← Chapters

ပြိုင်ပွဲစတင်ခြင်း

Vol. 6 Ch. 94

ပြိုင်ပွဲစတင်ခြင်း

Vol. 6 Ch. 94

ညနေပိုင်းတွင် လင်းယွမ်က ဆက်လက်လေ့ကျင့်နေသည်။ ထိုအချိန်တွင် သူ၏ AI လက်ထောက်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဝင်ငွေများကို တွက်ချက်ပြီးကြောင်း သတိပေးခဲ့သည်။

" ပိုက်ဆံဘယ်လောက်ရပြီလဲကြည့်ရအောင်။ " လင်းယွမ်က စိတ်ဝင်စားသွား၏။ ဝင်ငွေဝေစုကို တစ်နှစ်လျှင် တစ်ကြိမ် ခွဲပေးခြင်းဖြစ်သည်။

လင်းယွမ်က ယနေ့အထိ တစ်ကြိမ်သာ ထုတ်ခဲ့ဖူးလေသည်။ သို့သော် ထိုအချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ကိုးဆယ်ကျော်သာ ရှိသေးသောကြောင့် ဝင်ငွေမှာ ဆယ်သန်းပင် မကျော်ခဲ့ပေ။

ယနေ့အချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိပ်ဆုံးဆယ်နေရာကို တစ်နှစ်ပြည့်ခါနီးတွင် ရောက်ရှိသွားသောကြောင့် လေ့ကျင့်သူ အများအပြားထွက်ပေါ်လာမည်ဖြစ်သည်။

" ၁.၅ ဘီလီယံ။ " လင်းယွမ်က နောက်ဆုံး ဝင်ငွေဝေစုကို ကြည့်ပြီး အနည်းငယ် အံ့ဩသွား၏။

ထိုဝင်ငွေမှာ အခွန်ခနှင့် အခြားဝန်ဆောင်ခများအတွက် ခုနှစ်ဆယ်ရာခိုင်နှုန်း နှုတ်ထားသောကြောင့် စုစုပေါင်းဝင်ငွေမှာ ဆယ်ဘီလီယံနီးပါး ရှိပေလိမ့်မည်။

ဆင့်ကဲပြောင်လဲခြင်းလမ်းစဉ် - သိုင်းတာအို

ရှန်ထျန်အဆင့် လေ့ကျင့်သူအရေအတွက် - ၇၈၉၃

ဆရာသခင်အဆင့် လေ့ကျင့်သူအရေအတွက် - ၂

မဟာဆရာသခင်အဆင့် လေ့ကျင့်သူအရေအတွက် - ၀။

" တစ်ယောက်ယောက်က ဆရာသခင်အဆင့်ကို ရောက်သွားတာလား။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ကြည့်လိုက်သည်။

ထိုအချက်အလက်များက စကြာဝဠာလူသားမဟာမိတ်၏ တရားဝင်မှတ်တမ်းများဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူများအဖွဲ့က မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ စာရင်းသွင်းခြင်းမရှိဘဲ ဆရာသခင်အဆင့်သို့ ရောက်ရှိသူများလည်း ရှိနိုင်လေသည်။ သို့သော် ရှစ်လကြာပြီးတိုင်း ခွန်အားများ သိသိသာသာ တိုးလာသော လင်းယွမ်ကဲ့သို့ လူများကတော့ ရှားပါးလေသည်။

" ဒီနံပါတ်တွေက ထပ်မထည့်ရသေးဘူး။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်၏ အဆင့်အသီးသီးအတွက် အရောင်းစာရင်းကို ကြည့်လိုက်သည်။

" တတိယအလွှာကဏ္ဍကို နှစ်ရာကျော် ရောင်းလိုက်ရတာလား။ " လင်းယွမ်က အံ့အားသင့်သွား၏။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပထမအလွှာကဏ္ဍ၊ ဒုတိယအလွှာကဏ္ဍနှင့် တတိယအလွှာကဏ္ဍဟူ၍ သုံးမျိုးခွဲခြားထားသည်။ လင်းယွမ်တင်ပြထားသော စျေးနှုန်းများကလည်း အသီးသီးရှိသည်။

ပထမအလွှာကဏ္ဍ - ၁၀၀၀၀

ဒုတိယအလွှာကဏ္ဍ - ၅၀၀၀၀၀

တတိယအလွှာကဏ္ဍ - ၅၀၀၀၀၀၀

ထို့အပြင် တတိယအလွှာကဏ္ဍတင်ပြသည်မှာ သိပ်မကြာသေးဘဲ နှစ်ရာကျော် ရောင်းလိုက်နိုင်လေသည်။

တစ်ခုလျှင် ငါးသန်းနှင့်တွက်လျှင် နှစ်ရာကျော်က ဆယ်ဘီလီယံကျော် ရှိလေသည်။ ၎င်းထဲမှ ခုနှစ်ဆယ်ရာခိုင်နှုန်း နှုတ်လျှင်တောင် သုံးဘီလီယံကျော် ကျန်ပေလိမ့်မည်။ ၎င်းက နည်းနည်းမဟုတ်ပေ။

" ဒါက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အထွတ်အထိပ်ရောက်သွားလို့ထင်တယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ခန့်မှန်းလိုက်သည်။

တတိယအလွှာကဏ္ဍကို တင်ပြပြီးနောက် ဉာဏ်ပညာနတ်ဘုရားက အကဲဖြတ်ပြီးသောအခါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် ထိပ်ဆုံးရောက်သွားခဲ့သည်။

ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် ၎င်းက အထူးအဆန်းမဟုတ်သော်လည်း ကန်လန်ကြယ်မှ ဆင့်ကဲပြောင်းလဲသူများကြားတွင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်လေသည်။

ထိပ်သီးဆင့်ကဲပြောင်းလဲသူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ငါးသန်းနှင့်ဝယ်ယူပြီး လေ့လာခြင်းက သာမန်သာ ဖြစ်သည်။ သာမန်လူများအတွက် ငါးသန်းက တစ်ဘဝလုံးစာရှာရမည်ဖြစ်သော်လည်း တတိယအလွှာနှင့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် ကြီးမားသောပမာဏမဟုတ်ပေ။

" ငါက ဒီလိုလုပ်ရုံနဲ့ ရင်းနှီးမြှုပ်နှံထားတာပေါ့။ " လင်းယွမ်က ဟင်္သါပဒါးသစ်သီးနှင့် ရေခဲကျောက်စိမ်းတို့ကို ဝယ်ယူခြင်းမှ နှမြောနေသော စိတ်များက ချက်ခြင်း ပျောက်ကွယ်သွားသည်။

" နောက်တစ်ကြိမ်ဆို ငါပိုပြီးများများ ရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်၏။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လွှမ်းမိုးမှုက အထွတ်အထိပ်ရောက်သွားသည့်တိုင် မရပ်တန့်သေးပေ။ အချိန်ကြာလာသည်နှင့်အမျှ အနာဂတ်တွင် ဆင့်ကဲပြောင်းလဲသူများ ထွက်ပေါ်လာသောအခါ သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ရန် ထည့်သွင်းစဉ်းစားပေလိမ့်မည်။

အဆုံးတွင် တူညီသော စျေးနှုန်းများကြားတွင် အခြားဒုတိယ၊ တတိယများထက် ပထမနေရာတွင် ရှိနေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုသာ အဓိကရွေးချယ်ကြပေလိမ့်မည်။

နောက်တစ်ရက်တွင် ကမ္ဘာထိပ်တန်းဆယ်ယောက်ပြိုင်ပွဲက တရားဝင်စတင်ခဲ့သည်။ အလွန်ကြီးမားသော စင်မြင့်ထက်တွင် အစီအစဉ်မှူး အမျိုးသားနှင့် အမျိုးသမီးတို့ ပေါ်လာကြသည်။ သူတို့က ထိပ်တန်းဆယ်ယောက်ပြိုင်ပွဲအတွက် တာဝန်ယူထားသော ကန်လန်ကြယ်ပေါ်မှ အလွန်ကျော်ကြားသော အစီအစဉ်မှူးများ ဖြစ်ကြသည်။

ပြိုင်ပွဲကွင်းပြင်မှ များပြားလှသော ထိုင်ခုံများက လူများ လျင်မြန်စွာ ပြည့်သွားခဲ့သည်။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော နိုင်ငံသားအရေအတွက်ကလည်း အလွန်များပြားလှသည်။

" လေးစားရပါသော နိုင်ငံသားအပေါင်းတို့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ဆုံးပြိုင်ပွဲကတော့ ရောက်ရှိလို့လာပါပြီ။ ပြိုင်ပွဲမှာ ဘယ်သူပထမရမလဲဆိုတာ အားလုံးက ရင်ခုန်စွာနဲ့ ကြည့်ရှုနေကြမယ်လို့ ထင်ပါတယ်။ " အမျိုးသား အစီအစဉ်မှူးက ကျယ်လောင်စွာ ပြောလိုက်သည်။

" အချိန်မဖြုန်းတော့ဘဲ ပြိုင်ပွဲဝင်ဆယ်ယောက်ကို စင်မြင့်ပေါ်သို့ ဖတ်ခေါ်လိုက်ကြအောင်ဗျာ။ "

ဖန်ချင်း၊ မိုးကြိုးနတ်ဘုရား၊ ယန်ဝေ၊ လင်းယွမ်နှင့် အခြားခြောက်ယောက်တို့က စင်မြင့်ပေါ်သို့ တက်လာကြသည်။ အားပေးသံများက ဒီရေလှိုင်းသဖွယ် မြင့်တက်လာပြီး အထူးသဖြင့် ဖန်ချင်း၊ မိုးကြိုးနတ်ဘုရားနှင့် ယန်ဝေတို့ကို ဖြစ်၏။

အားလုံးက ပထမနေရာကို စိတ်ဝင်စားကြသောကြောင့် ဖန်ချင်း၊ မိုးကြိုးနတ်ဘုရားနှင့် ယန်ဝေတို့က အနိုင်ရရှိရန် အခွင့်အရေးအများဆုံး ဖြစ်နေသည်။

" လင်းယွမ် ငါနင့်ကို ချစ်တယ်။ " လင်းယွမ်အလှည့်သို့ ရောက်သောအခါ ပရိတ်သတ်များက ရင်ခုန်စွာဖြင့် အားပေးလိုက်ကြသည်။

လင်းယွမ်၏ ပြိုင်ဘက်ကို နောက်ဆုံးအချိန်ထိ ညှင်းပန်းနှိပ်စက်ပြီး တိုက်ခိုက်သောပုံစံက ပရိတ်သတ်အများပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

" ကောင်းပြီ။ " အစီအစဉ်မှူးက စတင်ကြေညာလိုက်သည်။ " ပြောစရာမလိုဘဲ ဒီဆယ်ယောက်က ကျုပ်တို့ ကန်လန်ကြယ်ရဲ့ လူငယ်ဆင့်ကဲပြောင်းလဲသူတွေပဲ။ သူတို့က ကန်လန်ကြယ်ရဲ့ အနာဂတ်တွေ ဖြစ်တယ်။ ဒါပေမယ့် ပြိုင်ပွဲမှာတော့ အနိုင်ရရှိသူကို ဆုံးဖြတ်ပေးရမှာပဲ။ "

" ပြိုင်ပွဲစတင်ပါပြီ။ " အစီအစဉ်မှူး၏ အသံက ပဲ့တင်ထပ်သွားသည်။

" ပထမပြိုင်ပွဲကတော့ အမှတ်ပေးပြိုင်ပွဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဆယ်ယောက်လုံးက မိုင်တစ်ရာပတ်လည်ကျယ်ဝန်းတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဒီအပြာရောင်သလင်းကျောက်တွေကို ရှာဖွေရမှာဖြစ်ပါတယ်။ " အစီအစဉ်မှူးက သူ၏ လက်ထဲမှ လက်တစ်ဝါးအရွယ် အပြာရောင်သလင်းကျောက်တစ်ခုကို အားလုံးမြင်အောင် ပြသလိုက်သည်။

" ဒီသလင်းကျောက်တွေက စုစုပေါင်းတစ်ရာရှိပြီး ကျွန်းရဲ့ နေရာအမျိုးမျိုးမှာ ရှိနေပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအမှတ်က ဒီသလင်းကျောက်တွေအပေါ် မူတည်ပါတယ်။ " သူက ခနရပ်ပြီး ဆက်ပြောလိုက်သည်။

" ပြီးတော့ ပြိုင်ပွဲဝင်တွေကို သတိပေးထားပါရစေ။ ဒီအမှတ်ပေးပြိုင်ပွဲမှာ အချင်းချင်း တိုက်ခိုက်တာကို တားမြစ်မထားပါဘူး။ "

တိုက်ခိုက်ခြင်းကို မတားမြစ်ထားသောကြောင့် သလင်းကျောက်များကို ရှာဖွေရုံသာမက ၎င်းတို့ကို ထိန်းသိမ်းနိုင်ရန်လည်း လိုအပ်လေသည်။ မဟုတ်လျှင် သလင်းကျောက်တစ်ရာရလျှင်တောင် အခြားသူများ၏ သတ်ဖြတ်လုယူခြင်းကို ခံရပေလိမ့်မည်။

" အခု ပြိုင်ပွဲ စတင်ပါပြီ။ "

ဖန်ချင်း၊ မိုးကြိုးနတ်ဘုရားနှင့် အခြားသူများက ကျွန်းတစ်ကျွန်း၏ နေရာအသီးသီးတွင် ပေါ်လာကြသည်။

ပြိုင်ပွဲကွင်းပြင်တွင် အလင်းမျက်နှာပြင်ဆယ်ခုကို လေထဲတွင် ပြသထားသည်။ အလင်းမျက်နှာပြင်ဆယ်ခုက ဆင့်ကဲပြောင်းလဲသူဆယ်ယောက်ကို ကိုယ်စားပြုလေသည်။

" အခု အားလုံး ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို ကြည့်ရှုနိုင်ပါပြီ။ " အစီအစဉ်မှူးက ကြေညာလိုက်သည်နှင့် ကြည့်ရှုသူများ၏ နေရာများက လျင်မြန်စွာ ပြောင်းလဲသွားသည်။

ခနကြာသောအခါ အလင်းမျက်နှာပြင်ဆယ်ခု၏ ကြည့်ရှုသူအရေအတွက်က အနည်းငယ် တည်ငြိမ်သွားသည်။

မိုးကြိုးနတ်ဘုရား၏ ကြည့်ရှုသူအရေအတွက်က အများဆုံးဖြစ်ပြီး ၁၁၀ ဘီလီယံ ရှိလေသည်။ သူ၏ နောက်တွင် ဖန်ချင်း၏ ကြည့်ရှုသူအရေအတွက်က ၁၀၀ ဘီလီယံ ရှိ၏။ ထို့နောက် ယန်ဝေက ၉၀ ဘီလီယံကျော်ရှိသည်။ မျက်နှာပြင်ပေါ်ရှိ ကြည့်ရှုသူအရေအတွက်က အချိန်နှင့်အလိုက် ပြောင်းလဲမှုများ ရှိနေသည်။

" ကောင်းပြီ ပြိုင်ပွဲစကြစို့။ " အစီအစဉ်မှူးက မတူညီသော ရှုထောင့်အမျိုးမျိုးမှ ပြိုင်ပွဲကို မကြာခန မှတ်ချက်ပေးလေသည်။ သို့သော် အများစုကတော့ မိုးကြိုးနတ်ဘုရား၊ ဖန်ချင်းနှင့် ယန်ဝေတို့ကို အာရုံစိုက်ထားကြသည်။

" ပစ္စည်းရှာတာက... ငါ့ရဲ့ အားသာချက်မဟုတ်ဘူး။ " ဖန်ချင်းက တောအုပ်တစ်ခုထဲတွင် ပေါ်လာပြီး အတွေးနက်နေသည်။ " ဒါပေမယ့် ငါအဲ့ဒါကို တစ်ကြိမ်လောက် စမ်းကြည့်လို့ရတယ်။ "

ဖန်ချင်းက မျက်လုံးများ မှိတ်လိုက်ပြီး သူ၏ နောက်တွင် ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားပုံရိပ်၏ အကူအညီနှင့် ဖန်ချင်း၏ အာရုံက လျင်မြန်စွာ ပျံ့နှံ့သွားသည်။

" အပြာရောင်သလင်းကျောက်လား။ " မိုးကြိုးနတ်ဘုရားက ကျွန်း၏ အစွန်တစ်ခုတွင် ပေါ်လာပြီး သူ၏ မျက်လုံးများက အပြာရောင်လျှပ်စီးများ လင်းလက်နေသကဲ့သို့ သူ၏ မီတာတစ်ရာကျော်ပတ်လည်တွင်လည်း ခရမ်းရောင်မိုးကြိုးလျှပ်စီးများ ဝန်းရံထားသည်။

ဝုန်း ဝုန်း ဝုန်း....

ခရမ်းရောင်မိုးကြိုး၏ အောက်တွင် အပြာရောင်သလင်းကျောက်တစ်ခုက ထွက်ပေါ်လာပြီး မိုးကြိုးနတ်ဘုရား၏ လက်ထဲသို့ ကျရောက်သွားသည်။

" သလင်းကျောက်တွေ ဘယ်မှာလဲ ကြည့်ရအောင်။ "

All Chapters