← Chapters

တောင်းပန်ခြင်း

Vol. 10 Ch. 143

တောင်းပန်ခြင်း

Vol. 10 Ch. 143

တန်ရှိန်သည်လူပေါ့ကျော့ ချမ်းသာသော သခင်လေးကဲ့သို့သူမမိုက်မဲပေ။

ဆန့်ကျင်ဘက်အနေနှင့်၊သူသည် သာမန်လူများထက် ပိုမိုထက်မြက်ပြီး မှန်းဆနိုင်စွမ်း ပိုရှိသည်။

တန်ရှိန် သည် လင်းဖန် နှင့် နှစ်ကြိမ်သာ တွေ့ဆုံခဲ့သည်။

နှစ်ကြိမ်သာတွေ့ဆုံခဲ့ပေမဲ့သူသည်လင်းဖန်ကိုအလွန်လေးစားသည်။

တစ်ဖက်တွင် လင်းဖန်သည် ပြိုင်ကားစွမ်းရည်ကောင်းသောကြောင့်ဖြစ်သည်။

တစ်ဖက်တွင်၊ ဆောင်ကျင်းအန်း၊ လီယွင်ဟိုင်နှင့် စုလင်းဟိုတို့သည် လင်းဖန် နှင့် အလွန်ရင်းနှီးသောကြောင့်ဖြစ်သည်။

ဆောင်ကျင်းအန်းသည်သူ့မအသိုင်းအဝိုင်းမှာလူသိများသောလဲသူမသူငယ်ချင်းမှာအနည်းငယ်သာရှိသည်။

လီယွင်ဟိုင်ဟာသူ့ရဲ့ဒေါသကြောင့်နာမည်ဆိုးနဲ့ ကျော်ကြားပြီး၊ ဘယ်သူကမှအစလုပ်ပြီးသူငယ်ချင်းမလုပ်ရဲပေ။သို့ပေမဲ့လင်းဖန်အပေါ်တော်အလွန်သဘောထားကောင်းသည်။

စုလင်းဟိုက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက်လိုနေပြီး ဘယ်သူနဲ့မဆို ​ဖော်ရွင်တဲ့ဆက်ဆံရေးရှိပေမယ့် အကွာအဝေးကိုတော့ အမြဲထိန်းသိမ်းထားသည်။(အကွာအဝေးဆိုတာကစည်းခြားထားတာကိုပြောတာပါ)

သို့သော် စုလင်းဟိုသည် လင်းဖန် နှင့် အလွန်ရင်းနှီးသလိုနေသည်။

ဤအရာသည် လင်းဖန်နှင့်အလွန်ခင်မင်ရင်းနှီးကြောင်း ပြသသည်။

ဒီနေ့မှာတော့ အခွင့်အရေးရလာတဲ့အခါ တန်ရှိန်က သဘာဝအတိုင်း လက်လွတ်မခံချင်​ပေ။

လင်းဖန် က ရေသောက်သည်ကိုဆေးပျက်သွားမယ်ဟု ကြီးကြပ်သူလေးတစ်ယောက်ပြောဖို့ မမျှော်လင့်ထားခဲ့ပေ။

တန်ရှိန်က အေးစက်စွာဖြင့်”ဒါဆို Ferrari က အရမ်းစျေးကြီးတာပေါ့... ငါကဆောင်ကျင်းအန်း၊ လီယွင်ဟိုင်၊ စုလင်းဟို နဲ့ တခြားသူတွေကိုပြောရမှာပေါ့ Ferrari ကအရမ်းစျေးကြီး​ လို့မဝယ်ပါနဲ့လို့ ‘’

သူ့ဘေးက မန်နေဂျာဝမ် က အံ့အားသင့်သွားပြီး “မစ္စတာတန် ၊ အစ်ကိုလင်း ၊ ဒီကိစ္စမှာ နားလည်မှုလွဲသွားတယ်ထင်တယ်။ ဇောင်ဘန် ကို ငါချက်ချင်းတောင်းပန်ခိုင်းလိုက်မယ်။’’

Ferrari က ဈေးကြီးတဲ့ စူပါကားတစ်စီးပင်ဖြစ်သည်။သာမန်လူများအတွက် ကတော့လုံးဝမတတ်နိုင်တဲ့ပမာဏပင်ဖြစ်သည်။

​ပြီးတော့ဒီလိုအလန်းစားကားများကို သူဌေးကြီးတွေမဝယ်ကြပေ။သူတို့လို စီးပွား​

လုပ်တဲ့လူတွေကရင့်ကျက်ပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ကားတွေကိုသာရွေးကြသည်။

Ferrari ၏ အဓိကဝယ်ယူသူများမှာ စူပါကားများကို နှစ်သက်သောလူနှင့်တန်ရှိန် ကဲ့သို့ ချမ်းသာသော လူငယ်များသာဖြစ်သည်။

ဒီလိုချမ်းသာတဲ့လူငယ်တွေကFerrari ကိုဝယ်မှာမဟုတ်ဘူးဆိုရင်ရင်အခုသူတို့ဖွင့်ထားတဲ့ဆိုင်ကာမကြာမီပိတ်ရကိန်းရှိသည်။

ဒါကိုတွေးမိပြီး မန်နေဂျာ ဝမ် က အလျင်စလို လှည့်ပြီး “ဇောင်ဘန် မင်း ဘယ်လုပ်နေတာလဲ၊အစ်ကိုလင်းကို တောင်းပန်ဖို့ မြန်မြန်လာ”

တကယ်တော့ဇောင်ဘန်ဟာ တန်ရှိန် နဲ့ လင်းဖန်တို့ စကားပြောထဲကသူကကြောက်နေပြီဖြစ်သည်။

ဒီအချိန်မှာ မန်နေဂျာ ဝမ်က သူ့ကိုယ်ခေါ်တော့လုံးဝမတွန့်ဆုတ်လင်းဖန်ရှေ့သို့လာကာ

“အစ်ကို လင်း၊ ငါမင်းကို ပြောတာမဟုတ်ပါဘူး...”

“ဒာဆိုမင်းကငါ့သူငယ်ချင်းကို ဆိုလိုတာလား၊ ပြီးတော့ ငါ့သူငယ်ချင်းရဲ့ဝမ်းကွဲကို မင်းက အလုပ်ကိုသေချာမလုပ်ဘူးလို့ဘာလို့ပြောတာလဲ။” လင်းဖန်က ဘာသိဘာသာပြောလိုက်သည်။

လင်းဖန်သည် အနိုင်ကျင့်ခြင်းကို မကြိုက်ပေ။

ဇောင်ဘန်သည် နဖူးပေါ်မှ ချွေးများထွက် ကာတဆတ်ဆတ်တုန်နေသည်။

သူသည်ပါးစပ်ကိုဖွင့်ပြီး ရှင်းပြချင်သည်။

သို့သော် သူ့တွင်ရှင်းလင်းချက် လုံးဝမရှိပေ။

တန်ရှိန်က “ကျွန်တော်က အစ်ကို လင်းရဲ့ သူငယ်ချင်းတစ်ယောက်ဆိုတော့ Ferrari နဲ့ အရမ်းကြီးနှီးလို့ မရဘူး... ဆေးပျက်သွားရင်ဘာလိုလုပ်ရမှန်းမသိဖြစ်သွားမယ်”(အရမ်းရင်းနှီးတယ်ဆိုတာကကားနားကိုသွားတာထိတာကိုင်တာအဲ့တာတွေကိုပြောတာပါ)

ယခုအချိန်တွင်မန်နေဂျာ ဝမ်သည် အလွန်စိုးရိမ်နေပါသည်။

လင်းဖန်နှင့် တန်ရှိန်တို့ကိုယနေ့တွင်စိတ်ကျေနပ်မှုရှိစေရမည်ကို သူနားလည်သည်။ မဟုတ်ပါက နောင်တွင် အလွန်ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။

အဲ့ဒါနဲ့ မန်နေဂျာ ​ဝမ်က “ဇောင်ဘန် မင်းအလုပ်ကိုဘယ်လိုလုပ်နေတာလဲမင်းကစောင့်ရူးပဲ!”

“အခုကစပြီး မင်း ကကျန်ပေ့Ferrari ရဲ့ ဝန်ထမ်းမဟုတ်တော့ဘူး!”

ဒါကိုကြားပြီးနောက်ဇောင်ဘန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားတော့သည်။

Ferrari သည် စူပါပြိုင်ကားတစ်စီးဖြစ်သောကြောင့် နေ့တိုင်းနေ့တိုင်းတွင်ဖောက်သည်အနည်းငယ်သာရှိပြီး အလုပ်လုပ်ရသည်မှာလဲဖောက်သည်ရှိတဲ့အချိန်အနည်းငယ်သာအလုပ်လုပ်ရသည်။

ဒီလိုအလုပ်သည်အလုပ်သိပ်မရလို့ငွေအနည်းငယ်ပဲရတယ်ဟုမထင်ပါနဲ့။သူ၏လစာသည်အလွန်ကျေနပ်လောက်တဲ့အထိရှိသည်။

ဒါကြောင့်ဇောင်ဘန်သည် ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့ရောက်သည့်အချိန်တိုင်းကြွားလုံးထုတ်ခဲ့သည်။

ဇောင်ဘန်က”ဝမ်...မန်နေဂျာ ဝမ် ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးပါ...”

“အစ်ကို လင်း, မစ္စတာတန်... ကျေးဇူးပြုပြီး...”

ဇောင်ဘန် က မျက်ရည်မျက်ခွက်နဲ့တောင်းပန်ခဲ့သော်လည်း အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ပေ။

အဲ့တာနဲ့သူက စုလီဆီကို ပြေးသွားပြီး “စုလီ၊ငါမှားပါပြီ၊ ငါ့ကိုတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ... ငါ အလုပ်ထုတ်ခံရရင် ငါတကယ် အသက်မရှင်နိုင်တော့ဘူး...”

သူ့၏သနားစရာကောင်းသောပုံစံကိုမြင်တော့ စုလီက အနည်းငယ်သနားသွားပြီး “လင်...လင်းဖန် သူမှားကိုသူသိနေပြီဆိုတော့ဒီအကြောင်းကို မေ့လိုက်ရအောင်”

လင်းဖန် က”စုလီကမင်းကို တောင်းပန်တဲ့အတွက်ဒီကိစ္စကို ဒီလောက်နဲ့ပဲပြီးလိုက်မယ်။ ဒါပေမယ့် မင်းဒီသင်ခန်းစာကိုမှတ်သားထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“နောက်တစ်ခါ ဒီလိုမျိုး ကြုံခဲ့ရင်ဒီကိစ္စကဒီအတိုင်းပြီးမှာမဟုတ်ဘူး”

ဇောင်ဘန် က “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ဒီလိုမျိုး နောင်ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါဂတိပေးပါတယ်”

တဲထဲရှိလေထုသည် ချက်ချင်း သက်သာသွားတော့သည်။

လင်းဖန် က “ညီမ စုလီ၊ ဒီ Ferraris သုံးခုကို ဘယ်သူမှ မှာထားတာ မရှိဘူး မဟုတ်လား”

“ဟုတ်တယ်၊ ဘယ်သူမှ မမှာထားသေးဘူး။” စုလီကချက်ချင်းပြောလိုက်သည်။

“ဒါဆို ဒီကားသုံးစီးဝယ်မယ်’’ဟု လင်းဖန်က ပြောလိုက်သည်။

“ဟမ်?” စုလီ အံ့သြသွားခဲ့သည်။

လင်းဖန်က “Ferrari 488 က 4.4 သန်း၊ Ferrari 812 က 5.3 သန်း၊ Ferrari F8 က 3.5 သန်း၊ စုစုပေါင်း 13.2 သန်းပါ။ရော့ဒီမှာကတ်အကုန်ငွေချေမယ်”

ထို့နောက် လင်းဖန်သည် သူ၏ဘဏ်ကတ်ကို ထုတ်ယူပြီးပေးလိုက်သည်။

“ဘာ……”

စူပါပြိုင်ကားတစ်ခါဝယ်သုံးစီးလား??

စုလီသည်ဒီလိုပုံစံမျိုးကို သူမဘယ်အခါမှမမြင်ဘူးပေ။

သူ့မဘေးက မန်နေဂျာ ဝမ်က ပထမဆုံး ကြန်လည်သတိဝင်လာပြီးလင်းဖန်ရဲ့ လုပ်ရပ်ကြောင့် သူလည်း အံ့အားသင့်ခဲ့သည်။

Ferrari ၃ စီး ချက်ချင်းလက်ငင်းဝယ်တာလား။

သာမာန် ချမ်းသာတဲ့ လူငယ် သူဌေးတွေတောင် မှဒီလောက်အထိပိုက်ဆံမသုံးနိုင်ပေ။

တန်ရှိန် သည် လင်းဖန် ကို အလွန်အလေးထားပြောနေသည်မှာ အံ့သြစရာမဟုတ်ပေ။

မန်နေဂျာဝမ်က “အစ်ကို လင်း က ငါတို့ဆိုင်မှာ ကားသုံးစီးတစ်ခါတည်းဝယ်လိုက်တာဆိုတော့မင်းကိုလျှော့စျေးနဲ့13 သန်း ပဲပေး”

မန်နေဂျာဝမ်စကား​ကိုကြားပြီးနောက်လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

“ပီ!”

POS စက်မှ ချိသာသောအသံဖြင့် ကတ်ထဲမှ၁၃ သန်းကို အောင်မြင်စွာ ပေးချေနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! 10ကြိမ်ပြန်အမ်းငွေကတ်ကို သင်အသုံးပြုလိုပါသလား။ 】

“ဟုတ်တယ်!” လင်းဖန်က သူ့စိတ်ထဲကနေ တိတ်တဆိတ် ပြောလိုက်သည် ။

ထို့နောက် ချက်ချင်းပင် လင်းဖန်၏ မိုဘိုင်းလ်ဖုန်းတွင်မက်ဆေ့တစ်စောင်ဝင်လာခဲ့သည်။’’တရုတ်ဘဏ် မှ ယွမ် သန်း ၁၃၀ ကို လွှဲပေးလိုက်ပါသည်။’’ဟုဖုန်းမျက်နှာပြင်ပေါ်တွင်ပေါ်လာသည်။

ယခုအချိန်အထိ လင်းဖန်လက်ထဲရှိစုစုပေါင်းငွေမှာ ယွမ် သန်း ၃၅၀ ရှိသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏လက်ကိုင်ဖုန်းတွင် အနီရောင်စာအိတ် ၁၃၀၀ ပေါ်လာခဲ့သည်။

【ဒင်း! မစ်ရှင်ပြီးခြင်း- ငွေအများကြီးသုံးပါ။ စုစုပေါင်း 10 သန်းကျော်တ်ဖိုးရှိကားများကို ဝယ်ယူပြီး အထူးကျွမ်းကျင်မှု 1 ခုကို ဆုချမည်။ 】

[ပန်းချီ ကျွမ်းကျင်မှု- အလွန်သာလွန်ကောင်းမွန်သော ပန်းချီစွမ်းရည်၊ ပန်းချီဆွဲထားသည့်ပုံသည်အပြင်မှာတွေ့နေရသလိုအသက်ဝင်မည်ဖြစ်သည်။ 】

ပန်းချီပညာရှင်လား?

ဒါလဲကောင်းမွန်တဲ့ စွမ်းရည်တစ်ခုပင်ဖြစ်သည်ဟုလင်းဖန်ကတွေးလိုက်သည်။

ပြီးတော့သူကFerraris ၃ စီးဝယ်ပြီး ၁၃ သန်းပေးချေပြီးသန်း ၁၃၀ ပြန်ရခဲ့သည်။

ထို့နောက် ပန်းချီကျွမ်းကျင်မှုနှင့် စာအိတ်အနီ 1,300 ကို ရရှိခဲ့သည်။

လင်းဖန်သည် ဤခရီးစဉ်ကသူ့အတွက်အလွန်အကျိုးအမြတ်ရှိသောကြောင့်ခေါင်းညိတ်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters