← Chapters

အိမ်ပြောင်းခြင်း....

Vol. 6 Ch. 99

အိမ်ပြောင်းခြင်း....

Vol. 6 Ch. 99

မျိုးနွယ်ခြားတစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်းက လင်းယွမ်ကို စဉ်းစားမရဖြစ်စေသည်။ ဉာဏ်ပညာနတ်ဘုရား၏ အဆိုအရ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူအဖြစ် မဖော်ပြသရွေ့ အသက်တစ်ရာအောက် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ပစ်မှတ်ထားရန် မျိုးနွယ်ခြားများအတွက် ပေးဆောင်ရမည့် တန်ကြေးနှင့် မထိုက်တန်ပေ။

ဒါပေမယ့် ဘာလို့လဲ။ လင်းယွမ်က သူ၏ အသက်ကို မျိုးနွယ်ခြားများနှင့် မစွန့်စားလိုပေ။

" နေရာပြောင်းရမယ်။ "

ရွှေယွဲ့အိမ်ယာက အဆင့်မြင့်သော်လည်း သာမန်နိုင်ငံသားများအတွက်သာ ဖြစ်၏။ လက်ရှိလင်းယွမ်အတွက် မသင့်တော်တော့ပေ။

တစ်ဦးချင်းပြိုင်ပွဲပြီးသောအခါ ကန်လန်ကြယ်၏ အရာရှိများက ထိပ်ဆုံးဆယ်ယောက်ကို အိမ်ယာတစ်ခုစီ ပေးအပ်ခဲ့သည်။ ၎င်းက ကန်လန်ကြယ်၏ ဗဟိုကုန်းမြေတွင် တည်ရှိပြီး ကန်လန်ကြယ် ဂြိုလ်ကာကွယ်ရေးစနစ်၏ အမြူတေတွင် ဖြစ်သည်။ ထိုနေရာတွင် ပဉ္စမအလွှာ မျိုးနွယ်ခြားတစ်ယောက်ပင် သူ့ကို လုပ်ကြံရန် မဖြစ်နိုင်ပေ။

သူတို့လှုပ်ရှားလိုက်သည်နှင့် ဂြိုလ်ကာကွယ်ရေးစနစ်၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။ ထို့အပြင် ကင်းလှည့်နေသော ဆင့်ကဲပြောင်းလဲသူများလည်း ရှိပြီး အပြင်လူများ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

သူ၏ မိဘများနေအိမ်တွင် လင်းယွမ်က လင်းချောင်ချန်၊ လုချုံးတို့နှင့် အပြင်တွင် ရပ်နေကြသည်။ လင်းယိက သူမ၏ ရှေ့မှ အိမ်ကို ကြည့်နေသည်။ သူက အိမ်ပြောင်းရန် ရွေးချယ်ခဲ့သဖြင့် သူ၏ မိဘများကိုလည်း သူနှင့် အတူခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။

ခနကြာသောအခါ ယူနီဖောင်းဝတ်ထားသော လူနှစ်ယောက် ရောက်လာပြီး လင်းယွမ်ကို အရိုအသေပေးလိုက်ကြသည်။ " မစ္စတာလင်း ကျုပ်တို့ ကူညီဖို့ရောက်လာတာပါ။ "

" ကျေးဇူးတင်ပါတယ် " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

အမှန်တော့ သူတို့က ယူစရာအများကြီးမရှိဘဲ သူ၏ မိဘများ လွန်ခဲ့သော ဆယ်နှစ်က စုဆောင်းခဲ့သော အမှတ်တရ ပစ္စည်းများသာ ရှိသည်။ ပရိဘောဂနှင့် အသုံးအဆောင်များက ပြင်ဆင်ပြီးသားဖြစ်သည်။

" ဘာဖြစ်လို့လဲ။ မသွားချင်ဘူးလား။ " လင်းယွမ်က သူ၏ ညီမ လင်းယိကို ကြည့်ပြီး ပြောလိုက်သည်။

" သိပ်မသွားချင်ဘူး။ " လင်းယိက ခေါင်းငြိမ့်လိုက်၏။ သူမတို့၏ အိမ်အဟောင်းနှင့်ယှဉ်လျှင် ယခုအိမ်က အလွန်ကောင်းမွန်လှသည်။

" သွားမယ် အိမ်အသစ်က ဒီထက်ပိုကောင်းတယ်။ " လင်းယွမ်က ပြောလိုက်ပြီး လေယာဉ်ပေါ်သို့ တက်လိုက်သည်။

တုန်နင်မြို့မှ ဗဟိုကုန်းမြေသို့ သွားရန် လေယာဉ်ကဲ့သို့ ပျံသန်းနိုင်သော ယာဉ်များ လိုအပ်လေသည်။ လင်းယွမ်က သူကိုယ်တိုင် ပျံသန်းနိုင်သော်လည်း မလိုအပ်ပေ။ နေ့တစ်ဝက်ကြာပြီးသောအခါ သူတို့က ဗဟိုကုန်းမြေသို့ ရောက်လာကြသည်။

" ဒီ အိမ်နံပါတ် ၆၆က မစ္စတာလင်းရဲ့ အိမ်အသစ်ပါ။ " ယူနီဖောင်းဝတ်လူက ပြောလိုက်သည်။ " ခြံဝင်းက ဧကတစ်ရာကျယ်ပြီး အဓိက အဆောက်အဦးခြောက်လုံး၊ အရန်အဆောက်အဦးခြောက်လုံးနဲ့ အထူးမြေအောက်လေ့ကျင့်ရေးကွင်းရှိပါတယ်။ အခြားနေရာတွေကိုတော့ ပန်းပင်တွေနဲ့ သီးပင်စားပင်တွေ စိုက်ပျိုးနိုင်ပါတယ်။ "

လင်းယွမ်က စံအိမ်ကို မြင်ဖူးထားသော်လည်း သူ၏ မိဘများနှင့် ညီမလေးကတော့ မျက်လုံးများပြူးနေကြသည်။ အထူးသဖြင့် သူ၏ ညီမ လင်းယိက ပတ်ဝန်းကျင်ကို တောက်ပသော မျက်လုံးများနှင့် လှည့်ပတ်ကြည့်နေသည်။

" ဒီအိမ်က သာမန်လူနေရပ်ကွက်ထက်တောင် ပိုကြီးတယ်မဟုတ်လား။ " လင်းချောင်ချန်းက ဗဟိုကုန်းမြေမှာ ကန်လန်ကြယ်၏ အဓိကနေရာပြီး မြေလက်မတိုင်းက ရွှေနှင့်တူသည်ကို သိလေသည်။

လင်းယွမ်က သူ၏ မိဘများနှင့်အတူ လျှောက်သွားလိုက်သည်။ ဤအိမ်က ငွေအမြောက်အမြားဖြင့်ပင် ဝယ်ယူ၍မရနိုင်သော အဆင့်အတန်းကို ပြသနေသည်။

လင်းယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲသူများအတွက် ကန်လန်ကြယ်အစိုးရမှ သီးသန့်ပြင်ဆင်ထားခြင်း ဖြစ်သည်။

လင်းယွမ်သာမက အခြားဆင့်ကဲပြောင်းလဲသူကိုးယောက်ကလည်း ငယ်ရွယ်ပြီး ပဉ္စမအလွှာသို့ ဝင်ရောက်နိုင်သော အလားအလာများရှိသောကြောင့် သူတို့ကို ဆွဲဆောင်ရန် လိုအပ်လေသည်။

အိမ်ပြောင်းပြီးနောက် လင်းယွမ်က သူ၏ မိဘများကို အဓိကအဆောက်အဦးတွင်နေရန် ပြောခဲ့သော်လည်း သူ၏ မိဘများက လက်မခံဘဲ ဖြစ်နေသည်။ လင်းယွမ်နှင့် သူမ၏ မိဘများ ငြင်းခုန်နေကြသည်ကို မြင်သောအခါ လင်းယိက ဘယ်သူမှ မနေလည်း သူမက အဓိအဆောက်အဦးတွင် နေမည်ဟု ပြောခဲ့လေသည်။ ရလဒ်အနေဖြင့် သူမက လင်းချုံး၏ ရိုက်ခြင်းခံလိုက်ရပြီး စိတ်ကောက်သွားခဲ့သည်။

နောက်တစ်ရက် လင်းယွမ် လေ့ကျင့်မှုပြီးချိန်တွင် စက်ရုပ်တစ်ရုပ်က လူအရပ်တစ်ဝက်ရှိသော သေတ္တာကို သယ်ပြီး ရောက်လာသည်။

" ဒါ ပြိုင်ပွဲဆုလာဒ်တွေလား။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။

ပြိုင်ပွဲဆုများက ငါးမျိုးဖြစ်သော်လည်း လေးမျိုးသာ ပို့ခဲ့လေသည်။ သူတို့က စေတီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ချက်ခြင်း မပို့ခဲ့ပေ။

လင်းယွမ်က နေအိမ်အသစ်ပြောင်းပြီးနောက် သူ၏ လိပ်စာကိုလည်း ပြောင်းလဲခဲ့သည်။ ယနေ့ ဆုများ ရောက်ရှိလာသည်။

သူ၏ အဆင့်အတန်းကို အတည်ပြုပြီးသောအခါ လင်းယွမ်က သေတ္တာကို ဖွင့်လိုက်သည်။ သူ၏ အာရုံကို ပထမဆုံး ဆွဲဆောင်နိုင်သောအရာမှာ လက်တစ်ဝါးအရွယ် အနက်ရောင်ခေါင်းလောင်းဖြစ်သည်။

" ဝိညာဉ်ဖိနှိပ်ခေါင်းလောင်း " လင်းယွမ်က အနက်ရောင်ခေါင်းလောင်းလေးကို ယူပြီး စစ်ဆေးလိုက်သည်။

ပြိုင်ပွဲ၏ ဆုငါးဆယ်ထဲတွင် ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းက တန်ဖိုးအကြီးဆုံး ဖြစ်၏။ ဝိညာဉ်ကာကွယ်ခြင်းလက်နက်များက အလွန်ရှားပါးပြီး ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းက စတုတ္ထအဆင့်ဖြစ်သောကြောင့် စတုတ္ထအလွှာ ဝိညာဉ်ပုံရိပ်ယောင်အမျိုးအစား ဆင့်ကဲပြောင်းလဲသူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လေသည်။

လင်းယွမ်က အနက်ရောင်ခေါင်းလောင်းကို ကိုင်ပြီး သူ၏ ဝိညာဉ်စွမ်းအားများဖြင့် သန့်စင်လိုက်သည်။ မကြာမီ ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းက ပျောက်ကွယ်သွားပြီး လင်းယွမ်၏ အသိပင်လယ်ထဲတွင် ပေါ်လာသည်။

" မဆိုးဘူး မဆိုးဘူး။ " သူက ခေါင်းငြိမ့်လိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကြားတွင် ဝိညာဉ်ပုံရိပ်ယောင်အမျိုးအစားက ခန့်မှန်းရခက်ရုံသာမက ခုခံရန်လည်း ခက်ခဲလှသည်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုများကို လျစ်လျူရှုပြီး စိတ်ဝိညာဉ်ကို ပစ်မှတ်ထားကာ ဝိညာဉ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်လေသည်။

ဝိညာဉ်ကာကွယ်ရေးလက်နက်များရှိလျှင် သို့မဟုတ် ဝိညာဉ်ကာကွယ်နိုင်သော နည်းစနစ်တစ်ခုမရှိလျှင် ဝိညာဉ်တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။ ခံနိုင်ရည်ရှိလျှင် အသက်ရှင်ပြီး ခံနိုင်ရည်မရှိပါက သေဆုံးမည်ဖြစ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဝိညာဉ်ကို ခုခံနိုင်သော်လည်း ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းရှိနေခြင်းက ကောင်းမွန်သော အရာဖြစ်သည်။ ထို့အပြင် လင်းယွမ်က ဝိညာဉ်ဖိနှိပ်ခေါင်းလောင်းကို အသက်သစ်သီးနှင့် ပေါင်းစပ်အသုံးပြုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ တစ်နေ့လျှင် လင်းယွမ်၏ ရုပ်ခန္ဓာပျက်ဆီးသွားပါက သူ၏ ဝိညာဉ်ကို ဝိညာဉ်ဖိနှိပ်ခေါင်းလောင်း၏ ကာကွယ်မှုအောက်တွင် ထားရှိရမည်ဖြစ်သည်။

ထိုအချိန်တွင် သူက အသက်သစ်သီးကို လျင်မြန်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တစ်ခု ရရှိပြီး အသက်ပိုတစ်ခုကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ထိုသို့တွေးပြီး လင်းယွမ်က အခြားပစ္စည်းတစ်ခုကို ကြည့်လိုက်သည်။ သေတ္တာထဲတွင် အသက်စွမ်းအားများ ပြည့်နှက်နေသော အသက်သစ်သီးရှိ၏။ လင်းယွမ်က သေတ္တာကို ယူပြီး ဖွင်လိုက်သည်။

ချက်ခြင်း ကြောက်စရာကောင်းသော အသက်စွမ်းအားက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ကလေးလက်သီးအရွယ် အစိမ်းရောင်သစ်သီး၏ မွှေးရနံ့က လေထဲတွင် ပြည့်နှက်နေသည်။

" ငါတကယ် စားချင်လာပြီ။ " လင်းယွမ်က တံတွေးများ မျိုချလိုက်သည်။

ယခုအချိန် သူက ထိုအသက်သစ်သီးကို စားလျှင် အလွန်အကျိုးရှိမည်ဖြစ်သည်။ သို့သော် အသက်သစ်သီး၏ ဖော်ပြချက်အရ ၎င်းကို စားပြီးသည်နှင့် ခန္ဓာကိုယ်မှ ဆဲလ်တိုင်းက မကုန်ခမ်းနိုင်သော အသက်စွမ်းအားများနှင့် ပြည့်နှက်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် မည်သည့် ဒဏ်ရာမျိုးမဆို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

သို့သော် ထိုကာလအတွက်သာဖြစ်ပြီး ထို့နောက်တွင် အသက်သစ်သီး၏ အာနိသင်များက ပျောက်ကွယ်သွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။

လင်းယွမ်က သေတ္တာကို ချက်ခြင်း ပိတ်လိုက်သည်။ သေတ္တာကို ဖွင့်ထားခြင်းဖြင့် အသက်သစ်သီး၏ အသက်စွမ်းအားများက လေထဲတွင် လွင့်ပျယ်သွားပေလိမ့်မည်။

" ဟမ် " လင်းယွမ်က လှည့်ပတ်ကြည့်လိုက်ပြီး လေထဲတွင် အသက်စွမ်းအားများ ရှိနေသည်ကို တွေ့လိုက်ရသည်။

သူက အသက်ပြင်းပြင်းရှုလိုက်ပြီး အသက်သစ်သီးမှ ထွက်သွားခဲ့သော အသက်စွမ်းအားများကို စုပ်ယူလိုက်သည်။ လင်းယွမ်က သက်သောင့်သက်သာ ခံစားလိုက်ရပြီး သေတ္တာကို ဘေးဖယ်ထားလိုက်သည်။

" ဝိညာဉ်အားဖြည့်ကျောက်စိမ်း။ " သူက တတိယပစ္စည်းကို ကောက်ယူလိုက်သည်။

သူက ကျောက်စိမ်းကို ကိုင်လိုက်သည်နှင့် စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ ဝိညာဉ်ကို အနည်းငယ် အားဖြည့်သွားခဲ့သည်။ ၎င်းက နှေးကွေးသော်လည်း လင်းယွမ် ဝတ်ဆင်ထားသရွေ့ သူ၏ ဝိညာဉ်ကို အားဖြည့်ပေးနေမည်ဖြစ်သည်။

" အံ့ဩစရာကောင်းတဲ့ ရတနာပဲ။ " လင်းယွမ်က ဝိညာဉ်အားဖြည့်ကျောက်စိမ်းကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်သည်။

" ကျူးလီဆေးရည်။ " လင်းယွမ်က နောက်ဆုံးပစ္စည်းကို ကြည့်လိုက်သည်။

ကျူးလီဆေးရည်က အရိုးဂြိုလ်တစ်ခုမှ လာခြင်းဖြစ်သည်။ နောက်ပိုင်း စကြာဝဠာလူသားမဟာမိတ်က ထိုဂြိုလ်ကို သိမ်းပိုက်လိုက်သောအခါ ရုပ်ခန္ဓာကို အကျိုးသက်ရောက်မှုရှိသော ကျူးလီရေကို တွေ့ခဲ့ကြသည်။

နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ ပညာရှင်အချို့က ကျူးလီရေကို ကျူးလီဆေးရည်အဖြစ် အဆင့်မြှင့်ခဲ့ကြသည်။

လင်းယွမ်က ကျူးလီဆေးရည်ကို ယူလိုက်သည်။ ၎င်းက တောက်ပသော ငွေရောင်အရည်များ ပါဝင်သည့် စမ်းသပ်ပြွန်တစ်ခု ဖြစ်သည်။

" ငါးဘီလီယံ တန်ဖိုးရှိတဲ့ ကျူးလီဆေးရည်ကို အကန့်အသတ်နဲ့ ရောင်းချတယ်။ အဆင့်သုံး နိုင်ငံသားအောက်က ဒါကို မဝယ်နိုင်ဘူး။ " လင်းယွမ်က ၎င်းကို စစ်ဆေးလိုက်သည်။

" ကျူးလီဆေးရည်ကို အသုံးပြုဖို့ မှန်ကန်တဲ့ နည်းလမ်းက သောက်တာ၊ သန့်စင်တာတွေမဟုတ်ဘူး။ ရေနဲ့ဖျော်ပြီး ခန္ဓာကိုယ်ကို စိမ်ရတာပဲ။ "

လင်းယွမ်က ရေချိုးကန်ထဲသို့ သွားပြီး အဝတ်အစားများ ချွတ်ကာ ရေထဲသို့ ဆင်းလိုက်သည်။

" ကျူးလီဆေးရည်ကို အသုံးပြုတာက နာကျင်စေတယ်လို့ ပြောကြတယ်။ " လင်းယွမ်က ပြွန်ကို ဖွင့်ပြီး ငွေရောင်အရည် အနည်းငယ်ကို ရေချိုးကန်ထဲသို့ ဖြည်းညင်းစွာ လောင်းထည့်လိုက်သည်။

ချက်ခြင်း လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ ပူလာသည်ကို ခံစားလိုက်ရသည်။ " ဒါက ဆေးရည်အာနီသင်လား။ "

သူက ကျန်သော ဆေးရည်များကို လျင်မြန်စွာ လောင်းထည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးများ မှိတ်ပြီး သူ၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ အရေပြား၊ အသား၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများထိ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာသည်။

လင်းယွမ်က တည်ငြိမ်စွာ ရှိနေသည်။ သူအတွက် ထိုနာကျင်မှုက ဘာမှမဟုတ်ပေ။ အခြားသူများအတွက် လင်းယွမ်က အသက်နှစ်ဆယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်သည်။

သို့သော် အမှန်တွင် လင်းယွမ်က သက်တမ်း နှစ်ပေါင်းနှစ်ရောကျော်ကို ဖြတ်သန်းနေထိုင်ခဲ့သူဖြစ်သည်။ သူက ကျူးလီဆေးရည်၏ နာကျင်မှုနှင့် လိုက်လျော်ညီထွေဖြစ်အောင် လုပ်ရန် လွယ်ကူပေသည်။

All Chapters