← Chapters

ဆုလာဒ်များ။

Vol. 6 Ch. 97

ဆုလာဒ်များ။

Vol. 6 Ch. 97

တစ်ဦးချင်းပြိုင်ပွဲတွင် ချီးမြှင့်သော ဆုများက အဖွဲ့လိုက်ပြိုင်ပွဲများထက် ပို၍ မြင့်မားလေသည်။ အထူးသဖြင့် ကမ္ဘာအဆင့်တစ်ရသော လင်းယွမ်အတွက် ဆုများက များစွာ သာလွန်လေသည်။

" မစ္စတာလင်းယွမ် ရှင်နားမလည်တဲ့ ဆုတစ်ခုခုရှိရင် ကျွန်မကို မေးလို့ရပါတယ်။ " သူ၏ ဘေးတွင် နူညံ့သိမ်မွေ့ပုံရသော အမျိုးသမီးတစ်ဦးရပ်နေသည်။

ဆုစာရင်းတွင် ပစ္စည်းငါးဆယ်ပါဝင်လေသည်။ ၎င်းတို့က အဆင့်မြင့်လက်နက်များ၊ စစ်သင်္ဘောများ၊ အာကာသယာဉ်များ၊ ရှားပါးရတနာများ၊ ဝိညာဉ်ပစ္စည်းများ စသည်ဖြင့်ပါဝင်ကြသည်။ ထို့အပြင် ကန်လန်ကြယ်၏ ထိပ်တန်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သော ခရမ်းရောင်မိုးကြိုး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လည်း အပါအဝင်ဖြစ်သည်။

တစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိသော လင်းယွမ်က ၎င်းတို့ထဲမှ ငါးမျိုးကို ရွေးချယ်နိုင်လေသည်။ အခြားဆင့်ကဲပြောင်းလဲသူများက လင်းယွမ် ရွေးချယ်ပြီးမှ ရွေးချယ်ရမည်ဖြစ်သည်။

ပြိုင်ပွဲစည်းမျဉ်းများအရ ပထမက ပစ္စည်းငါးမျိုး၊ ဒုတိယနှင့် တတိယတို့က ပစ္စည်းသုံးမျိုး၊ စတုတ္ထနှင့် ဒသမအထိက ပစ္စည်းတစ်မျိုးကို ရွေးချယ်နိုင်လေသည်။

" ငါ ဘယ်ငါးမျိုးကို ရွေးချယ်သင့်လဲ။ " လင်းယွမ်က လျင်မြန်စွာ စဉ်းစားနေသည်။ ရိုးသားစွာ ပြောရလျှင် သူက ပစ္စည်းငါးဆယ်လုံးကို လိုချင်လေသည်။

တစ်ခုချင်းစီက တန်ဖိုးကြီးမားပြီး ၎င်းတို့ကို ဝယ်ယူရန် ပိုက်ဆံသာမက နိုင်ငံသားအဆင့်နှင့် အခြားကန့်သတ်ချက်များလည်း လိုအပ်လေသည်။ လင်းယွမ်က ဝယ်ယူနိုင်လျှင်တောင် မြင့်မားသော စျေးနှုန်းကို ပေးရပေလိမ့်မည်။

" တတိယအဆင့် ဗီဇဆေးရည် မလိုဘူး။ "

" စတုတ္ထအဆင့် လက်ကိုင်အမြောက် မလိုဘူး။ " လင်းယွမ်က မလိုအပ်သော အရာများကို ဘေးဖယ်ထားလိုက်သည်။

စတုတ္ထအဆင့် အသက်သစ်သီး။

ထိုရှားပါးကြယ်ရတနာက အလွန်များပြားသော အသက်စွမ်းအားများ ပါဝင်ပြီး ပဉ္စမအလွှာအောက် ဆင့်ကဲပြောင်းလဲသူများကို မည်မျှဒဏ်ရာပြင်းထန်သည်ဖြစ်စေ သူတို့၏ ဝိညာဉ်ကျန်နေလျှင် အကောင်းပကဓိဖြစ်အောင် ကုသပေးနိုင်လေသည်။

စတုတ္ထအဆင့် အသက်သစ်သီးက ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများအပေါ်တွင် သက်ရောက်မှုရှိနေပြီး သေစေနိုင်သော ဒဏ်ရာမဟုတ်လျှင် ပျောက်ကင်းအောင် ကုသနိုင်လေသည်။

လင်းယွမ်က ဆိုးရွားသော အခြေအနေများအတွက် အသက်သစ်သီးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။ ထို့အပြင် စကြာဝဠာလူသားမဟာမိတ်က အသက်သစ်သီးကို ရှာဖွေနေသော်လည်း အလွန်ရှားပါးလာခဲ့သည်။ လင်းယွမ်က ၎င်းကို မလိုအပ်လျှင်တောင် ပြန်လည်ရောင်းချနိုင်လေသည်။

ဝိညာဉ်ကာကွယ်ရေးရတနာဖြစ်သော ဝိညာဉ်ဖိနှိပ်ခေါင်းလောင်း။ ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းက ဝိညာဉ်ကို ကာကွယ်ပေးနိုင်ပြီး ဝိညာဉ်တိုက်ခိုက်မှုများနှင့် ဝိညာဉ်နှောက်ယှက်မှုများကို ခုခံနိုင်လေသည်။

ဝိညာဉ်က အသက်အတွက် အဓိကဖြစ်၏။ စကြာဝဠာလူသားမဟာမိတ်တွင် လူသားမျိုးနွယ်များကို ရုပ်ခန္ဓာဖြင့် မခွဲခြားပဲ ဝိညာဉ်ဖြင့် ခွဲခြားလေသည်။

ဥပမာ အဆင့်မြင့်ပုဂ္ဂိုလ်များက အခွင့်အရေးတစ်ခု ကြုံတွေ့လျှင် အခြားစွမ်းအားကောင်းသော ရုပ်ခန္ဓာများကို သိမ်းပိုက်ကြလေသည်။ အချို့စွမ်းအားကြီးသူများက သူတို့၏ မျိုးဆက်များကို စွမ်းအားကောင်းသော ရုပ်ခန္ဓာဖြသ့် အစားထိုးပေးကြလေသည်။ ထို့ကြောင့် သူတို့အတွက် ဝိညာဉ်ကသာ အဓိကဖြစ်နေသည်။

ကျူးလီဆေးရည်။ ထိုဆေးရည်က လူတစ်ယောက်၏ ရုပ်ခန္ဓာကို သန်မာစေပြီး စတုတ္ထအလွှာအောက် ဆင့်ကဲပြောင်းလဲသူများသာ သက်ရောက်မှုရှိလေသည်။

ဝိညာဉ်က အဓိကအရေးပါသော်လည်း ရုပ်ခန္ဓာက အနှစ်သာရဖြစ်၏။

စကြာဝဠာလူသားမဟာမိတ်၏ စျေးဝယ်စင်တာတွင် ကျူးလီဆေးရည်က ငါးဆယ်ဘီလီယံ ရှိလေသည်။

ဝိညာဉ်အားဖြည့်ကျောက်စိမ်း။ ၎င်းကျောက်စိမ်းကို ဝတ်ဆင်ထားသည်နှင့် အချိန်နှင့်အမျှ ဝိညာဉ်၏ ခွန်အားကို အားဖြည့်ပေးနေမည်ဖြစ်သည်။

လင်းယွမ်က ပဉ္စမမြောက်ဆုကို ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ထိုဆဋ္ဌမဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အခြားအသက်ဂြိုလ်တစ်ခုမှလာခြင်းဖြစ်ပြီး ဖော်ပြချက်များက လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် တူညီမှုအချို့ ရှိနေသည်။

လင်းယွမ်က ၎င်းကို တိုက်ရိုက်ဝယ်ယူလျှင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းက ဆယ်ဘီလီယံကျော် တန်ဖိုးရှိလေသည်။ ထိုဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပစ္စည်းငါးဆယ်ထဲတွင် ထိပ်တန်းအဆင့် ဖြစ်လေသည်။

" အဲ့ဒါတွေပဲ။ " လင်းယွမ်က ဆုကြေးစာရင်းကို အမျိုးသမီးအား ပြန်ပေးလိုက်သည်။

" နားလည်ပါပြီ။ " အမျိုးသမီးက နူးညံ့စွာပြောပြီး ထွက်သွားရန်ပြင်လိုက်ပြီးမှ ရုတ်တရက် ဆက်ပြောလိုက်သည်။ " ဒါနဲ့ မစ္စတာလင်းယွမ်က ချီခွန်ကြယ်နယ်မြေက သတင်းတွေကို မကြာခင် သိရပါလိမ့်မယ်။ "

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

တတိယဆင်းသက်ခြင်းမတိုင်မီ ယခုပြိုင်ပွဲက ချီခွန်ကြယ်သခင်အား ဆွဲဆောင်နိုင်သည်ကို လင်းယွမ် သိခဲ့ရသည်။

ချီခွန်ကြယ်သခင်က ကြယ်နယ်မြေတစ်ခုလုံးကို အုပ်ချုပ်သော မဟာပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ယခု ကန်လန်ကြယ်က ချီခွန်ကြယ်နယ်မြေ၏ စီရင်ပိုင်ခွင့်အောက်မှ မရေတွက်နိုင်သော အသက်ဂြိုလ်များထဲတွင် ပါဝင်လေသည်။

ဉာဏ်ပညာနတ်ဘုရား၏ ရှင်းပြချက်က မသေချာခဲ့ပေ။ ချီခွန်ကြယ်သခင်၏ အာရုံကို ဆွဲဆောင်နိုင်သည်ဟုသာ ပြောခဲ့ပြီး တိကျသော အချက်အလက်များကို မပြောခဲ့ပေ။

လင်းယွမ်က သူ၏ ဆုများကို ရွေးချယ်ပြီးနောက် အခြားဆင့်ကဲပြောင်းလဲသူများ၏ အလှည့်သို့ ရောက်လာခဲ့သည်။

" ငါ ဒီသုံးခုကို ရွေးချယ်တယ်။ " ဖန်ချင်းက စိတ်ပျက်စွာ ပြောလိုက်သည်။ ပြိုင်ပွဲတွင် သူက ဒုတိယနေရာကိုသာ ရရှိခဲ့သည်။

သို့သော် သူက လုံလောက်သည်ဟု ခံစားရလေသည်။ သူနှင့် လမ်းယွမ်ကြားမှ ခွန်အားကွာခြားချက်က အလွန်ကြီးမားလှသည်။ သူက ၎င်းကို လက်ခံရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

သူ၏ ပခုံးပေါ်တွင် ထိုင်နေသော လူအိုကြီးက သူ၏ ခါင်းကို ခါလိုက်သည်။ " ကောင်လေးဖန် မင်းက ကိုယ့်ကိုကိုယ် အထင်သေးစရာမလိုပါဘူး။ လင်းယွမ်က တကယ်အရည်အချင်းအချို့ ရှိနိုင်ပေမယ့် သူလေ့ကျင့်တဲ့ ဆင်းကဲပြောင်းလဲခြင်းလမ်းစဉ်က ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ "

"သူက အခုမင်းတို့ရှေ့ ရောက်နေပေမယ့် ဆယ်စုနှစ်၊ ရာစုနှစ်ကြာရင် သူက မင်းကို သေချာပေါက် လိုက်မီတော့မှာ မဟုတ်ဘူး။ "

" မင်းက ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံပြီး ဆဋ္ဌမအလွှာကို ရောက်နိုင်ချေ အများကြီးရှိတယ်။ လင်းယွမ်ကတော့ ဆဋ္ဌမအလွှာကို မရောက်ခင် အတားအဆီးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်။ အဲ့အခါကျ သူ့ကိုရိုက်ပြီး မင်းရဲ့ ဒေါသကို ဖြေဖျောက်လို့ရတယ်။ " လူအိုကြီးက နှစ်သိမ့်လိုက်သည်။

အမှန်တော့ သူက ရွေးချယ်နိုင်လျှင် လင်းယွမ်ကို ရှေးဟောင်းနတ်ဘုရား၏ အမွေဆက်ခံသူအဖြစ် ရွေးချယ်ပေလိမ့်မည်။ သို့သော် ဆက်ခံသူတစ်ယောက်ကို ရွေးချယ်ပြီးလျှင် ပြောင်းလဲ၍မရပေ။ ထို့ကြောင့် သူက ဆက်ခံသူ ဖန်ချင်းကို နှစ်သိမ့်ရုံသာ တတ်နိုင်လေသည်။

" မှန်တယ်။ မင်းက အခု ငါထက် ပိုသန်မာရင်ရော ဘာအရေးလဲ။ ငါလိုချင်တာ အနာဂတ်ပဲ။ ဆဋ္ဌမအလွှာကို တက်လှမ်းပြီး ကြယ်စကြာဝဠာမှာ ခရီးသွားတာက ပိုပြီး ကျေနပ်စရာကောင်းတယ်မဟုတ်လား။ " ဖန်ချင်းက အသက်ပြင်းပြင်းရှုပြီး သူ၏ တောက်ပသောအနာဂတ်ကို တွေးတောလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကန်လန်ကြယ်ပြိုင်ပွဲအကြောင်းက အခြားအသက်ဂြိုလ်များသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ယခုတစ်ကြိမ်တွင် ကန်လန်ကြယ်က နှစ်ပေါင်းရာချီအတွင်း မတွေ့ဖူးသည့် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ကန်လန်ကြယ်ကဲ့သို့ အလယ်အဆင့် အသက်ဂြိုလ်တစ်ခုက အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာနိုင်ချေမှ မဖြစ်နိုင်လုနီးပါးပင် ဖြစ်၏။

အဆင့်မြင့် အသက်ဂြိုလ်များ၊ ကြယ်နယ်မြေ၏ အဓိကဂြိုလ်များပင် အသက်တစ်ရာအောက် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ရန် အခွင့်အရေးများလေသည်။

ကန်လန်ကြယ်၏ အာကာသယာဉ်ဆင်းသက်ရာနေရာတွင် လှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ ကြယ်တာယာခေတ်တွင် ရုပ်ရည်လှပခြင်းက မထူးဆန်းဘဲ ဆေးဝါးအမျိုးမျိုးကို အသုံးပြုနိုင်လေသည်။

သို့သော် ထိုလှပသော အမျိုးသမီးက အလွန်လှပရုံသာမက ယောကျာ်းများက သူမကို မထိန်းချုပ်နိုင်သော ဆွဲဆောင်မှုတစ်မျိုးလည်း ထွက်ပေါ်နေသည်။

" ဒီလိုဝေးလံခေါင်သီတဲ့ ဂြိုလ်က အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ "

လှပသော အမျိုးသမီးက သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် အထူးဟိုဗာကားတစ်စီးက သူကို လာရောက်ခေါ်ဆောင်သွားသည်။

" ဒီခရီးအတွက် တာဝန်က အဲ့ဒီစတုတ္ထအလွှာ ပါရမီရှင်ကို တတ်နိုင်သမျှ လွှမ်းမိုးပြီး ငါတို့မျိုးနွယ်ထဲဝင်အောင် စည်းရုံးဖို့ပဲ။ " သူမက တွေးလိုက်သည်။

တိုက်ရိုက်လုပ်ကြံခြင်းက အကုန်အကျများလေသည်။ စတုတ္ထအလွှာကို လုပ်ကြံရန် ပဉ္စမအလွှာ ခွန်အားကို လိုအပ်လေသည်။ အကယ်၍ စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်ပါက ပစ်မှတ်က ပြန်လည်ခုခံနိုင်သည်နှင့် ဂြိုလ်ကာကွယ်ရေးစနစ် ထွက်ပေါ်လာပေလိမ့်မည်။ ပဉ္စမအလွှာကသာ စိတ်ချရလေသည်။

ပစ်မှတ်ကို လုပ်ကြံပြီးနောက် ပဉ္စမအလွှာက ဂြိုလ်ကာကွယ်ရေးစနစ်နှင့် လူသားမျိုးနွယ်၏ စွမ်းအားကောင်းသော စစ်သည်များ၏ ဝန်းရံခြင်းကို ခံရပေလိမ့်မည်။

ထို့ကြောင့် စတုတ္ထအလွှာ ပါရမီရှင်တစ်ယောက်ကို လုပ်ကြံရန် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို စတေးရန်လည်း လိုအပ်ပေသည်။

ထို့အပြင် ထိုပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူက လူသားမျိုးနွယ်တွင် တရားဝင်အထောက်အထားတစ်ခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ မဟုတ်လျှင် ကန်လန်ကြယ်သို့ ဝင်ရောက်ရန် သို့မဟုတ် ပစ်မှတ်အနီးသို့ ရောက်ရန် အခွင့်အရေးမရှိပေ။ ထို့အပြင် ပဉ္စမအလွှာသို့ ရောက်ရှိရန်ကလည်း အလွန်ခက်ခဲလေသည်။

လူသားမျိုးနွယ်၏ နတ်ဘုရားသုံးပါးကို ရှောင်ရှားရန် သတင်းအချက်အလက် ပေါက်ကြားမှုကို တားဆီးရန် မျိုးနွယ်ခြားများအတွက် ကြီးမားသော တန်ကြေးတစ်ခု ပေးဆပ်ရလေသည်။

ထို့ကြောင့် အဆင့်မြင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူများမှလွဲ၍ မျိုးနွယ်ခြားများက လုပ်ကြံသတ်ဖြတ်ရန် မကြိုးစားကြပေ။ လုပ်ကြံသတ်ဖြတ်ခြင်းအပြင် အခြားနည်းလမ်းများလည်း ရှိလေသည်။

ရွှေယွဲ့အိမ်နံပါတ် ၃၂တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ စိတ်ထဲတွင် စေတီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များ ထွက်ပေါ်လာသည်။

စေတီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာ ဖြစ်ပြီး စေတီကြယ်ဟုခေါ်သည့် အဆင့်မြင့်အသက်ဂြိုလ်မှ လာခြင်းဖြစ်သည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်ရွေးချယ်ခဲ့သော ဆုများထဲမှ တစ်ခုဖြစ်၏။

" တကယ်ကို နက်နဲတာပဲ။ " လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆင်ခြင်လေ့လာနေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စေတီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခဲ့ပါတယ်။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စေတီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခဲ့ပါတယ်။ ]

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ နက်နဲမှုများကို လျင်မြန်စွာ နားလည်လာသည်။

" ဒီလိုနက်နဲတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကတောင် ဆဋ္ဌမအလွှာ ကန့်သတ်ချက်ကို မကျော်လွန်နိုင်တာ စိတ်မကောင်းစရာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာကြားတွင် အလွန်ကြီးမားသော အတားအဆီးကြီးတစ်ခု ရှိနေသည်။ ဆင့်ကဲပြောင်းလဲသူဖြစ်စေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်စေ အားလုံး အတူတူပင် ဖြစ်၏။

" စိတ်ပြေလက်ပျောက် အပြင်ထွက်ပြီး လမ်းလျှောက်ဦးမှပါ။ " လင်းယွမ်က ရွှေယွဲ့အိမ်ယာ၏ ဥယျာဉ်ကို လျှောက်ကြည့်ရန် လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့သည်။

အဆင့်မြင့်ဇိမ်ခံအိမ်ယာတစ်ခု ဖြစ်သောကြောင့် ဥယျာဉ်က အလွန်လှပသော ပန်းပင်များဖြင့် လှပနေပြီး ကြည်နူးစရာကောင်းလှသည်။

ရုတ်တရက် လှပသော အမျိုးသမီးတစ်ယောက်က ဆန့်ကျင်ဘက်မှ လမ်းလျှောက်လာသည်။ သူမကလည်း ရွှေယွဲ့အိမ်ယာတွင် နေထိုင်သူတစ်ယောက် ဖြစ်ပုံရသည်။

" ဟမ် " လင်းယွမ်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့် လှပသောအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ သူတစ်ချက်ကြည့်လိုက်သည်နှင့် အမျိုးသမီးက ထွက်ခွာသွားသည်။

လင်းယွမ်က ထူးဆန်းသွားပြီး ရပ်၍ အမျိုးသမီးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

လှပသော အမျိုးသမီးက နောက်လှည့်မကြည့်သော်လည်း လင်းယွမ်၏ အကြည့်ကို ခံစားမိလေသည်။ သူမက လင်းယွမ် သတိထားမိစေရန် ခနထွက်လာခြင်းဖြစ်သည်။

သူမ၏ မျိုးနွယ်က ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သော အထူးနည်းစနစ်တစ်မျိုးကို လေ့ကျင့်ကြလေသည်။ ယခု သူမက လမ်းလျှောက်ရင်း ထိုဆွဲဆောင်ခြင်းနည်းစနစ်ကို ထုတ်ဖော်ပြီး စတုတ္ထအလွှာ ပါရမီရှင်ကို ဆွဲဆောင်နေခြင်းဖြစ်သည်။ ၎င်းက တိုက်ခိုက်ရေးတွင်အားသာသော ပါရမီရှင်များကို အနိုင်ယူရန် အကောင်းဆုံးနည်းလမ်းဖြစ်၏။ ၎င်းက သူတို့ကို တိုက်ရိုက်လုပ်ကြံခြင်းထက် အောင်မြင်နိုင်ချေ ပိုများလေသည်။

All Chapters