← Chapters

ချီခွန်ကြယ်သခင်....

Vol. 6 Ch. 100

ချီခွန်ကြယ်သခင်....

Vol. 6 Ch. 100

ကျူးလီဆေးရည်ကို စုပ်ယူနေသကဲ့သို့ လင်းယွမ်၏ ရုပ်ခန္ဓာက စတင်တိုးတက်လာသည်။ အနက်ရောင်အညစ်အကြေးများက သူ၏ အရေပြားပေါ်တွင် ပေါ်လာသည်။

လင်းယွမ်က ယခင် လိုလန်ဟီဆီမှ လေ့လာထားသော နည်းစနစ်ဖြင့် ခန္ဓာကိုယ်ကို တစ်ကြိမ်သန့်စင်ပြီးဖြစ်သည်။ ယခု ကျူးလီဆေးရည်က သူ၏ ခန္ဓာကိုယ်ကို ပို၍ နက်ရှိုင်းစွာ သန့်စင်နေသည်။

နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အံ့ဩသွား၏။ " ငါ့ခန္ဓာကိုယ်က ကျူးလီဆေးရည်မသုံးခင်ကထက် သုံးဆယ် လေးဆယ်ရာခိုင်နှုန်းလောက် ပိုသန်မာသွားတာပဲ။ "

" ကျူးလီဆေးရည်ကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တာ စိတ်မကောင်းစရာပဲ။ "

ကျူးလီဆေးရည်ပင်မဟုတ်ဘဲ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ကို သန့်စင်ပေးသော မည်သည့်အရာမဆို တစ်ကြိမ်သာ သက်ရောက်မှုရှိပြီး နောက်တစ်ကြိမ် အသုံးမပြုနိင်ပေ။

VR ကမ္ဘာ ပြိုင်ပွဲဧရိယာ။

ထိုနေရာက ဆင့်ကဲပြောင်းလဲသူအချင်းချင်း တိုက်ခိုက်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။

" ငါမရတော့ဘူး ငါ..." ဖန်ချင်း၏ အသံက တုန်ယင်နေပြီး သွေးတစ်လုပ်အန်ကာ နောက်သို့ လွင့်ပါသွားသည်။

၎င်းက VR ကမ္ဘာသာမဟုတ်ဘဲ လက်တွေ့ကမ္ဘာတွင် ဖန်ချင်းက ဒဏ်ရာအပြင်းအထန်ရပြီး လများစွာ အနားယူရပေလိမ့်မည်။

" အကိုလင်း မင်းက အရမ်းစွမ်းအားကောင်းတယ်။ မင်းရဲ့ ခွန်အားကို တတိယအလွှာထိ ဖိနှိပ်ထားတာတောင် ငါ မင်းကို မရိုက်နိုင်သေးဘူး။ " ဖန်ချင်း၏ ဒဏ်ရာများက လျင်မြန်စွာ သက်သာလာပြီး သူက ခါးသီးသော အမူအရာနှင့် ပြောလိုက်သည်။

" အဲ့ဒါ အဆင်ပြေတယ်။ ထပ်ကြိုးစားကြည့်။ " လင်းယွမ်က ပြုံးလိုက်သည်။

ဖန်ချင်းနှင့် တိုက်ခိုက်ရသည့်အကြောင်းရင်းမှ ဖန်ချင်းက သူ့ကို အရင်လာရှာသောကြောင့် ဖြစ်သည်။ ဗဟိုကုန်းမြေသို့ ပြောင်းပြီး မကြာမီ ဖန်ချင်းက လင်းယွမ်ကို အရင် ချဉ်းကပ်ခဲ့သည်။

ဖန်ချင်း၏ အိမ်က လင်းယွမ်၏ အိမ်နှင့် မိုင်အနည်းငယ်သာ ဝေးကွာပြီး သူတို့ကို အိမ်နီးချင်းများဟု ပြောနိုင်လေသည်။ သူတို့က စကားများပြောဆိုပြီးနောက် VR ကမ္ဘာတွင် တိုက်ခိုက်ရန် စီစဉ်ခဲ့ကြသည်။

လင်းယွမ်က ဆဋ္ဌမအလွှာကို ဖိနှိပ်နိုင်သော ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သော ဖန်ချင်းနှင့် အမှန်တကယ်ပင် တိုက်ခိုက်ချင်လေသည်။

ယခင်ပြိုင်ပွဲတွင် လင်းယွမ်က အသိအမြင်အချို့ ရရှိခဲ့သော်လည်း ပြိုင်ပွဲ၏ ကန့်သတ်ချက်များကြောင့် လျင်မြန်စွာ အဆုံးသတ်ခဲ့ရသည်။ ယခု ဖန်ချင်းက သူ့အလို ရောက်လာသောကြောင့် လင်းယွမ်က မငြင်းဆန်ပေ။

သူက ဖန်ချင်းနှင့် တိုက်ခိုက်သည့် အချိန်တိုင်း အကျိုးကျေးဇူးများ ရရှိလေသည်။

ဖန်ချင်းကတော့ ၎င်းကို သတိမပြုမိပေ။ ဖန်ချင်းသာမက သူ၏ ဆရာ မုတ်ဆိတ်ဖြူ လူအိုကြီးကလည်း လင်းယွမ်၏ ထိုးထွင်းသိမြင်မှုက အလွန်ကြောက်စရာကောင်းသည်ကို တွေးမိမည်မဟုတ်ပေ။

လင်းယွမ်က ဖန်ချင်းကို လေ့ကျင့်ပေးရန် တက်ကြွစွာ ကူညီပေးနေသည်ဟု အခြားသူများက ထင်ပေလိမ့်မည်။

" ကောင်းပြီ။ " ဖန်ချင်းက တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ချက်ခြင်း စိတ်အားထက်သန်လာပြီး လင်းယွမ်ဆီသို့ ပြေးဝင်သွားပြန်သည်။

သူ၏ နောက်တွင် ရှေးဟောင်းနတ်ဘုရားပုံရိပ်ပေါ်လာပြီး သူနှင့် တူညီသော လှုပ်ရှားမှုများကို ပြုလုပ်နေသည်။

" ရှေးဟောင်းနတ်ဘုရား " လင်းယွမ်က ဖန်ချင်း၏ နောက်မှ ပုံရိပ်ကို လေးနက်စွာ ကြည့်လိုက်သည်။

အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် လင်းယွမ်က ထိုရှေးဟောင်းနတ်ဘုရားမှာ စွမ်းအားကောင်းသော သက်ရှိပုံစံတစ်မျိုးဖြစ်သည်ကို သိခဲ့ရသည်။ ထိုသက်ရှိက အလွန်စွမ်းအားကောင်းပြီး ၎င်း၏ အဆီအနှစ်ကို ကမ္ဘာကြီး၏ နိယာမများထဲတွင် အမှတ်အသားပြုလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ထိုသက်ရှိ၏ ကျင့်စဉ်နည်းစနစ်များကို လေ့ကျင့်သူတိုင်း ကောင်းကင်နှင့်မြေကြီးမှ ၎င်း၏ စွမ်းအားကို ဆင့်ခေါ်နိုင်ပေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားပုံရိပ်ကို ဆင့်ခေါ်ရန်မှာ ရှေးဟောင်းနတ်ဘုရားကို ကိုယ်စားပြုခြင်းဖြစ်ပြီး အောင်မြင်ရန် ခက်ခဲကာ တိကျသော ကန့်သတ်ချက်များ ရှိလေသည်။

ဝုန်း....

ဖန်ချင်း၏ နောက်မှ ရှေးဟောင်းနတ်ဘုရားပုံရိပ်က ညာလက်သီးကို မြှောက်ပြီး လင်းယွမ်ကို ထိုးလိုက်သည်။

သို့သော် လင်းယွမ်က ထိုလက်ကို ဆွဲပြီး အနည်းငယ် ဖိလိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရားပုံရိပ်၏ လက်သီးက ကြေမွသွားခဲ့သည်။

" ဘာ " ဖန်ချင်းက သွေးတစ်လုပ်အန်ပြီး လွင့်သွားပြန်သည်။

" တော်ပြီ ငါထပ်ပြီးမတိုက်တော့ဘူး။ " ဖန်ချင်းက မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။

လူအိုကြီးက ပြိုင်ဘက်ကို အဆက်မပြတ် တိုက်ခိုက်လျှင် အသာစီးရနိုင်သည်ဟု ပြောသောအခါ ဖန်ချင်းက လင်းယွမ်ကို ရှာဖွေပြီး ကံစမ်းခဲ့လေသည်။ ရလဒ်အနေဖြင့် သူက လုံးဝအနိုင်မယူနိုင်ခဲ့ပေ။

လင်းယွမ်ပင် ဖန်ချင်း၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ တတိယအလွှာ ခွန်အားကိုသာ အသုံးပြုမည်ဟု ပြောခဲ့သော်လည်း သူက အနိုင်မယူနိုင်သေးပေ။ သူတို့နှစ်ယောက်က တူညီသော အဆင့်တွင် မရှိသည်မှာ ထင်ရှားလေသည်။

" သွားပြီး အနားယူလိုက်လေ။ မနက်ဖြန်မှ ပြန်လာခဲ့ပေါ့။ " လင်းယွမ်က ရှေးဟောင်းနတ်ဘုရားပုံရိပ်ကြောင့် ဉာဏ်အလင်းအချို့ ရရှိနေပြီဖြစ်သည်။

သူက အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့်မတူဘဲ ဆဋ္ဌမအလွှာကို ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အနှစ်သာရကို နားလည်သွားခဲ့သည်။

လင်းယွမ်က စတုတ္ထအလွှာတွင်သာ ရှိသော်လည်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ကို ဖန်တီးသူအနေဖြင့် ရှေ့ဆက်ရမည့်လမ်းကြောင်းကို ကြိုမြင်နေမှ ရမည်ဖြစ်သဘ်။ အခြားဆင့်ကဲပြောင်းလဲသူများက ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့ကျင့်သောကြောင့် ထိုသို့လုပ်ရန် မလိုအပ်ပေ။

သို့သော် လင်းယွမ်ကတော့ တိကျသော ဦးတည်ချက်တစ်ခု ရှိရန် လိုအပ်ပေသည်။

" နိယာမတွေပဲ ငါ့ရဲ့ ဦးတည်ချက်က မမှားဘူး။ "

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာ အလားအလာမရှိတာက နိယာမတွေအပေါ် ငါ့ရဲ့ နားလည်မှုက နိမ့်နေသေးလို့ပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

မူလကမ္ဘာ၏ နိယာမများက ကျယ်ပြန့်လှပြီး လင်းယွမ်နားလည်ထားသော နတ်လက်နက်ကမ္ဘာမှ နိယာမများက မူလကမ္ဘာနှင့်ယှဉ်လျှင် သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်သည်။

တစ်ဖက်တွင် ဖန်ချင်းက စိတ်ပျက်စွာဖြင့် သူ၏ ကိုယ်ပိုင်နေရာသို့ ပြန်လာခဲ့သည်။

" ဆရာ ကျွန်တော်က အကိုလင်းကို ဖိနှိပ်ဖို့ အခွင့်အရေးမရှိတော့ဘူးလား။ အနာဂတ်မှာဆိုရင်တောင်ပေါ့။ " ဖန်ချင်းက မေးလိုက်သည်။

လက်ဝါးအရွယ်သာ ရှိသော လူအိုကြီးက မယုံကြည်နိုင်သော အမူအရာနှင့် ရှိနေသည်။ " ပါရမီရှင်ပဲ ငါ အမြင်မှားခဲ့မယ်လို့ မထင်ထားဘူး။ "

" ဟမ် " ဖန်ချင်း၏ မျက်နှာက အနည်းငယ် နီသွား၏။

" အရူး ငါမင်းကို ပြောနေတာမဟုတ်ဘူး။ " လူအိုကြီးက ဖန်ချင်းကို တစ်ချက် ကြည့်လိုက်သည်။ " အဲ့ဒီလင်းယွမ်က မူလနိယာမတွေကို ထိတွေ့နိုင်နေပြီပဲ။ "

" ဆဋ္ဌမအလွှာထက် ကျော်လွန်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုရဲ့ လမ်းညွှန်မှုမပါဘဲ မူလနိယာမတွေကို ထိတွေနိုင်တဲ့ ဒီလိုပါရမီရှင်က ကြယ်နယ်မြေတစ်ခုလုံးမှာတောင် အများကြီးမရှိဘူး။ " လူအိုကြီးက အံ့အားသင့်နေသော အသံနှင့် ပြောလိုက်သည်။

တိုက်ပွဲတွင် လင်းယွမ်က ဖန်ချင်းကို ထိုက်ကျိနယ်ပယ်ဖြင့် ဖိနှိပ်ခဲ့သည်။ ထို့ကြောင့် လူအိုကြီးက လင်းယွမ်ကို စတုတ္ထအလွှာ ခွန်အားနှင့် အားနည်းသူကို အနိုင်ကျင့်သည်ဟု ထင်ခဲ့သည်။

သို့သော် လင်းယွမ်က တတိယအလွှာ ခွန်အားကို လျှော့ချပြီး တိုက်ခိုက်ချိန်တွင် လင်းယွမ်က မူလနိယာမများကို စတင်ထိတွေ့နေပြီဖြစ်ကြောင်း လူအိုကြီးက နားလည်ခဲ့သည်။

ထိုသို့ နားလည်ထားမှုက အနာဂတ်တွင် ဆဋ္ဌမအလွှာသို့ ရောက်နိုင်ချေမှာ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပိုင်ဆိုင်ထားသည့် ဖန်ချင်းထက် ငါးဆယ်ရာခိုင်နှုန်း ပိုများလေသည်။

" အာ...." ဖန်ချင်းက ရှက်ရွံ့နေသည်။

" လင်းယွမ်ကို အနိုင်ယူဖို့ မစဉ်းစားတော့နဲ့။ မင်းက အနာဂတ်မှာ ကြီးမားတဲ့ ကံကောင်းမှုမျိုး ကြုံတွေ့ရင်တောင် အသုံးမဝင်တော့ဘူး။ သာမန်တိုးတက်မှုနဲ့ မင်းမှာ အဲ့လိုမျှော်လင့်ချက်မရှိဘူး။ " လူအိုကြီးက လင်းယွမ်အပေါ် ယခင်ခန့်မှန်းချက်မှာ မှားယွင်းခဲ့သည်ကို တွေးပြီး စိတ်ပျက်သွား၏။

" ကောင်းပြီ ကောင်းပြီ... " ဖန်ချင်းက ခေါင်းငုံ့ထားပြီး လူအိုကြီးကို မကြည့်ပေ။

အမွေဆက်ခံခြင်းကိုသာ ပြောင်းလဲနိုင်လျှင် လူအိုကြီးက သူ့ကို ဖယ်ရှားပြီး လင်းယွမ်ကို အစားထိုးပေလိမ့်မည်။

ကြယ်စကြာဝဠာ၏ အနက်ရှိုင်းဆုံး နေရာတွင် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြည်းညင်းစွာ ရွေ့လျားနေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြက်သွေးရောင်ဖြစ်ပြီး အရွယ်အစားမှာ ကန်လန်ကြယ်ထက် အဆများစွာ ကြီးမားလေသည်။

" ငါ ဘယ်ရောက်နေတာလဲ။ ခနလောက်အိပ်လိုက်တာကို။ " ဧရာမသတ္တဝါကြီးက ဂြိုလ်တစ်ဝက်နီးပါးရှိသော ၎င်း၏ မျက်လုံးများကို ဖွင့်လိုက်သည်။

ဝှစ်....

ဧရာမသတ္တဝါကြီး၏ ပုံသဏ္ဍန်က ပြောင်းလဲသွားပြီး ရုတ်တရက် လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက နှစ်မီတာရှည်သော လူကြီးတစ်ယောက်အသွင်ဖြစ်သွား၏။

သူက အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြယ်စကြာဝဠာထဲတွင် ရပ်ကာ သူ၏ ဘေးမှ စွမ်းအားလှိုင်းများက ဂြိုလ်တစ်လုံးနီးပါး အစွမ်းထက်လေသည်။

" ချီခွန်ကြယ်သခင် သင်ပြန်လာဖို့ အချိန်ကျပြီ။ " တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

" ဉာဏ်ပညာနတ်ဘုရား " အနီရောင်ဝတ်ရုံနှင့် ချီခွန်ကြယ်သခင်က ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်သည်။

" ကောင်းပြီ။ အခု ကြယ်ပြိုင်ပွဲက ပြီးသွားပြီထင်တယ်။ " ချီခွန်ကြယ်သခင်က တွေးလိုက်ပြီး VR ကမ္ဘာနှင့် ဆက်သွယ်လိုက်သည်။

" နောက်ဆုံးအကြိမ်က ငါ နိုလန်ကြယ်စနစ်က ရွေးချယ်ခဲ့တယ်။ အခုတစ်ခါ လီမင်ကြယ်စနစ်ကို သွားရမယ်။ ဒီပြိုင်ပွဲမှာ ဘယ်လိုပါရမီရှင်တွေ ထွက်ပေါ်လာသလဲ ကြည့်ရအောင်။ " ချီခွန်ကြယ်သခင်က ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။ ကြယ်စနစ်မှာ ကြယ်အစုအဝေးတစ်ခုကို ဆိုလိုသည်။

အချိန်တိုအတွင်း ပြိုင်ပွဲပေါင်း သန်းတစ်ရာနီးပါးက လင်းလက်လာခဲ့သည်။ ရုတ်တရက် ပြိုင်ပွဲက ရပ်တန့်သွား၏။

ချီခွန်ကြယ်သခင်က မျက်ခုံးများ ပင့်သွားသည်။

" အယ် "

All Chapters