ထိတ်လန့်တုန်လှုပ်ခြင်း
Vol. 10 Ch. 147
ဂျန်ရီနှင့် အခြားသူများသည်လူမိုက်များ မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေနှင့်၊ ၎င်းတို့သည် သာမန်လူများထက် ပိုမိုထက်မြက်သည်။
ဤဌာနအကြီးအကဲလန်ကိုလင်းဖန်ကမကျေနပ်ဘူးဆိုတာကိုသးတို့သိသည်။
ဂျန်ရီကဌာနအကြီးအကဲလန်ကို မသိပေမယ့် သူ့မျက်နှာမှာ ဒေါသတွေနဲ့ပြည့်နှက်နေသည်။
ဒီနေ့ နောက်ဆုံးတော့လင်းဖန်ကို ညစာစားဖို့ ဖိတ်လိုက်နိုင်သည်။
သို့သော်ယခုလိုလိုစိတ်အနှောင့်အယှက်ဖြစ်ရာတွေဖြစ်သွားသည်။
သူ့ဘေးက စီးပွားရေးအဖွဲ့ခေါင်းဆောင်ချမ်ဘိုက လင်းဖန် ရဲ့ ကြောက်စရာကောင်းတဲ့ လက္ခဏာကို အတိအကျ သိထားပြီး တစ်ချိန်တည်းမှာပဲ လင်းဖန် ရဲ့ အဆင့်အတန်းဟာ ဂျန်ရီ ရဲ့ နှလုံးသားထဲမှာ ဘယ်လောက်ထိ မြင့်မားနေတယ်ဆိုတာကိုသူနားလည်သည်။
အခုတော့ သူ့လက်အောက်ငယ်သားကလင်းဖန်ကို တကယ်ကိုစော်ကားလိုက်တာ။
ချမ်ဘိုဒေါသထွက်သွားပြီး “လန်! မင်းဘာလုပ်လိုက်တာလဲ”
လန်ခါးကိုအနည်းငယ် ကွေးသွားကာ သူ့ခန္ဓာကိုယ်သည် အဆက်မပြတ်လှုပ်ရမ်းကာ ချွေးများကလဲမြေပြင်ပေါ်သို့အဆက်မပြတ်ကျနေသည်။
ချမ်ဘို က သူ့ကို ကြည့်လေလေဒေါသထွက်လေလေဖြစ်သည်။ဒါကြောင့်ချမ်ဘိုက
“လန်၊ ဒီနေ့ မစ္စတာလင်းကိုကျေနပ်အောင်မလုပ်ရင်ဖြစ်လာမယ့်အကျိုးဆက်ကမင်းစိတ်ကူးနိုင်တာထက်ကျော်တယ်”
လန်သည်ဒါကိုကြားပြီးနောက်မျက်ရည်မျက်ခွက်နဲ့မြေပြင်ပေါ်သို့ပြုတ်ကျလုနီးပါးဖြစ်သွားသည်။လန်ငည်အထိတ်တလန့်ဖြင့် “လင်း...သခင်လေးလင်း၊ တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...”
လင်းဖန်သည် သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ပြီး “အခုတော့ခွင့်လွှတ်လိုက်မယ်။နောက်တစ်ကြိမ်ဆိုရင်ဒီလိုကိစ္စကို တောင်းပန်မှုနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် မစ္စတာလင်း ကျေးဇူးတင်ပါတယ် မစ္စတာလင်း” လန်က ကမန်းကတန်းပြောလိုက်သည်။
သူ့ဘေးတွင် ရပ်နေသော လူလူသည် လုံးဝ အံ့အားသင့်သွားသည်။
အကြီးအကဲလန်က လင်းဖန်ကို ဘာကြောင့် ရုတ်တရက် ယဉ်ကျေးသွားရတာလဲ။
လင်းဖန်က လူလူကို လုံးဝ လျစ်လျူရှုပြီး တန်ကျူကို ကြည့်ပြီး “အန်တီ တန်၊ ဒါက ကျန်ပေ့မြို့ခေါင်းဆောင် ဂျန်ရီ” ပါဟုမိတ်ဆက်ပေးလိုက်သည်။
“ဗွမ်း!”
ဤစကယးလုံးသည်မိုးခြိမ်းသံကဲ့သို့ပင်လူလူ၊ တန်ကျူ နှင့် အခြားသူများ၏ နားထဲတွင်ကျယ်လောင်စွာကြားလိုက်ရသည်။
ကျန်ပေ့မြို့တော်၏ခေါင်းဆောင်။
ဒါက အကောင်ကြီးကြီးပဲ။
ခုတော့ သူ့ရှေ့မှာ တကယ်ပေါ်လာသည်။
ဒါ့အပြင် လင်းဖန်နဲ့ အခုလေးတင် လက်ဆွဲနှုတ်ဆက်ပြီး လင်းဖန်ကို ညီအစ်ကိုလို့ခေါ်လိုက်သည်။
အံ့သြစရာမဟုတ်တော့ပေအကြီးအကဲလန်ကလင်းဖန်ကို တောင်းပန်လိုက်တယ်ဆိုတာ။
ဂျန်ရီ က သူ့လက်ကို ဆန့်တန်းပြီး “မစ္စတန်၊ မင်္ဂလာပါ” ဟု ပြောလိုက်သည်။
“အင်း...မင်္ဂလာပါခေါင်းဆောင်” တန်ကျူခဏလောက် ထိတ်လန့်သွားပြီး အလွန်စိတ်လှုပ်ရှားစွာပြန်ပြောလိုက်သည်။
သူမသည် ကျန်ပေ့ မြို့၏ခေါင်းဆောင်များကို သူမ၏မျက်လုံးများဖြင့် တွေ့ဆုံခွင့်ရမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူနဲ့လက်ဆွဲနှုတ်ဆက်ဖို့ ဆိုတာကဝေးသာဝေးပဲ။
လင်းဖန် က “ဒါက အန်တီ တန် ရဲ့သား ယောင်ရီ ပါ။ သူက လွန်ခဲ့တဲ့ နှစ်အတော်ကြာက စစ်သားတစ်ယောက်ပါ။ အခု ကျွန်တော် တို့ကျန်ပေ့မြို့ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ပြန်သွားချင်တယ်။အဲ့ဒါအတွက် သင့်တော်တဲ့ ရာထူး ရှိလား “
ဂျန်ရီ က “စစ်သားတွေဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက် မရေမတွက်နိုင်တဲ့ သွေးတွေနဲ့ ချွေးတွေ ပေးဆပ်ခဲ့ပြီးပြီ၊ ငါတို့က သူတို့အတွက်အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးသင့်တယ်လို့ယူဆတယ်။”
အနီးအနားတွင် ရပ်နေသော စုံစမ်းစစ်ဆေးရေး အဖွဲ့မှူး ဒွန်ဟောင်က “မစ္စ တန်၊ ယောင်ရီ၊ မင်္ဂလာပါ၊ ငါက ကျန်ပေ့မြို့မှာရှိတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဒွန်ဟောင်ပါ”
“ခေါင်းဆောင် ဂျန်ရီပြောတာ မှန်တယ်!”
ခေတ္တနားပြီးနောက်၊ ဒွန်ဟောင်က “ကျွန်ုပ်တို့၏ ချန်ခရိုင်ကျန်ပေ့တွင် စုံစမ်းစစ်ဆေးရေးနယ်မြေမှူးအတွက် လစ်လပ်နေသော ရာထူးတစ်ခု ရှိတယ်။ ယောင်ရီမင်းကြိုက်မယ်ဆိုဒီရာထူးကိုလာနိုင်တယ်”
ချန် ခရိုင်၏ စုံစမ်းစစ်ဆေးရေးမှူး။
မင်းသိပါသလား... လူတော်တော်များများက တစ်သက်လုံး ရုန်းကန်နေရလို့ ခရိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်မဖြစ်ပေ။
ထို့အပြင်၊ ချန် ခရိုင်သည် ကျန်ပေ့ ၏အဓိကမြို့ဖြစ်သည်။
တန်ကျူက အကြီးအကဲလန် ကို ဒီနေ့ အကူအညီတောင်းခဲ့ပါတယ်။ အကယ်၍ ယောင်ရီသည် စုံစမ်းစစ်ဆေးရေးတယ်ခု၏ ခေါင်းဆောင်ဖြစ်နိုင်လျှင် သူသည် ကျေးဇူးတင်နေပေလိမ့်မည်။
ယခု၊ သူသည် ချန်ခရိုင်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့မှူး တိုက်ရိုက်ဖြစ်လာခဲ့ချေသည်။ ?
တန်ကျူရဲ့ မျက်နှာမှာ အံ့သြမှုတွေနဲ့ပြည့်နှက်နေသည်။
သို့သော်လည်း ယောင်ရီ က တုံ့ဆိုင်းနေပြီး “ဆရာဒွန်၊ ကျွန်တော် အရင်က စုံစမ်းစစ်ဆေးရေးမှူး မလုပ်ဖူးဘူး၊ အခု ကျွန်တော် ချန်ခရိုင်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာတာက.....”
ဒွန်ဟောင်က သူ့ပြောတာကို ပြီးအောင်မစောင့်ဘဲ “မင်းတို့စစ်တပ်ထဲမှာ ဒီလောက်များတဲ့ စစ်သားတွေကို စနစ်တကျနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်လေးတွေ ရှိခဲ့ဖူးတယ်မလား။ဒါကြောင့် အဆင်ပြေမယ်လို့ ငါယုံကြည်တယ်။ မင်း နှိမ့်ချစရာမလိုပါဘူး။”
ယောင်ရီသည် ဒွန်ဟောင်၏ စူးစူးရှရှအကြည့်ကို ကြည့်ပြီး သူ့ခါးကို အလိုအလျောက် ဖြောင့်တန်းကာ “ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး ဒွန်၊ မင်းရဲ့မျှော်လင့်ချက်တွေကို ငါ လုံးဝလက်လျှော့မှာ မဟုတ်ဘူး!”(ဗိုလ်ကြီးဆိုတာကကိုယ့်အထက်လူကြီးကိုလေးစားသမူနဲ့ခေါ်တာပါ)
“ဟာဟား။ ငါ့ရဲ့ ဖိတ်ကြားချက်ကို လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ ကျွန်တော်တို့ ကျန်ပေ့ ချန် ခရိုင်မှာ အရည်အချင်းရှိတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ရှိလာတော့မျာမို့။” ဒွန်ဟောင် က ပတ်ပတ်ဆက်ဆက် ပြုံးလိုက်သည်။
လင်းဖန်က ပြုံးပြီးပြောတယ် “ဒါဆို ကျန်ပေ့ ချန်ခရိုင်မှာစုံစမ်းရေးမှူးတစ်ယောက် ရှိတော့မှာကို ဂုဏ်ပြုဖို့အတွက် ကပ္ပတိန်ဒွန်ကိုနောက်တစ်ခါကျမှသွားသောက်ကြရအောင်”
ဒွန်ဟောင်သည်ဒါကို ကြားလိုက်ရာ သူ့မျက်နှာတစ်ခုလုံး ရွှင်မြူးသွားတော့သည် ။
ယောင်ရီ သည် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ကပ္ပတိန်ဖြစ်ရန် ယခုလေးတင် စီစဉ်ပေးထားကြောင်း သူ ခံစားခဲ့ရသည်။ ဒါဟာ သူ့ဘဝရဲ့ အမှန်ကန်ဆုံးအရာတွေထဲက တစ်ခုပင်ဖြစ်သည်ဟုတွေးမိလိုက်သည်။
ဂျန်ရီပင်လျှင်ဒွန်ဟောင်ကို မနာလိုစိတ်ဖြင့် ကြည့်နေလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်ဂျန်ရီ”အခန်းထဲသို့သွားပြီးသွားသောက်ရအောင်”
ထို့နောက် လင်းဖန်သည် တန်ကျူ နှင့် ယောင်ရီ တို့ကို 888 ဇိမ်ခံအခန်းထဲသို့ အတူခေါ်ဆောင်သွားခဲ့သည်။
ဂျန်ရီနှင့် အခြားသူများ၏ ပြင်းပြသော တောင်းဆိုမှုအရ လင်းဖန်ကိုထိပ်ဆုံးတွင်ထိုင်စေလိုခဲ့သည်။
ယင်းနှင့်ပတ်သက်၍လင်းဖန်ကဘာမှမပြောပေ။
ဘာကြောင့်လဲ ဆိုတော့သူ့အမြင်အရဘယ်နေရာမှာပဲရှိနေနေစားရဖို့ကသာအရေးကြီးသောကြောင့်ပင်ဖြစ်သည်။
အချိန်အတော်ကြာအောင် အရသာရှိသော အစားအစာများကိုစားပြီးနောက် ဂျန်ရီ က “ပထမဆုံးအနေနဲ့ နစ်ရှင်နယ် R&D ကိုရရှိခဲ့တဲ့အတွက် ညီအစ်ကိုလင်းကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။’’
စကားပြောပြီးတဲ့အခါ ဂျန်ရီက ဝိုင်ဖန်ခွက်ကို အရင်မြှောက်လိုက်သည်။
ချက်ချင်းဆိုသလိုပဲအခန်းထဲရှိလူတိုင်းကဖန်ခွက်ကိုမြှောက်ပြီးတစ်ရှိန်ထိုး သောက်လိုက်ကြသည်။
လင်းဖန်က “အားလုံးကို ကျေးဇူးတင်ပါတယ်။” ဟုပြောပြီးသူလဲသောက်လိုက်သည်။
လင်းဖန်က သူ့ကိုယ်သူ နောက်ထပ် ဝိုင်တစ်ခွက်ကို လောင်းချလိုက်ပြီး “ကပ္ပတိန်ဒွန်ငါမင်းကို ဝိုင်တစ်ခွက်ထည့်ပေးပါရစေ” လို့ပြောလိုက်သည်။
လင်းဖန်စကားကိုကြားပြီးနောက်ဒွန်ဟောင်ကပြုံးပြီးဖန်ခွက်ကိုပေးလိုက်ရာလင်းဖန်ကလောင်းထည့်ပေးလိုက်သည်။
လင်းဖန်ထည့်ပေးပြီးသည့်နဲ့ ဒန်ဟောင်ွ က စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး “မစ္စလင်း၊ ငါ မင်းကို လေးစားတဲ့အတွက်ဒီတစ်ခွက်နဲ့ဂုဏ်ပြုပါရစေ...”
စကားပြောတဲ့အခါ သူက ဝိုင်ဖန်ခွက်ကို တမင်တကာ နိမ့်ချပြီး တစ်ချက်တည်း သောက်လိုက်သည်။
စားသောက်ပွဲသုံးနာရီနီးပါးကြာခဲ့သည်။
မသောက်ဖူးသော တန်ကျူသည် ယနေ့တွင် ခွက်နှစ်ဆယ်ကျော်သောက်လိုက်သည်။
ယခုအချိန်တွင် သူမမျက်နှာမှာ အနည်းငယ်နီနေသည်။သးမ “ခေါင်းဆောင်ဂျန်ရီက ရှောင်ဖန် မင်းကနစ်ရှင်နယ် R&D ကို ရခဲ့တာလို့ ပြောတာလား။” တန်ကျူသည် ဟိုတယ်အပြင်ဘက် လမ်းလျှောက်လာရင်း တွေးမိပြီး မေးလိုက်သည်။
လင်းဖန် က “ဟုတ်တယ်၊ ကျနော်ကငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တာဖြစ်လို့ နိုင်ငံတော်က ဒီလက်မှတ်ကို ချီးမြှင့်လိုက်တာ”
“ဘာ မင်းကငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တာလား။” တန်ကျူအံ့သြစွာအော်လိုက်ပြီး သူ့မခန္ဓာကိုယ်ပေါ်ရှိ အရက်အရှိန်များသည်ပျောက်ချင်းမလှပျောက်သွားခဲ့သည်။
ယခင်တန်ကျူသည် ငလျင်ကြိုတင်ခန့်မှန်းစက်နှင့်ပတ်သက်သည့် သတင်းများကို မြင်တွေ့ခဲ့ရသည်။
ထိုအချိန်တွင်၊ သူမသည် ငလျင်ကြိုတင်ခန့်မှန်းစက်တီထွင်သူနှင့် ယခင်အိမ်နီးနားချင်းအိမ်ရှိ ကလေး၏အမည်တူနေကြောင်းကိုပြောနေသေးသည်။
မထင်မှတ်ဘဲ၊ သူတို့သည် တူညီသောလူဖြစ်နေခဲ့သည်။
မနက်ဖြန်ကျရင်အကြွေးအားလုံးကိုတင်ပေးပါ့မယ်ဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး