ကံကောင်းခြင်းတွေရောက်ရှိခြင်း
Vol. 10 Ch. 144
တန်ရှိန်သည် အတော်အတန် ချမ်းသာသော လူအဖြစ် မှတ်ယူနိုင်သည်။
ဒါပေမယ့် လင်းဖန် ဟာ Ferraris သုံးစီးကို တစ်ကြိမ်တည်းဝယ်တာကို မြင်လိုက်ရတော့ လက်မ မထောင်ပဲမနေနိုင်ပေ။
တန်ရှိန်က “အစ်ကို လင်းက ကျနော်မျှော်မှန်းထားသလိုပဲ ခမ်းနားကြီးကျယ်လွန်းတယ်”ဟုရယ်ပြီးပြောလိုက်သည်။
ထို့နောက် သူသည် သူ့လက်ကောက်ဝတ်ပေါ်ရှိ Vacheron Constantin(နာရီတံဆိပ်)ကို တစ်ချက်ကြည့်လိုက်ပြီး “ညစာစားချိန်နီးနေပြီဆိုတော့အစ်ကို လင်း၊ကျနော်ဒီနေ့အစ်ကိုလင်းနဲ့ဒီနေ့ ရှားရှားပါးပါး တွေ့ဆုံခဲ့တာကြောင့်အနီးအနားမှာကလပ်ကောင်းကောင်းတစ်ခုရှိတယ်။အဲ့ဒါကျနော်နဲ့ အတူတူ စားပြီး အပန်းဖြေမလား”
တန်ရှိန်သည် လင်းဖန်ကို ကိုကူညီပေးခဲ့သည်။လင်းဖန်သည် လည်း အနည်းငယ်ဗိုက်ဆာနေသောကြောင့် အတူတူစားရန်မှာကိစ္စမရှိပေ။
ထို့ကြောင့် လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။
မန်နေဂျာ ဝမ် က “အစ်ကို လင်းနဲ့ မစ္စတာတန်ကျရောလိုက်လို့ရမလား?”
တန်ရှိန်ကဘာမှပြန် မဖြေဘဲ လင်းဖန်ကို ကြည့်လိုက်သည်။
ထင်းရှားသည်မှာသူကဒါကို လင်းဖန်အား ဆုံးဖြတ်ခွင့်ပေးလိုက်တယ်ဆိုတာပင်ဖြစ်သည်။
လင်းဖန်က ဒါကိုမသိချင်ယောင်ဆောင်ပြီးခေါင်းညိတ်ကာ “လာပါ” ဟုပြောလိုက်သည်။
မန်နေဂျာ ဝမ်က ဒါကိုကြားပြီး “ကောင်းပြီ အစ်ကို လင်း ကျေးဇူးတင်ပါတယ် ပြီးတော့မစ္စတာတန်ရော!”
ထို့နောက် လင်းဖန် သည် စုရီ ၊ မူဇောင်၊ဇောင်ချင်းဘို နှင့် စုလီတို့ကိုခေါ်ပြီးMercedes-Benz G (ကား)ကို မောင်းနှင်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
စုရီက “အစ်ကို လင်းကျေးဇူးတင်ပါတယ်!”
ဒါရိုက်တာဇောင်ကို သင်ခန်းစာပေးရန် နှင့်စုလီကိုကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း လင်းဖန်က နားလည်သည်။
“ဒါက ကိစ္စသေးသေးလေးပဲကိုကျေးဇူးတင်စရာမလိုပါဘူး” လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီးပြော လိုက်သည်။
မူဇောင် က တိုးတိုးလေးဖြင့်”ဇောင်ချင်းဘို ၊ ကလပ်ကို သွားတာ က...သိပ်မကောင်းဘူးနော်”
ဒါကိုကြားပြီးနောက်ဇောင်ချင်းဘို က ရယ်မောပြီး “ အိုး၊ ငါ မေ့တော့မလို့ပဲ၊ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်ဆိုတာ... မင်းကငယ်သေးတယ်ဆိုပေမဲ့လဲနောင်တစ်ခါကျရင် ဖြည်းဖြည်းချင်း ကြီးပြင်းလာလိမ့်မယ်”ဟုပြုံးပြီးပြောလိုက်သည်။
မူဇောင်ကဒါကိုကြားပြီးနောက်သူ့မျက်နှာဟာချက်ချင်းပုတ်သိုးသွားတော့သည်။
ဒီအချိန်မှာ ကြောင်တက်တက်ဖြစ်နေတဲ့ စုလီက “လင်...လင်းဖန်၊ မင်း Ferraris သုံးစီး လုံးကိုတစ်ခါတည်းဝယ်ခဲ့တာကအရမ်းများနေသလား၊ များရင်မန်နေဂျာ ဝမ်ကို မင်းကြိုက်တဲ့ကကိုယူပြီးအပိုကားနှစ်စီးအတွက်ငွေပြန်တောင်းပေးမယ်လေ”
လင်းဖန် က ပြုံးပြီး “အဆင်ပြေပါတယ်၊ ဒါတွေကစျေးပေါတဲ့ကားတွေလေ၊ ဒါကြောင့် နောက်ထပ်ကားအနည်းငယ်ဝယ်တာက ကိစ္စမရှိဘူး”
စုလီ:...
စုရီ:...
ဇောင်ချင်းဘို :...
မူဇောင်:...
Ferrari သန်းပေါင်းများစွာတန်တဲ့ကားကိုဈေးပေါတဲ့ကားလို့ ခေါ်တာလား။
တိုယိုတာ နဲ့ တစ်ခြားကားတွေ က အရုပ်ကားတွေလား?
…………
များမကြာမီ လူတိုင်းသည် AC ကလပ် သို့ ရောက်လာကြသည်။
အရပ်မြင့်မြင့် အလှမယ် နှစ်ယောက်သည် လူစုလူဝေးကို မြင်သောအခါ ကွေးညွတ်ပြီး အလွန်ချိုသာသော အသံဖြင့် “AC club မှ ကြိုဆိုပါတယ်”ဟုပြောသည်။
ACကလပ်ကိုအထဲဝင်ဝင်ချင် ကြည့်လိုက်သောအခါ စိန်ပုံစံ မီးသီးများများ၊ လှပသောထိုင်ခုံများစားပွဲများ..... စသည်တို့သည်တန်ဖိုးကြီးသောဇိမ်ခံပစ္စည်းများအပြည့်ဖြစ်သည်။
ထို့နောက် သူတို့အဖွဲ့သည် သီးသန့်အခန်းသို့ ရောက်လာကြသည်။
သြစတြေးလျ ပုဇွန်များ၊ ဂုံးများ၊ ဂျင်ဆင်းစွပ်ပြုတ်၊ ဘာဂါ၊ပီဇာ...........စသည့်အရသာရှိသော အစားအစာများစွာကို စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ထားရှိသည်။
မန်နေဂျာဝမ် က ဖူတိုင်ဝိုင် ပုလင်းကိုဖွင့်ပြီး ဖန်ခွက်အပြည့်ထည့်ကာ “အစ်ကို လင်း၊ မင်းနဲ့ ညစာစားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါမင်းကို တစ်ခွက်နဲ့ဂုဏ်ပြုပါရစေ” လို့ ပြောလိုက်သည်။
စကားပြောပြီးတဲ့အခါ ဝိုင်ကိုတစ်ကျိုက်တည်းသောက်လိုက်သည်။
ဤဝိုင်တစ်ခွက်ကြောင့်လေထုသည်ပိုမိုနွေးထွေးလာသည်။
ထမင်းကို လူတိုင်းက အရမ်းစားကြတယ်။
ထို့နောက် စားပွဲထိုးလေး၏ စကားကြောင့် အားလုံးက ရေချိုးပြီးနောက် ရေချိုးဝတ်စုံ(သပတ်)သို့ ပြောင်းလဲလိုက်ကြသည်။
မူဇောင် သည် ရေချိူးခန်းထဲတွင်”ခင်းဘို ဒါကသိပ်မကောင်းဘူးနော်”
ဇောင်ချင်းဘို က ပြုံးပြီး “မင်းဘာဖြစ်နေတာလဲကွာနောက်တော့မှ မင်း ကဒါမှဒါမဖြစ်နဲ့နော်”ဟုပြောလိုက်သည်။
စကားပြောပြီးနောက် သူအရင်ထွက်သွားသည်။
မူဇောင်သည်လဲအံကြိတ်ကာ လိုက်ထွက်လာသည် ။
နောက်အခိုက်အတန့်တွင် တင့်တယ်သောရုပ်ရည်နှင့် အလှမယ် တစ်ဒါဇင်ကျော်သည် သူတို့ရှေ့တွင် သပ်ရပ်စွာ ပေါ်လာခဲ့သည်။
သူတို့က “မင်္ဂလာပါ” လို့ တညီတညွတ်တည်း ပြောလိုက်သည်။
ဇောင်ချင်းဘို နှင့် အခြားသူများသည် သူမတို့ကိုကြည့်ပြီးတံတွေးမမျိုချပဲမနေနိုင်ပေ။
ထို့နောက်တစ်ယောက်ကိုအလှမယ်နှစ်ယောက်က လက်နှစ်ဖက်ကို ညင်သာစွာ နှိပ်နယ်ပေးနေကြသည်။(အဲ့တာကမာဆတ်ထင်တယ်)
မျက်စိတစ်မှိတ်အတွင်းမှာပင်ညနက်လာတော့သည်။
အဲ့အချိန်မှာမှအားလုံးက အေစီကလပ်ကနေ ထွက်သွားကြသည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးချင်း ဘဝကို ပျော်ရွှင်စွာဖြတ်သန်းတဲ့အတွက် ငွေရောင်စာအိတ်တစ်အိတ်ရရှိသည်။ 】
လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသည်။ ဒီနေ့ကံကောင်းတဲ့နေ့လားဆိုတာလင်းဖန်တွေးလိုက်သည်။
ဘာလို့လဲဆိုတော့မစ်ရှင်နှစ်ခုကို ဆက်တိုက်ပြီးအောင် လုပ်နိုင်ခဲ့လို့ပင်ဖြစ်သည်။
လင်းဖန် က ဒါကိုစဉ်းစားပြီး ဇောင်ချင်းဘိုနဲ့ တခြားသူတွေကို ကျန်ပေ့တက္ကသိုလ်ကို ပြန်ပို့ပြီးနောက် ပန်းလုံဗီလာသို့ပြန်လာခဲ့သည်။
ဒီနေ့ရခဲ့သောစာအိတ်များကိုပန်းလုံဗီလာသို့ရောက်ပြီးနောက်ချက်ချင်းဖွင့်လိုက်သည်။
[ငွေရောင်စာအိတ် ၁ အိတ်ကို ဖွင့်မလား။ 】
“ဟုတ်တယ်!”
【ဒင်း! ဂုဏ်ယူပါတယ်၊ ၁ ယွမ် ကတ်ပြား။ 】
[၁ ယွမ်ကတ်၊ ၁ ယွမ်သုံးပြီးနောက် ယွမ်သန်း ၁၀၀ တိုက်ရိုက်ရမည်ဖြစ်သည်။ 】
ဒါကိုမြင်တော့ လင်းဖန်က မပြုံးပဲမနေနိုင်ပေ။
ထို့နောက် ဖုန်းစခရင်ကို စိုက်ကြည့်လိုက်ပြန်သည်။
[စာအိတ်အနီ 1300 ကို သင်ဖွင့်လိုပါသလား 】
“ဟုတ်တယ်!”
【ဒင်း! ဂုဏ်ယူပါတယ် 3 ယွမ် ရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ယွမ် 500 ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် LV ရှယ်ယာများ၏ 5% ကို ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် မင်း ဘီဂျေ အဆောက်အဦးတစ်ခုရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ပရော်ဖက်ရှင်နယ် ကောလိုစွမ်းရည်ကို ရရှိသည်။ ထူးထူးခြားခြား ကျက်သရေရှိမှုကို ပြသနိုင်ဖို့အတွက်ကောလိုကစားပါ။ 】
...
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် McDonnell Douglas MD902 ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးကိုရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ်၊ 100% လျှို့ဝှက်လက်နက်စွမ်းရည်ကို ရရှိသည်။ အရာအားလုံးကို သင်၏မီတာတစ်ရာအကွာအဝေးအတွင်း သတ်မှတ်ထားသောနေရာသို့ 100% လွှင့်ပစ်လိုက်နိုင်ပြီး အလွန်ကောင်းမွန်သောထိန်းချုပ်မှုစွမ်းလဲ ရှိသည်။ 】
…………
စာအိတ်အနီ ၁၃၀၀ကိုဖွင့်ရာတွင်လင်းဖန် စုစုပေါင်း ၈၃၀ ၁၁၁ ယွမ် ရရှိခဲ့သည်။
MD902 ကိုယ်ပိုင်ဂျက်လေယာဉ်သည် ယွမ် သန်း ၅၀ ခန့် တန်ကြေးရှိသည်။
ဘီဂျေအဆောင်အအုံ သည် ကျန်ပေ့မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံဖြစ်ပြီး တန်ဖိုး ယွမ် မှာ၁ ဘီလီယံကျော်ရှိသည်။
LV သည် စျေးကွက်တန်ဖိုး တစ်ထရီလီယံကျော်ရှိသော ဇိမ်ခံအမှတ်တံဆိပ်ဖြစ်ပြီး ၎င်း၏ရှယ်ယာများ၏ 5% သည် ဘီလီယံ 50 နီးပါးရှိသည်။
ထို့အပြင်၊ ကျွမ်းကျင်မှုနှစ်ခုကိုလဲရရှိခဲ့သည်။
လင်းဖန်သည်သူ့မျက်နှာပေါ်တွင် ပြုံးပြရုံမှတစ်ပါး မကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာကြန်-စောင့်ချောကြီး