← Chapters

နတ်ဘုရားသိုင်းပညာ လျှောက်လမ်း

Vol. 013 Ch. 1293

နတ်ဘုရားသိုင်းပညာ လျှောက်လမ်း

Vol. 013 Ch. 1293

လူတိုင်းသည် သူတို့၏ ထိုင်ခုံနေရာသို့ ပြန်လာခဲ့ကြသည်။ မရေတွက်နိုင်သည့် မျက်လုံးအစုံတို့သည် မက်မွန်ပွဲတော်တွင်သာ ကျရောက်နေသည်။ သူတို့သည် နှစ်သိမ့်ကျေနပ်ခြင်း မရှိကြသေးပေ။

အကယ်၍ ဤလူများကို စည်းမျဉ်းများ ကန့်သတ်ကာ စွမ်းအားများ ဖိနှိပ်ထားခြင်းမျိုး မရှိခဲ့လျှင် မည်သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာ လိမ့်မည်နည်း။

တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

နှမြောစရာ ကောင်းလှသော်လည်း မက်မွန်ပွဲတော်က ထိုသို့ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထို့အပြင် လူတိုင်း၏ ကျင့်ကြံခြင်း အဆင့်များက ကွာခြားကြသည်။ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်က စွမ်းအားများကို မဖိနှိပ်ထားဘဲ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်နှင့် တိုက်ခိုက်လျှင် ထိုသည်က မမျှမတ ဖြစ်ပေလိမ့်မည်။

“ထူးကဲပြောင်မြောက် ပါပေတယ်”

အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းသည် အသံရှင်ကို ကြည့်လိုက်ကြရာ စားပွဲထိပ်တွင် ထိုင်နေသည့် ချီရှန်းဖြစ်သည်ကို တွေ့လိုက်ကြသည်။

“နာရီပိုင်းလောက်နဲ့ စာလုံးထောင်ချီ မှော်စာလိပ်ကို အားလုံး သဘောပေါက် နားလည်တယ်ဆိုတာက တကယ်ကို အံ့သြဖွယ်ရာပါပဲ။ အထူးသဖြင့် တန်ခိုးရှင်တွေရဲ့ အဆုံးသတ် ပြသခဲ့တဲ့ ထူးချွန်မှုက အံ့သြစရာကောင်းလှတယ်။ စာလုံးထောင်ချီ မှော်စာလိပ်က မြို့စားရီရဲ့ လက်ထဲမှာ ထွန်းတောက်လာနိုင်မယ့် အခွင့်အရေး ရလိမ့်မယ်လို့ ကျုပ် ယုံတယ်”

ချီရှန်းက ရယ်မောရင်း ပြောသည်။

“ဒီနေ့မှာ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရတာက ကျုပ်အတွက် ကောင်းချီးပါပဲ။ ကျုပ်တို့ သွေးနဂါးဘုံရဲ့ လူစွမ်းကောင်းတွေအတွက် ခွက်မြှောက်လိုက် ကြရအောင်”

သူက သူ့ခွက်ထဲမှ သေရည်ကို မော့သောက်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းသား။ ကျော်ကြားလှတဲ့ မက်မွန်ပွဲတော်ကို လာရောက်ဖို့ ဖိတ်ကြား ခံရတာကလည်း သွေးနဂါးဘုံက ဖိတ်ကြားခံရတဲ့ လူတိုင်းအတွက် ကောင်းချီးပါပဲ။ ဒီနေ့မှာ ဒီနေရာကို ဖိတ်ကြားခံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒါက မြင့်မြတ်တဲ့ လူစွမ်းကောင်း အများအပြားနဲ့ တွေ့ဆုံခွင့်ရတဲ့ အဖိုးတန် အခွင့်အရေးပါပဲ”

ရှဲ့ချင်းရှန်းက ယဉ်ကျေးသမှုနှင့် ကျက်သရေရှိစွာ ပြုံးကာ ပြောသည်။

“ဟုတ်တယ်။ တစ်ယောက်ထက် တစ်ယောက် ထူးချွန်တဲ့ လူတွေကို တွေ့ဆုံခွင့်ရတာက ကံကောင်းမှုပါပဲ”

ယွီရှီးဖေးက နူးညံ့သည့် အပြုံးနှင့် ပြောသည်။ ထိုကဲ့သို့သော အခွင့်အရေးမှာ ကြုံတောင့်ကြုံခဲပင် ဖြစ်၏။

မက်မွန်ပွဲတော်တွင် သူတို့ အတူတကွ ဆုံစည်းနိုင်သည်မှာ ကျေးဇူးတင်ဖွယ်ပင် ဖြစ်သည်။

“မင်းတို့အားလုံးက သွေးနဂါးဘုံရဲ့ အနာဂတ်တွေ ဖြစ်ကြတယ်။ မင်းတို့နဲ့ ယှဉ်ရင် ကျုပ်က ဒီမှာ ကံကောင်းတဲ့ လူတစ်ယောက်ပဲ။ တစ်နေ့မှာ မင်းတို့ထဲက တချို့တလေဟာ ရန်ဟောင်အဆင့်ကို ရောက်ရှိကြလိမ့်မယ်။ အဲဒီအချိန်ကျရင် အသိအမြင်က တူမှာ မဟုတ်တော့သလို မင်းတို့ရဲ့ စိတ်အခြေအနေ တွေကလည်း ကွာခြားသွားလိမ့်မယ်။ မက်မွန်ပွဲတော်က မင်းတို့အတွက် အမှတ်တရတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”

ချီရှန်းက ရယ်ရယ်မောမောနှင့် ပြောသည်။

အချိန်သည် အရာအားလုံးကို ပြောင်းလဲပစ်လိမ့်မည်။

ဤနေရာ၌ ရှိနေသည့်သူများမှာ ငယ်ရွယ်လွန်းလှသေးပြီး ရန်ဟောင်တစ်ပါး ဖြစ်လာရန်မှာ သူတို့အတွက် ဝေးကွာလွန်းနေသေး၏။

ရှည်လျားလှသည့် အချိန်မြစ်ကြီး အတွင်းတွင် တစ်စုံတစ်ယောက်က လုံလောက်အောင် ထူးချွန်ခဲ့လျှင် မဖြစ်နိုင်သည့်အရာ မရှိပေ။

ယနေ့ ဖိတ်ကြားထားသည့် ဧည့်သည်များသည် သွေးနဂါးဘုံ၏ အထူးချွန်ဆုံးသော လူများဖြစ်ကြသည်။

ဒေသဘုရင် အဆင့် သတ်မှတ်ချက်၏ စံနှုန်းသည် 'ရန်ဟောင် ဖြစ်လာနိုင်သည့် အစွမ်းအစရှိသည်' ဟူသော အချက်ပေါ်တွင် အခြေခံထားခြင်း ဖြစ်ကြောင်း ရှင်းလင်းပေသည်။

အနာဂတ်၌ သွေးနဂါးဘုံတွင် ရန်ဟောင်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာခဲ့လျှင် ယနေ့ တက်ရောက်ခဲ့သည့် သူတို့ထဲမှ တစ်ယောက်ဖြစ်စေ အချို့ဖြစ်စေ ပါဝင်ပေလိမ့်မည်။

“ဒီနေ့ ပြီးရင် ဒေသဘုရင် အဆင့် သတ်မှတ်ချက်မှာ နာမည်အသစ်တွေ ပေါ်လာလိမ့်မယ်”

ဖေမင်က ရီဖူရှင်းနှင့် ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်။

ရှားရှင်းယွန်က မသေချာသော်လည်း ယနေ့တွင် ရီဖူရှင်း ပြသခဲ့သည့် အရည်အချင်းများအရ သူသည် ကျိန်းသေ ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။

သူက ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ယူချင်း ပြီးနောက် ဆယ့်ကိုးယောက်မြောက် ပုဂ္ဂိုလ် ဖြစ်လာမည် ဖြစ်၏။

“ကျုပ်က အရင်ကြိုပြီး မြို့စားရီကို ဂုဏ်ပြုထားသင့်တာပေါ့”

ချီရှန်းက ရယ်မောရင်း ပြောသည်။ နတ်တောင်ပေါ်ရှိ လူများမှာ သေချာမှုတစ်ခုကို ခံစားလိုက်ကြရသည်။ ချီရှန်းကပင်လျှင် ထိုသို့ ပြောနေပြီ ဖြစ်သည့်အတွက် မည်သို့ပင်ဖြစ်ပါစေ ရီဖူရှင်းက ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ဝင်ရောက် သွားတော့မည်မှာ အသေအချာပင် ဖြစ်၏။

ချန်ယဲ့မြို့မှ တန်ခိုးရှင်များတွင် အနည်းဆုံး နှစ်ယောက်က ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် စာရင်းဝင်ပေတော့မည်။

သွေးနဂါးမြို့အပြင် အခြားသောဘုံမှ ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် နှစ်ယောက် စာရင်းဝင်သည့် ထိပ်တန်းဝင်မြို့မှာ ရှေးဟောင်း တော်ဝင်မြို့သာလျှင် ဖြစ်ကာ နဝမအစေခံနှင့် ရှင်းခိုင်တို့ ဖြစ်ကြသည်။

“ဒေသဘုရင် အဆင့်သတ်မှတ်ချက် ဆိုတာက စာရင်းတစ်ခုပဲ ဖြစ်တယ် ဆိုပေမဲ့လည်း ကျုပ်က အရှင်မင်းသားကို ကျေးဇူးတင်ရမှာပါပဲ”

ရီဖူရှင်းက ပြောသည်။ သူက စိတ်ထဲ သိပ်အလေး မထားသည်ကို ကွယ်ဝှက်မထားပေ။

ဒေသဘုရင် အဆင့် သတ်မှတ်ချက်သည် သာမန်ဆိုလျှင် မည်သည့်အဓိပ္ပာယ်မှ မရှိသော်လည်း ဒေသဘုရင် အဆင့်သတ်မှတ်ချက်သို့ ဝင်ရောက်ခြင်းသည် တောက်ပသော အနာဂတ် ရှိသည်ဟူသော အဓိပ္ပာယ်မျိုး ဖြစ်ကာ အနည်းဆုံး ပြန်လည်မွေးဖွားခြင်း အဆင့်တော့ ရောက်ရှိပေလိမ့်မည်။

သို့သော်လည်း ဤက စာရင်းတစ်ခုသာ ဖြစ်ပေသည်။

လူအများက ရီဖူရှင်းဆီသို့ ကြည့်လိုက်ကြသည်။ သူသည် အလွန် ထောင်လွှားလှပြီး စကားကိုပင် အထိန်းအကွပ်မဲ့စွာ ပြောဆိုသည်။

သို့သော်လည်း သူပြောသည်က အမှန်ပင် ဖြစ်သည်။

ချီရှန်းက ပြောသည်။

“မြို့စားရီ ပြောတာ မှန်တယ်။ ဒါက ဘာမှမဟုတ်တဲ့ စာရင်းလေးတစ်ခုပဲ”

“ကောင်းပြီ။ ကျုပ်က မင်းတို့အချိန်ကို မဖြုန်းတီးတော့ဘူး။ မက်မွန်ပွဲတော်ရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ 'နတ်ဘုရား သိုင်းပညာ လျှောက်လမ်း' ကို စတင်တော့မယ်”

ချီရှန်းက ပြောသည်။ သူက ထရပ်လိုက်ကာ ရေတံခွန်ဆီသို့ ကြည့်သည်။

ရေတံခွန်၏ အပေါ်တွင် ရွှေရောင် မက်မွန်ပန်းပွင့်များ ဖူးပွင့်နေပြီး ထိုအထဲတွင် နတ်ဘုရားလျှောက်လမ်း တစ်ခုကို ကွယ်ဝှက်ထားသည်ဟု ထင်မှတ်ရသည်။

ထိပ်ဖျားတွင် နတ်ဘုံနတ်နန်းကဲ့သို့ စံအိမ်တစ်ခု တည်ရှိသည်။

“လူတိုင်း လာခဲ့ကြပါ”

ချီရှန်းက ပြန်လှည့်ကာ တန်ခိုးရှင်များဆီသို့ ကြည့်သည်။

လူများသည် ထရပ်လိုက်ကြပြီး သူတို့၏ မျက်လုံးများသည် ရေတံခွန်အထက်ရှိ နတ်ဘုရား လျှောက်လမ်းတွင် စူးစိုက်ကြည့်နေကြ၏။

နတ်တောင်ပေါ်မှ စံအိမ်အမည်သည် နတ်ဘုရား သိုင်းပညာနန်းတော် ဟူ၍ ဖြစ်ပေသည်။

နတ်တောင်ပေါ်ရှိ နတ်ဘုရားသိုင်းပညာ နန်းတော်သည် လောကကြီးရှိ သိုင်းပညာ အမျိုးအစားများစွာ သိုလှောင်ထားပြီး မှန်းဆ၍ပင် မရနိုင်သည့် ကျင့်စဉ်နည်းလမ်းများ ပါဝင်ပေသည်။ ထိုနေရာသည် သွေးနဂါးဘုံ၏ များပြားလှစွာသော ထိပ်သီးပုဂ္ဂိုလ်များ လာရောက်ရန် အိပ်မက်မက်နေသည့် နေရာတစ်ခုပင် ဖြစ်၏။

သို့သော်လည်း တော်ဝင်နန်းတော်နှင့် မသက်ဆိုင်သည့်သူများ နတ်ဘုရားသိုင်းပညာ နန်းတော်သို့ ဝင်ရောက်ရန်မှာ အခွင့်အရေး တစ်ခုသာလျှင် ရှိပေသည်။

ထိုအခွင့်အရေးသည် သွေးနဂါးဘုံ၏ ထိပ်တန်းပွဲတော် ဖြစ်သည့် မက်မွန်ပွဲတော်သို့ တက်ရောက်ရန် ဖြစ်သည်။

မက်မွန်ပွဲတော် အောက်ဘက်မှ များပြားလှသော မျက်လုံးအစုံတို့သည် ထရပ်လိုက်သည့် တန်ခိုးရှင်များကို မနာလိုမှုအပြည့်နှင့် ကြည့်နေကြပေသည်။

မက်မွန်ဖိတ်ကြားလွှာ ရရှိသည့် လူများသာလျှင် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို လျှောက်လှမ်းရန် အဆင့်မီပေသည်။ သူတို့နှင့် အတူလိုက်လာခဲ့သူများပင် ထိုနေရာသို့ ခြေချရန် အခွင့်အရေးမရှိပေ။

“မင်းသမီး ရှားရှင်းယွန်က အဖော်လိုက်လာတဲ့သူ ဆိုပေမဲ့ ပြီးခဲ့တဲ့ တိုက်ပွဲမှာ သူမ ပြသခဲ့တဲ့ အရည်အချင်းက ထူးချွန် ပြောင်မြောက်တယ်။ အဲဒါကြောင့် သူမလည်း ဝင်ရောက်နိုင်တယ်”

ချီရှန်းက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်။

သူသည် ရှားရှင်းယွန်ကို နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသို့ ခြေချနိုင်စေရန် ခြွင်းချက် ထားပေးခဲ့၏။

ရှားရှင်းယွန်သည် ယခင်တိုက်ပွဲတွင် ဒေသနန်းတော်မှ ရှုကျီကို အနိုင်ရရှိခဲ့ပြီး ထိုမျှ အဆင့်မြင့်သည့် လော့ယန်နှင့်လည်း ထူးချွန်စွာ တိုက်ခိုက်ခဲ့သည့်အတွက် သူမသည် အရည်အချင်း ပြည့်မီလေသည်။

ထို့ကြောင့် ချီရှန်းက သူတို့နှင့်အတူ ဝင်ရောက်ရန် ခြွင်းချက်ပေး၍ ခွင့်ပြုလိုက်ခြင်းမှာ ကျိုးကြောင်း ဆီလျော်ပေသည်။

“ကျေးဇူးအများကြီး တင်ပါတယ် အရှင်မင်းသား”

ရှားရှင်းယွန်က ခေါင်းညိတ်ကာ ပြောသည်။ ရီဖူရှင်းက မက်မွန်ဖိတ်ကြားလွှာ ရရှိခဲ့ပြီးနောက် သူတို့သည် မက်မွန်ပွဲတော်နှင့် ပတ်သက်သည့် အကြောင်းကို စုံစမ်းခဲ့သည့်အတွက် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို ဝင်ရောက်ရန် အခွင့်အရေးမှာ အလွန် ရှားပါးလှသည်ကို သိရှိပေသည်။ ထို့ကြောင့် သူတို့သည် ကြိုးစားကြည့်ရ ပေလိမ့်မည်။

သူမသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို ခြေလှမ်းမည်မျှ လှမ်းနိုင်လိမ့်မည်ကိုလည်း သိချင်မိပေသည်။

“လာကြ”

ချီရှန်းက ပြောသည်။

“အရှင်မင်းသား၊ ရှေ့ကသွားပါ”

တန်ခိုးရှင်များက ယဉ်ကျေးမှုအရ ပြန်ပြောသည်။ ချီရှန်းသည် အပြုံးနှင့် ခေါင်းညိတ်လိုက်ပြီး မကြာခင်တွင် လေထဲသို့ ခုန်တက်သွားခဲ့သည်။ သူသည် ရေတံခွန်ပေါ်သို့ တိုက်ရိုက် ခြေလှမ်းလိုက်ပြီး အကန့်အသတ်မဲ့ ရွှေရောင်မက်မွန်ပန်းများ အတွင်းသို့ လျှောက်လှမ်းသွား ခဲ့ပေသည်။

တစ်ခဏမျှ ကြာပြီးနောက် သူတို့သည် ရှေးဟောင်းလျှောက်လမ်း၏ ရှေ့သို့ ရောက်ရှိလာပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

မက်မွန်ပန်းများသည် လေထဲတွင် ဝဲလွင့်နေပြီး မြေပေါ်သို့ တဖြည်းဖြည်း ကျဆင်းနေသည်။ လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းလမ်းများသည် ထိုအလယ်တွင် တည်ရှိနေပြီး လမ်း၏ အဆုံး နတ်တောင်၏ ထိပ်ဖျား၌ နတ်နန်းတော်တစ်ခု ရှိနေသည်ဟု ထင်မှတ်ရသည်။

လက်နက် သုံးဆယ့်ခြောက်ခုတို့သည် လမ်းများပေါ်တွင် လဲလျောင်းနေ၏။

လက်နက် တစ်ခုချင်းစီသည် မဟာလမ်းစဉ် စွမ်းအားများ ပါဝင်နေပြီး ရှေးဟောင်းလမ်းကို ကိုယ်စားပြုနေသည်။

ထိုနေရာသို့ ရောက်ရှိနေသည့် လူများသည် သွားလိုသည့် လမ်းကို ရွေးချယ်နိုင်သည်။

“နတ်ဘုရားသိုင်းပညာ လျှောက်လမ်း အကြောင်းကို အားလုံး ကြားဖူးလိမ့်မယ်လို့ ကျုပ်ထင်တယ်။ ဒီလက်နက်တွေက မင်းတို့ ရင်ဆိုင်ရမယ့် အတားအဆီးတွေ ဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီလက်နက် တစ်ခုချင်းစီက ရန်ဟောင်အဆင့် ကျင့်စဉ်လမ်းကြောင်းကိုလည်း ကိုယ်စားပြုတယ်။ နောက်ဆုံး ခြေလှမ်းဘယ်လောက် ရောက်ရှိလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ မင်းတို့ တစ်ခုခုကို ရရှိလိမ့်မယ်”

ချီရှန်းက ပြောသည်။

“ဘယ်လမ်းကို သွားမလဲဆိုတာ ကိုယ့်ဆန္ဒအလျောက် ရွေးချယ်ကြပါ။ လူတိုင်း ကံကောင်းကြပါစေ”

“ကောင်းပါပြီ”

ဖေမင်က အပြုံးနှင့် ပြောသည်။ သူသည် တွေဝေခြင်းမရှိဘဲ ဓားတစ်လက် ရှိနေသည့် ရှေးဟောင်းလမ်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

သူသည် ဓားစွမ်းရည်ကို လေ့ကျင့်သည့်အတွက် အများအပြား စဉ်းစား ရွေးချယ်နေရန် မလိုသောကြောင့် တွေဝေနေရန် အကြောင်းမရှိပေ။

ဖေမင်သည် မက်မွန် ရှေးဟောင်းလမ်းသို့ ဝင်ရောက်ပျောက်ကွယ် သွားပြီးနောက်၌ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းအပေါ်မှ ဗလာကျင်းနေသည့် နေရာအထက်တွင် တောက်ပသည့် ဓားအလင်းများ လင်းလက်လာသည်။ ဓားများသည် လေထဲတွင် မျောလွင့်နေပြီး သတ္တုထိခတ်သံနှင့် လေတိုးသံများ ထွက်ပေါ်လာနေသည်။

နတ်တောင်ပေါ်ရှိ များပြားလှသည့် လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ပုံမှန်ဟုသာ ခံစားကြရသည်။ ဖေမင်က ဓားလျှောက်လမ်းကို ရွေးချယ်ခြင်းသည် ပုံမှန်ပင် ဖြစ်၏။

အောက်ဘက်ရှိ လူအများမှာ လေထဲတွင် မျောလွင့်နေသည့် တောက်ပနေသော ဓားများကို မြင်တွေ့ပြီး မေးသည်။

“အခု ဘယ်သူက နတ်ဘုရားသိုင်းပညာ လျှောက်လမ်းရဲ့ ဓားလမ်းကို ရွေးချယ်လိုက်တာလဲ”

“ဖေမင်ကလွဲရင် ဘယ်သူရှိမှာလဲ” တစ်ယောက်က ပြန်ဖြေလိုက်ပြီး လူအများက ခေါင်းညိတ်သည်။

နောက်ထပ် အခြားလူများ၏ ရွေးချယ်မှုက မည်သို့ ဖြစ်လိမ့်မည်နည်း။

အင်ပါယာရှုမင်းသမီး ရှုကျီသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး မိုးကြိုးတူကို ရွေးချယ်သည်။ သူမသည် နူးညံ့သည့် အမျိုးသမီးလေးဟုပင် မထင်မှတ်ရပေ။ ထိုလက်နက်သည် အလွန်ပင် ရက်စက် ကြမ်းကြုတ်လှသည်။

သူမ ရှေးဟောင်းလမ်းသို့ ခြေချသည်နှင့် လျှောက်လမ်းအထက်မှ ကောင်းကင်တွင် အလွန် ရက်စက် ကြမ်းကြုတ်သည့် မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်လာသည်။

ရှန်းကျယ်သည် ကြောက်မက်ဖွယ် ဖိနှိပ်ခြင်း လမ်းစဉ်စွမ်းအားများ ပါဝင်နေသည့် မီးပြင်းဖိုကို ရွေးချယ်သည်။ သူသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို လျှောက်လှမ်းသွားသည်နှင့် လျှောက်လမ်းပေါ်၌ သတ္တုထိခတ်သံများနှင့် မီးပြင်းဖို ပေါ်ပေါက်လာသည်။

ရှင်းခိုင်သည် ကြီးမားလှသည့် ရှေးဟောင်း ခေါင်းလောင်းကြီးကို ရွေးချယ်ကာ ရှေးဟောင်းလမ်း အတွင်းသို့ ဝင်ရောက်သွားသည်။

တဖြည်းဖြည်း တန်ခိုးရှင်များအားလုံး လျှောက်လမ်းများသို့ ဝင်ရောက်သွားပြီး များပြားလှသည့် လူများသည် သူတို့ကို အာရုံစိုက်နေ ကြပေသည်။

လူတိုင်းသည် သူတို့၏ ကျင့်ကြံခြင်းနှင့် ကိုက်ညီသော ရှေးဟောင်းလမ်းများကို ရွေးချယ်ဝင်ရောက် ခဲ့ကြသည်။

“ဘယ်လမ်းကို ရွေးချင်လဲ”

ရီဖူရှင်းက သူ့ဘေးတွင် ရပ်နေသော ရှားရှင်းယွန်ကို မေးသည်။

ရှားရှင်းယွန်သည် ကြောက်မက်ဖွယ် လက်သီးစွမ်းအားများ ပေါက်ကွဲထွက်နေသည့် တိုက်ခိုက်ရေး လက်အိတ်များဆီသို့ ညွှန်ပြသည်။

သူမသည် အင်ပါယာရှားဘုံမှ လာခဲ့ပြီး အကောင်းဆုံး ကျင့်စဉ်များကို ကျင့်ကြံခဲ့သည်။ သူမ ဤနေရာမှ ရရှိသည့်အရာမှာ သူမ၌ ရှိပြီးသည့် အရာထက် ပို၍ ကောင်းမွန်မည် မဟုတ်သောကြောင့် သူမက ပြိုင်ပွဲတစ်ခုသဖွယ် ပြုမူနေခြင်း ဖြစ်သည်။

“သွားလေ”

ရီဖူရှင်းက ပြောသည်။ ရှားရှင်းယွန်က ခေါင်းညိတ်ကာ ထိုနေရာသို့ လျှောက်သွားခဲ့သည်။

“ယူချင်း၊ မင်းကရော”

ရီဖူရှင်းက ယူချင်းကို ကြည့်ကာ မေးသည်။ ယူချင်းက ကြီးမားသော ပုဆိန်ကြီး ရှိနေသည့် အခြား လမ်းကြောင်းသို့ ညွှန်ပြ၏။

ရီဖူရှင်းက ခေါင်းညိတ်သည်။ ယူချင်းက ထိုနေရာသို့ လျှောက်သွားပြီး နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသို့ ဝင်ရောက်သွားခဲ့သည်။

ချီရှန်းက ရီဖူရှင်းဆီသို့ ကြည့်သည်။ သူက ရှားရှင်းယွန်နှင့် ယူချင်းကို အရင်ဆုံး ရွေးချယ်စေခဲ့သည်။

သူကိုယ်တိုင်အတွက် မည်သည့် လမ်းကြောင်းကို ရွေးချယ်လိမ့်မည်နည်း။

ရီဖူရှင်းက သုံးဆယ့်သုံးခုသော ရှေးဟောင်းလမ်းများကို မြင်တွေ့ကတည်းက ပထမဆုံး သူ သတိပြုမိသည်မှာ နှင်တံကို ဖြစ်သည်။

သို့သော်လည်း သူ့တွင် သူ၏ ကိုယ်ပိုင်ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက် ရှိသည်။

သူက လှံရှည်ကို မြင်သော်လည်း သူသည် သူ့ကိုယ်ပိုင် လှံရှည်စွမ်းရည် ဖြစ်သော အဆုံးမဲ့လေဟာနယ် ကို ဖန်တီးခဲ့ပြီးသား ဖြစ်၏။

နောက်ဆုံးတွင် သူ၏ မျက်လုံးများက ကျောက်တုံးတစ်တုံး ရှိနေသည့် တစ်ခုတည်းသော နေရာသို့ ကျရောက်သွားသည်။

ထိုကျောက်တုံးတွင် ကြယ်စွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရ၏။

နတ်ဘုရား ကြယ်စင်ကျောက်တုံး။

မကြာသေးခင်က သူသည် စာလုံးထောင်ချီ မှော်စာလိပ်နှင့် ကျောက်တုံးကို ရရှိခဲ့သည်။ ဤစွမ်းရည်နှစ်ခုကို ပေါင်းစပ်ခဲ့လျှင် မည်သို့ ဖြစ်လာမည်နည်း။

မဟုတ်လျှင်ပင် သူသည် ကြယ်စွမ်းအား၌လည်း ကောင်းမွန်သည် မဟုတ်ပါလား။

ရီဖူရှင်းသည် ခြေလှမ်းလိုက်ပြီး ရှေးဟောင်းလမ်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ချီရှန်းသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ ရီဖူရှင်းက နတ်ဘုရားကျောက်တုံးကို ရွေးချယ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူသည် ခေါင်းကို မော့လိုက်ပြီး ရီဖူရှင်း ရွေးချယ်လိုက်သည့် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် တောက်ပနေသည့် ကြီးမားသော ကျောက်တုံးက အပေါ်သို့ တက်လာပြီး ကောင်းကင်ကို ထွန်းလင်းသွားစေသည်။

“ရီဖူရှင်း ဝင်သွားပြီ”

နတ်တောင်အောက်ခြေရှိ များပြားလှသော မျက်လုံး အစုံများသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသို့ ရှေးရှုကြည့်နေကြသည်။

ယခုတွင် ရီဖူရှင်းသည် အများစု၏အာရုံစိုက်ရာ ဖြစ်လာသည်မှာ သိသာပေ၏။

ဤတစ်ကြိမ်တွင် ရှင်းခိုင်၊ လော့ယန်နှင့် အခြားလူများသည် ရီဖူရှင်းကို သာလွန်ပြီး သူတို့ကိုယ်သူတို့ သက်သေပြနိုင် လိမ့်မည်လား။

“ဘန်း”

ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးကြား တသားတည်း ဖြစ်နေသည့် ခေါင်းလောင်းကြီးထံမှ အသံထွက်ပေါ်လာပြီး လူတိုင်းကို စိတ်နှင့် ကိုယ်နှင့် ပြန်ကပ်လာစေသည်။

များစွာသော လူတို့သည် သူတို့၏ ခေါင်းများကို ရှေးဟောင်း လျှောက်လမ်းအထက်ရှိ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကြီးမားသည့် ရှေးဟောင်း ခေါင်းလောင်းကြီးမှ အလင်းတန်းများ ထွက်လာသည်ကို မြင်လိုက်ကြရသည်။

မကြာခင် ဒုတိယရှေးဟောင်း ခေါင်းလောင်းကြီး ပေါ်ပေါက်လာပြီး နတ်ဘုရားသိုင်းပညာ နန်းတော်သို့ ပစ်ဝင်သွားခဲ့၏။

“အဲဒါက ရှင်းခိုင်ပဲ”

လူအများက ပြောလိုက်ကြ၏။

ရှင်းခိုင်သည် ရှေးဟောင်း ခေါင်းလောင်း လျှောက်လမ်းကို ရွေးချယ်ခဲ့သူ ဖြစ်သည်။

သူသည် ပထမဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် ပထမဆုံးလူဖြစ်ပြီး ခေါင်းလောင်းကြီး၏ အသံကို ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့နှံ့စေခဲ့သည်။

“ဝှစ် … ”

တစ်ခဏအကြာတွင် အကန့်အသတ်မဲ့ ရွှေရောင် မက်မွန်ပန်းများ ပွင့်လန်းနေသည့် အကြားမှ ဓားသည် အဆုံးမဲ့အလင်းများ ထုတ်လွှတ်သည်။ ဒုတိယဓားသည် ရှေးဟောင်းလမ်း အပေါ်၌ ပေါ်ပေါက်လာပြီး တောက်ပသော ဓားစွမ်းအင်များကို ထုတ်လွှတ်ကာ နတ်တောင်ထိပ်ဖျားသို့ ညွှန်ပြနေခဲ့သည်။

ဖေမင်သည် ဒုတိယအောင်မြင်သူ ဖြစ်၏။

မကြာခင်တွင် ကြီးမားသည့် ပုဆိန်သည် တောက်ပလာပြီး အသံထွက်ပေါ်လာသည်။

ထိုတန်ခိုးရှင်များ အားလုံးက နတ်ဘုရားသိုင်းပညာ လျှောက်လမ်းသို့ ဦးတည်နေကြောင်း လူတိုင်း သိရှိကြသည်။ ပြောင်းလဲမှုတိုင်းက သူတို့ ရှေ့တစ်လှမ်း ရောက်ရှိခဲ့ပြီဟူသော အဓိပ္ပာယ် ဖြစ်ပေသည်။

စာစဉ်(၈၉) ပြီး၏။

All Chapters