ကမ္ဘာထိပ်တန်းများကို နင်းချေခြင်း
Vol. 6 Ch. 95
ယန်ဝေက တင်းမာသော အမူအရာနှင့် ရှိပြီး သူ၏ မျက်လုံးများက သိမ်မွေ့နက်နဲလှသည်။
သွေးမျိုးဆက်စွမ်းရည် အသိအမြင်မျက်လုံး။
ယန်ဝေ၏ အမြင်တွင် သစ်ပင်များ ကျောက်တုံးများနှင့် အခြားအရာများက မှေးမှိန်သွားပြီး အပြာရောင်သလင်းကျောက်များသာ ထူးထူးခြားခြား အရောင်ထွက်နေသည်။
" သလင်းကျောက်တစ်တုံးရှိတယ်။ " ယန်ဝေက အပြာရောင်သလင်းကျောက်ရှိရာသို့ ပြေးထွက်သွားသည်။
ပြိုင်ပွဲကွင်းပြင်တွင် အစီအစဉ်မှူးက လျင်မြန်စွာ မှတ်ချက်ပေးလိုက်သည်။
" ကျုပ်တို့ရဲ့ ပြိုင်ပွဲဝင် ဖန်ချင်းကတော့ အာရုံခံအားကောင်းစေဖို့ ရှေးဟောင်းနတ်ဘုရားပုံရိပ်ကို ဆင့်ခေါ်ပြီး အပြာရောင်သလင်းကျောက် ခြောက်လုံးကို တွေ့ရှိထားပါပြီ။ " အစီအစဉ်မှူး၏ အကြည့်က မိုးကြိုးနတ်ဘုရားဆီသို့ ရောက်သွားသည်။
" ဘုရားရေ မိုးကြိုးနတ်ဘုရားက ဖွံ့ဖြိုးစနယ်ပယ်ကိုတောင် နိုးထသွားပြီပဲ။ သူက ဖွံ့ဖြိုးစမိုးကြိုးနယ်ပယ်ကို အသုံးပြုပြီး အပြာရောင်သလင်းကျောက် ၁၁လုံးကို တွေ့ရှိထားပါတယ်။ "
" ယန်ဝေအသုံးပြုတဲ့ နည်းလမ်းကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူက သလင်းကျောက်တွေရဲ့ တည်နေရာကို တိုက်ရိုက်သိနိုင်တာလား။ ဒါမှမဟုတ် သွေးမျိုးဆက်စွမ်းရည်ကို အသုံးပြုနေတာလား။ " အစီအစဉ်မှူး အမျိုးသားနှင့် အမျိုးသမီးက တလှည့်စီ ကြေညာနေကြသည်။
နောက်ဆုံး မြင်ကွင်းက လင်းယွမ်ဆီသို့ ရောက်သွားသည်။
" ကျုပ်တို့ပြိုင်ပွဲဝင် လင်းယွမ်ကတော့.... အနားယူနေတာလား။ " အမျိုးသား အစီအစဉ်မှူးက အံ့အားသင့်သွားသည်။
အခြားပြိုင်ပွဲဝင်ကိုးယောက်၏ မြင်ကွင်းများက သလင်းကျောက်များကို ရှာဖွေနေကြသည်။ သို့သော် လင်းယွမ်က ကျောက်တုံးတစ်တုံးပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေပြီး သူ၏ မျက်လုံးများကို မှိတ်ထားလေသည်။ ထို့အပြင် ထိုမြင်ကွင်းကို ပရိတ်သတ်များစွာ မြင်နေရသည်။
" သူက လက်လျှော့လိုက်တာလား။ "
" လင်းယွမ်က ဖွံ့ဖြိုးစနယ်ပယ်တစ်ခုကို ကျွမ်းကျင်ထားပြီး သလင်းကျောက်တွေကို ရှာဖွေရာမှာ အားသာချက် ရှိပေမယ့် အဲ့ဒါတွေကို ထိန်းသိမ်းထားနိုင်ဖို့က မတူညီတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ "
" လင်းယွမ်ရဲ့ ခွန်အားနဲ့ သလင်းကျောက်တွေ ရှာတွေ့နိုင်ရင်တောင် သူက မိုးကြိုးနတ်ဘုရားနဲ့ ဖန်ချင်းတို့လို လူတွေနဲ့ တွေ့ရင် သူတို့ကို အားလုံးပေးပစ်ရမှာပဲ။ "
မရေတွက်နိုင်သော လူများက လင်းယွမ် လက်လျှော့လိုက်ပြီဟု ယူဆကြပြီး သူက သလင်းကျောက်တစ်ခုမှမရလျှင်တောင် အဆင့်တစ်ဆယ်နေရာကို ရရှိမည်ဖြစ်သည်။
" ကျုပ်တို့ ပြိုင်ပွဲဝင်လင်းယွမ်ကတော့ ဆုံးဖြတ်ချက်ချရာမှာ အလွန်ကျွမ်းကျင်ပုံရပါတယ်။ "
လင်းယွမ်၏ လုပ်ရပ်ကို တာဝန်ရှိသူများက မထောက်ခံဘဲ မျှော်လင့်ချက်မရှိလျှင်တောင် အနည်းငယ်တော့ ကြိုးစားသင့်ပေသည်။
ကျွန်းပေါ်ရှိ ကျောက်တုံးပေါ်မှ လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
" အချိန်ကျပြီ။ " လင်းယွမ်က တွေးလိုက်သည်။
အမှတ်ပေးပြိုင်ပွဲ၏ စည်းမျဉ်းက ကျွန်းတစ်ကျွန်းလုံး ပြန့်ကြဲနေသော သလင်းကျောက်များကို ရှာဖွေရန်ဖြစ်သည်။ အပြာရောင်သလင်းကျောက်များက ကျွန်းပေါ်ရှိ မည်သည့်နေရာတွင် မဆို ရှိနေနိုင်လေသည်။
လင်းယွမ်က ရှာဖွေချင်တောင် အချိန်ယူရပေမည်။ ပြိုင်ပွဲက တိုက်ခိုက်ခြင်းကို မတားမြစ်ထားသောကြောင့် အခြားပြိုင်ပွဲဝင် ကိုးယောက် သလင်းကျောက်များကို ရှာဖွေပြီးမှ သူတို့ဆီမှ လုယူခြင်းက ပို၍ လွယ်ကူလေသည်။
" အနီးမှာ ဘယ်သူရှိလဲကြည့်ရအောင်။ " လင်းယွိ်က အတွေးတစ်ချက်နှင့်အတူ ထိုက်ကျိနယ်ပယ်ကို ဖြန့်ကျက်လိုက်သည်။ တစ်မိုင်၊ ဆယ်မိုင်၊ မိုင်နှစ်ဆယ်၊ မိုင်သုံးဆယ်။
" သုံးယောက် " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ပြီး သူက ချက်ခြင်း ပျောက်ကွယ်သွားသည်။
" သလင်းကျောက်ကိုးလုံး " ယန်ဝေက သူ၏ သွေးမျိုးဆက် အသိအမြင်မျက်လုံးကို အသုံးပြုပြီး အချိန်တိုအတွင်း အပြာရောင်သလင်းကျောက် ကိုးလုံးကို ရရှိခဲ့သည်။ ကျွန်းတစ်ခုလုံးတွင် သလင်းကျောက်တစ်ရာသာ ရှိသောကြောင့် ကိုးလုံးက နည်းသည်ဟု ပြောမရပေ။
" နောက်တစ်လုံးတွေ့ပြီ။ " ယန်ဝေက သူ၏ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် သူ၏ မျက်လုံးများက လင်းလက်သွားသကဲ့သို့ ဆက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကြောက်စရာကောင်းသော ဖိအားက ဆင်းသက်လာသည်။
" ဘာလဲဟ။ " ယန်ဝေ၏ အမူအရာက ထိတ်လန့်သွား၏။ ချက်ခြင်း သူ၏ အမြင်အာရုံက အမှောင်ဖုံးသွားပြီး ခံစားမှုများအားလုံး ပျောက်ကွယ်သွားသည်။
ထို့နောက် ယန်ဝေက ပြိုင်ပွဲကွင်းပြင်တွင် ပြန်ပေါ်လာသည်။
" ငါ..." ယန်ဝေ၏ အမူအရာက မယုံကြည်နိုင်ဖြစ်သွားသည်။ " ငါသေသွားတာလား။ "
ယန်ဝေက စိတ်ရှုပ်သွား၏။ ယခုချိန်ထိ သူဘယ်လိုသေသွားလဲ မသိလိုက်ပေ။
သူက မိုးကြိုးနတ်ဘုရားနှင့် ဖန်ချင်းတို့လို အသန်မာဆုံးလူများနှင့် ရင်ဆိုင်ရလျှင်တောင် အနိုင်မယူနိုင်လျှင် ခနတော့ တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် ဤကဲ့သို့ ချက်ခြင်းသတ်ခံလိုက်ရခြင်းက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။
တစ်ချိန်တည်းတွင် ယန်ဝေ၏ မြင်ကွင်းမျက်နှာပြင်က ရုတ်တရက် မဲမှောင်သွားသည်။ ယန်ဝေ၏ မြင်ကွင်းကို ကြည့်ရှုနေကြသော လူသန်းတစ်ရာနီးပါးက ချက်ခြင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
" ဘာ ဘာဖြစ်တာလဲ။ "
" ယန်ဝေရဲ့မြင်ကွင်းက ဘာလို့မဲမှောင်သွားတာလဲ။ "
ပထမဆုံး ပရိတ်သတ်များက မတော်တဆဖြစ်ခဲ့သည်ဟု ထင်ခဲ့ကြသည်။ ကွန်ရက်ချိတ်ဆက်မှုပြဿနာအချို့ ဖြစ်နိုင်လေသည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးသံများက ချက်ခြင်း ဆူညံသွားခဲ့သည်။
စင်မြင့်ပေါ်မှ အစီအစဉ်မှူးကလည်း အခြေအနေကို သတိပြုမိသွားသည်။
ယန်ဝေက ဆဋ္ဌမအလွှာ သွေးမျိုးဆက်ကို နိုးထခဲ့ပြီး ထိပ်ဆုံးသုံးနေရာအတွင်းဝင်ရန် ရေပန်းစားနေသူဖြစ်၏။ ထိုသို့သော လူတစ်ယောက်က ပြိုင်ပွဲဝင်များကို မတွေ့ရလျှင်တောင် အထူးသတိထားနေပေလိမ့်မည်။ အဆိုပါအချက်ကို တွေးမိသော အစီအစဉ်မှူးက လျင်မြန်စွာ ကြေညာလိုက်သည်။
" ယန်ဝေ ပြိုင်ပွဲကမထွက်ခင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကြည့်ရအောင်။ " အစီအစဉ်မှူးက သူ၏ အတွေ့အကြုံများအရ ကွန်ရက်ချိတ်ဆက်မှုပြဿနာမဖြစ်နိုင်သည်ကို သိလေသည်။
ကွန်ရက်ချိတ်ဆက်မှု ပြဿနာဖြစ်လျှင် အလင်းမျက်နှာပြင်ဆယ်ခုလုံးက ပိတ်သွားပေလိမ့်မည်။
၎င်းကို ပရိတ်သတ်များက သိလျှင်တောင် ဆဋ္ဌမအလွှာ သွေးမျိုးဆက်ပိုင်ရှင်ကို ရုတ်တရက် ဖယ်ရှားနိုင်ခြင်းက မယုံကြည်နိုင်စရာကောင်းလှပေသည်။
အစီအစဉ်မှူးက ထိန်းချုပ်မှုများကို ပြုလုပ်လိုက်ပြီး ယန်ဝေမပျောက်ကွယ်သွားမီ နောက်သုံးစက္ကန့်ကို ပြန်ရုတ်လိုက်သည်။
အစီအစဉ်မှူးများနှင့် ပရိတ်သတ်များက သေချာကြည့်ရှုနေကြသည်။ ပုံရိပ်ထဲတွင် ယန်ဝေက ပြုံးလိုက်ပြီး နောက်ထပ် အပြာရောင်သလင်းကျောက်တစ်လုံး၏ တည်နေရာကို တွေ့ရှိသွားခဲ့သည်။
ထိုအချိန်တွင်....
ဝုန်း....
ယန်ဝေက သွေးမြူမှုန်များအဖြစ် ပေါက်ကွဲသွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အစီအစဉ်မှူး၏ ထိန်းချုပ်မှုကြောင့် မြင်ကွင်းက ထိုနေရာတွင် အဆုံးသတ်မသွားပေ။
ယန်ဝေ၏ ခန္ဓာကိုယ်ပျောက်ကွယ်သွားသော်အခါ သလင်းကျောက်ကိုးလုံးက မြေပြင်သို့ ကျသွားခဲ့သည်။
ထိုအချိန်တွင် ညာလက်တစ်ဖက်က သလင်းကျောက်များကို သိမ်းယူသွားခဲ့သည်။ ကင်မရာရှုထောင့်က ပြောင်းလဲသွားပြီး ညာလက်ပိုင်ရှင် လင်းယွမ်၏ ပုံရိပ်က ထွက်ပေါ်လာသည်။
လင်းယွမ်က အပြာရောင်သလင်းကျောက် ကိုးလုံးကို သိမ်းဆည်းပြီး နေရာမှ ပျောက်ကွယ်သွားသည်။
ထို့နောက် ထိုမြင်ကွင်းက ပရိတ်သတ်များအားလုံးက ရူးသွပ်သွားစေခဲ့သည်။
" လင်းယွမ် "
" ယန်ဝေကို သတ်ခဲ့တာ လင်းယွမ်လား။ "
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လင်းယွမ်မှာ အဲ့လိုစွမ်းအားမျိုးရှိတာလား။ " မရေတွက်နိုင်သော ပရိတ်သတ်များ၏ ဆွေးနွေးမှုများက မြင့်တက်သွားသည်။
အမှန်တော့ လင်းယွမ်က ယန်ဝေကို အနိုင်ယူပြီး သတ်ခဲ့လျှင်တောင် သူတို့က အံ့ဩမည်မဟုတ်ပေ။ လင်းယွမ်က ဤပြိုင်ပွဲ၏ မြင်းနက်ဖြစ်ပြီး ပရိတ်သတ်များ၏ အမြင်ကို ပြောင်းလဲစေခဲ့သည်ကို ဆိုလိုသည်။
ပြိုင်ပွဲအများစုတွင် ပရိတ်သတ်များ၏ အမြင်နှင့် ဆန့်ကျင်သော ပြိုင်ပွဲဝင်များ ထွက်ပေါ်လာသည်မှာ မရှားပေ။ သို့သော် တိုက်ပွဲတွင် အနည်းဆုံးတော့ အပြန်အလှန် တိုက်ခိုက်သင့်ပေသည်။
ယခု လင်းယွမ်က ယန်ဝေကို တုံ့ပြန်ချိန်ပင်မရဘဲ သတ်ဖြတ်ခဲ့သည်။
" ဒါဆို ဒါက ကျုပ်တို့ရဲ့ လင်းယွမ်ပေါ့။ " လင်းယွမ်က ယန်ဝေအား သတ်ခဲ့သည်ကို သိခဲ့ရသော အစီအစဉ်မှူးပင် မယုံကြည်နိုင်ဖြစ်နေသည်။
" ကျုပ်တို့ရဲ့ လင်းယွမ်ကတော့ သူရဲ့ အစွမ်းအစတွေကို နက်နက်နဲနဲ ဖုံးကွယ်ထားပါတယ်။ " အစီအစဉ်မှူးက အသက်ပြင်းပြင်းရှုလိုက်သည်။ " အခု သူက ယန်ဝေကို သတ်ဖြတ်ဖို့ သူ့ရဲ့ နယ်ပယ်ကို အသုံးပြုခဲ့တာ ဖြစ်မယ်။ "
ပြိုင်ပွဲဝင်များ အနားယူရန် နေရာတွင် ယန်ဝေက သူ ရုတ်တရက် ဖယ်ရှားခံရသည်ကို နားလည်သွားခဲ့သည်။
" ဒါလင်းယွမ်..." ယန်ဝေက သူ၏ လက်သီးများကို ဆုပ်လိုက်သည်။ " သူ့ရဲ့ ခွန်အားကို တစ်ချိန်လုံး ဖုံးကွယ်ခဲ့တာပဲ။ "
သူက သူ၏ ဆဋ္ဌမအလွှာ သွေးမျိုးဆက်ကို နိုးထလာချိန်တွင် အဖွဲ့တစ်ဖွဲ့က အခြားပြိုင်ပွဲဝင်များကို ခွဲခြမ်းစိတ်ဖြာရန် သူဆီသို့ ရောက်လာခဲ့သည်။
သူ၏ ခွဲခြိမ်းစိတ်ဖြာချက်အရ ယန်ဝေက မိုးကြိုးနတ်ဘုရားနှင့် ဖန်ချင်းတို့ကိုသာ အာရုံစိုက်ရန် လိုအပ်လေသည်။ လင်းယွမ်ကတော့ ယန်ဝေက လင်းယွမ်၏ တိုက်ပွဲမှတ်တမ်းများကို ကြည့်ရှုခဲ့သည်။ သို့သော် စိတ်ပူရန် မလိုအပ်ခဲ့ပေ။
ယခုမူကား.....
ယန်ဝေကို ဖယ်ရှားပြီးနောက် လင်းယွမ်ကို ကြည့်ရှုသူအရေအတွက်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ မူလ ဆယ်သန်းကျော်မှ ၁၀၀ ဘီလီယံကျော်ထိ ရှိလာခဲ့သည်။ အစက ယန်ဝေကို ကြည့်ရှုနေကြသော ပရိတ်သတ်ဆယ်ဘီလီယံကျော်က ယန်ဝေဖယ်ရှားခံရပြီးနောက် လင်းယွမ်၏ မြင်ကွင်းသို့ ပြောင်းလဲသွားကြသည်။
အစီအစဉ်မှူးပင် လင်းယွမ်ကို အာရုံစိုက်လာသည်။
" ကျုပ်ပြောနိုင်တယ်။ ကျုပ်တို့လင်းယွမ်ရဲ့ အရှိန်က...."
အစီအစဉ်မှူးကြေညာနေစဉ် လင်းယွမ်၏ မြင်ကွင်းတွင် နောက်ထပ်ဆင့်ကဲပြောင်းလဲသူတစ်ယောက် ပေါ်လာသည်။
ထိုပြိုင်ပွဲဝင်မှာ ဖန်းရွှယ်ဖြစ်ပြီး သူမက နူးညံ့သောအသွင်အပြင်ရှိသော်လည်း စွမ်းအားကောင်းလှသည်။ ခန့်မှန်းချက်များအရ ဖန်းရွှယ်က မိုးကြိုးနတ်ဘုရား၊ ဖန်ချင်းနှင့် ယန်ဝေတို့ပြီးလျှင် စတုတ္ထနေရာတွင် ရှိလေသည်။
ဝုန်း...
ထိုခနတွင် ဖန်းရွှယ်က သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားပြီး ချက်ခြင်း ပျောက်ကွယ်သွားသည်။
သူမ၏ သလင်းကျောက် ခြောက်လုံးကလည်း လင်းယွမ်၏ ရယူခြင်းကို ခံလိုက်ရသည်။
ပရိတ်သတ်များက နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။ ယန်ဝေသတ်ခံရချိန်တွင် ပရိတ်သတ်အများစုက ယန်ဝေကိုသာ ကြည့်ရှုနေကြသောကြောင့် လင်းယွမ် မည်ကဲ့သို့ လှုပ်ရှားသွားသည်ကို မသိခဲ့ကြပေ။
ယခုချိန်တွင် ပရိတ်သတ်များစွာက လင်းယွမ်ကို အာရုံစိုက်ထားကြပြီး ဖန်းရွှယ်၏ သေဆုံးမှုဖြစ်စဉ်အားလုံးကို မြင်တွေ့ခဲ့ရသည်။ ၎င်းအတွက် စကားတစ်ခွန်းသာ ပြောနိုင်လေသည်။
" ကြီးစိုးခြင်း "
လင်းယွမ်၏ ဆယ်မီတာအတွင်း မမြင်ရသော စွမ်းအားတစ်ခုက ဖန်းရွှယ်ကို ပေါက်ကွဲသွားစေခဲ့ပြီးနောက် လင်းယွမ်က ချက်ခြင်း အပြာရောင်သလင်းကျောက်များကို ဖမ်းယူခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးက အတားအဆီးမရှိဘဲ ဖန်းရွှယ်က လင်းယွမ်နှင့် ပူးပေါင်းလုပ်ဆောင်သကဲ့သို့ပင် ဖြစ်သည်။
ပရိတ်သတ်များစွာ၏ အံ့ဩသော အကြည့်များအောက်တွင် သုံးယောက်မြောက်၊ လေးယောက်မြောက်၊ ငါးယောက်မြောက်။
ပြိုင်ဖက်များကို တစ်ယောက်ပြီးတစ်ယောက် နင်းချေသွားခဲ့ပြီး လင်းယွမ်အပေါ် ကြည့်ရှုသူများ၏ အမြင်က လုံးဝ ပြောင်းလဲသွားခဲ့သည်။ ယင်းကြောင့် ကြည့်ရှုသူအရေအတွက်က တိုးလာပြန်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကြည့်ရှုသူ သန်းပေါင်းများစွာက လုံးဝ ရူးသွပ်သွားကြပြီး စိတ်ပျက်သွားကြသည်။
" အဲ့ဒါလင်းယွမ်လား။ "
" သူက အရမ်းစွမ်းအားကောင်းတယ်။ "
" ဘယ်အရူးက လင်းယွမ်ကို အဆင့်ကိုးရမယ်ပြောတာလဲ။ "