ကံကောင်းတဲ့နေ့
Vol. 10 Ch. 148
အားလုံးနှင့်ခွဲခွာပြီးနောက် လင်းဖန်သည်
ဟန်တီအိမ်သို့ သွားတော့သည်။
လင်းဖန်သည်ဟန်တီတို့အိမ်ရှေ့ရောက်ပြီးနောက်ဘဲကိုနှိပ်လိုက်သည်။
ဘဲတီးပြီးမကြာခင်ဟန်တီကတစ်ခါးကိုလာဖွင့်ပေးသည်။
ဒီနေ့ ကျောင်းမှာ ဟန်တီ က အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ထားသည်။အဲ့လိုဝတ်ဆင်ထားသောကြောင့်သူမသည် ဂုဏ်သိက္ခာရှိပြီး အရည်အချင်းရှိပုံရပြီးဆရာမဟန်ပန်အမူအရာရှိသည်။
ယခုအိမ်တွင် သူမသည် ညအိတ်ဝတ်စုံးကိုဝတ်ထားသောကြောင့်သူမသည်သူမ၏ခင်ပွန်းဖြစ်သူကို စောင့်မျှော်နေသော မယားကဲ့သို့ခံစားရသည်။
ဒါကိုတွေ့ပြီးနောက်လင်းဖန်၏ အသက်ရှုသံသည် အနည်းငယ်မြန်လာခဲ့သည်။
ဟန်တီကလင်းဖန်ကြောင်ကြည့်နေတာကိုကြည့်ပြီး “အိမ်ထဲမဝင်ပဲဘာလုပ်နေတာလဲ။”ဟုပြောလိုက်သည်။
“ကောင်းပြီ!” လင်းဖန်က ဝမ်းသာအားရပြန်ပြောသည်။
သို့သော် အခန်းထဲသို့ဝင်ပြီးနောက် လင်းဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော် အခန်းထဲတွင် စာရွက်အမြောက်အမြားရှိနေသောကြောင့်ဖြစ်သည်။
စာရွက်များပေါ်တွင်ရှုပ်ထွေးသော တွက်ချက်မှု အမျိုးမျိုးကိုရေးထားသည်။
လင်းဖန်သည် အံ့အားသင့်သွားပြီး “သင်္ချာပုစ္ဆာကို ဖြေရှင်းမလို့လား?”
ဟန်တီကလင်းဖန်ကိုကြည့်ပြီး “အေးလေမဟုတ်ရင်ငါကမင်းကိုအိမ်သို့လာခိုင်းမှာလဲ”
“ဟုတ်...ဟုတ်...” လင်းဖန်က ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။
လင်းဖန်သည် သင်္ချာခေါင်းစဉ်ကို ခဏကြည့်ကာ ဘောပင်ကို ကောက်ကိုင်လိုက်ပြီး အမြန်ရေးလိုက်သည်။
“ဒါ ဒါ ဒါ!”
ရုတ်တရက် အခန်းထဲတွင်လှပသောသံစဉ်လိုမျိုးဘောပင်အသံထွက်ပေါ်လာသည်။
ဟန်တီ သည် လင်းဖန် ၏ အာရုံစူးစိုက်နေတဲ့ပုံကိုကြည့်ပြီး သူမ၏ နှလုံးခုန်သံများ တစထက်တစ ပိုမြန်လာခဲ့သည်။
နောက်ဆုံးတွင် သူမသည် မထိန်းနိုင်တော့ပဲလင်းဖန်ရင်ခွင်ထဲကိုအတင်းဝင်လိုက်သည်။
လင်းဖန်ကသူမဘာလုပ်ချင်နေတာလဲဆိုတာကိုသိတော့”ကျွန်တော် ရေမချိုးရသေးဘူး...” ဟုပြောလိုက်သည်။
သို့သော်ဟန်တီကမူဒါတွေကို ဂရုမစိုက်ပေ။..
ထိုညတွင် လင်းဖန်နှင့် ဟန်တီတို့၏အချစ်ညပင်ဖြစ်လေတော့သည်။
...
နောက်တစ်နေ့။
လင်းဖန် နှင့် ဟန်တီတို့သည် နံနက်စာ အတူတူစားပြီးနောက် လင်းဖန်သည်ကျန်ပေ့တက္ကသိုလ်သို့ကားမောင်းသွားလိုက်သည်။
ဟန်တီကတော့မနေ့ညကအတော်ပင်ပန်းနေသောကြောင့်ကုတင်ပေါ်တွင် အနားယူနေလေသည်။
နံနက်ခင်းတွင် လမ်းများသည် အမြဲလိုလို စည်ကား(ကားပိတ်)နေပြီး မီးပွိုင့်ကို တန်းစီပြီးစောင့်နေသော ယာဉ်အများအပြား ရှိသည်။
အဲ့ထဲတွင်လင်းဖန်လဲပါသည်။လင်းဖန်သည် ကားလမ်းပိတ်နေတာကိုစိတ်အနှောက်ယှက်မဖြစ်ဘဲနားနားနေနေကားကိုမောင်းနေသည်။
ထိုအချိန်တွင် သူ့စိတ်ထဲမှာ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်- ဆွေမျိုးများနှင့် သူငယ်ချင်းများကိုအကျိုးဆောင်သောကြောင့် ငွေရောင်စာအိတ်တစ်အိတ်ကို ရရှိသည်။ 】
ဆွေမျိုးများနှင့်သူငယ်ချင်းများကိုအကျိုးရပြုတာလား
လင်းဖန်ဒီအသံကိုကြားပြီးနောက်အတည်းငယ် အံ့အားသင့်သွားခဲ့သည်။
ခဏအကြာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှူးဒွန်ဟောင် သည် ယနေ့တွင် ယောင်ရီအားတရားဝင်ခန့်မည်ဟုပြောတာကိုသူပြန်ပြီးမှတ်မိလိုက်သည်။
...အဲဒါကြောင့်လား။
လင်းဖန်သည် ငွေရောင်စာအိတ်ကို တိုက်ရိုက်ဖွင့်ဖို့ကိုရွေးချယ် လိုက်သည်။
【ဒင်း! ဂုဏ်ယူပါတယ်၊ ပန်ကူရဲ့ ရှယ်ယာ 5% ကို သင် ရရှိခဲ့သည်။ 】
တရုတ်နိုင်ငံတွင် အကြီးဆုံး အွန်လိုင်းကုမ္ပဏီဖြစ်သည့် ပန်ကူသည် စျေးကွက်တန်ဖိုး 5 ထရီလီယံကျော်ရှိသည်။
ရှယ်ယာ ၅ ရာခိုင်နှုန်းသည် ယွမ် ၂၅၀ ဘီလီယံကျော်ခန့်ရှိသည်။
တစ်နည်းအားဖြင့်ဆိုရသော်လင်းဖန်သည် မနေ့က အန်တီတန်ကို မတော်တဆ ကူညီပေးလိုက်သောကြောင့်ယနေ့တွင်ငူအနည်းဆုံး ယွမ်ငွေ ဘီလီယံ 250 ရခဲ့သည် ။
သူသည်အစုရှယ်ယာတွေကို ရောင်းဝယ်လို့ မရပါပေ။
သို့သော် နှစ်စဉ်အမြတ်ငွေကိုတော့ရရှိမည်ဖြစ်သည်။
လင်းဖန်သည်ဒါကိုတွေးပြီးမပြုံးပဲမနေနိုင်ပေ။
ထိုအချိန်တွင် မီးစိမ်းပြလိုက်သောကြောင့်လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းကာ ရှေ့သို့ မောင်းသွားလေသည်။
လင်းဖန်ငည်ကျန်ပေ့တက္ကသိုလ်သို့ရောက်သောအခါတွင်အတန်းတက်လို့မမှီတော့ဘူးဆိုတာကိုသိလိုက်သည်။
ထို့ကြောင့် လင်းဖန်သည် စာသင်ခန်းသို့ မသွားဘဲ အိပ်ဆောင်သို့သာသွားပြီးအိပ်လိုက်သည်။
အချိန်သည် ရေနှင့်တူသည်။
လင်းဖန်၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ တွင်နေ့လယ်သို့ရောက်နေပြီဖြစ်သည်။
ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဖုန်းကို အမှတ်တမဲ့ ဖွင့်ကြည့်လိုက်သည်။
သိပ်မကြာခင်မှာပဲ သူ့ဖုန်းက အနည်းငယတုန်လှုပ်သွားခဲ့သည်။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။
【ဒင်း! ဂုဏ်ယူပါတယ် 5 ယွမ် ရသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် 3 ယွမ် ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် ၊ ရီကေတွင် အိမ်တစ်လုံးရရှိခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်။ 】
...
ယနေ့စာအိတ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၂၃,၂၂၁ နှင့် ရီကေ တွင်တိုက်တစ်လုံးကို ရရှိခဲ့သည်။
လင်းဖန်က သူ့မျက်လုံးတွေကဘေးကိုကြည့်လိုက်တော့အိမ်ခြံမြေ လက်မှတ်တွေ အများကြီးနဲ့ သော့တွေ သူ့ဘေးတွင်တွေ့လိုက်သည်။
“3 အဆောက်အဦးအခန်း 201, ဧရိယာ 178 စတုရန်းမီတာနှင့်အတူအိမ်ခြံမြေပိုင်ရှင်လင်းဖန်.”
“3 အဆောက်အဦးအခန်း301 အကျယ်အဝန်း 178 စတုရန်းမီတာရှိသောအိမ်ခြံမြေပိုင်ရှင်လင်းဖန်”
...
ဒါကိုတွေ့ပြီးနောက်လင်းဖန်၏မျက်နှာပေါ်တွင် ထူးဆန်းသောအအမူအရာကိုမထုတ်ဖော်ပဲမနေနိုင်ပေ။
ချူစီရှင်း အတွက် သူဝယ်ခဲ့သောအိမ်သည် ရီကေ ရှိ အဆောက်အဦး ၃ မှဝယ်ခဲ့သောအခန်းဆိုတာကိုပြန်သတိရမိလိုက်သည်။
ပြီးတော့အဆောက်အဦးတစ်ခုလုံးဆိုတော့အနည်းဆုံးငွေသိန်းချီရမည်ဖြစ်သည်ကိုတွေးမိပြီးလင်းဖန်က “ငါဒီရက်ပိုင်မှာဆော်တော်ကံကောင်းနေပုံရတယ်။”
...
နေ့လည်ကျောင်းဆင်းပြီးနောက်လင်းဖန်သည် Mercedes-Benz Big G(ကား)ဖြင့် ရီကေမြို့သို့သွားလိုက်သည်။
“ကလင်...ကလင်!”
လင်းဖန်သည်ဖုန်းခေါ်သူကိုကြည့်လိုက်သောလဲသူမသိပေမဲ့ကိုင်လိုက်သည်။
“ဟယ်လို မစ္စတာလင်း?” ဖုန်းထဲကနေယောက်ကျားတစ်ယောက်အသံထွက်လာသည်။
“ကျနော်ပါ ဘယ်သူလဲဗျ။” လင်းဖန်က ပြောလိုက်သည်။
“မစ္စတာလင်း၊ ငါက သယ်ယူပို့ဆောင်ရေးကုမ္ပဏီကပါ၊မင်းရဲ့ ပစ္စည်းတချို့ကို ဘယ်ကို ပို့ပေးရမလဲ”
“ရီကေ ကိုလာလိုက်လေကျနော်လည်း အဲ့နေရာကိုရောက်တော့မယ်ဆိုတော့” လင်းဖန်က ပြောလိုက်သည်။
“”ကျနော်ရီကေ ကိုလာခဲ့မယ်။”ဟုပြောလိုက်ပြီးဖုန်းချလိုက်ကြသည်။
လင်းဖန်သည် ရီကေ သို့ ရောက်သောအခါ ထရပ်ကားတစ်စီးသည် သူအဆောက်အဦး၏ တံခါးဝတွင် စောင့်နေသည်ဆိုတာကိုတွေ့လိုက်သည်။
ကားမောင်းသူက လင်းဖန်ကိုတွေ့တော့ အမြန်ထပြီး “မစ္စလင်း၊ မင်္ဂလာပါ” လို့ ပြုံးပြုံးလေး ပြောလိုက်သည်။
လင်းဖန် က “အိုး၊ မင်းကသယ်ယူပို့ဆောင်ရေးကုမ္ပဏီက ဟုတ်တယ်မလား”
“ဟုတ်ပါတယ် မင်းပစ္စည်းတွေကို ဘယ်နေရာမှာထားရမလဲ” ကားမောင်းသူ စကားပြောပြီးသောအခါတွင် သူက ကားနောက်ခန်းကိုဖွင့်လိုက်ရာ LV အိတ်မျိုးစုံနှင့် အဝတ်အစားမျိုးစုံတို့ဖြင့်ပြည့်နေသောကားနောက်ခန်းကိုတွေ့လိုက်ရသည်။
လင်းဖန်သည်ဒါကိုတွေ့ပြီးနောက်မအံ့သြပဲမနေနိုင်ပေ။
မူလက ၎င်းသည် သူအွန်လိုင်းမှဝယ်ယူသော မုန့်များဖြစ်သည်ဟု သူထင်ခဲ့သည်။
သို့သော်မုန်းတွေမဟုတ်ဘဲအဝတ်အစားနဲ့ အိတ်တွေ ဆိုတာကိုမသိခဲ့ပေ။
“ဒါတွေက...ဒါတွေကငါ့ဟာလား?” လင်းဖန်က မေးလိုက်သည်။
“ဟုတ်ပါတယ်။” ကားသမားက လေးလေးစားစားနဲ့ပြန်ပြောလိုက်သည်။
လင်းဖန်က ခဏလောက်စဉ်းစားပြီး “ကောင်းပြီ ဒါဆို မင်းငါ့ကို ကူသယ်ပေးနိုင်မလား” လို့ပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် ယာဉ်မောင်းနှင့်ယာဉ်မောင်းနှင့်ပါလာသောလူနှစ်ဦးကိုပစ္စည်းများသယ်ခိုင်းပြီးအဆောက်အဦး၃ထဲိုဲ့ခေါ်ဆောင်သွားသည်။
ထို့နောက် လင်းဖန်သည်တွေသည့်အိမ်တစ်လုံးကို ဖွင့်ကာ ကုန်တင်ကားတွင်ပါလာသောLV အဝတ်အစားများနှင့် အိတ်များအားလုံးကို အိမ်ထဲသို့ ထည့်လိုက်သည်။
လင်းဖန်သည် အိမ်ထဲရှိအဝတ်အစားများနှင့် အိတ်များကိုကြည့်ပြီးသက်ပြင်းတစ်ချက်ချကာ “ကံကောင်းလို့ ဒီနေ့ ရီကေ မှာအဆောက်အဦးတစ်ခုကိုရလိုက်လို့၊ မဟုတ်ရင် အဝတ်အစားနှင့်အိတ်တွေ ကို၊ ဘယ်မှာထားရမှန်းမသိဖြစ်နေမယ်”ဟုပြောလိုက်သည်။
ဒရိုင်ဘာနှင့် အထမ်းသမား ထွက်သွားသည်နှင့် တပြိုင်နက် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာအသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုမှုကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာ သူမသိသောနံပါတ်တစ်ခုဖြစ်တယ်ဆိုတာကိုသိပေမဲ့ကိုင်လိုက်သည်။
“မင်္ဂလာပါ မစ္စတာလင်း။” မပြောတတ်ပြောတတ်တရုတ်ဘာသာစကားသည် ဖုန်းထဲကနေထွက်လာခဲ့သည်။
လင်းဖန်က “ဟဲလို၊ မင်းဘယ်သူလဲ”
လင်းဖန်ပြောပြီးခဏအကြာတွင် “မစ္စတာလင်း၊ ငါက LV ဥက္ကဌ မစ္စတာလူစီအတွက် ဘာသာပြန်ဆိုသူ တစ်ယောက်ပါ။ မစ္စတာလူစီ က ကျနော်အား နှုတ်ဆက်ရန် တောင်းဆိုခဲ့သည်။’’
“ဒါ့အပြင် မင်း LV လက်ဆောင်ရလားလို့ မေးတယ်။ပြီးတော့ မင်းကြိုက်မယ်လို့ လဲမျှော်လင့်ပါတယ်။”
လင်းဖန် က ထိုထရပ်ကားကြီး၏ LV အိတ်များနှင့် အဝတ်အစားများအားလုံးကို LV ဥက္ကဌမှ ပေးပို့ကြောင်း သိရှိလိုက်သည်။
ဒါနဲ့ သူက ပါးစပ်ကိုဖွင့်ပြီး “ငါလက်ခံပြီးပါပြီ။ နောက်ပြီး မင်းရဲ့သူဌေးကိုပြောလိုက်ပါ။ ငါအရမ်းကြိုက်တယ်လို့ပြီးတော့ကျေးဇူးလဲတင်ပါတယ်”
ဖုန်းထဲတွင် ရယ်မောသံများ နှင့် အင်္ဂလိပ်စကား သံများထွက်ပေါ်လာသည်။
လင်းဖန်သည် ထို အင်္ဂလိပ်စကားအားလုံးကို အလွန်ရှင်းလင်းပြတ်သားစွာကြားနေရသည်။
လင်းဖန်သည် ပရော်ဖက်ရှင်နယ်အင်္ဂလိပ်စာအတွေ့အကြုံရှိသည်။
သို့သော် သူသည်ဘာမှ ပြန်ပြောခြင်းမရှိပေ။
လင်းဖန် သည် ဟွာရှ(တရုတ်)မှဖြစ်ပြီး ဟွာရှဘာသာစကားကိုသာနှစ်သက်သောကြောင့်ဖြစ်သည်။
ထို့နောက် ချက်ချင်းပင်၊ ဘာသာပြန်သူက “မစ္စတာ ငါ့ရဲ့သူဌေးပြောတာကကျေးဇူးတင်တာတွေမလိုပါဘူးတဲ့။ နောင်မှာ LV ရဲ့ ထုတ်ကုန်အသစ်အားလုံး မင်းကို တစ်ခုစီပို့ပေးလိမ့်မယ်” ဟုပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး