ပန်းနတ်ဘုရားမျိုးနွယ်....
Vol. 6 Ch. 98
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နာယလည်နိုင်စွမ်းဖြင့် အမည်မသိ သက်ရှိတစ်မျိုးကို လေ့လာပြီး အမည်မသိဆွဲဆောင်ခြင်းနည်းစနစ်ကို နားလည်သွားပါပြီ။ ]
" အမည်မသိ ဆွဲဆောင်ခြင်းနည်းစနစ်..." လင်းယွမ်က ခနစဉ်းစားပြီးနောက် ထိုဆွဲဆောင်ခြင်းနည်းစနစ်က လူသားမျိုးနွယ်များ အသုံးပြုနိုင်သောအရာမဟုတ်သည်ကို နားလည်သွားသည်။
" လူသားမျိုးနွယ် အသုံးပြုနိုင်တဲ့ ဆွဲဆောင်ခြင်းနည်းစနစ်မဟုတ်ရင် အဲ့ဒီအမျိုးသမီးက ဘယ်လိုအသုံးပြုခဲ့တာလဲ။ " လင်းယွမ်က စိတ်ရှုပ်သွား၏။
လင်းယွမ်က ထိုအမျိုးသမီး ဆွဲဆောင်ခြင်းနည်းစနစ်အား အသုံးပြုခဲ့သည်ကို အတည်ပြုနိုင်လေသည်။ မဟုတ်လျှင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက ၎င်းကို နားလည်မည်မဟုတ်ပေ။
" သံသယရှိရင် ဉာဏ်ပညာနတ်ဘုရားကို မေးကြည့်ရုံပေါ့။ " လင်းယွမ်က သူ၏ နေအိမ်သို့ ပြန်လာပြီး ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။
သူက အမည်မသိ ဆွဲဆောင်ခြင်းနည်းစနစ်ကို တင်ပြခဲ့ပြီး မကြာမီ ဉာဏ်ပညာနတ်ဘုရား၏ တုန့်ပြန်မှု ထွက်ပေါ်လာသည်။
" လေးစားရပါသော နိုင်ငံသားလင်းယွမ် အဲ့ဒီဆွဲဆောင်ခြင်းနည်းစနစ်က ပန်းနတ်ဘုရားမျိုးနွယ်ကလာပြီး သူတို့ရဲ့ သွေးမျိုးဆက်စွမ်းရည်ကို လျို့ဝှက်နည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး စိတ်ကို လှည့်စားတာ ဖြစ်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ရှင်းပြလိုက်သည်။
" ပန်းနတ်ဘုရားမျိုးနွယ် " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ထိုမျိုးနွယ်က အပင်အမျိုးအစား သက်ရှိများဖြစ်ပြီး လူသားမျိုးနွယ်၏ ရန်သူမျိုးနွယ်တစ်ခုလည်း ဖြစ်သည်။ စိတ်ကိုလှည့်စားခြင်းနှင့် ရုပ်ဖျက်ရာတွင် ကျွမ်းကျင်သောကြောင့် လူသားမျိုးနွယ်ထဲသို့ သူလျိုများ မကြာခန ဝင်ရောက်လေ့ရှိသည်။
" အဲ့ဒီအမျိုးသမီးက ပန်းနတ်ဘုရားမျိုးနွယ်က မျိုးနွယ်ခြားတစ်ယောက်ဖြစ်မယ်။ " လင်းယွမ်က ဥယျာဉ်ထဲတွင် တွေ့ခဲ့သော အမျိုးသမီးကို တွေးလိုက်သည်။
စကြာဝဠာလူသားမဟာမိတ်တွင် အဆင့်မြင့်အိမ်ယာများရှိသော အသက်ဂြိုလ်များစွာ ရှိပြီး ထိုမျိုးနွယ်ခြားက လင်းယွမ်၏ အနီးတွင် ပေါ်လာခြင်းမှာ သူ့ကို ပစ်မှတ်ထားသကဲ့သို့ ဖြစ်နေသည်။
" ပြိုင်ပွဲရလဒ်တွေကြောင့်လား။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။
လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် တိုင်ပင်ပြီးမှ ပြိုင်ပွဲတွင် စတုတ္ထအလွှာခွန်အားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ဉာဏ်ပညာနတ်ဘုရား၏ ရှင်းပြချက်အရ အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မျိုးနွယ်ခြားများ၏ အာရုံကို ဆွဲဆောင်နိုင်သော်လည်း လုပ်ကြံမည့်စာရင်းထဲ ပါဝင်မည်မဟုတ်ပေ။
အများဆုံး သူ့ကို နှောက်ယှက်ရန်သာ ကြိုးစားကြမည်ဖြစ်ပြီး လင်းယွမ် ကြိုတင်ပြင်ဆင်ထားလျှင် ဘာမှဖြစ်လာမည်မဟုတ်ပေ။ စတုတ္ထအလွှာ ခွန်အားကို ပြသခြင်းက ချီခွန်ကြယ်သခင်၏ အာရံကို ဆွဲဆောင်နိုင်ပြီး အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ ရရှိနိုင်လေသည်။ အန္တရာယ်နည်းပြီး အခွင့်အလမ်းက ကြီးမားလေသည်။
" ငါ မျိုးနွယ်ခြားတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ။ " လင်းယွမ်က အနည်းငယ်တုန်လှုပ်သွား၏။
ထိုမျိုးနွယ်ခြားများက လင်းယွမ်အတွက် အကျိုးကျေးဇူးများ ရရှိနိုင်လေသည်။ ဥပမာ မျိုးနွယ်ခြားများ၏ ခြေရာကို လိုက်ခြင်းဖြင့် အခြားသူများကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
မျိုးနွယ်ခြားများက လူသားမျိုးနွယ်ထဲတွင် စိမ့်ဝင်နေကြသောကြောင့် ရတနာများ သယ်ဆောင်လာမည်မှာ သေချာလေသည်။ လင်းယွမ်က အခြေအနေကို အသုံးချနိုင်လျှင် အကျိုးအမြတ်အချို့ ရိတ်သိမ်းနိုင်ပေလိမ့်မည်။
" ထားလိုက်တော့ အဲ့ဒီမြောင်းထဲက ကြွက်တွေနဲ့ အလုပ်နေဖို့မလိုဘူး။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် ဉာဏ်ပညာနတ်ဘုရားကို ဆက်သွယ်လိုက်သည်။
" ဉာဏ်ပညာနတ်ဘုရား ကျုပ်မှာ တင်ပြစရာရှိပါတယ်။ "
စကြာဝဠာလူသားမဟာမိတ်နှင့် AI နတ်ဘုရားသုံးပါးတို့က သံသယဖြစ်ဖွယ်အခြေအနေများကို တင်ပြရန် နိုင်ငံသားတိုင်းကို တိုက်တွန်းထားသည်။ ၎င်းတို့နှာ အကျင့်ပျက်ခြစားမှု၊ ဥပဒေချိုးဖောက်မှုများ၊ အခွန်ရှောင်ခြင်းများ၊ မျိုးနွယ်ခြားများနှင့် ပက်သက်သော အချက်အလက်များ အားလုံးပါဝင်လေသည်။ သတင်းပို့ရုံသာမ နတ်ဘုရားများက အစီရင်ခံစာကို အကဲဖြတ်ပြီး ဆုလာဒ်များ ချီးမြှင့်မည်ဖြစ်သည်။
ဆုလာဒ်များက ပိုက်ဆံ၊ အလုပ်၊ ရှားပါးရတနာများ၊ ဝိညာဉ်ပစ္စည်းများ၊ ကောင်းမှုအမှတ်များ စသည်တို့ ဖြစ်သည်။
တင်ပြသော နည်းလမ်းကလည်း အလွန်ရိုးရှင်း၏။ ဉာဏ်ပညာနတ်ဘုရားကို တိုက်ရိုက်ဆက်သွယ်လိုက်ရုံသာ ဖြစ်သည်။သီအိုရီအရ အဆင့်တစ်နိုင်ငံသားများပင် ဂြိုလ်အုပ်ချုပ်သူကို သတင်းပို့ရန် အခွင့်အရေးရှိလေသည်။ ဉာဏ်ပညာနတ်ဘုရားကို မဆင်မခြင်းသတင်းပို့ခြင်းများကိုတော့ တားမြစ်ထားသည်။
လင်းယွမ်က မျိုးနွယ်ခြားအမျိုးသမီးတစ်ယောက်ကို တွေ့ရှိကြောင်း ဉာဏ်ပညာနတ်ဘုရားကို တင်ပြလိုက်ခြင်းက အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်သည်။ သူ၏ လက်ရှိအခြေအနေအရ မျိုးနွယ်ခြားများနှင့် ဆက်ဆံရန် မလိုအပ်ပေ။ သူက ဉာဏ်ပညာနတ်ဘုရားထံ တိုက်ရိုက်သတင်းပို့ပြီး ဆုလာဒ်များကို ရယူရုံသာ ဖြစ်သည်။
" နိုင်ငံသားလင်းယွမ် ကျေးဇူးပြု၍ ပြောပါ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
" ကျုပ် အစောက လမ်းလျှောက်ထွက်တုန်း အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူမက မျိုးနွယ်ခြားတစ်ယောက်ဖြစ်မယ်လို့ ကျုပ်ထင်တယ်။ " လင်းယွမ်က အသေးစိတ်အချက်အလက်များကို မပြောဘဲ တိုက်ရိုက်ပြောလိုက်သည်။ ထိုကိစ္စတွင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက ပါဝင်နေ၏။
ထို့အပြင် လင်းယွမ်၏ နိုင်ငံသားအဆင့်ဖြင့် လျှောက်ပြောလျှင်တောင် ဉာဏ်ပညာနတ်ဘုရားက စစ်ဆေးမည်ဖြစ်သည်။ ထိုအမျိုးသမီးက မျိုးနွယ်ခြားတစ်ယောက်ဖြစ်သောကြောင့် ဉာဏ်ပညာနတ်ဘုရား၏ စစ်ဆေးမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
" ဒါက နိုင်ငံသားလင်းယွမ် ပြောတဲ့သူလား။ " လင်းယွမ်၏ ရှေ့တွင် ဥယျာဉ်ထဲတွင်တွေ့ခဲ့သော အမျိုးသမီး၏ ပုံ ပေါ်လာသည်။
" အဲ့ဒါ သူမပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
မကြာမီ ထိုအမျိုးသမီး၏ ဘိုးဘေးများအပါအဝင် မွေးဖွားချိန်မှ ယခုအချိန်ထိ အချက်အလက်များပေါ်လာသည်။
နာမည် - ယောင်ချင်းချင်း
အသက် - ၉၂ နှစ်
ခွန်အား - ဒုတိယအလွှာ အဆင့် ၇
မွေးဖွားရာဂြိုလ် - .....
ခနအတွင်း ဉာဏ်ပညာနတ်ဘုရား၏ စွမ်းအားကောင်းသော တွက်ချက်မှုများအရ ယောင်ချင်းချင်း၏ သံသယဖြစ်ဖွယ်အခြေအနေများကို တွေ့ရှိခဲ့သည်။ သူမက အသက် ၂၈ နှစ်တွင် အစားထိုးခံလိုက်ရပုံရသည်။ သူမ၏ အပြုအမူများကို ခွဲခြမ်းစိတ်ဖြာချက်အရ လွန်ခဲ့သော ၂၈နှစ်နှင့် ကွဲပြားလာခဲ့သည်။ သံသယကို အတည်ပြုပြီးနောက် ယောင်ချင်းချင်းကို ဖမ်းဆီးရန် ဆင့်ကဲပြောင်းလဲသူများ စေလွှတ်ခဲ့သည်။
လင်းယွမ်က သတင်းပို့သူဖြစ်ပြီး အဆင့်လေးနိုင်ငံသားဖြစ်သောကြောင့် အချက်အလက်များကို မဖုံးကွယ်ထားပေ။
" ပန်းနတ်ဘုရားမျိုးနွယ် "
ပန်းနတ်ဘုရားမျိုးနွယ်နှင့် ပက်သက်သော အချက်အလက်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။ ပန်းနတ်ဘုရားမျိုးနွယ်က အင်းဆက်မျိုးနွယ်မဟာမိတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။
ကြယ်တာယာခေတ်တွင် နှစ်ပေါင်းနှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်က အားကောင်းလာခြင်းနှင့်အတူ မျိုးနွယ်ခြားများကို စည်းလုံးစေခဲ့သည်။
သူတို့ကြားတွင် အင်းဆက်မျိုးနွယ်က မျိုးနွယ်ခြားများကို ဦးဆောင်ပြီး မဟာမိတ်ကို ဖွဲ့စည်းခဲ့သည်။ အင်းဆက်မျိုးနွယ်က အလွန်စွမ်းအားကောင်းပြီး လူသားမျိုးနွယ်အောက် မနိမ့်ပေ။ အင်းဆက်မျိုးနွယ်စစ်သည်များက သေဘေးကို မကြောက်ရွံ့ကြဘဲ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လေသည်။
နယ်မြေတိုးချဲ့ချိန်တွင် လူသားမျိုးနွယ်က အင်းဆက်မျိုးနွယ်နှင့် အကြိမ်အနည်းငယ် ရင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင် အောင်ပွဲများသာ ရရှိခဲ့သည်။
ရွှေယွဲ့အိမ်ယာ၏ အပြင်ဘက် ကော်ဖီဆိုင်တစ်ဆိုင်တွင် ယောင်ချင်းချင်းက တည်ငြိမ်စွာ ထိုင်နေသည်။ လက်ရှိအခြေအနေအရ လင်းယွမ်က သူမအား မဆန့်ကျင်သည်ကို အတည်ပြုနိုင်ခဲ့သည်။ မဟုတ်လျှင် သူက သူမကို လှည့်ကြည့်မည်မဟုတ်ပေ။
" စိတ်မကောင်းစရာပဲ။ ဖြည်းဖြည်းချင်းသွားမှရမယ်။ မဟုတ်ရင်..." ယောင်ချင်းချင်းက ရွှေယွဲ့အိမ်ယာကို ကြည့်နေသည်။
" ဒီတာဝန်က သေချာတဲ့ကိစ္စတစ်ခုပဲ။ အချိန်နည်းနည်းကြာရင် ငါက အဲ့ဒီ လူသားမျိုးနွယ် ပါရမီရှင်ကို ငါ့လက်ထဲမှာ ဆုပ်ကိုင်နိုင်လိမ့်မယ်။ " ယောင်ချင်းချင်းက သူမကိုသူမ ကျေနပ်နေသည်။
သူမက တာဝန်များစွာ ဆောင်ရွက်ခဲ့သော်လည်း ယခုကဲ့သို့ လွယ်ကူသော တာဝန်က ရှားပါးလေသည်။ အထူးသဖြင့် လင်းယွမ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးသောကြောင့် သူမကို ခုခံနိုင်မည်မဟုတ်ပေ။
" လူသားမျိုးနွယ်ရဲ့ ပါရမီရှင်ကို ထိန်းချုပ်နိုင်ရင် ငါဘာဆုလာဒ်တွေ ရမလဲမသိဘူး။ " ယောင်ချင်းချင်းက တွေးနေသည်။
ထိုအခိုက်တွင် သူမ၏ အာရုံက ရွှေယွဲ့အိမ်ယာတွင်သာ ရှိနေသောကြောင့် ကော်ဖီဆိုင်ထဲတွင် လူများမရှိတော့သည်ကို သတိမပြုမိပေ။ ဝန်ထမ်းများပင် မရှိတော့ပေ။
" ဟမ် " ယောင်ချင်းချင်းက ရုတ်တရက် ထိတ်လန့်သွား၏။ သူမက လှည့်ပတ်ကြည့်ပြီး လူတစ်ယောက်မှမရှိသည်ကို မြင်သောအခါ သူမ၏ အမူအရာက မဲမှောင်သွားသည်။
" သေစမ်း ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ။ " အတွေ့အကြုံရှိသော သူလျိုတစ်ယောက်အနေဖြင့် ယောင်ချင်းချင်းက တိုက်ဆိုက်မှုများကို မယုံကြည်ပေ။
သူမဝင်လာသည့်အချိန်တွင် ကော်ဖီဆိုင်ထဲ လူများရှိနေပြီယ ယခု လူသူကင်းမဲ့နေသည်မှာ သူမကို လူသားများ ရှာတွေ့သွားပြီကို ထင်ရှားစွာ ညွှန်ပြနေသည်။
ထိုသို့တွေးရင်း ယောင်ချင်းချင်းက တည်ငြိမ်စွာဖြင့် ထွက်သွားရန် ပြင်လိုက်သည်။ ယခုအချိန်တွင် လူသားအရာရှိများက သူမကို သံသယရှိရုံသာ သို့မဟုတ် သူမ၏ ခွန်အားကို လျှော့တွက်ပြီး လူအနည်းငယ်သာ ရှိနေပေလိမ့်မည်။
အပေါ်ယံတွင် ယောင်ချင်းချင်းက ဒုတိယအလွှာ အဆင့် ၇ဖြစ်သော်လည်း အမှန်တော့ သူမက တတိယအလွှာ အဆင့်၁၀သို့ ရောက်နေပြီ ဖြစ်သည်။
လူသားမဟာမိတ်က တတိယအလွှာ အဆင့် ၁၂ သို့မဟုတ် စတုတ္ထအလွှာ အရာရှိများကို မလွှတ်သရွေ့ သူမက လွတ်မြောက်ရန် အခွင့်အရေးရှိလေသည်။
သို့သော် ယောင်ချင်းချင်းက ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် ကော်ဖီဆိုင်ဝင်ပေါက်မှ တောက်ပသော အပြုံးနှင့် လူတစ်ယောက် ဝင်လာခဲ့သည်။
" ဟယ်လို " ထိုလူက ယောင်ချင်းချင်းကို ပြုံးပြလိုက်သည်။
ချက်ချင်း ယောင်ချင်းချင်းက ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
" ဒါ ဒါ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူလား။ " စိတ်ပျက်မှုများက ယောင်ချင်းချင်း၏ စိတ်ထဲတွင် ပြည့်နှက်သွား၏။
ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလွန်စွမ်းအားကောင်းပြီး ကန်လန်ကြယ်ကဲ့သို့ အလယ်အဆင့် အသက်ဂြိုလ်တွင် သုံးလေးယောက်သာ ရှိပေလိမ့်မည်။ ထိုပုဂ္ဂိုလ် သုံးလေးယောက်ကလည်း အရေးပါသော ရာထူးများကို တာဝန်ယူထားပြီး အလွယ်တကူ ထွက်ပေါ်လာခြင်းမရှိပေ။
ယခု ထိုကဲ့သို့ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က သူမရှေ့သို့ ရောက်လာလေသည်။ ထို့အပြင် ထိုဆင့်ကဲပြောင်းလဲသူက ဝိညာဉ်ပုံရိပ်ယောင်အမျိုးအစား ဖြစ်၏။ ထိုကဲ့သို့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ရှေ့တွင် သူမက သူမကိုသူမ သတ်သေနိုင်စွမ်းပင် ရှိမည်မဟုတ်ပေ။
အကြည့်တစ်ချက်က သူမကို ပုံရိပ်ယောင်ထဲသို့ နစ်မြှုပ်သွားစေပြီး ရုန်းမထွက်အောင် လုပ်နိုင်လေသည်။ သူမ၏ စိတ်အသိက နစ်မြှုပ်သွားသကဲ့သို့ ယောင်ချင်းချင်း၏ စိတ်ထဲတွင် သူမ ကန်လန်ကြယ်ပေါ်သို့ ရောက်လာသည့်အချိန်မှစ၍ ဖြစ်ပျက်သမျှက ထွက်ပေါ်လာသည်။
သူမက ကန်လန်ကြယ်ပေါ်သို့ စီပွားရေးခရီးစဉ်တစ်ခုအဖြစ် ဝင်ရောက်လာခဲ့ပြီး သူမ၏ လုပ်ရပ်များက သံသယဝင်စရာမကောင်းပေ။ သူမက ရွှေယွဲ့အိမ်ယာတွင် အိမ်တစ်လုံးဝယ်ပြီး နေထိုင်ခဲ့သည်။
ထို့အပြင် သူမက လင်းယွမ်နှင့် တွေ့စဉ်ကပင် ဘာမှမလုပ်ဘဲ ပန်းနတ်ဘုရားမျိုးနွယ်၏ ဆွဲဆောင်ခြင်းနည်းစနစ်တစ်ခုကို အသုံးပြုခဲ့ရုံသာ ဖြစ်သည်။
သူမကို ဘယ်လိုရှာတွေ့သွားတာလဲ။
လင်းယွမ်က တစ်ခုခုကို သတိထားမိသွားတာလား။
သူက သတင်းပို့ခဲ့လျှင်တောင် ဉာဏ်ပညာနတ်ဘုရားက သူမကိုဖမ်းဆီးရန် ပဉ္စမအဆင့် ဆင့်ကဲပြောင်းလဲသူကို မလွှတ်သင့်ပေ။
သူမ၏ အတွေးများ လွင့်ပျယ်သွားသကဲ့သို့ ယောင်ချင်းချင်းက အိပ်မောကျသွားခဲ့သည်။
" ပြီးပြီ။ " ဆိုင်အဝင်မှ တောက်ပသော အပြုံးပိုင်ရှင်က လက်ဝှေ့ရမ်းလိုက်သည်နှင့် လူတစ်စုဝင်လာပြီး ယောင်ချင်းချင်းကို သယ်ဆောင်သွားကြသည်။
" ဒီလိုငါးသေးသေးလေးကို ဉာဏ်ပညာနတ်ဘုရားက ဘာလို့ငါ့ကို လှုပ်ရှားခိုင်းတာလဲ။ " ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူက အနည်းငယ် ပဟေဋ္ဌိ ဖြစ်သွား၏။ " သူတန်ဖိုးထားတဲ့အရာ တစ်ခုခုရှိလို့လား။ "
ထိုလူက နားမလည်နိုင်ဘဲ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
ရွှေယွဲ့အိမ်နံပါတ် ၃၂၏ လသာဆောင်ပေါ်တွင် လင်းယွမ်က အဝေးသို့ ကြည့်နေသည်။
" ဒီစိတ်စွမ်းအားလှိုင်း..." လင်းယွမ်က အံ့ဩနေ၏။ သူက အလွန်နက်နဲသော စိတ်စွမ်းအားလှိုင်းများကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက စတုတ္ထအလွှာထက် ကျော်လွန်လေသည်။
" လေးစားရပါသော နိုင်ငံသားလင်းယွမ် ငါတို့ မျိုးနွယ်ခြားက သူလျိုကို ဖမ်းဆီးပြီးပါပြီ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" အိုး " လင်းယွမ်က စဉ်းစားနေသည်။ သူခံစားခဲ့ရသော စိတ်စွမ်းအားလှိုင်းက ယောင်ချင်းချင်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်မည်ဟု သူခန့်မှန်းမိလေသည်။
" ယောင်ချင်းချင်းက အရမ်းသန်မာလို့လား။ " လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
သူခံစားခဲ့ရသော စိတ်စွမ်းအားလှိုင်းက အနည်းဆုံး ပဉ္စမအလွှာတွင် ရှိသည်မှာ သေချာလေသည်။
" သူမက ခွန်အားအချို့ ဖုံးကွယ်ထားပြီး အစစ်အမှန်ခွန်အားက တတိယအလွှာမှာ ရှိပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေလိုက်သည်။
" တတိအလွှာ မျိုးနွယ်ခြားတစ်ယောက်ကို ဖမ်းဖို့ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို အသုံးပြုတာလား။ " လင်းယွမ်က အံ့အားသင့်သွားသည်။
ယခု စကြာဝဠာလူသားမဟာမိတ်က အစွမ်းထက်ပုဂ္ဂိုလ်တွေ ပေါများနေတာလား။
" လေးစားရပါသော နိုင်ငံသားလင်းယွမ် သင်က လူသားမျိုးနွယ်ရဲ့ အရေးပါမှုကြောင့် ဒီလိုလုပ်ရတာပါ။ "
ဉာဏ်ပညာနတ်ဘုရားအတွက် လင်းယွမ်၏ အဆင့်လေးနိုင်ငံသား သို့မဟုတ် အသက်တစ်ရာအောက် စတုတ္ထအလွှည ဆင့်ကဲပြောင်းလဲသူ ထိုအရာများက အရေးမပါပေ။
ဉာဏ်ပညာနတ်ဘုရားအတွက် အဓိကအရေးပါသည်မှာ လင်းယွမ်ဖန်တီးခဲ့သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်၏။ ဆဋ္ဌမအလွှာသို့ ရောက်နိုင်သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သည်။