← Chapters

အဆောက်အအုံတစ်ခုလုံးကိုဝယ်တာလား

Vol. 10 Ch. 149

အဆောက်အအုံတစ်ခုလုံးကိုဝယ်တာလား

Vol. 10 Ch. 149

လင်းဖန်သည် ဘာသာပြန်သူနှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် သူဖုန်းချလိုက်သည်။

သို့သော် သူသည်ထွက်ခွာမည့်အစား၊ ချူစီရှင်းကိုမက်ဆေ့ချ်ပို့လိုက်သည်။

ခဏအကြာတွင် ချူစီရှင်းနှင့် ဟေးလင်းတို့ သည်လင်းဖန်မက့်ဆေ့ပို့သောနေရာသို့ရောက်သည်နှင့်တံခါးကိုဖွင့်ကာအထဲကိုဝင်လိုက်သည်။

သူတို့ဝင်လိုက်တာနဲ့ဧည့်ခန်းထဲတွင် အဝတ်အစားများနှင့် လက်ကိုင်အိတ်များ ကို တွေ့လိုက်သောအခါ နှစ်ယောက်စလုံး၏ မျက်လုံးများသည် အလွန်တောက်ပသွားခဲ့သည်။

“အကန့် အသတ်ရှိသော လက်ကိုင်အိတ်”

“မနေ့ကထုတ်ခဲ့တဲ့ လစ်မစ်LV”

…………

နှစ်​​ယောက်​လုံး သည်ပစ္စည်းတွေကိုတွေ့တာနဲ့နာမည်ကိုခေါ်လိုက်တော့သည်။

သူမတို့သည်လေယာဉ်အမှုထမ်းတွေဖြစ်ခဲ့ဖူးသောကြောင့် နာမည်ကြီး အမှတ်တံဆိပ်အမျိုးမျိုးကို သိရှိကြသည်။

ထို့ကြောင့် အဝတ်အစားနှင့် အိတ်များ၏ အမှတ်တံဆိပ်နှင့် မော်ဒယ်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပြောနိုင်သည်။

၎င်းတို့ထဲမှ တစ်ခုသည် စျေးကြီးပြီး အဖိုးမဖြတ်နိုင်တဲ့လစ်မစ်LVပဲဖြစ်သည်။

ဤအခန်းတွင်အဲ့ပစ္စည်း အရေအတွက်သည် တော်တော်လေးကိုများပြားသည်။

ဒါ... ဒါက သူမတို့မထင်မှတ်ထားတဲ့ကိစ္စပင်ဖြစ်သည်။

လင်းဖန်က သူတို့ရဲ့ ထိတ်လန့်တုန်လှုပ်တဲ့အမူအရာကိုကြည့်ပြီး “ဒီအဝတ်အစားတွေနဲ့ အိတ်တွေအကုန်လုံးက ငါရဲ့ဟာတွေလေ။အဲ့တော့မင်းတို့စိတ်ကြိုက်သုံးလို့ရတယ်။”

“အိုဘုရားရေ!”

ချူစီရှင်းနှင့်ဟေးလင်းတို့သည်လင်းဖန်ပစ္စည်းမှန်းသူမတို့ ခန့်မှန်းပြီးသားဖြစ်သည်။

ယခုလင်းဖန်အမှန်တိုင်းပြောတဲ့အချိန်မှာသူမတို့ ကအရမ်းအံ့သြနေကြဆဲပင်ဖြစ်သည်။

“အို...ခင်ပွန်း၊ ဘာလို့ LV က လစ်မစ်LV အ၀တ်အစားတွေ နဲ့အိတ်တွေ အများကြီး ကိုဝယ်လာတာလဲ။” ချူစီရှင်းကမနေနိုင်ပဲမေးလိုက်သည်။

“အိုး ဒါတွေကိုငါမဝယ်ထားဘူး၊ LV ဥက္ကဋ္ဌက ငါ့ကိုပေးလိုက်တာ။ ဒါတင်မကဘူး နောင်မှာ လဲLV ထုတ်ကုန်အသစ်ထုတ်တိုင်း သူက ငါ့ကိုပေးမယ်လို့ ပြောတယ်။ဘာလိုဆိုငါကသူတို့ရဲ့LV ရှယ်ယာ 5% ကိုဝယ်ခဲ့လို့လေ ။” လို့ လင်းဖန်ကပြောလိုက်သည်။

ထုံးစံအတိုင်း၊ လင်းဖန်သည်သူ၏စနစ်အကြောင်းကိုမပြောပဲဝယ်ထားသည်ဟုသာအဖြေပြန်ပေးခဲ့သည်။

“အိုဘုရားရေ!”

ချူစီရှင်းနှင့် ဟေးလင်းတို့က ထိတ်လန့်တကြားပြောလိုက်ပြန်သည်။

LV ထုတ်ကုန်အသစ်ထုတ်တိုင်းရမည်တဲ့။တစ်နည်းအားဖြင့်ပြောရရင် အနာဂတ်မှာ အကန့်သတ်နဲ့ထုတ်သောLV ထုတ်ကုန်များကိုသူတို့ကရရှိမည်ဖြစ်သည်။

ပြီးတော့... လင်းဖန် LV ရှယ်ယာ 5% ကို အမှန်တကယ် ၀ယ်ယူသည်။

အဲ့ဒါ LV ပါ။

စျေးကွက်တန်ဖိုးသည် တစ်ထရီလီယံကျော်ရှိသည်။

5%သည်50 ဘီလီယံကျော်တန်ဖိုးရှိသည်။

ဒါက သူမတို့ရဲ့စိတ်ကူးကိုလုံးဝကျော်လွန်သွားပြီဖြစ်သည်။

လင်းဖန်သည် LV ၏ရှယ်ယာ 5% ကိုပိုင်ဆိုင်ရုံသာမက ပန်ကူ ၏ရှယ်ယာ 5% ကိုလည်းပိုင်ဆိုင်ကြောင်းသူတို့မသိခဲ့ကြပေ။

မဟုတ်ရင် သူတို့ရဲ့ အမူအရာတွေက အခုထက် ပိုစိတ်လှုပ်ရှားစရာ ကောင်းနေမှာ သေချာသည်။

အချိန်အတော်ကြာပြီးနောက်၊ ချူစီရှင်း နှင့်ဟေးလင်းတို့သည် ငြိမ်သက်သွားကာ သူမတို့စိတ်ကြိုက်အဝတ်အစားများနှင့် အိတ်များကို ရွေးလိုက်ကြသည်။

ထိုအချိန်မှာ ဟေးလင်း က “အစ်ကို လင်း၊ အဲဒီ LV အဝတ်အစားနဲ့ အိတ်တွေက 5 လွှာမှာ ဘာလို့ရှိနေတာလဲ။ မင်းက 5 လွှာရော ဝယ်ခဲ့တာလား။”

လင်းဖန်က ခေါင်းခါပြီး “ငါးလွှာတင်မကဘဲ ရီကေမှာရှိတဲ့ ဒီအဆောက်အဦးကို ငါ ဝယ်လိုက်ပြီ” လို့ပြောလိုက်သည်။

“အားလုံး ဝယ်လိုက်တာလား?”

သူမတို့နှစ်ယောက်သား သည်အံ့အားသင့်စွာ အော်ပြောလိုက်ကြသည်။

သူများတွေကတော့အိမ်ဝယ်ဖို့ကိုအချိန်အကြာကြီးစုဆောင်းထားမှာသာဝယ်နိုင်သည်။မဝယ်နိုင်တဲ့သူများကလဲရှိသည်။

လင်းဖန်ကတော့အဆောက်အဦးတစ်ခုလုံးကိုဝယ်လိုက်တာလား။

လင်းဖန်သည် သူတို့နှစ်ဦး၏ အံ့သြမှုကို ဂရုမစိုက်ပဲ သူသည် အခန်းသော့အပိုများကို ထုတ်လိုက်ပြီး “အနာဂတ်မှာ မင်းတို့ဒီ​အဆောက်အဦးရဲ့ကြိုက်တဲ့အခန်းမှာနေနိုင်တယ်” လို့ ပြောလိုက်သည်။

ရုတ်တရက်ဟေးလင်းနှင့် ချူစီရှင်းတို့သည် လင်းဖန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

သူမတို့အတွေးကတော့

“ငါ့ဘဝကို လွယ်ကူလုံခြုံစေဖို့အတွက်လင်းဖန်သည် အမှန်တကယ်ပင် အဆောက်အအုံတစ်ခုလုံးကို တိုက်ရိုက်ဝယ်ယူခဲ့သည်။

ဒီလိုယောက်ျားမျိုးရှိရင်ဘာကိုလိုအပ်တော့မည်နည်း’’

နောက်အခိုက်အတန့်တွင် သူမတို့နှစ်ဦးသည် လင်းဖန်၏ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်လိုက်ကြသည်ယာ

ဒီနေ့ညသည်လင်းဖန်၊ချူစီရှင်းနှင့်ဟေးလင်းတို့၏ပျော်ရွှင်စရာအချစ်ညပင်ဖြစ်သည်။

…………

နောက်တစ်နေ့။

စနေနေ့ဖြစ်သောကြောင့် မနက်စာစားပြီးနောက် လင်းဖန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။

“ဒင်!”

ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။

သူကြည့်လိုက်တော့ချမ်ရီရီ က မက်ဆေ့ချ်ပို့လိုက်ကြောင်း သိလိုက်ရပြီးတာနဲ့ဖွင့်ကြည့်လိုက်သည်။

ချမ်ရီရီ - ငါရဲ့ကုမ္ပဏီကမကြာသေးမီ ထုတ်ကုန်အသစ်များကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်။ အဲ့ဒါကိုမင်းလာကြည့်လို့ရမလား။

လင်းဖန်သည် လုံးဝမတွန့်ဆုတ်ဘဲ မက်ဆေ့ကို တိုက်ရိုက်ပြန်ဖြေကြားခဲ့သည်။

လင်းဖန် : ကောင်းပြီ ငါအခုလာခဲ့မယ်။

ထို့နောက် လင်ဖန်းသည် ပင်ပန်းနေသော ချူစီရှင်းနှင့် ဟေးလင်းတို့နှင့် စကားအနည်းငယ်ပြောပြီးနောက် ၎င်းတို့သည် Lamborghini Bull(ကား)ကို မောင်းနှင်ကာ ဟန်စီဒီသို့ မောင်းသွားခဲ့သည်။

လင်းဖန်သည်ဟန်စီဒီသို့ရောက်သည်နဲ့အရင်ကနဲ့တော်တော်ကွာခြားနေတာကိုတွေ့လိုက်သည်။အရင်အကြိမ်ကဟန်စီဒီကုမ္ပဏီသည်လူသိပ်မရှိပေ။

ယခုအချိန်တွင်တော့လူများစည်ကားနေသည်။

လင်းဖန်ကိုမြင်ပြီးနောက် အိမ်ရှေ့စားပွဲမှ ဝန်ထမ်းမလေးသည် ကမန်းကတန်းထကာ အလွန်လေးစားသောလေသံဖြင့် “မင်္ဂလာပါ မစ္စတာလင်း”။

မကြာသေးမီက ဟန်စီဒီ ကုမ္ပဏီ၏ စျေးကွက်ထိရောက်မှုသည် အလွန်ကောင်းမွန်သည်။

ဝန်ထမ်းအားလုံး၏ ဘောနပ်စ်နှင့် လစာများပင် သိသိသာသာ မြင့်တက်လာခဲ့ကြသည်။

ဒီအရာအားလုံးကို လင်းဖန်က ယူဆောင်လာတယ်ဆိုတာကို အိမ်ရှေ့က ဝန်ထမ်းကောင်မလေးက ကောင်းကောင်းသိသည်။

ထို့အပြင် လင်းဖန်သည် ဥက္ကဌ ချမ်ရီရီနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးယုံသာမကကုမ္ပဏီ၏ ရှယ်ယာ 30% ကို လဲပိုင်ဆိုင်ထားသည်။

မည်သည့် ကဏ္ဍတွင်မဆိုလင်းဖန်သည် လေးစားထိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “မင်္ဂလာပါ” ဟုပြန်ပြောလိုက်သည်။

အိမ်ရှေ့စာရေးခုံမှ ဝန်ထမ်းမလေးက “မစ္စတာလင်းက ဥက္ကဋ္ဌကိုရှာဖို့ လာတာလား။ ဥက္ကဌက အခု ရုံးခန်းမှာ”

“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေလိုက်သည်။

ထို့နောက် ကုမ္ပဏီရုံးခန်းဘက်သို့သို့ လျှောက်သွားပြီးတံခါးကိုခေါက်လိုက်သည်။

“ဒေါက် ဒေါက်!”

တံခါးခေါက်ပြီးမကြာမီတွင်ဥက္ကဋ္ဌရုံးခန်း၌ သာယာသောအသံတစ်ခုထွက်ပေါ်လာသည်။

“ဝင်လာခဲ့ပါ။”

ယခုအခိုက်အတန့်တွင် ချမ်ရီရီ သည် အရေးကြီးသောစာရွက်စာတမ်းများကိုစစ်နေပုံရပြီး သူမ၏အမူအရာမှာ အာရုံစူးစိုက်လွန်းသောကြောင့်သူမ သည်ဘယ်သူဝင်လာတာလဲဆိုတာကိုမကြည့်လိုက်ပေ။

လင်းဖန်သည်ကတော့ သူမကို တံခါးဝကနေလှမ်းကြည့်နေသည်။

ယနေ့တွင်ချမ်ရီရီသည် ကော်လာပါဖြူရောင်အင်္ကျီနှင့်အဖြူရောက်စကတ်တိုကို ၀တ်ဆင်ထားပြီး အလွန်စွမ်းဆောင်နိုင်ကာ သူမ၏ဆွဲဆောင်မှုရှိသောအသွင်အပြင်ကို ပေါ်လွင်စေသည်။

သူမ၏လှပသော မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်လှုပ်ရှားမှုများလဲ ရှိနေသည်။

သိသာထင်ရှားသည်၊၊ ဟန်စီဒီသည်ဤကာလအတွင်းအလွန်အလုပ်များနေခဲ့တယ်ဆိုတာပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမကလဲဒါကိုအလွန်ကျေနပ်နေခဲ့သည်။

ယင်းကြောင့် လင်းဖန်သည် သူမအတွက် ပျော်ရွှင်ရမလိုလို၊ဝမ်းနည်းရမလိုဖြစ်သွားခဲ့သည်။

ထိုအချိန်တွင်ချမ်ရီရီ သည် နောက်ဆုံးတွင် သူမ၏ ခေါင်းကို မြှောက်လိုက်သည်။

လင်းဖန် ကိုသူမတွေ့လိုက်ရသောအခါတွင် သူမ၏ လှပသော မျက်နှာပေါ်တွင် ဖုံးကွယ်မထားသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“လင်းဖန် မင်းရောက်လာရင်ဘာလို့ စကားတစ်ခွန်းမှ မပြောပဲရပ်နေတာလဲ၊လာဒီမှာလာထိုင်ခဏစောင့်မင်းအတွက်ငါလက်ဖက်ရည်ဖျော်ပေးမယ်”

သူမစကားပြောနေစဉ် ချမ်ရီရီ သည် စာရွက်စာတမ်းတွေကို ဘေးသို့ချလိုက်ပြီး လက်ဖက်ရည်ဖျော်ရန် ထရပ်လိုက်သည်။

သူမသည် အလုပ်အပေါ် အလွန်အလေးထားတတ်သူဖြစ်သည်။

သို့သော် သူမအတွက်လင်းဖန်သည်အလုပ်ထက်ပိုအရေးကြီးသည်မှာ ထင်ရှားသည်။

ခဏကြာတော့ ရုံးခန်းထဲမှာ လက်ဖက်ရည်ရနံ့ များပျံ့နှံ့လာတော့သည်။

လင်းဖန်သည် လက်ဖက်ရည်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။

ချမ်ရီရီက “ဘယ်လိုအရသာလဲ?”

“ချိုမြိန်တယ် ၊ မွှေးကြိုင်ပြီး အရသာရှိသောလက်ဖက်ရည်တစ်ခုပဲ။” လင်းဖန်က ပြောလိုက်သည်။

“မင်း ကြိုက်တယ်ဆိုရင်ရပါပြီ” ချမ်ရီရီသည် လင်းဖန်၏ချီးမွမ်းခြင်းကို ခံလိုက်ရသောကြောင့်ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

လင်းဖန်က “ဘယ်လိုရေမွှေးမျိုးနဲ့ မိတ်ဆက်မှာလဲ” လို့ မေးလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters