← Chapters

ကမ္ဘာထိပ်တန်းဆယ်ယောက်၏ ခန့်မှန်းအဆင့်များ

Vol. 6 Ch. 93

ကမ္ဘာထိပ်တန်းဆယ်ယောက်၏ ခန့်မှန်းအဆင့်များ

Vol. 6 Ch. 93

အပြင်ဘက်ကမ္ဘာတွင် လင်းယွမ်က သူဝယ်ထားသော ပစ္စည်းနှစ်မျိုးကို လက်ခံခဲ့သည်။ ယင်စွမ်းရည်နှင့် ယန်စွမ်းရည်ပါဝင်သော ပစ္စည်းနှစ်မျိုးကို ဆယ့်နှစ်ဘီလီယံကျသင့်လေသည်။

" ဒါတွေက ဟင်္သါပဒါးသစ်သီးနဲ့ ရေခဲကျောက်စိမ်းလား။ " လင်းယွမ်က သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး အနည်းငယ် တုန်လှုပ်သွား၏။

သေတ္တာက ကြီးမားပြီး အလွှာနှစ်ခု ခွဲခြားထားသည်။ ပထမအလွှာတွင် ကြက်သွေးရောင်သစ်သီးတစ်လုံး ရှိ၏။ သစ်သီးက ကလေးလက်သီးအရွယ်သာ ရှိသော်လည်း အံ့ဩစရာကောင်းသော အပူလှိုင်းများကို ထုတ်လွှတ်နေသည်။

ထိုဟင်္သါပဒါးသစ်သီးက စကြာဝဠာ၏ အဆင့်မြင့် အထူးဂြိုလ်များမှ ရရှိသည်ကို လင်းယွမ်က သိလေသည်။ ၎င်းတို့က သက်တမ်းအလိုက် ခွဲခြားထားသည်။ နှစ်တစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း၊ နှစ်တစ်သိန်း ဟင်္သါပဒါးသစ်သီး စသည်ဖြင့် ခွဲခြားထားသည်။

လင်းယွမ်က ဟင်္သါပဒါးသစ်သီးကို ဂရုတစိုက်ဖြင့် ဘေးဖယ်ထားလိုက်ပြီး ဒုတိယပစ္စည်းကို ကြည့်လိုက်သည်။

ရေခဲကျောက်စိမ်း။ ဟင်္သါပဒါးသစ်သီးလောက် တန်ဖိုးမကြီးသော်လည်း ငါးဘီလီယံပေးရလေသည်။

ဝိညာဉ်ပစ္စည်းနှစ်ခုကို စစ်ဆေးပြီးနောက် လင်းယွမ်က စတင်သန့်စင်လိုက်သည်။ သူက ဟင်္သါပဒါးသစ်သီးနှင့် စတင်ခဲ့သည်။

လင်းယွမ်က ၎င်းကို အလွန်သတိထားပြီး ကိုင်တွယ်ရသည်။ အလင်းရောင်အောက်တွင် ဟင်္သါပဒါးသစ်သီးက ၎င်းအတွင်း ကျောက်ရည်ပူများ စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။

" ဒီလိုသစ်သီးမျိုးကို ဘယ်လိုဂြိုလ်က ရလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။ ထို့နောက် သူက ထိုင်လိုက်ပြီး ဟင်္သါပဒါးသစ်သီးထဲမှ စွမ်းအားများကို စတင်စုပ်ယူလိုက်သည်။

ဟင်္သါပဒါးသစ်သီးကို အသုံးပြုရန် နည်းလမ်းနှစ်ခု ရှိ၏။ တစ်ခုက တိုက်ရိုက်စားသုံးခြင်းဖြစ်ပြီး အသုံးပြုသူက အနည်းဆုံး စတုတ္ထအလွှာ ရှိရမည်ဖြစ်သည်။ ထိုမှသာ ကြောက်သရာကောင်းသော စွမ်းအားများ ပေါက်ကွဲလာလျှင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမည်ဖြစ်သည်။

စတုတ္ထအလွှာ အောက်ကတော့ လင်းယွမ်လုပ်သကဲ့သို့ ဖြည်းညင်းစွာ စုပ်ယူရန် ဖြစ်သည်။ လင်းယွမ်က အမှန်တကယ် စတုတ္ထအလွှာ အဆင့်ကိုးတွင် ရှိသော်လည်း ၎င်းကို တိုက်ရိုက်မျိုချလိုက်ပါက သန့်စင်ရန် ခက်ခဲပြီး ထိုကဲ့သို့ အလျင်လိုရန် မလိုအပ်ပေ။

တစ်ရက်ကြာပြီးသောအခါ လင်းယွမ်၏ ရှေ့တွင် အခွံပါးလေးတစ်ခုသာ ကျန်တော့လေသည်။ အတွင်းမှ အဆီအနှစ်များကို လင်းယွမ်က စုပ်ယူပြီးသွားပြီဖြစ်သည်။

ထို့နောက် နောက်ထပ် ဝိညာဉ်ပစ္စည် ရေခဲကျောက်စိမ်းဖြစ်၏။ ရေခဲကျောက်စိမ်းကို သန့်စင်ခြင်းက ဟင်္သါပဒါးသစ်သီးထက် ပိုလွယ်ကူ၏။ အထူးသဖြင့် သူက ဟင်္သါပဒါးသစ်သီးကို သန့်စင်ပြီးသောအခါ သူ၏ ခွန်အားက ပိုမိုသန်မာလာပြီဖြစ်သည်။

နေ့တစ်ဝက်ကြာပြီးသောအခါ ရေခဲကျောက်စိမ်းက ပျောက်ကွယ်သွားသည်။ လင်းယွမ်က ထိုင်နေပြီး သူ၏ အော်ရာက ထိုက်ယင်နှင့် ထိုက်ယန် အဖြူအနက်သို့ ပြောင်းလဲပြီး စကြာဝဠာနှင့် ချိတ်ဆက်နေသည်။

" ငါ နောက်ဆုံးတော့ စတုတ္ထအလွှာ အဆင့်ကိုးကိုတရားဝင်ရောက်သွားပြီပဲ။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်ပြီး ဖြည်းညင်းစွာ အသက်ရှုလိုက်သည်။

သူ၏ ဒန်တန် ချီပင်လယ်ထဲတွင် ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများက ထိုက်ကျိသဏ္ဍန်ဖြစ်ပေါ်နေပြီး အဆင်မပြတ် လှည့်ပတ်နေသည်။

" အခု ငါ့ရဲ့ ထိုက်ကျိနယ်ပယ်ကို တကယ် နယ်ပယ်အဖြစ် သတ်မှတ်လို့ရပြီ။ " အတွေးတစ်ချက်ဖြင့် လင်းယွမ်၏ ထိုက်ကျိနယ်ပယ်က တုန်နင်မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့အပြင် သူသာ ဆန္ဒရှိလျှင် ဆက်လက်ဖြန့်ကားနိုင်လေသည်။

နယ်ပယ်တစ်ခု၏ စွမ်းအားက စတုထအလွှာနှင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများသာ ဖမ်းဆုပ်နိုင်သော အရာဖြစ်သည်။ သို့သော် ၎င်းက ခက်ခဲလှသည်။ အမှန်တော့ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာအများစုက နယ်ပယ်ကို မကျွမ်းကျင်ကြပေ။

၎င်းက လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအား အဆင့်နှင့်မဆိုင်ဘဲ ကျင့်ကြံခြင်း၊ ပါရမီတို့နှင့် သက်ဆိုင်လေသည်။

လင်းယွမ်က ထိုက်ယင်နှင့် ထ်ုက်ယန်ကို ပေါင်းစပ်ပြီး ထိုက်ကျိတာအိုကို အောင်မြင်ခဲ့သောကြောင့် ထိုက်ကျိနယ်ပယ်ကို ဒုတိယအလွှာဖြင့် ကျွမ်းကျင်ခဲ့ခြင်း ဖြစ်သည်။

သိုင်းတာအိုကို လေ့ကျင့်သော အခြားဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း မရှိပေ။

သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်ပြီး ထိုက်ယင်နှင့်ထိုက်ယန်တို့၏ ထိုက်ကျိတာအိုကို ကျွမ်းကျင်လျှင်တောင် ထိုက်ကျိနယ်ပယ်ကို စတုတ္ထအလွှာနှင့် ပဉ္စမအလွှာရောက်မှ ကျွမ်းကျင်ပေလိမ့်မည်။ ၎င်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ အားသာချက်ဖြစ်သည်။

" ဆက်လက်ကျင့်ကြံရမယ်။ " လင်းယွမ်က ကျင့်ကြံခြင်းနှင့် ဉာဏ်အလင်းတွင် တဖန်နစ်မြှုပ်သွားသည်။

ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သော လင်းယွမ်က ကမ္ဘာများကို ဖြတ်ပြီး ကျင့်ကြံနိုင်ရုံသာမက မူလကမ္ဘာတွင်လည်း ဉာဏ်အလင်းများ ရှာဖွေနိုင်လေသည်။

အခြားကမ္ဘာများတွင် နှစ်တစ်ရာ၊ နှစ်တစ်ထောင်က မူလကမ္ဘာတွင် ခနသာဖြစ်သောကြောင့် သူ၏ စွမ်းအားများက ကမ္ဘာများကိုဖြတ်ပြီး ရရှိခဲ့သည်ဟု ပြောနိုင်လေသည်။ ထို့အတူ လင်းယွမ်က မူလကမ္ဘာတွင် ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များကြာခဲ့လျှင် သူက ကြောက်စရာကောင်းအောင် သန်မာလာပေလိမ့်မည်။

အချိန်နီးကပ်လာသည်နှင့်အမျှ ပြိုင်ပွဲ၏ ကျော်ကြားမှုက ပို၍ မြင့်တက်လာသည်။ အထူးသဖြင့် ကမ္ဘာထိပ်တန်းဆယ်ယောက်၏ ပြိုင်ပွဲက ကန်လန်ကြယ်၏ နိုင်ငံသားအများစု အာရံစိုက်စရာ ဖြစ်လာခဲ့သည်။ သူတို့က ဆင့်ကဲပြောင်းလဲသူဖြစ်စေ သာမန်နိုင်ငံသားများဖြစ်စေ နောက်ဆုံးပြိုင်ပွဲတွင် အနိုင်ရရှိသူကို သိချင်ကြလေသည်။

" ငါ့အမြင်တော့ မိုးကြိုးနတ်ဘုရားက ပထမရနိုင်ချေ တော်တော်များတယ်။ သူက လေ့ကျင့်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ကန်လန်ကြယ်မှာ အဆင့်တစ် အယ် အဆင့်နှစ်ဆိုတော့..."

" ဘာပဲဖြစ်ဖြစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ထားဦး သူ့ရဲ့ မိုးကြိုးစွမ်းရည်နဲ့တင် လုံလောက်နေပြီ။ "

" မိုးကြိုးနတ်ဘုရားက သန်မာပေမယ့် သူက တတိယအလွှာပဲ ရှိာတာလေ။ "

" ဆဋ္ဌမအလွှာ သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့တဲ့ အဲ့ဒီယန်ဝေက ပထမရဖို့ အခွင့်အရေးအများဆုံးပဲ။ "

" ဆဋ္ဌမအလွှာ သွေးမျိုးဆက်။ အဲ့ဒါဘာကိုဆိုလိုလဲ မင်းသိလား။ သူက ဆဋ္ဌမအလွှာကို ရောက်နိုင်တဲ့အပြင် အောက်အဆင့်တွေမှာလည်း သွေးမျိုးဆက်ရဲ့ မွေးရာပါစွမ်းရည်တွေကို နိုးထနိုင်သေးတယ်။ "

" ဟမ် မိုးကြိုးနတ်ဘုရားက ဖန်ချင်းရဲ့ ရှေ့မှာ ဘာလုပ်နိုင်မှာလဲ။ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မင်းနားလည်လား။ "

" အဲ့ဒါက ချီခွန်ကြယ်နယ်မြေမှာတောင် နာမည်ကြီးတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုပဲ။ ကျင့်ကြံခြင်းမှာ ကန်သတ်ချက်တွေများနေတာကြောင့်သာ မဟုတ်ရင် ခရမ်းရောင်မိုးကြိုး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘာမှမဟုတ်ဘူး။ "

" ယန်ဝေက ဆဋ္ဌမအလွှာ သွေးမျိုးဆက်ကို နိုးထလာနိုင်တော့ရော အခုချိန်မှ သူက ဘာမှမဟုတ်သေးဘူး။ "

အင်တာနက်ပေါ်တွင် မရေတွက်နိုင်သော လူများက သူတို့ နှစ်သက်သော ပြိုင်ပွဲဝင်များကို ထောက်ခံနေကြသည်။

နောက်ဆုံးတွင် ထောက်ခံသူအရေအတွက်ကို ကြည့်ပြီး ဆင့်ကဲပြောင်းလဲသူဆယ်ယောက်၏ ခန့်မှန်းအဆင့်များ ထွက်ပေါ်လာသည်။

ပထမ မိုးကြိုးနတ်ဘုရား။

ဒုတိယ ဖန်ချင်း။

တတိယ ယန်ဝေ။

.....

နဝမ လင်းယွမ်။

ဒသမ ရွမ်တု။

မိုးကြိုးနတ်ဘုရားက သူ၏ စွမ်းအားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအားကြောင့် ပထမရနေသည်။ မိုးကြိုးဆင့်ခေါ်ခြင်း၊ မိုးကြိုးထိန်းချုပ်ခြင်း၊ မိုးကြိုးအသွင်ပြောင်းလဲခြင်း။ အထူးသဖြင့် မိုးကြိုးအသွင်ပြောင်းလဲခြင်းကြောင့် သူ့ကို မရေတွက်နိုင်သော ပရိတ်သတ်များက ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် သူက ဖန်ချင်းကို ဖိနှိပ်ပြီး ထိပ်ဆုံးသို့ ရောက်သွားခြင်း ဖြစ်သည်။

ထိုအဆင့်များက ဆင့်ကဲပြောင်းလဲသူများ၏ အောင်မြင်မှုများနှင့် ကျော်ကြားမှုများကို အခြေခံထားခြင်း ဖြစ်သည်။ သို့သော် ဆင့်ကဲပြောင်းလဲသူဆယ်ယောက်၏ အဆင့်များက နောက်ဆုံးပြိုင်ပွဲ၏ ရလဒ်ကို အတိုင်းအတာတစ်ခုအထိ မှန်ကန်စေနိုင်လေသည်။

ဥပမာ မိုးကြိုးနတ်ဘုရား၊ ဖန်ချင်းနှင့် ယန်ဝေတို့က ထိပ်ဆုံးသုံးနေရာကို ရယူနိုင်ကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့သုံးယောက်က ကျန်သည့် ဆင့်ကဲပြောင်းလဲသူခုနှစ်ယောက်ထက် ပို၍ သန်မာသည်မှာ ထင်ရှားနေသည်။

ပြိုင်ပွဲတွင် တရားမျှတမှုရှိစေရန်အတွက် တာဝန်ရှိသူများက ထိုသုံးယောက်ကို တွေ့ဆုံရန် ခွင့်မပြုသေးပေ။ ယန်ဝေက ခြွင်းချက်ဖြစ်၏။ သူက ဆဋ္ဌမ သွေးမျိုးဆက် မနိုးထမီ မိုးကြိုးနတ်ဘုရား၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ သို့သော် ဆဋ္ဌမအလွှာ သွေးမျိုးဆက် နိုးထလာသောအခါ မည်သူနိုင်မည်ကို ပြောရန် ခက်ခဲလေသည်။

သူတို့၏ သွေးမျိုးဆက်ဖြင့် ကန့်သတ်ထားသော ဆင့်ကဲ့ပြောင်းလဲသူများက သွေးမျိုးဆက်နိုးထလာသောအခါ သူတို့၏ အဆင့်အပေါ် လွှမ်းမိုးနိုင်လေသည်။

ပြိုင်ပွဲမစမီတစ်ရက်အလိုတွင် ပြိုင်ပွဲတာဝန်ရှိသူများက လင်းယွမ်နှင့် တွေ့ဆုံခဲ့သည်။

" ဟယ်လို မစ္စတာလင်းယွမ် ကျွန်မတို့က ဒီပြိုင်ပွဲရဲ့ တရားဝင် လက်ထောက်တွေပါ။ " ခရမ်းရောင်မျက်လုံးများနှင့် နူးညံ့သော အမျိုးသမီးတစ်ယောက်က ပြုံးပြီး နှုတ်ဆက်လိုက်သည်။

" ဟယ်လို " လင်းယွမ်က ခေါင်းငြိမ့်ပြန်ဖြေလိုက်သည်။

" ကျွန်မတို့က လာမယ့် ထိပ်တန်းဆယ်ယောက်ပြိုင်ပွဲအတွက် မစ္စတာလင်းရဲ့ အတွေးအမြင်တွေကို ဗီဒီယိုတစ်ခု ရိုက်ကူးထားဖို့ လိုအပ်ပါတယ်။ " အမျိုးသမီးက ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " မစ္စတာလင်းက ဘာပြောရမှန်းမသိရင် ကျွန်မတို့က အညွှန်းတစ်ခု ပေးနိုင်ပါတယ်။ " စကားပြောပြီးနောက် သူမက စာရွက်များကို ထုတ်ပေးလိုက်သည်။

လင်းယွမ်က ၎င်းတို့ကို ယူကြည့်လိုက်ပြီး အညွှန်းများမှာ အခြားဆင့်ကဲပြောင်းလဲသူကိုးယောက်ကို စစ်ကြေညာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ထိပ်ဆုံးသုံးနေရာအတွက် မိုးကြိုးနတ်ဘုရား၊ ဖန်ချင်းနှင့် ယန်ဝေတို့ကို ဆုံးဖြတ်ထားလျှင်တောင် လူတစ်ယောက်က သူတို့၏ အရှိန်အဟုန်ကို မဆုံးရှုံးသင့်ပေ။

ထိပ်ဆုံးသုံးနေရာမရလျှင်တောင် အခြားအဆင့်များ ကျန်နေသေးသည်။ ဤပြိုင်ပွဲ၏ အကြိုအင်တာဗျူးများက အခြားပြိုင်ပွဲဝင်များနှင့် ပရိတ်သတ်ကို နှိုးဆော်ရန် ဖြစ်သည်။

" ငါကိုယ်တိုင်ပဲ ပြောမယ်။ " အညွှန်းများကို ဖတ်ပြီးနောက် လင်းယွမ်က သူနှင့် မသင့်တော်သည်ကို တွေ့လိုက်ရသည်။

" မစ္စတာလင်းက ကိုယ်ပိုင်အတွေးရှိရင် အညွှန်းတွေမလိုပါဘူး။ " အမျိုးသမီးက ညင်သာစွာ ပြောလိုက်သည်။ ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ ပြိုင်ပွဲဝင်များက စိတ်လှုပ်ရှားကြသောကြောင့် သူမက အညွှန်းများ ပြင်ဆင်ထားခြင်း ဖြစ်သည်။

" ဒါဆိုလည်း စတာပေါ့။ " လင်းယွမ်က ပြုံးလိုက်သည်။ " အားလုံးအတွက် ပျော်စရာပြိုင်ပွဲတစ်ခု ဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ "

" အဲ့ဒါပဲလား " အမျိုးသမီးက လင်းယွမ်၏ စကားကို ဆက်နားထောင်နေသော်လည်း လင်းယွမ်က သူမအား ကြည့်နေသည်ကို မြင်သောအခါမှ စကားဆုံးသွားပြီမှန်း သိလိုက်သည်။

" အဲ့ဒါ မလုံလောက်ဘူးလား။ ဒါမှမဟုတ် ဗီဒီယိုအတွက် အချိန်သတ်မှတ်ချက် ရှိတာလား။ " လင်းယွမ်က မေးလိုက်သည်။

" အချိန်သတ်မှတ်ချက်တော့ မရှိပါဘူး။ " အမျိုးသမီးက လျင်မြန်စွာ ပြောလိုက်သည်။ " ဒါက နည်းနည်းတိုနေသလိုပဲ။ " အမျိုးသမီးလက်ထောက်က လင်းယွမ်၏ စကားအဓိပ္ပါယ်ကို မခန့်မှန်းနိုင်ပေ။

" ဒါဆို ကျွန်မသွားပါတော့မယ်။ မစ္စတာလင်းက အဆင့်ကောင်းတစ်ခုရဖို့ မျှော်လင့်ပါတယ်။ " အမျိုးသမီးက ပြုံးပြီး ထွက်ခွာသွားသည်။

All Chapters