ဂျန်ရီနောက်ကျခြင်း
Vol. 10 Ch. 146
လင်းဖန်သည်လဲသူမတို့ကိုတွေ့ပြီးအနည်းငယ်ပြုံးလိုက်သည်။
ထိုအချိန်တွင်လူငယ်လေးဘေးရှိသက်လတ်ပိုင်းအမျိုးသမီးတန်ကျူ က “ရှောင်ဖန် ၊ ကျန်ပေ့ကိုဘာလာလုပ်တာလဲ “
လင်းဖန် က “ကျွန်တော်က ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတယ်လေ”
“ကျန်ပေ့တက္ကသိုလ် အဲ့ဒါက အဓိက တက္ကသိုလ်တစ်ခုပဲ၊ မင်း တက္ကသိုလ်ကောင်းကောင်းကို သေချာပေါက် တက်နိုင်မယ်လို့ ငါပြောခဲ့တယ်၊ အမှန်ပဲမို့လဲ” တန်ကျူကပြုံးပြီးပြောလိုက်သည်။
လင်းဖန်သည် တက္ကသိုလ်ကောင်းကောင်းကိုဝင်ခွင့်မရပေ။
ကျန်ပေ့တက္ကသိုလ်သို့ ဝင်ရောက်ရခြင်း အကြောင်းရင်းမှာ သူသည်ဇောင်၏ ယူဆချက်ကို ဖြေရှင်းလိုက်သောကြောင့်ကျန်ပေ့တက္ကသိုလ်မှ လက်ခံခဲ့ခြင်းဖြစ်သည်။
လင်းဖန်ကဒီအကြောင်းတွေကိုမရှင်းပြပေ။
ပြီးနောက်လင်းဖန်က “အစ်ကိုယောင် မင်းစစ်သားအဖြစ်ကနေပြန်လာပြီလား” လို့ မေးလိုက်သည်။
ယောင်ရီ က ခေါင်းညိတ်ပြီး “ဟုတ်တယ်”ဟုပြောလိုက်သည်။
သူသည် အမြဲတမ်း စကားကိုလိုတာပဲပြောတာကြောင့်လင်းဖန်သည် သူ၏အဖြေကြောင့်မအံ့သြပေ။
လင်းဖန် က “အစ်ကိုယောင် မင်းက တပ်ကြပ်ကြီး ဖြစ်တော့မှာကိုအခုထွက်လာတော့မဖြစ်တော့ဘူး”
ယောင်ရီ၏ မျက်နှာပေါ်တွင် နှာမျောတန်းတသောပုံစံရှိနေသည်။
တန်ကျူက “မင်းအစ်ကို ယောင် က အသက် 30 လောက်ရှိပြီလေ တစ်သက်လုံး စစ်သားလုပ်နေလို့မရဘူးလေ...”
ခေတ္တနားပြီးနောက် သူမက “မင်းအစ်ကိုယောင်ရဲ့ဝမ်းကွဲကအကောင်ကြီးကြီးတစ်ယောက်ကိုသိတယ်လေ။ဒါကြောင့်သူကို ဒီနေ့ ညစာစားဖို့ ဖိတ်ခေါ်ပြီးဌာနတစ်ခုခုမှာအလုပ်လုပ်လို့ရအောင်ပြောခိုင်းမလို့”
ထိုအချိန်တွင် အဝါရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးနှင့် ဗိုက်ကြီးပူနေသော အမျိုးသားကြီးတို့ရောက်လာကြသည်။
“အန်တီ၊ မင်းဘာလို့ ဒီမှာ ရပ်နေတာလဲ။မစ္စတာလန်နဲ့ ကျွန်မတို့စောင့်နေတာ ကြာလှပြီ။” အဝါရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီးက ပြောလိုက်သည်။
တန်ကျူက “ငါ့အိမ်နီးချင်းဟောင်းရဲ့သားနဲ့တွေ့လို့စကားနည်းနည်းပြောနေတာ”
ထို့နောက် တန်ကျူက “ရှောင်ဖန်၊ဒါက မင်းရဲ့အစ်ကို ယောင် ရဲ့ဝမ်းကွဲလူလူ ၊ပြီးတော့သူက မစ္စတာလန်”
လင်းဖန်က နှစ်ယောက်စလုံးကို ကြည့်ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်သည် သူတို့နဲ့ မရင်းနှီးပေ။ဒါကြောင့်လင်းဖန်ကမနှုတ်ဆက်ဘဲခေါင်းဘဲညိန်ပြလိုက်လေခြင်းဖြစ်သည်။
သို့သော် ဤအပြောင်းလုပ်ရပ်ကြောင့် မစ္စတာလန် ဆိုတဲ့လူကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
လင်းဖန်က “အစ်ကိုယောင်၊ မင်းဘယ်ဌာနမှာ အလုပ်လုပ်ချင်လဲ” လို့မေးလိုက်သည်။
ယောင်ရီကချက်ချင်းပင် “စုံစမ်းရေးဌာန”
မစ္စတာလန်က “လုပ်ချင်ဌာနမှာလုပ်လို့မရဘူး၊အထက်ကတစ်ယောက်ကထောင့်ခံပေးမှလုပ်လို့ရတာ”
အမှန်တော့၊ မစ္စတာလန်သည်ယောင်ရီလိုချင်သောဌာနသို့ရောက်အောင်လုပ်ပေးဖို့မတတ်နိုင်ပေ။
သူ့မှာ လုပ်ပေးလို့ရတဲ့အရည်အချင်းရှိရင်တောင်မှ အများကြီးကြိုးစားရလိမ့်မည်ဖြစ်သည်။
မစ္စတာလန်က ဒီလိုမျိုး အားထုတ်မှုမျိုး မလုပ်ချင်ပေ။
လင်းဖန်သည် ဇောင်၏ ထင်မြင်ယူဆချက် နှင့် အမွှာအနှစ်သာရတို့ကိုဖြေရှင်းပေခဲ့သည်။ဒါကြောင့်မစ္စတာလန်ပြောချင်တဲ့အဓိပ္ပါယ်ကိုသူသိသည်။သူ့မှာယောင်ရီကိုစုံစမ်းရေးဌာနမှာအလုပ်လုပ်လို့ရအောင်သူ့မှာအဆက်အသွယ်တွေရှိသည်။
ဒါကြောင့်သူက ပါးစပ်ကိုဖွင့်ပြီး “အစ်ကိုယောင်က စုံစမ်းရေးဌာနမှာလုပ်လို့ရအောင်လုပ်ပေးလို့ရပါတယ်” လို့ပြောလိုက်သည်။
မစ္စတာလန်သည်ဒါကိုကြားပြီးနောက်ဒေါသထွက်သွားခဲ့သည်။
ဒါကြောင့် မစ္စတာလန်က အေးစက်စွာဖြစ် “သူ့မှာမင်းတို့ကိုလုပ်ပေးဖို့အစွမ်းရှိတယ်ဆိုတော့မင်းသူ့ကို တိုက်ရိုက်အကူအညီတောင်းလို့ရတယ်။”
ပြောပြီးတာနဲ့ လှည့်ထွက်သွားတော့သည်။
လူလူက “မစ္စတာလန်၊ စိတ်မဆိုးပါနဲ့၊ သူက ကလေးပဲရှိသေးတာမို့သူပြောတာကိုဗွေမယူပါနဲ့”
မစ္စတာလန်ကသွားနေတဲ့နေရာမှာရပ်ပြီး “ကလေးဆိုတိုင်းခွင့်လွှတ်ပေးရအောင်ငါကစောင့်ရူးလားဟမ်၊ဒီလိုသာခွင့်လွှတ်ပေးတိုင်းဆိုလမ်းမှာရှိတဲ့စောင့်ကလေးတွေကငါ့ကိုသေးနဲ့ပန်းသွားတောင်ငါကခွင့်လွှတ်ရမှာလား”ဟုအော်ပြောလိုက်သည်။
လင်းဖန်သည်လဲသူ့ကိုပြောနေမှန်းသိသောကြောင့်ဒေါသများ ထွက်လာတော့သည်။
“ဘာမှလုပ်နိုင်စွမ်းမရှိပေမဲ့လေသံကတော့ မာသားဘဲ!”ဟုပြောလိုက်သည်။
လင်းဖန်ပြောတာကိုကြားပြီးနောက်လူလူ၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားပြီး “မင်းဘယ်လိုပြောနေတာလဲ၊မစ္စတာလန်ကို မြန်မြန်တောင်းပန်!”
လင်းဖန်က “တောင်းပန်ဖို့လား။ ငါကဘာလို့တောင်းပန်ရမှာလဲ၊ ငါအမှန်အတိုင်းပြောနေတာလေ”
တန်ကျူကဒီပြဿနာကိုကြည့်ပြီးဘာလုပ်ရမှန်းမသိဖြစ်နေသည်။
တစ်ဖက်မှာ သူ့တူလိုသဘောထားရတဲ့လူ။
တစ်ဖက်တွင်လဲသူ့သားရဲ့ အလုပ်နဲ့ ပတ်သက်နေသည်။
လင်းဖန်သည်သူမ၏အမူအရာကိုမြင်ပြီး”အန်တီတန်စိတ်မပူပါနဲ့၊ အစ်ကိုယောင်လုပ်ချင် တဲ့ဌာနမှာလုပ်လို့ရအောင်ကျနော်လုပ်ပေးမယ်” ဟု ပြောလိုက်သည်။
“ကောင်းပြီ၊ ဒီလိုဆိုရင်တော့ ငါ့ကို မလိုအပ်တော့ဘူးထင်တယ်!” မစ္စတာလန်သည်ရုပ်ဆိုးသောအမူအရာဖြင့်လှည့်ထွက်သွားသည်။
လူလူက ဒေါသတကြီးဖြင့် “အန်တီ၊ အစ်ကိုယောင်ကို အလုပ်ချင်တဲ့နေရာမှာအလုပ်ရဖို့ ကိုမစ္စတာလန်ကိုငါတောင်းဆိုခဲ့တယ်။ အခုတော့..........ဟူး”
တန်ကျူပြန်ပြောတာကို သူမ မစောင့်ဘဲ၊ အမစ္စတာလန် အနားကိုအလျင်အမြန်သွားကာ “မစ္စတာလန်ငါတောင်းပန်ပါတယ်၊ မင်းငါ့ဆွေမျိုးကိုကူညီပေးပါ...”
“မင်းကူညီပေးရင်နောင်မှာငါမင်းကိုထိုက်ထိုက်တန်တန်ပြန်ပေးပါ့မယ်...”
လူလူကဒီလိုပြောသောကြောင့်မစ္စတာလန်၏ဒေါသမှာလဲနည်းနည်းလေးလျော့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် အဝေးမှ ရုတ်တရက် ခြေသံများထွက်ပေါ်လာသည်။
ထို့နောက် ရှပ်အင်္ကျီအဖြူဝတ် အမျိုးသား အမျိုးသမီး တစ်စုတို့လျင်မြန်စွာ ဝင်လာခဲ့သည်။
မစ္စတာလန်က သူတို့ကို မြင်ပြီးနောက် သူ့မျက်လုံးများ တည့်တည့် ဝိုင်းလာသည်။
ချမ်ဘိုသည် သူ၏ သူဌေး၊ စီးပွားရေးအဖွဲ့၏ ကပ္ပတိန်ဖြစ်သည်။
ဒွန်ဟောင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှူး။
…………
ရှေ့ဆုံးကတော့ကျန်ပေ့မြို့ခေါင်းဆောင် ဂျန်ရီပင်ဖြစ်သည်။
သူတို့အားလုံးက ကျန်ပေ့ဟိုတယ်ကို လာတာလား။
ဂျန်ရီတို့သည်သူစီသို့လျှောက်လှမ်းလာကြောင်း တွေ့ရှိခဲ့သည်။
ရုတ်တရက် မစ္စတာလန်၏ နှလုံးသားသည် အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
ဒီခေါင်းဆောင်တွေက သူ့ဆီ လုံးဝမလာဘူးဆိုတာကိုသူနားလည်သည်။
ဒါပေမယ့်လဲသူနားကနေဖြတ်သွားမည်ဖြစ်သောကြောင့်နှုတ်ဆက်မလို့ကြံလိုက်သည်။
နောက်ဆုံးတွင် ဂျန်ရီနှင့် အခြားသူများသည် မစ္စတာလန်နားသို့ လျှောက်လာကြသည်။
ဒါကိုတွေ့ပြီးနောက် မစ္စတာလန်သည် ကမန်းကတန်း ငုံ့ကာ သူ့ဘဝတွင် အတောက်ပဆုံးသော အပြုံးဖြင့် “မင်္ဂလာပါ ခေါင်းဆောင်” ဟုပြောလိုက်သည်။
သို့သော်၊ ဂျန်ရီ နှင့် အခြားသူများသည် သူ့ကိုမမြင်၊မကြားလိုက်ရသလိုမျိုးရှေ့တည့်တည့်သို့ လျှောက်သွားကြသည်။
နောက်ဆုံးမှာတော့ အားလုံးက လင်းဖန်ရှေ့မှာ ရပ်သွားကြသည်။
ဂျန်ရီ က သူ့လက်ကို ဆန့်တန်းပြီး “အစ်ကိုလင်း၊ ငါတို့ မင်းကို ညစာစားဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ မင်းကို စောင့်စေမိခဲ့တယ့်အတွက် ငါတကယ်ကို စိတ်မကောင်းပါဘူး”ဟုပြောလိုက်သည်။
လင်းဖန်က ပြုံးလိုက်ပြီး “ကျွန်တော် ရောက်တာခဏလေးပဲရှိသေးတယ်’’
ဤမြင်ကွင်းကို မစ္စတာလန်တွေ့ပြီးနောက်လုံးဝ အံ့အားသင့်သွားခဲ့သည်။
အခုအခြေအနေက ဘယ်လိုလဲ။ !
ခေါင်းဆောင်ကြီး ဂျန်ရီ က လူငယ်လေး ကိုလက်ဆွဲနှုတ်ဆက်ပြီး ညစာစားဖို့ ဖိတ်တယ်လို့လည်း ပြောသည်။
စုံစမ်းရေး အဖွဲ့မှူး၊ ယာဉ်ထိန်းသိမ်းအဖွဲ့ ... နှင့် သူ၏ အကြီးအကဲများ အားလုံးကလဲ ဒီလူငယ်လေးကိုလေးစားစွာ ဆက်ဆံကြသည် ။
ဒါ……
ထိုအချိန်တွင် လင်းဖန်သည် မစ္စတာလန်ကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး “မင်းမလာခင်က တည်းဒီမစ္စတာလန်က ငါ့ကို နှုတ်ဆက်ပြီးပြီ”
“အိုး?”
ရုတ်တရက်၊ ဂျန်ရီ နှင့် တစ်ခြားလူများအားလုံးသည် မစ္စတာလန်ကို အာရုံစိုက်လိုက်ကြသည်။
ချက်ခြင်းပင်၊ မစ္စတာလန်၏ မျက်နှာတစ်ခုလုံး ဖြူဖွေးလာပြီး နဖူးပေါ်မှ ချွေးတွေထွက်ပေါ်လာခဲ့သည်။
“ဟုတ်... တောင်းပန်ပါတယ်... လင်း... မစ္စတာလင်း၊ ငါမင်းကိုမရိုမသေဖြစ်စေတဲ့အတွက်... တောင်းပန်ပါတယ်...”ဟုပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး