← Chapters

R&D ဆု၊ ဆယ်သန်း။

Vol. 10 Ch. 145

R&D ဆု၊ ဆယ်သန်း။

Vol. 10 Ch. 145

နောက်တစ်နေ့တွင် ကောင်းကင်သည် အလွန်ကြည်လင်နေသည်။

ပြတင်းပေါက်ကနေအခန်းထဲသို့ နေရောင်ကျလာတဲ့အခါ ကျယ်ဝန်းတဲ့ကုတင်ပေါ်မှာအိပ့်နေသောလင်းဖန် နောက်ဆုံးတော့ မျက်လုံးပွင့်လာခဲ့သည်။

လင်းဖန်သည် ဖုန်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

ဤအချိန်တွင် ထုံးစံအတိုင်းဖုန်းမျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

တရူတ်ဘဏ် မှ ယွမ် ၁,၇၂၀,၀၀၀ ကို ရရှိသည်။ “

ယင်းနှင့်ပတ်သက်၍လင်းဖန်သည် လုံးဝဂရုမစိုက်ဘဲ ဖုန်းကိုပြန်ပိတ်လိုက်ပြီး ရေချိုးကြီးတာနဲ့ အပြင်သို့ ထွက်လာခဲ့သည်။

တံခါးဖွင့်လိုက်တာနဲ့ အလန်းစားရဟတ်ယာဉ်တစ်စီးကို တွေ့လိုက်ရသည်။

လင်းဖန်သည် ခဏရပ်ကြည့်ပြီးနောက်သူအိမ်နဲ့ မဝေးတဲ့က စားသောက်ဆိုင်တစ်ဆိုင်ကို မောင်းလာပြီး ဖက်ထုပ်၊ အီကြာကွေး၊ပေါက်ဆီတို့ကိုစားပြီးလက်ဖက်ရည်သောက်ကာ စားသောက်ဆိုင်ကနေထွက်လာခဲ့သည်။

လင်းဖန်သည် စားသောက်ဆိုင်မှ ထွက်လာပြီးနောက် စားသောက်ဆိုင်ဘေးရှိ စူပါမားကတ်သေးသေးလေးမှ တစ်ရှူးတစ်ထုပ်ကို ၁ယွမ်နဲ့ဝယ်လိုက်သည်။

[၁ယွမ်ကတ်ကိုသုံးမည်လား 】

“ဟုတ်တယ်။”

သိပ်မကြာခင်မှာပဲ သူ့ဖုန်းက အနည်းငယ်တုန်ခါသွားခဲ့ပြီးဖုန်းမျက်နှာပြင်ပေါ်တွင်စားသားမက်ဆေ့တစ်ခုပေါ်လာခဲ့သည်။

[တရုတ်ဘဏ်မှ ယွမ် သန်း ၁၀၀ကိုလက်ခံရရှိသည်။ 】

ယခုအချိန်တွင်လင်းဖန်သည်မပျော်ပဲမနေနိုင်တော့ပေ။ဘာလို့ဆိုသူ့တွင်စုစုပေါင်းငွေသန်း 450 ရှိသွားသောကြောင့်ဖြစ်သည်။

…………

ကျန်ပေ့တက္ကသိုလ်။

ဒီမနက်က ဆရာမဟန်တီ ရဲ့အတန်းပင်ဖြစ်သည်။

စာသင်ခန်းတစ်ခုလုံး နံနက်စောစောတွင် လူပြည့်နေသော်လည်း စုရီ နှင့် အခြားသူများက လင်းဖန်ထိုင်ခုံရရန် ကူညီပေးခဲ့ကြသည်။

ဆရာမဟန်တီ၏ အတန်းချိန်သည် အလွန်မြန်ပုံရသည်။

ခဏအကြာတွင် အတန်းပြီးတဲ့ခေါင်းလောင်းသံ မြည်လာတော့သည်။

ကျောင်းသားအားလုံး၏မျက်လုံးထဲတွင် ဆရာ Tian Tian က မြေဖြူခဲကိုချကာအတ်းထဲကာထွက်ခါနီးတွင်သမူက “ကျောင်းသား လင်းဖန်၊ ဒီကိုလာ” ဟုပြောလိုက်ပြီးစာသင်ခန်းအပြင်သို့သွားလိုက်သည်။

လင်းဖန်သည်ဟန်တီစကားကြားပြီးနောက်ချက်ချင်းအခန်းထဲကနေတန်းထွက်လာခဲ့သည်။

လင်းဖန်သည်ဟန်တီနားရောက်ပြီးနောက်ပြုံးကာ “ကျွန်တော်တို့ဆရာမရုံးခန်းကို သွားပြီး တစ်ချို့အကြောင်းအရာတွေကို ဆွေးနွေးမလို့လား။”

ဟန်တီသည် တစ်ခုခုကို တွေးမိလိုက်ပြီး သူမရဲ့ လှပတဲ့ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး “ဟေးချမ်က မင်းကို သူ့ရုံးခန်းကို လာခိုင်းလိုက်တာ”

“အိုး…” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဟန်တီ က တိုးတိုးလေးဖြင့်”ညနေကျရင်ငါ့အိမ်ကို သွားပြီး တစ်ချို့အကြောင်းအရာတွေ ကိုဆွေးနွေးမယ်လေ’’ဟုပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး “ကောင်းပြီ!”

ယခုအချိန်တွင်ဟေးချမ်သည် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း သူ့မျက်နှာမှာ နီရဲနေသည်။

ထိုအချိန်တွင်တံခါးပွင့်လာသောအခါ ဟေးချမ်သည် အမြန်ထရပ်လိုက်သည်။

“လင်းဖန်၊လာလာဒီမှာလာထိုင်၊ လက်ဖက်ရည်သွားသောက်မလား ဒါမမဟုတ်အအေးသောက်မလား”

လင်းဖန်က’’လက်ဖက်ရည်ပဲသောက်မယ်’’ဟုပြောပြီးတာနဲ့ဟေးချမ်သည်ချက်ချင်းလက်ဖက်ရည်ဖျော်ပြီးလင်းဖန်ရှေ့ကိုလာချပေးလိုက်သည်။

လင်းဖန်သည်လဲမ​ယဉ်ကျေးတော့ဘဲလက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။

လင်းဖန်စိတ်ထဲတွင်’’အရသာက ချိုမြိန်ပြီး အဆုံးမရှိတဲ့တောင်တန်းကိုရောက်သွားသလိုခံစားရတယ်။ဒါဟာတကယ့်လက်ဖက်ရည်ကောင်းပဲ’’ဟုချီးမွမ်းလိုက်သည်။

“ဟေးချမ်တစ်ခုခုပြောစရာရှိလို့လား” လင်းဖန်က မေးလိုက်သည်။

ဟေးချမ် က “ဟုတ်တယ် မင်းတီထွင်ခဲ့တဲ့ ငလျင်ကြိုတင်ခန့်မှန်းစက်ဟာ နိုင်ငံတော် R&D လက်မှတ်နဲ့ ဆုကြေး ယွမ် ၁၀ သန်း ရရှိခဲ့တယ်...”

ပြီးတော့ဒီနေရာတွင်တွင် လက်မှတ်ထိုးလိုက်တာနဲ့ ဘောနပ်စ်ကို ဒီနှစ်ရက်အတွင်း ရလိမ့်မယ်။”

ဟေးချမ်သည်သူပြောပြီးတာနဲ့လက်မှတ်များနှင့် စာရွက်စာတမ်းများကိုထုတ် ပေးလိုက်သည်။

ဘောနပ်စ် 10 သန်းပေးတယ်ဆိုတာကအလွန်ရှားသည်။

ပုံမှန်အခြေအနေအရ ဤကိစ္စကိုလူသိရှင်ကြား ထုတ်ပြန်ပေးမည်ဖြစ်သည်။

သို့သော် လင်းဖန် သည် တွေ့ဆုံမေးမြန်းခြင်းကို မကြိုက်ကြောင်း ကိုသးတို့ကသိသောကြောင့်ပင်ဖြစ်သည်။

“အိုး။” လင်းဖန် က ပြတ်ပြတ်”လက်မှတ်ထိုးရသေးတာလား”

ဟေးချမ်သည်လင်းဖန်အဖြေကြောင့် အံ့သြသွားသည်။

၎င်းသည် နိုင်ငံတော် R&D လက်မှတ်နှင့် 10 သန်းဆုကြေးငွေဖြစ်သည်။

နစ်ရှင်နယ် R&D ဆု၊ နိုင်ငံတော် အသိအမှတ်ပြုလက်မှတ်၊ ဒါက ဂုဏ်ယူစရာတစ်ခုလို့ ပြောလို့ရသည်။

ဘောနပ်စ် ယွမ် 10 သန်း တစ်ခုတည်းဆိုရင်တောင် သာမာန်လူများသည် ငွေများစွာရသောကြောင့်စိတ်လှုပ်ရှားနေမည်မှာ သေချာသည်။

ဒါပေမယ့် လင်းဖန် ကတော့အရမ်းငြိမ်သက်နေသည်။

လင်းဖန်သည် နေ့တိုင်း ယွမ် ၁ သန်းကျော် ရနိုင်သည်ကို ဟေးချမ် မသိခဲ့ပေ။

10 သန်းရဖို့အတွက်ဆိုရက်အနည်းငယ်သာစောင့်ရမည်ဖြစ်သည်။

ထို့အပြင်၊ သူသည် နံနက်ပိုင်းတုန်းက၁ ယွမ် တစ်ရှူးတစ်ထုပ်ကို ဝယ်ပြီးနောက် ယွမ်သန်း ၁၀၀ ကိုပြန်လည် ရရှိခဲ့သည်။

အခု 10 သန်း ရတော့သူအရမ်းငြိမ်နေသည်မှာမထူးဆန်းပေ။

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။

အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။

ထို့ကြောင့် လင်းဖန်သည် လက်မှတ်မထိုးတော့ဘဲ စာအိတ်အနီတွေကို​အမြန်နှိပ်လိုက်သည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။’’

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”

…………

လင်းဖန်သည် သူ၏ မိုဘိုင်းလ်ဖုန်းပေါ်တွင် ဆော့ကစားရန်ကိုသာအာရုံစိုက်နေသည်ကို မြင်လိုက်ရသဖြင့် ဟေးချမ်သည် လဲစပ်စုချင်သောကြောင့်မစိုက်ကြည့်ပဲမနေနိုင်ပေ။လင်းဖန်သည် ၃ ယွမ် အနီရောင်စာအိတ်ကို စိတ်အားထက်သန်စွာ ယူနေသည့် မြင်ကွင်းကို သူမြင်လိုက်ရသောကြောင့် သူ့၏နှုတ်ခမ်းထောင့်သည်အနည်းငယ် တုန်လှုပ်သွားသည်။

ဟေးချမ်ကဒါကိုကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။

၁ မိနစ်ကြာပြီးနောက် လင်းဖန်သည် ဖုန်းကို ဖယ်ကာ ဘောပင်ကို ထပ်မံကောက်ယူပြီး ဖိုင်တွင် သူ့နာမည်ကို အမြန်လက်မှတ်ထိုးလိုက်သည်။

“ဘာမှမဟုတ်​ဘူးဆိုရင် ကျနော်အရင်​သွားတော့မယ်​”ဟုလင်းဖန်ကပြောလိုက်သည်။

စကားပြောပြီးသောအခါလင်းဖန်သည် လက်မှတ်ကိုယူကာ အဆောင်သို့ပြန်လာခဲ့သည်။

“အစ်ကို လင်းဖန်၊ ဆရာမဟန်တီကမင်းနဲ့တစ်ခုခု ပတ်သက်နေသလား” လင်းဖန်အိပ်ဆောင်ပြန်ရောက်တာနဲ့စုရီကမေးလိုက်သည်။

ဇောင်ချင်းဘို နှင့် မူဇောင် တို့သည် လဲလင်းဖန်ကိုသိလိုသောမိက်စိဖြင့်စိက်ကြည့်လိုက်သည်။

လင်းဖန်ကသူတို့မေးတာကိုမသိယောင်ဆောင်ကာ က “ငါကို အမျိုးသား R&D လက်မှတ်ကို ချီးမြှင့်ခဲ့ပြီး ဘောနပ်စ် 10 သန်းကိုလည်း ပေးအပ်ခဲ့တယ်”

10 သန်း ဘောနပ်စ်။

အိပ်ဆောင်တစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။

အိပ်ဆောင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ဇောသ်လျင်းဘို “ငါ... အခု ခက်ခက်ခဲခဲ စာကျက်တော့မယ်”ဟုပြောလိုက်သည်။

စုရီ နဲ့ မူဇောင်တို့က စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ စာအုပ်ကို ကောက်ကိုင်လိုက်ပြီး အမြန်လှန်ဖတ်နေလိုက်သည်။

…………

နေ့လည်သည် ပါမောက္ခဟောင်း အတန်းဖြစ်သည်။

လင်းဖန်သည် မနေ့က ကောင်းကောင်းအနားယူခဲ့သည်။

သို့သော် ပါမောက္ခ ဟောင်းကြီးသည် အချိန်အတော်ကြာ စာရှင်းပြပြီးနောက် လျှင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။

လင်းဖန်သည် မျက်လုံးဖွင့်လိုက်သောအခါ ကျောင်းဆင်းသွားခဲ့ပြီဖြစ်သည်။

“ကလင် ကလင်”

ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကအသံမြည်လာခဲ့သည်။

လင်းဖန်သည်ဖုန်းကိုထုတ်လိုက်သောအခါ ဂျန်ပေ့ ခေါင်းဆောင်ဂျန်ရီထံမှခေါ်ဆိုတယ်ဆိုတာကိုသိပြီးကိုင်လိုက်သည်။

“အစ်ကိုလင်း၊ မင်းက နစ်ရှင်နယ် R&D ဆုရတဲ့အတွက် ဂုဏ်ပြုပါတယ်။ ငါတို့ရဲ့ ကျန်ပေ့မြို့အဖွဲ့က မင်းအတွက် ညစာစားပြီး ဂုဏ်ပြုဖို့ ကိုဖိတ်ခေါ်ချင်ပါတယ်။ မင်းအားလားမသိဘူး။”

ဖုန်းကို ကိုင်လိုက်တာနဲ့ဂျန်ရိ၏ အသံက ချက်ချင်းထွက်ပေါ်လာသည်။

နောက်ဆုံးအကြိမ် ကဂျန်ရီ သည် လင်းဖန် ကို ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။

ထိုအချိန်တွင် သူ၏ သူငယ်ချင်းကောင်း ချမ်စီရီတွင် အသားကင်ဆိုင်ဖွင့်သောကြောင့်ဂျန်ရီသည်အရာရှိအဖွဲ့တစ်ဖွဲ့ကို ခေါ်လာခဲ့သည်။

သို့သောဂျန်ရီ သည်လူဆိုးဂိုဏ်းကြောင့် နှာခေါင်းကျိုးမလိုဖြစ်သွားခဲ့သည်။

ဤအချိန်မှစပြီးချမ်စီရီ၏အသားကင်ဆိုင်သည်နာမည်ကျော်လာခဲ့သည်။

ဤကိစ္စကြောင့်လင်းဖန်သည် ဂျန်ရီကိုကျေးဇူးတင်နေသည်။

ဒါကြောင့် လင်းဖန် က “ကောင်းပြီ၊ ဒါဆို ကျနော်လာခဲ့ပါ့မယ်အစ်ကို ဂျန်” လို့ ပြန်ဖြေလိုက်သည်။

ဂျန်ရီက လင်းဖန် ရဲ့ ကတိကိုကြားပြီး ဝမ်းသာအားရနဲ့ “ကောင်းပြီကောင်းပြီ ကြီးတော့မင်းကိုဟွာရှအစားကျေးဇူးတင်ပါတယ်”

ခဏကြာ နှုတ်ဆက်ပြီးနောက် လင်းဖန်က ဖုန်းချလိုက်သည်။

ကျန်ပေ့ဟိုတယ်။

ထုံးစံအတိုင်း လူများသည်သွားလိုင်၊လာလိုက်လုပ်နေသည်။

အော်ဒီကားတွေက တံခါးနားမှာ တန်းစီရပ်ထားလို့ အရမ်းသပ်ရပ်တယ်။

လင်းဖန်သည်ကျန်ပေ့ဟိုတယ်အဝသို့ရောက်ပြီးနောက် “ကျန်ပေ့ဟိုတယ် မှ ကြိုဆိုပါတယ်’’ဟုအလှလေးနှစ်ယောက်ကပြောလိုက်သည်။

လင်းဖန်သည်လဲခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

ထို့နောက် အပြာနုရောင် ၀တ်စုံ ၀တ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီး နှင့်သူမ အနီးရှိ လူငယ်လေးကသူ့ကိုက စိုက်ကြည့်နေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters