများကြောင့်ပို၍ အသက်ဝင်လှသည်။
လင်းဖန်တို့သည်အပြင်မှာ၅ မိနစ်လောက်နေပြီးမှလင်းဖန်တို့သည် ကားပြပွဲထဲကို ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။အပြင်မှာထက် အထဲမှာ လူပိုများတယ်ဆိုတာကိုတွေ့လိုက်သည်။
အရှေ့ဘက်တွင် တိုယိုတာ၊ ဟွန်ဒါ၊ ဟွန်ဒိုင်၊ Volkswagen စသည်ဖြင့် လူသုံးများသော ယာဉ်တဲအချို့ရှိသည်။(တဲဆိုတာကဥပမာ တိုယိုတာအဲ့ကားကိုထုတ်တဲ့ကုမ္ပဏီကရောင်းဆိုင်ကိုတဲလို့ပြောတာပါ။ပြီးတော့အဲ့တဲနားမှစမ်းမောင်းလို့ရတယ်လမ်းလဲပါရှိသည်။)
လူတော်တော်များများက စမ်းသပ်မောင်းနှင်တာ၊ ကားအကြောင်းမေးမြန်းတာ၊ ဒါမှမဟုတ် ဓာတ်ပုံရိုက်တာတွေနဲ့အရမ်းအသက်ဝင်သည်။
မူဇောင်တို့စိတ်ကူးထားသည့်အရာနှင့် ကွဲပြားသည့် တစ်ခုတည်းသောအချက်မှာ ကားဆိုင်ရှိ ကားများနှင့် အရောင်းသမားများမှလွဲ၍ လှပသောကားမော်ဒယ်များ လုံးဝမရှိခြင်းပင်ဖြစ်သည်။
လင်းဖန်နှင့် အခြားသူများသည် လမ်းတစ်လျှောက်လုံး လျှောက်ကြည့်ရင်း စုရီသည် ယာဉ်များနှင့်ပတ်သက်၍ ရံဖန်ရံခါ မှတ်ချက်အချို့ပေးခဲ့သည်။
“တိုယိုတာရဲ့ အရည်အသွေးက တကယ်ကောင်းပေမယ့် အလယ်အလတ် အသွင်အပြင်ပဲရှိတယ်။”
“ဒီ BMW အသစ်က ကောင်းတယ်...”
“Mercedes-Benz အသစ်က အရမ်းကောင်းပုံမပေါ်ဘူး...”
…………
ထိုအချိန်တွင် မဝေးလှသော ခပ်မိုက်မိုက်ပုံစံ Ferrari တဲတစ်ခုသည် လင်းဖန်နှင့် အခြားသူများ၏ အမြင်တွင် တဖြည်းဖြည်း ပေါ်လာသည်။
ထိုအချိန်တွင် တဲထဲတွင် ယူနီဖောင်းဝတ်ထားသော အမျိုးသမီးငယ်နှစ်ဦးသာ ရှိသေးသည်။
စုရီက စိတ်လှုပ်ရှားစွာနဲ့ “ဒါက ငါ့ဝမ်းကွဲနဲ့ သူတို့ဆိုင်ရဲ့ တဲပဲ!”
စကားပြောနေစဉ် စုရီသည် အရပ်ရှည်သော အမျိုးသမီးကို ဝှေ့ယမ်းကာ “ဝမ်းကွဲ!”ဟုခေါ်လိုက်သည်။
စုလီ၏ အသွင်အပြင်သည် ကျောင်းသူ၏ အငွေ့အသက်ရှိပေမဲ့လဲသူမပုံစံကအနည်းငယ် ရင့်ကျက်နေသည်။
စုလီသည် စုရီကိုမြင်ပြီးနောက် သူမသည် အလွန်ပျော်ရွှင်နေပုံရပြီး “စုရီ!”ဟုခေါ်လိုက်သည်။
“ဝမ်းကွဲ၊ ဒါ ငါ့အခန်းဖော်တွေပဲ!” စုရီပြောသည်။
“မင်္ဂလာပါ အစ်မ” ဇောင်ချင်းဘို၊ မူဇောင်နှင့် လင်းဖန်တို့က တယောက်ပြီးတယောက် နှုတ်ဆက်လိုက်ကြသည်။
“အင်း မင်္ဂလာပါ!” စုလီက “လမ်းလျှောက်ရတာ ပင်ပန်းနေတယ်မလား ရေအရင်သောက်ပါ”ဟုပြောလိုက်သည်။
စကားပြောနေစဉ် စုလီသည် Ferrari လိုဂို(တံဆိပ်)ပါသည့် ရေဘူးလေးတစ်ဘူးကို ပေးလိုက်သည်။
စုရီကဟန်ဆောင်ပန်ဆောင်မလုပ်ပဲ ရေဘူးကို ဖွင့်ပြီးသောက်လိုက်သည်။
ထို့နောက် သူ၏မျက်လုံးများသည် တဲထဲရှိအမိုက်စား ပြိုင်ကားများကို အဆက်မပြတ် စကင်န်ဖတ်နေလေသည်။
“ဝမ်းကွဲ၊ ကျနော်တို့ဒါတွေကိုစမ်းလို့ရလား” စုရီ က မေးသည်။
“ရပါတယ် ဒါပေမဲ့ ကားဆေးမခြစ်မိဖို့ကိုသတိရပါ။” စုလီကသတိပေးလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာကြန်-စောင့်ချောကြီး