မစ်ရှင်ပြီးခြင်း
Vol. 10 Ch. 150
ထုတ်ကုန်အသစ်အကြောင်းပြောသောအခါ တွင်ချမ်ရီရီ၏လှပသောမျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည်။
သူမက လင်းဖန်၏လက်ကိုဆွဲကာ “အချက်အလက်တွေကို အရင်လာကြည့်” လို့ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သားသည်ကွန်ပြူတာစီသို့ အတူတူရောက်လာကြပြီး တစ်ခုထဲသော ထိုင်ခုံပေါ်တွင်လင်းဖန်သည်အောက်မှာထိုင်ပြီးချမ်ရီရီသည်လင်းဖန်ပေါ်တွင်ထိုင်လိုက်သည်။
ချမ်ရီရီ သည် သူမ၏ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ကီးဘုတ်များကိုနှိပ်လိုက်သည်။
ခဏအကြာတွင် ကွန်ပြူတာစခရင်ပေါ်တွင် စာရွက်စာတမ်းများနှင့်ပုံများပေါ်လာသည်။
ချမ်ရီရီက “ဟန်စီဒီ က ဒီတစ်ခါထွက်တဲ့ ငါတို့ရဲ့ ထုတ်ကုန်အသစ်က ရေမွှေးမဟုတ်ဘဲ အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တစ်ခုပါ။”
“ဒီအသားအရေထိန်းသိမ်းမှုထုတ်ကုန်ကိုသန့်စင်သောသဘာဝဆေးဖက်ဝင်အပင်များမှပြုလုပ်ထားသည်။သူတို့ရဲ့အကျိုးအာနိသင်ကအစိုဓာတ်ထိန်းခြင်း၊အသားရေကို ချောမွတ်ခြင်း၊ ဖြူဝင်းလာစေခြင်းနှင့် အခြားအာနိသင်များပါရှိပါတယ်”
ချမ်ရီရီသည် ပြောနေရင်းပြောနေရင်း ပို၍ စိတ်လှုပ်ရှားလာပြီး သူမ၏ လှပသော မျက်လုံးများသည် အလင်းရောင်များဖြင့်တောက်ပလာသည်။
လင်းဖန်က သူမပြောနေတာကို လုံးဝမကြားလိုက်ဘဲ သူမရဲ့ လေးနက်ပြီး စိတ်လှုပ်ရှားနေတဲ့ အသွင်အပြင်ကိုသာကြည့်နေသည်။
ထိုအခိုက်တွင် ချမ်ရီရီသည် ရုတ်တရက် လင်းဖန်ဘက်သို့လှည့်ကာ”လင်ဖန်၊ ဒါကိုမင်းဘယ်လိုထင်လဲ” လို့ ပြောလိုက်သည်။
သူမသည် လင်းဖန်ကသူမကိုအကြည့်စူးစူးနှင့်ကြည့်နေသိကိုသိပြီး မကြာမီပင်သူမကတစ်ခုခုကို တွေးလိုက်ရာ သူမ၏ လှပသော မျက်နှာသည် ရှက်စိတ်ဖြင့် နီမြန်းလာတော့သည်။
ထို့နောက် သူမသည်လင်းဖန်ကိုတိုက်ရိုက်နမ်းလေတော့သည်။လင်းဖန်ကလဲဒါကိုမြင်တော့သူလဲပြန်နမ်းလိုက်သည်။
…………
နှစ်နာရီခန့်ကြာသောအခါ လင်းဖန်နှင့် ချမ်ရီရီတို့သည် ဥက္ကဋ္ဌရုံးခန်းမှ ထွက်လာကြသည်။
ယခုအချိန်တွင် ချမ်ရီရီ ၏လှပသောမျက်နှာသည် နီမြန်းနေသည့်အရိပ်အယောင်များရှိနေသေးပြီး သူမသည် ပြင်းထန်သောလေ့ကျင့်ခန်းတစ်ခုလုပ်ထားသကဲ့သို့ နှင်းလိုဖြူဖွေးသောသူမ၏အသားအရေပေါ်တွင် ချွေးများထွက်နေသည်။
“ငါတို့ရဲ့အသားအရေထိန်းသိမ်းမှုထုတ်ကုန်မှာအမွှေးရနံ့များလဲရှိသည်။ မင်းက ရေမွှေးကျွမ်းကျင်ပညာရှင်ဆိုဆော့အကြံဉာဏ်များပေးနိုင်သလား”
ချမ်ရီရီ က ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ကိစ္စမရှိပါဘူး” ဟုပြောလိုက်သည်။
စကားပြောနေရင်းလမ်းလျှောက်ကြပြီး ခဏအကြာတွင် R&D စင်တာသို့ ရောက်ရှိလာကြသည်။
လင်းဖန်သည် နောက်ဆုံးအကြိမ် ရောက်လာသောအခါ၊ R&D စင်တာသည် ရိုးရှင်းသော ဓာတုဗေဒကိရိယာအချို့ကိုသာ ထားရှိသည်။
ယခုအချိန်တွင်တော့အကြီးစား စက်ကိရိယာများစွာ ရှိသည်။
R&D ဝန်ထမ်းများသည် စက်ကိရိယာများကို ဂရုတစိုက် ချိန်ညှိနေပြီး အချက်အလက်များကို ပိုင်းခြားစိတ်ဖြာနေသည်။
ချမ်ရီရီက “အားလုံးပဲ မင်းတို့ရဲ့အလုပ်တွေကို ခဏရပ်လိုက်ပြီး ငါတို့ဆန်းသစ်တီထွင်ထားတဲ့ အသားအရေထိန်းသိမ်းမှုထုတ်ကုန်တွေကို အစမှအဆုံးထိဖန်တီးပြပါ။”
“ကောင်းပြီ။” အလုပ်သမား များအားလုံး ကတက်ညီလက်ညီ တုံ့ပြန်ခဲ့ကြသည်။
သူတို့သည်အလုပ်လုပ်ရာမှာစနစ်တကျရှိပြီးကိုယ့်တာဝန်ကိုယ်ယူကာလုပ်နေကြသည်။
ပထမဦးစွာ၊ ဖန်ပုလင်းထဲတွင်ထည့်ထားသော မတူညီသောအပင်များနှင့်သစ်ပင်များကို ယူပြီးအမျိုးအစားများကိုခွဲထည့်လိုက်ကြသည်။
ထို့နောက် လိုအပ်သော ပါဝင်ပစ္စည်းများကို အပူပေးခြင်း၊ ပေါင်းခံခြင်းနှင့် အခြားနည်းလမ်းများဖြင့် လုပ်လိုက်ကြသည်။
ပြီးလျှင် အမျိုးမျိုးသောအရည်များကို အချိုးအစားများဖြင့် ရောမွှေလိုက်သည်။
တစ်နာရီခန့်ကြာသောအခါ လင်းဖန်၏ရှေ့တွင် ရေနှင့်အရောင်တူသောပုလင်း တစ်လုံးပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏စိတ်ထဲတွင် ပြတ်သားသောသတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်၊ ပြီးပြည့်စုံသော အသားအရေထိန်းသိမ်းမှုထုတ်ကုန်ထုတ်လုပ်မှုကို ကြည့်ရှုခဲ့သောကြောင့်အလှကုန်ရေကို ဝယ်ယူရန် အခွင့်အာဏာရရှိသည်။ 】
【အလှကုန်ရေ သည် အသားအရေကို ဖြူဝင်းလာစေခြင်း၊ တင်းတိပ်များ... 1Lကို ယွမ် 10,000မှတ်ချက်- အလှကုန်ရေကိုဝယ်ခဲ့တဲ့ပိုက်ဆံတွေက စာအိတ်အနီတွေ မရနိုင်ပါ။ 】
လင်ဖန်းသည် အသားရေထုတ်ကုန်ပုလင်းကိုမယူသည်ကို ချမ်ရီရီသည် မြင်လိုက်ရသောကြောင့်မနေနိုင်ဘဲ”လင်းဖန်၊ ဘာကိစ္စရှိလို့လဲ” လို့မေးလိုက်သည်။
“အိုး... ဘာမှ မဟုတ်ပါဘူး” လင်းဖန် က “မင်း ဒီ အသားရေထုတ်ကုန်ကို လောလောဆယ် မထုတ်ခိုင်းစေချင်သေးဘူး၊ခဏလေးနေအုံး ပြန်လာခဲ့မယ်”
စကားပြောပြီးနောက် လင်းဖန်သည်ဟန်စီဒီကုမ္ပဏီအပြင်ဘက်သို့ လျှောက်သွားခဲ့သည်။
အနီးနားရှိ စူပါမားကတ်မှာ ရေ2L ပုလင်းကိုဝယ်ပြီး ရေကိုသွန်လိုက်ပြီးရေပုလင်းလွတ်ကိုသာယူလိုက်သည်။
ထို့နောက် ကားပေါ်သို့ရောက်သည်နဲ့ယွမ် 20,000 သုံးစွဲကာ 2L အလှကုန်ရေကိုဝယ်ပြီးနောက်ဟန်စီဒီကုမ္ပဏီသို့ ပြန်လာခဲ့သည်။
ချမ်ရီရီ သည် လင်းဖန်ပြန်လာသည်နဲ့ရေပုလင်းတစ်လုံးကိုသူမအားပေးသည်ကိုကြည့်ပြီးသူမက’’လင်းဖန် ဒါက..” လို့ မေးလိုက်သည်။
လင်းဖန် က “ဒါက ငါသုတေသနလုပ်ပြီး တီထွင်ဖန်တီးထားတဲ့ အလှကုန်ရေပဲ။
စမ်းကြည့်လေ ဒါဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို’’
ချမ်ရီရီသည်လင်ဖန်စကားကြောင့်အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူမသည်အလှကုန်ပစ္စည်းကိုရေသန့်ဘူးမှာထည့်ထားသည်ဆိုတာကိုတစ်ခါမှမမြင်ဘူးပေ။ယခုတွင်မူသူမသည်အလှကုန်ပစ္စည်းတွေကို ရေသန့်ဘူးထဲမှာထည့်ထားတာကိုပထမဦးစွာတွေ့လိုက်ရသည်။
အကယ်၍ အခြားသူတစ်ဦးက ဒီရေဘူးထဲမှာအလှကုန်ပစ္စည်းတွေရှိနေတယ်လို့လာပြောခဲ့သူမကပြောတဲ့သူကိုစောင့်ဖတ်လုပ်မည်မဟုတ်ပေ။
သို့သော် ယခုပြောနေသည်မှာလင်းဖန်ဆိုတော့သူမကယုံလိုက်သည်။
ချမ်ရီရီသည် သူမ၏ ကျောက်စိမ်းလက်ဖဝါးပေါ်သို့ အစက်အနည်းငယ် ဂရုတစိုက်လောင်းချပြီးနောက် မှန်ကို ကိုင်ကာ သူမ၏ လှပသော မျက်နှာကို ပါးပါးလေး လိမ်းလိုက်သည်။
ရုတ်တရက်သူမ၏မျက်နှာတွင် လန်းဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
နောက်အခိုက်အတန့်တွင်၊ ချမ်ရီရီ ၏လှပသောမျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်သွားပြီး၊ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!”ဟုအံ့သြတစ်ကြီးပြောလိုက်သည်။
သက်တန့်ရေမွှေးကို စတင်ရောင်းချပြီးကတည်းက ဟန်စီဒီအမှတ်တံဆိပ်ကို တရုတ်နိုင်ငံတွင် လုံးလုံးလျားလျား ဖြန့်ချိခဲ့သည်။
ချန်နယ်များနှင့် ရောင်းချသူများ အများအပြားသည် ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရန် လာခဲ့ကြသည်။
ထို့အတွက်ကြောင့် ချမ်ရီရီသည် အလွန်အလုပ်များသောကြောင့်ခဏလောက်ပဲအိပ်ရသည်။
ရက်အတော်ကြာ ဒီလိုပဲဆက်တိုက်ဖြစ်ပြီးနောက်၊ ချမ်ရီရီ ၏ အရေပြားသည် အနည်းငယ် ခြောက်သွေ့လာပြီး မထင်ရှားသော အမဲစက် နှစ်ခုပင် ပေါ်လာခဲ့သည်။
ချမ်ရီရီ သည် လင်းဖန် မှယူဆောင်လာသော အလှကုန်ကိုအသုံးပြုလိုက်သောအခါတွင် သူမ၏အသားအရေသည် ချက်ခင်း စိုပြေလာပြီး အမဲစက်များပင် လုံးဝပျောက်ကွယ်သွားသည်။
ကမ္ဘာကျော်အလှကုန်များတောင်ဒီလိုမဖြစ်နိုင်းဘူးဆိုတာကိုသူမတတ်အပ်ပြောနိုင်သည်။
အခုအခြေအနေက ဘယ်လိုလဲ။
အလှကုန်ရေကိုအနည်းငယ်သာ လိမ်းလိုက်သည်နှင့် မိနစ်အနည်းငယ်အတွင်းချက်ချင်းအကျိုးအာနိသင်များကိုတိုက်ရိုက်ဖြစ်ပေါ်စေသည်။
ခဏလောက်ကြာတော့ ချမ်ရီရီသတိပြန်ဂင်ပြီး “လင်းဖန်၊ ဒီအလှကုန်ရေက....”
လင်းဖန် က “မင်းဒါကိုအဆင်ပြေတယ်ထင်ရင် နောင်မှာ များကိုအများကြီးပို့ပေးမယ်။မင်းတို့ဟန်စီဒီ ကရောင်းပေါ့”
ဒါကိုကြားပြီးနောက်ချမ်ရီရီ၏ အသက်ရှူသံ အနည်းငယ် မြန်လာခဲ့သည်။
ဟန်စီဒီသည်ဒီအလှကုန်ရေက စျေးကွက်ထဲရောက်တာနဲ့ ဘယ်လောက်နာမည်ကြီးလာမယ်ဆိုတာ သူမ မတွေးရဲပေ။
ဒါပေမယ့် မကြာခင်မှာပဲ သူမက တုံ့ဆိုင်းသွားပြီး “ဒါက မင်းတီထွင်ထားတဲ့ ထုတ်ကုန်တစ်ခုလေ၊အခုလို တိုက်ရိုက်ရောင်းတာကအဆင်ပြေရဲ့လား”
လင်းဖန် သည် ချမ်ရီရီ၏ ချောမွေ့နူးညံ့သော မျက်နှာကို ထိလိုက်ကာ ပြုံးလိုက်ပြီး “ငါအဆင်ပြေပါတယ် ပြီးတော့ ငါ့မှာလဲကုမ္ပဏီရဲ့ ရှယ်ယာ 30% ရှိသေးတယ် မဟုတ်လား”
ချမ်ရီရီသည် ထိုစကားကိုကြားသောအခါ သူမသည် လင်းဖန် ၏ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်ကာ “လင်းဖန်ကျေးဇူးတင်ပါတယ်” ဟု တိုးတိုးလေးပြောလိုက်သည်။