သောက်ရေ
Vol. 10 Ch. 142
Ferrari တဲထဲတွင် စူပါကား ၃ စီး ရှိသည်။
စုရီနှင့် ဇောင်ချင်းဘို တို့သည် ကားရှေ့၊ ကားဘေး၊ ကားနောက်ခန်း၊ ကားထဲတွင်... သူတို့သည်အဆက်မပြတ် လှုပ်ရှားနေကြပြီး စိတ်လှုပ်ရှားသောအမှုအရာများကလဒသူတို့မျက်နှာပေါ်တွင်အထင်းသားပေါ်နေသည်။
လင်းဖန်သာ်ကတော့သူတို့နဲ့မတူပဲအလွန်ငြိမ်သက်နေသည်။
ဘာကြောင့်လဲ ဆိုတော့ သူမှာစူပါကား အများအပြား ပိုင်ဆိုင်ထားပြီးလို့ပင်ဖြစ်သည်။
သို့သော်လည်း လင်းဖန်သည် Ferrari အတွက် အထူးခံစားချက်ရှိနေဆဲဖြစ်သည်။
တကယ်တော့ Ferrari ဟာ ယောက်ျားလေးတိုင်း မရှောင်လွှဲနိုင်တဲ့စိတ်ကူးအိမ်မက်ထဲက ကားတစ်စိးပင်ဖြစ်သည်။
လင်းဖန်က “ဒီကားသုံးစီးက ဘယ်လောက်ကျလဲ”
ယခုအချိန်တွင် ဆိုင်တွင် ဖောက်သည်တစ်ယောက်မှမရှိပေ။
ဒါကြောင့် စုလီက ယာဉ်အချက်အလက်များရှိသည့်ဖိုင်ကိုယူကာ”ဘယ်ဘက်မှာ Ferrari ကတော့စျေးနှုန်းက 4.4 သန်းပါ။”
“အလယ်မှာ Ferrari က 5.3 သန်းပါ။”
“”ညာဘက်က Ferrari ကို ၃.၅ သန်းနဲ့ ရောင်းပါတယ်။’’
ထိုအချိန်တွင် မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။
ထိပ်ပြောင်ပြီး အင်္ကျီဖြူဝတ်ထားသည့် အမျိုးသားတစ်ဦးနှင့် LV လက်ကိုင်အိတ်တစ်လုံးနှင့် စိန်လက်စွပ်ကြီးတစ်ကွင်းဝတ်ထားသော အမျိုးသမီးတစ်ဦးတို့ဖြည်းညှင်းစွာ လျှောက်လာသည်။
အင်္ကျီဖြူဝတ်ထားသည့် အမျိုးသားက “ဒါက ကျွန်တော်တို့ Ferrari ရဲ့ နောက်ဆုံးထွက် 488 ပါ။ စတိုင်ကျတဲ့ အသွင်အပြင်နဲ့ ဇိမ်ခံတဲ့ အတွင်းခန်းလဲပါတယ်။စျေးနှုန်းက 4.4 သန်းဖြစ်ပြီး မင်းလို အောင်မြင်ကျော်ကြားတဲ့ အလှလေးတွေအတွက် အသင့်တော်ဆုံးပါ။”
ထိုအမျိုးသမီးသည် ကားကိုကြည့်လိုချင်ဟန်ဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
ဒါပေမယ့် ဇောင်ချင်းဘို နဲ့ စုရီတို့ကသာမာန်အဝတ်အစားတွေဝတ်ထားကြီးကားထဲမှာဟိုထိလိုက်ဒီထိလိုင့လုက်နေတာကိုတွေ့လိုက်ရသည်။
ရုတ်တရက် မိတ်ကပ်အများကြီးလိမ်းထားတဲ့မိန်းမကြီးရဲ့မျက်နှာကြီးကမျက်မှောက် ရှုံ့လိုက်ပြီး “ဒီကားကောင်းမယ် မထင်ဘူး” လို့ ပြောလိုက်သည်။
ပြောပြီးတာနဲ့ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။
ရှပ်အင်္ကျီအဖြူဝတ်ထားသည့်လူက “မစ္စ ရှောင်၊ မစ္စ ရှောင်..”
သို့သော် ထိုအမျိုးသမီးက လုံးဝမတုံ့ပြန်ခဲ့ပေ။
ဒါကိုမြင်တော့ အင်္ကျီအဖြူဝတ်ထားတဲ့လူက အေးစက်စက် မျက်လုံးဖြင့် ဇောင်ချင်းဘို၊ စုရီနှင့် အခြားသူများ လက်ထဲတွင် Ferrari ရေဘူကို ကိုင်ထားရင်းဓာတ်ပုံရိုက်နေသည်ကို ကြည့်ရင်းဒေါသများဖြင့်ပြည့်နှက်လာတော့သည်။
ထို့နောက် သူသည် ရှေ့နှစ်လှမ်းတိုးကာ “စုလီ၊ လူရီ၊ ဒီကိုလာအုံး!”ဟုခေါ်လိုက်သည်။
စုလီနှင့် အခြား အရောင်းဝန်ထမ်း တို့သည် ထိုစကားကိုကြားပြီး ချက်ချင်းပြေးလာလိုက်ကြသည်။
“မင်္ဂလာပါ ဒါရိုက်တာ ဇောင်” နှစ်ယောက်သား သည်ရိုသေလေးစားသော လေသံဖြင့် အတူတူ နှုတ်ဆက်လိုက်ကြသည်။
သူမတို့ကဒါရိုက်တာဇောင် ကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသော်လည်း ဒါရိုက်တာ ဇောင်က ယင်းကြောင့် ယဉ်ယဉ်ကျေးကျေးပြန်မပြောပေ။
ဒါရိုက်တာဇောင်က “ Ferrari ဟာ ကမ္ဘာကျော် စူပါကားတစ်စီးပါ။ ဒီမှာပြသဖို့ ပိုက်ဆံအများကြီးသုံးထားရတဲ့ ရည်ရွယ်ချက်က ဖောက်သည်ပိုမိုများပြားလာအောင် ဆွဲဆောင်ဖို့ပဲ!”
“ကုမ္ပဏီရဲ့ သောက်ရေသန့်တွေကို စိတ်တိုင်းကျ မင်းကလိုက်ပေးလို့မရဘူးလေ။မပေးသင့်တဲ့လူကိုပေးလိုက်ရင်သူတို့ကရေတွေကားပေါ်ကျပြီးညစ်ပတ်သွားရင်ဘယ်လိုလုပ်မလဲ...”
“ပြီးတော့ဆေး ပျက်သွားရင်ရောဘယ်လိုလုပ်မှာလဲ”
စုလီသည် သူမ၏ လှပသော မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
ဒါရိုက်တာဇောင်က သူ့အကြောင်းပြောနေတယ်ဆိုတာကို သူမနားလည်ခဲ့ပြီး သူမစိတ်ထဲမှာတော့နည်းနည်းမှားနေသလို ခံစားလိုက်ရသည်။
ဒါရိုက်တာ ဇောင်ပြောတာ မှန်သည်။ ပြပွဲအတွက်ကုမ္ပဏီက ဒီတစ်ကြိမ်မှာ ပိုက်ဆံအများကြီးသုံးတားတယ်ဆိုတာ။
သို့သော် ကုမ္ပဏီသည် သောက်ရေအများအပြားကို ပြင်ဆင်ပေးထားသည်။
မနေ့က တဲကိုလာတဲ့သူတိုင်း ပုလင်းတစ်လုံးစီပေးသည်။
ဒီနေ့ သူမဝမ်းကွဲရဲ့သူငယ်ချင်းတွေကို တစ်ပုလင်းပေးသည်။
ဒီကားပြပွဲသည် လူများကို ဓာတ်ပုံရိုက်ပြီး စမ်းကြည့်ရန်မဟုတ်ပါလား။
စုလီကမမှားခဲ့ပေမဲ့ လဲ”တောင်းပန်ပါတယ် ဒါရိုက်တာ ဇောင်...”
ဒါရိုက်တာဇောင်ပြောသောအသံသည် အလွန်ကျယ်လောင်သောကြောင့်လင်းဖန်၊ စုရီ၊ ဇောင်ချင်းဘို နဲ့မူဇောင်တို့ကလဲဒါငိုကြားလိုက်သည်။
လင်းဖန်သည်ဒါကိုကြားတော့ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မျက်နှာသည်လဲ အနည်းငယ် ကြည့်မကောင်းဖြစ်သွားသည်။
ထိုအချိန်တွင် အဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းတစ်ဦးနှင့် မီးခိုးရောင်တီရှပ်ဝတ် လူငယ်တစ်ဦး တို့လမ်းလျှောက်လာကြသည်။
နှစ်ယောက်သားသည် စကားပြောရင်းရယ်နေကြသည်။ မီးခိုးရောင် တီရှပ်အင်္ကျီဝတ်ထားသည့် လူငယ်သည် အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိသော အမူအရာရှိပြီး အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လူငယ်ကိုမြောက်ပင့်နေသောအမူအရာရှိသည်။
သူတို့နှစ်ယောက်ကို တွေ့ပြီးနောက် ဒါရိုက်တာ ဇောင်က သူ့ရဲ့အရင်က တင်းမာမှုကို ပြောင်းလဲပြီး အဖေရှေ့မှာသားတစ်ယောက်လို “မန်နေဂျာ ဝမ်၊ မစ္စတာ နေကောင်းလား” လို့ပြောလိုက်သည်။
မန်နေဂျာ ဝမ်က ပေါ့ပေါ့ပါးပါး ဖြင့်”ဒီနေ့ အခြေအနေ ဘယ်လိုလဲ”ဟုမေးလိုက်သည်။
“ကျွန်ုပ်တို့ရဲ့ မဏ္ဍပ်ကို လူတွေ တော်တော်များများ လာရောက်ကြပြီး၊ အင်တာနက် အနုပညာရှင်တွေ တော်တော်များများကလဲ လာပြီးတိုက်ရိုက် ထုတ်လွှင့်လာကြတယ်... ကျွန်တော်တို့ရဲ့ မဏ္ဍပ်ကအခု အရမ်းနာမည်ကြီးတယ်။” ဒါရိုက်တာဇောင် က ပြောလိုက်သည်။
မန်နေဂျာ ဝမ်က ခေါင်းညိတ်ပြီး ဘာမှ မပြောပေ။
သူ့ဘေးက တန်ရှိန် က တဲပတ်လည်ကို တိုက်ရိုက် လှည့်ကြည့်လိုက်သည်။
နောက်အခိုက်အတန့်မှာတော့ သူ့မျက်လုံးတွေ တောက်ပလာကာ သူ အမြန်သွားကာ “အစ်ကို လင်းမင်းနဲ့တွေ့ဖို့ ကိုငါမမျှော်လင့်ထားဘူး”
လင်းဖန်သည် ခဏမျှတွေးကာ ဒေါင်လင်း အဝေးပြေးလမ်းမကြီးတွင် သူနှင့်တွေ့ဖူးသည်ကို မကြာမီ သတိရမိလိုက်သည်။
ပြီးတော့ဆောင်ကျင်းအန်း ရဲ့ မွေးနေ့ပွဲ ကျင်းပတော့ သူလည်း ဂှိ်ဆိုတာကိုဆက်စပ်တွေးမိလိုက်သည်။
ဒါပေမယ့် လင်းဖန်သည် သူနဲ့ နှစ်ကြိမ် လောက်ပဲပြောဆိုဖူးတယ်ဆိုတော့ သိပ်မရင်းနှီးပေ။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” ဟုပြောသည်။
လင်းဖန် ၏ ရင်းနှီးမှု မရှိခြင်း နှင့် နှိုင်းယှဉ်ပါက တန်ရှိန်သည် လင်းဖန် ကို လေးစားမှု အပြည့်ရှိသည်။
ဒရွတ် ပြိုပွဲတွင်သာလွန်သောအစွမ်းရှိပြီးစစ်တုရင်ဆော့ရာတွင်သာလွန်ထူးခြားသည်။
စုလင်းဟို၊လီယွင်ဟိုင် နှင့် အကြီးဆုံးအစ်မ ဆောင်ကျင်းအန်းတို့ပင်လျှင် လင်းဖန် ကို အလွန်ချစ်ခင်လေးစားကြသည်။
မန်နေဂျာဝမ်သည်လဲ မတတ်နိုင်ဘဲ ရှ့တက်လာပြီး လင်းဖန် ကို စိုက်ကြည့်ကာ “တန်ရှိန်၊ ဒါက...”
“အိုး မန်နေဂျာ ဝမ်၊ ဒါက အစ်ကို လင်းပဲ၊ သူက ဒရွတ်ဆွဲပြိုင်ပွဲမှာ ကျွမ်းကျင်တယ်။ လောက်တောင်ကျွမ်းကျင်လဲဆိုရင် လီ နဲ့ စုတို့က တောင်အစ်ကိုတွေရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး!” တန်ရှိန်က ပြောလိုက်သည်။
တန်ရှိန်သည် စုလင်းဟိုနဲ့ လီယွင်ဟိုင်တို့ရဲ့ နာမည်တွေကို မပြောခဲ့ပေ။
သို့သော်လည်း မန်နေဂျာ ဝမ်သည် ၎င်းတို့နှစ်ဦးက မည်သူ့ဖြစ််တယ်ဆိုတာကိုတိုက်ရိုက် ခန့်မှန်းနိုင်သည်။
မန်နေဂျာ ဝမ်က လေးစားသောအသံဖြင့်” မစ္စတာစုနှင့် မစ္စတာလီ တို့၏ ကားမောင်းကျွမ်းကျင်မှုသည် အလွန်အထင်ကြီးစရာကောင်းသည်။ မထင်မှတ်ပဲ အစ်ကိုလင်း က ပိုအစွမ်းထက်သည်။ အံ့သြစရာပဲ’’
“အစ်ကို လင်းက ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားဖြစ်နိုင်မလား?” မန်နေဂျာ ဝမ် က သေသေချာချာ မေးလိုက်သည်။
တန်ရှိန်က “ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားသည် အစ်ကိုလင်းနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပါ။”
ထို့နောက် တန်ရှိန် က “အစ်ကို လင်း၊ မင်း Ferrari ကို စိတ်ဝင်စားလား? ဒါက ကျန့်ပေ့Ferrari တစ်ခုလုံးရဲ့ အထွေထွေအေးဂျင့်မန်နေဂျာ ဝမ်ပါ။ !”
“စကားမစပ်၊ ညီမ ကျင်းအန်းရဲ့ SF90 ကိုလည်း မန်နေဂျာ ဝမ် က ပဲကူညီခဲ့ပေးခဲ့တာ”
လင်းဖန်က “ကျွန်တော်က နဂိုက စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် ဒါရိုက်တာဇောင်က သူ့ရဲ့ ရေကို သောက်ပြီး Ferrari ကို ပျက်စီးသွားမှာ စိုးရိမ်တယ်လို့ ပြောခဲ့တယ်။ ဒီလို အဖိုးတန် Ferrari ကို ဘယ်လို လုပ်စိတ်ဝင်စားနိုင်မလဲ။”ဟုပြောပြီးဒါရိုက်တာဇောင်ကိုညွန်ပြလိုက်သည်။
“ဟမ်?” တန်ရှိန် သည် မျက်ခုံးပင့်ကာ လင်းဖန်ညွှန်ပြနေသည့် လမ်းကြောင်းကို အေးစက်သောမျက်လုံးဖြင့်ကြည့်လိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး