← Chapters

ကမ္ဘာအဆင့်တစ်

Vol. 6 Ch. 96

ကမ္ဘာအဆင့်တစ်

Vol. 6 Ch. 96

" သူရဲ့ လက်ရှိခွန်အားက စတုတ္ထအလွှာလား။ "

အချိန်ကြာလာသည်နှင့် လင်းယွမ်ကို ကြည့်ရှုသော ပရိတ်သတ်များ များပြားလာပြီး မိုးကြိုးနတ်ဘုရားနှင့် ဖန်ချင်း၏ ပရိတ်သတ်များပင် ဆွေးနွေးလာကြသည်။

ပြိုင်ပွဲကျင်းပသော သမိုင်းတွင် လင်းယွမ်ကဲ့သို့ အခြားပြိုင်ပွဲဝင်များကို အလွယ်တကူအနိုင်ယူနိုင်သော ဆင့်ကဲပြောင်းလဲသူများမှာ တွေ့ရခဲလေသည်။

အဆုံးတွင် ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ကန့်သတ်ချက်များမှာ အသက်တစ်ရာအောက် ဖြစ်ပြီး တတိယအလွှာ စဦးအဆင့်များသာ တွေ့ရလေသည်။

သန်မာသူများကိုတော့ သူတို့ပေါ်လာသည်နှင့် ကြယ်စနစ်များက ရွေးချယ်ပြီး ကြယ်စနစ်နှင့် ကြယ်နယ်မြေပြိုင်ပွဲများတွင် ပါဝင်ရလေသည်။

ပွဲ့ကြည့်စင်မြင့်တွင်

" သေစမ်း ငါက သူကိုရိုက်နိုင်ပြီထင်နေတာ။ " ပင်းယန်က တိုက်ပွဲကွင်းပြင်မှ လင်းယွမ်ကို နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးကဲ့သို့ ကြည့်နေသည်။

သူက တတိယအလွှာအဆင့်ဖြင့် ထိပ်ဆုံးနှစ်ဆယ်စာရင်းဝင်ခဲ့ပြီး လင်းယွမ်နှင့် တိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် သူက လင်းယွမ်၏ ယခုကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို မမြင်ခဲ့ရသောကြောင့် အနိုင်ရရှိရန် အခွင့်အရေးရှိသည်ဟု ထင်ခဲ့သည်။ သို့သော် ယခု သူ၏ အတွေးများက ရယ်ချင်စရာကောင်းနေခဲ့သည်။

" လခွမ်း အကိုလင်းရဲ့ ခွန်အားက အဲ့လောက်တောင် သန်မာတာလား။ " ကျုံးပိုင်နှင့် အခြားသူများက မျက်လုံးများ ပြူးနေကြသည်။

သူတို့၏ ဘေးမှ မစ္စတာလျောင်ကလည်း အလွန်အံ့အားသင့်နေ၏။

မစ္စတာလျောင်က အခြားသူများ၏ တိုက်ပွဲများကို လင်းယွမ်အား ပြသချိန်တွင် လင်းယွမ်က အနိုင်မယူနိုင်သောကြောင့် စိတ်မဝင်စားခဲ့သည်ဟု တွေးခဲ့လေသည်။ ယခု လင်းယွမ်က ၎င်းတို့ကို တကယ် စိတ်မဝင်စားခြင်းဖြစ်သည်။

ကျွန်းပေါ်တွင် မိုးကြိုးနတ်ဘုရား၏ မီတာတစ်ရာပတ်လည်တွင် ခရီးရောင်မိုးကြိုးများ ဝန်းရံထားသည်။ သူက တိကျသော ဦးတည်ရာသို့ အလွန်လျင်မြန်စွာ ပြေးနေသည်။ ဖွံ့ဖြိုးစမိုးကြိုး နယ်ပယ်၏ စွမ်းအားဖြင့် သူက အပြာရောင်သလင်းကျောက် ၁၅လုံးကို ရရှိထားပြီဖြစ်သည်။

" ဟမ် " မိုးကြိုးနတ်ဘုရားက ရုတ်တရက် ရပ်တန့်လိုက်သည်။

သူ၏ မိုးကြိုးနယ်ပယ်က ကြောက်စရာကောင်းသော ဖိအားအချို့ကို ရင်ဆိုင်မိပြီး ချက်ခြင်း ပျောက်ကွယ်သွားခဲ့သည်။

" မင်းက.... လင်းယွမ်လား။ " မိုးကြိုးနတ်ဘုရားက သူပင်သတိမပြုမိဘဲ အနီးသို့ ရောက်လာသော ပုံရိပ်ကို ကြည့်လိုက်သည်။

" ငါပဲ။ " လင်းယွမ်ကလည်း မိုးကြိုးနတ်ဘုရားကို စိုက်ကြည့်နေသည်။

အခြားဆင့်ကဲပြောင်းလဲသူများနှင့်မတူဘဲ မိုးကြိုးနတ်ဘုရား၏ ခန္ဓာကိုယ်က မိုးကြိုး၏ သန့်စင်ခြင်းခံထားရပြီး အလွန်ထူးခြားသောကြောင့် လင်းယွမ်က ချက်ခြင်း အနိုင်ယူရန် မစဉ်းစားခဲ့ပေ။ ထိုအစား သူက ခနလေ့လာရန် ဆုံးဖြတ်ခဲ့သည်။

ယခု လင်းယွမ်က စတုတ္ထအလွှာ အဆင့်ကိုးဖြစ်သောကြောင့် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများကို ခနလေ့လာရုံဖြင့် နားလည်နိုင်လေသည်။ မိုးကြိုးနတ်ဘုရားနှင့် ဖန်ချင်းတို့ကတော့ အနည်းငယ် အချိန်ယူရန် လိုအပ်လေသည်။

" မင်း " မိုးကြိုးနတ်ဘုရားက လင်းယွမ်ကို ကြည့်နေသော အကြည့်တွင် တင်းမားမှုများ ပါဝင်နေသည်။

ထိုခနတွင် သူက လင်းယွမ်၏ ပတ်လည်မှ အလွန်းစွမ်းအားကောင်းသော ဖိအားကို ခံစားနေရပြီး သူ၏ ဖွံ့ဖြိုးစမိုးကြိုးနယ်ပယ်ပင် ဖိနှိပ်ခံထားရသည်။ သူပြောနိုင်သည်မှာ လင်းယွမ်က သူ၏ ခုခံနိုင်စွမ်းထက် အလွန်သန်မာနေသည်။

" မင်းငါ့ကို တိုက်ခိုက်နိုင်တယ်။ " လင်းယွမ်၏ အကြည့်က လင်းလက်သွားပြီး ပြောလိုက်သည်။

မင်းကို တိုက်ခိုက်ရမယ်..... မိုးကြိုးနတ်ဘုရား၏ နှုတ်ခမ်းများက တွန့်သွားပြီး လင်းယွမ်က သူ့အတွက် တောင်ကြီးတစ်လုံးကဲ့သို့ ခံစားနေရသည်။သူက ဘယ်လိုတိုက်ခိုက်ရမှာလဲ။

" မဟုတ်ဘူး။ ငါက မိုးကြိုးနတ်ဘုရားပဲ။ ငါ ရှုံးနိမ့်လို့ရပေမယ့် ကြောက်လို့မရဘူး။ " သူ၏ အရေပြား၊ အသား၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများအားလုံးက ခရမ်းရောင်မိုးကြိုးများအဖြစ် ပြောင်းလဲသွားသည်။

မိုးကြိုးအသွင်ပြောင်းလဲခြင်း။ အခြားပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင် သူက ထိုစွမ်းရည်ကို အသုံးပြုသည်မှာ ရှားပါးလေသည်။ သို့သော် လင်းယွမ်၏ ဖိအားက အလွန်ကြီးမားလှသည်။ သူက မိုးကြိုးအသွင်မပြောင်းလဲလျှင် ချက်ခြင်း အရေးနိမ့်သွားပေလိမ့်မည်။

" ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

ထိုစွမ်းရည်က အလွန်ရှားပါးပြီး လင်းယွမ်က ပြိုင်ပွဲစတင်သည့်အချိန်မှ ပြိုင်ဘက်များစွာ တွေ့ခဲ့ရသော်လည်း မိုးကြိုးနတ်ဘုရားတစ်ယောက်သာ ၎င်းကို ပိုင်ဆိုင်လေသည်။

ဝုန်း....

မိုးကြိုးနတ်ဘုရားက မိုးကြိုးအသွင်ပြောင်းလဲခြင်းပြီး လင်းယွမ်ဆီသို့ တိုက်ရိုက်ပြေးဝင်သွားသည်။

ဂျစ်ဂျစ်....

ခရမ်းရောင်မိုးကြိုးများက ပေါက်ကွဲသွားသကဲ့သို့ လင်းယွမ်နှင့် ဆယ်မီတာအကွာသို့ ပြန်ဆုတ်လိုက်ရပြီး မိုးကြိုးနတ်ဘုရားအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

" ကောင်းတယ် ကောင်းတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ " ထပ်လာခဲ့ "

မိုးကြိုးနတ်ဘုရားက သွေးတစ်လုပ်ထွေးထုတ်လိုက်ပြီး မိုးကြိုးအဖြစ် ပြောင်းလဲသွားပြန်သည်။ ထိုကဲ့သို့ သုံးကြိမ်ဆက်တိုက် ဖြစ်ပျက်သွားသည်။

နောက်ဆုံးအကြိမ်တွင် မိုးကြိုးနတ်ဘုရားက မိုးကြိုးအဖြစ် အတင်းအကျပ်ပြောင်းလဲပြီး သူ၏ ခန္ဓာကိုယ်က ပြိုကွဲသွားသကဲ့သို့ လင်းယွမ်၏ ရှေ့တွင် သေဆုံးသွားခဲ့သည်။

" ဒါဆို မိုးကြိုးအသွင်ပြောင်းလဲခြင်းက အချိန်တိုအတွင်း သုံးကြိမ် အသုံးပြုနိုင်တာပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

မိုးကြိုးနတ်ဘုရား၏ မိုးကြိုးအသွင်ပြောင်းလဲခြင်းကို သုံးကြိမ်ကြည့်ပြီးသောအခါ လင်းယွမ်က အကျိုးအမြတ်အချို့ ရရှိခဲ့ပြီး အပြာရောင်သလင်းကျောက်များကို ရယူကာ နောက်ထပ်ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ရှာရန် ထွက်ခွာသွားသည်။

" အရမ်းသန်မာတယ်။ "

" လင်းယွမ် ငါနင့်ကို ချစ်တယ်။ "

" မိုးကြိုးနတ်ဘုရားက အရမ်းသန်မာပေမယ့် လင်းယွမ်ရှေ့မှာ ကလေးတစ်ယောက်လိုပဲ။ "

"လင်းယွမ်က ပြိုင်ဘက်တွေကို စိတ်မဝင်စားရင် အရင်တိုက်ပွဲတွေက ယန်ဝေတို့လို အဆုံးသတ်သွားမယ်လို့ ငါထင်တယ်။ "

ပွဲကြည့်သူများ၏ စကားသံများက ထွက်ပေါ်လာပြီး လင်းယွမ်၏ စွမ်းအားကောင်းပုံကို ငြင်းခုန်နေကြသည်။ သူက အခြားဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် ဖခင်က သားကို ရိုက်နှက်နေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

" အမ် ဘာလို့အရမ်းတိတ်ဆိတ်နေတာလဲ။ "

ကျွန်းပေါ်၏ နေရာတစ်ခုတွင် ဖန်ချင်းက ပေါ်လာပြီး အနည်းငယ် အံ့ဩသွားသည်။ ရှေးဟောင်းနတ်ဘုရားပုံရိပ်၏ အာရုံက နှစ်မိုင်သုံးမိုင်အထိ ဖြန့်ကျက်နိုင်လေသည်။ ထိုနှစ်မိုင်သုံးမိုင်အတွင်း သေးငယ်သော အချက်အလက်လေးကစ ဖန်ချင်း၏ စိတ်ထဲတွင် ပေါ်လာလေသည်။

ထို့အပြင် သုံးမိုင်ကျော် ဝေးကွာသော အရပ်များမှ အခြားဆင့်ကဲပြောင်းလဲသူများ၏ အော်ရာများကိုလည်း ခံစားနိုင်လေသည်။

ယခု ဖန်ချင်းက ကျွန်းတစ်ကျွန်းလုံး တိတ်ဆိတ်နေသကဲ့သို့ ခံစားနေရသည်။ သူတစ်ယောက်တည်း ရှိနေသလိုပင်။

" ဘာဖြစ်တာလဲ။ " ဖန်ချင်းက အံ့ဩသွားသည်။ သို့သော် ယခုက ပြိုင်ပွဲဖြစ်သောကြောင့် ပြင်ပကမ္ဘာနှင့် မဆက်သွယ်နိုင်ပေ။

ခနအကြာတွင် ဖန်ချင်းက ပြိုင်ပွဲဝင်များ အနားယူသော နေရာတွင် ပေါ်လာသည်။

" ငါ " ဖန်ချင်း၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသောအမူအရာနှင့် ကြောက်ရွံ့မှုအရိပ်အမြွက်များ ရှိနေသည်။

ယခု သူက လင်းယွမ်နှင့် တွေ့ခဲ့သည် သို့မဟုတ် လင်းယွမ်က သူ့ကို တွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက တိုက်ပွဲတွင် မည်မျှ ရုန်းကန်တိုက်ခိုက်သည်ဖြစ်စေ အရုပ်တစ်ရုပ်ကဲ့သို့ ကစားခြင်းခံခဲ့ရသည်။

ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စွမ်းအားကောင်းသော နည်းစနစ်များပင် လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် ဆက်တိုက်ဖိနှိပ်ခြင်း ခံခဲ့ရသည်။ လင်းယွမ်ကို ပို၍ အံ့ဩစေသည်မှာ လင်းယွမ်၏ ခွန်အားက သူ့ကို လျင်မြန်စွာ အဆုံးသတ်နိုင်သော်လည်း သူက မလုပ်ခဲ့ပေ။ ထိုဖြစ်ရပ်မှာ လင်းယွမ်က သူ၏ပြိုင်ဘက်များအား နှိပ်စက်ရသည်ကို သဘောကျသည်မှာ ပို၍ သေချာသွားခဲ့သည်။

" မင်းတို့အားလုံး ဖယ်ထုတ်ခံလိုက်ရပြီ။ " ဖန်ချင်းက သူတင်မဟုတ်ဘဲ မိုးကြိုးနတ်ဘုရား၊ ယန်ဝေနှင့် အခြားဆင့်ကဲပြောင်းလဲသူခြောက်ယောက်လည်း ရှိနေသည်ကို တွေ့လိုက်ရသည်။

" အဲ့ဒီလင်းယွမ် " ယန်ဝေက အံကြိတ်လိုက်သည်။ လင်းယွမ်က အားနည်းသာများကို အနိုင်ကျင့်သည်ဟု သူက ပြောချင်သော်လည်း လင်းယွမ်က သူထက်ပင် ငယ်ရွယ်သည်ကို သတိရသွားခဲ့သည်။

ဖန်ချင်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ရုတ်တရက် နားလည်သွားသည်။ သူတို့အားလုံးက လင်းယွမ်၏ အဆုံးသတ်ခြင်းခံခဲ့ရသည်။

" ကောင်လေးဖန် တွေ့လား။ အဲ့ဒီလင်းယွမ်က စတုတ္ထအလွှာ အဆင့်ကိုးထက်တောင် မြင့်နိုင်ပြီး ပြည့်စုံတဲ့ နယ်ပယ်တစ်ခုကိုလည်း ကျွမ်းကျင်ထားတယ်။ သူ့ရဲ့ စွမ်းရည်ကို မင်းလိုက်မမှီတော့ဘူး။ " လက်ဝါးအရွယ်ရှိသော မုတ်ဆိတ်မွေးဖြူ လူအိုကြီးက ရုတ်တရက် ဖန်ချင်း၏ ပခုံးပေါ်တွင် ပေါ်လာသည်။ ထိုလူအိုကြီးက ပြိုင်ပွဲဗီဒီယိုကိုကြည့်ပြီး ဖန်ချင်းကို အထင်သေးစွာ ပြောလိုက်သည်။

" စတုတ္ထအလွှာ အဆင့်ကိုးထက်မြင့်တာလား။ " ဖန်ချင်းက နဖူးကြောများ ကျုံ့သွား၏။ ဖန်ချင်းက သူ၏ ဆရာ အမွေကို ဆက်ခံပြီး မုတ်ဆိတ်ဖြူလူအိုကြီး၏ အကူအညီရှိလျှင်တောင် စတုတ္ထအလွှာသို့ ရောက်ရန် ရာစုနှစ်တစ်ခုတော့ ကြာပေလိမ့်မည်။

ပြိုင်ပွဲဝင်ကိုးယောက် ဖယ်ရှားခံလိုက်ရပြီးနောက် လင်းယွမ်က ကျွန်းပေါ်တွင် အနိုင်ရရှိသူဖြစ်လာသည်။ ယခင်ပြိုင်ပွဲများနှင့် ယှဉ်လျှင် ယခုပြိုင်ပွဲက ခန့်မှန်းမရနိုင်အောင် ဖြစ်ရလေသည်။

မိုးကြိုးနတ်ဘုရား၊ ဖန်ချင်းနှင့် ယန်ဝေတို့က ထိပ်ဆုံးသုံးယောက်အတွက် အလားအလာများ ရှိခဲ့ကြသည်။ ယခု ပြိုင်ပွဲတွင် မမျှော်လင့်ဘဲ လင်းယွမ်ကဲ့သို့ မွန်းစတားတစ်ကောင် ထွက်ပေါ်လာပြီး သူတို့က တစ်ချိန်တည်းလိုလို ဖယ်ရှားခံခဲ့ရသည်။

ပွဲကြည့်သူအားလုံးက လင်းယွမ်၏ လုပ်ဆောင်မှုများကို ကြည့်ရန်သာ လိုအပ်ပြီး အားလုံးက မြင်ကွင်းတစ်ခုတည်းတွင် ပေါ်လာခဲ့လေသည်။

အမှတ်ပေးပြိုင်ပွဲပြီးနောက် တိုက်ခိုက်ရေးပြိုင်ပွဲစတင်ခဲ့သည်။ ဖန်ချင်းနှင့် အခြားသူများက လင်းယွမ်နှင့် ရင်ဆိုင်ရသည်နှင့် မစဉ်းစားဘဲ အရှုံးပေးခဲ့ကြသည်။ သူတို့က နှိပ်စက်ခံရမည်ကို စောင့်မနေနိုင်ပေ။

၎င်းက လင်းယွမ်ကို အမှန်တကယ် စိတ်ပျက်စေခဲ့သည်။ သူက မူလအားဖြင့် မိုးကြိုးအသွင်ပြောင်းလဲခြင်းနှင့် ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့ကို လေ့လာရန် စီစဉ်ခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် တိုက်ခိုက်ရေးပြိုင်ပွဲ၏ ရလဒ်များ ထွက်ပေါ်လာသည်။

လင်းယွမ်က ပထမဖြစ်ပြီး ကန်လန်ကြယ်၏ ချန်ပီယံဖြစ်သည်။

ပြိုင်ပွဲပြီးဆုံးပြီးနောက် တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြသည်။ ပထမဆုံး ကမ္ဘာပထမဆုအတွက် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

" ဒါတွေက..." လင်းယွမ်က သူ၏ ရှေ့မှ ဆုစာရင်းကို ကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

All Chapters