ရင်းနှီးမြှုပ်နှံခြင်း....
Vol. 6 Ch. 102
" စမ်းသပ်မှုဖြစ်စဉ်တွေကို ဖော်ထုတ်ခွင့်မရှိဘူးလား။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
၎င်းက ကြယ်ခုနှစ်လုံးလှိုဏ်ဂူသို့ ယခင်ရောက်လာခဲ့ဖူးသော ဆင့်ကဲပြောင်းလဲသူများကို တားမြစ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် စမ်းသပ်မှုနှင့် ပက်သက်သော အချက်အလက်များကို ရရှိရန် ခက်ခဲလေသည်။ အင်အားကြီးနောက်ခံနှင့် ဆင့်ကဲပြောင်းလဲသူများက စမ်းသပ်မှု၏ အချက်အလက်အချို့ကို သိလျှင်တောင် လင်းယွမ်ကို အကြောင်းရင်းမရှိဘဲ ထုတ်ပြောမည်မဟုတ်ပေ။
" ဟယ်လို ငါက အာရုံဦးကြယ်က လာတာပါ။ " ဆံပင်တိုနှင့် လူတစ်ယောက်က ချဉ်းကပ်လာပြီး သူ၏ မျက်နှာတွင်လည်း လင်းယွမ်ကဲ့သို့ ရွှေရောင်သင်္ကေတရှိနေသည်။
" အာရုံဦးကြယ် " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ငါတို့ သတင်းအချက်အလက်တွေ ဖလှယ်ကြမလား။ " ဆံပင်တိုလူက အသံနိမ့်ပြီး ပြောလိုက်သည်။
.
ချီခွန်ကြယ်သခင်က ရွှေရောင်သင်္ကေတပေးအပ်ထားသူဖြစ်သောကြောင့် ပါရမီတစ်ယောက်ဖြစ်ပြီး မူလနိယာမများကို ထိတွေ့နိုင်ပြီဖြစ်နိုင်သည်။ ထိုကဲ့သို့ ပါရမီရှင်တစ်ယောက်က သူ၏ နောက်တွင် စွမ်းအားကောင်းသော နောက်ခံတစ်ခု ရှိပေလိမ့်မည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုကို ထုတ်ဖော်ပြောခြင်းမရှိအောင် တားမြစ်ထားသော်လည်း စွမ်းအားကြီး အင်အားစုများအတွက် စည်းမျဉ်းများကို ရှောင်တိမ်းရန် နည်းလမ်းမျိုးစုံရှိလေသည်။
" မင်းအရင်ပြောပါ။ " လင်းယွမ်က အခြေအနေမှ အကျိုးအမြတ်ရရန် စဉ်းစားလိုက်သည်။
သူက မည်သည့်အချက်အလက်မှ မပြောနိုင်လျှင်တောင် တစ်ဖက်လူက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွေမှာ ဘယ်ဂူက အခက်ခဲဆုံးလဲ။ " ဆံပင်တိုနှင့်လူက အရူးမဟုတ်ပေ။ သူက ပထမဆုံး စမ်းသပ်လိုက်သည်။
" သတ္တမဂူ " လင်းယွမ်က မည်သည့်စမ်းသပ်မှုမှန်းမသိသော်လည်း ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
သူ၏ အတွေ့အကြုံများအရ နောက်ဆုံးစမ်းသပ်မှုက အခက်ခဲဆုံး ဖြစ်ပေလိမ့်မည်။
" မင်းက ငါ့ကို လိမ်နေတာပဲ။ " ဆံပင်တိုနှင့်လူက အဝေးသို့ ထွက်ခွာသွားသည်။
" ဟမ် " လင်းယွမ်က မည်သည့်အကျိုးအမြတ်မှ မရလိုက်ပေ။ အနည်းဆုံးတော့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူထဲတွင် သတ္တမဂူက အခက်ခဲဆုံး မဟုတ်သည်ကို သိလိုက်ပြီဖြစ်သည်။
" ပထမဆုံးက အခက်ခဲဆုံးလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။ ပုံမှန်ဖြစ်စဉ်များနှင့် မတူသောကြောင့် ပထမစမ်းသပ်မှုတွင် အားလုံကို ထုတ်ပယ်ပစ်နိုင်လေသည်။
မကြာမီ နောက်ထပ် ရွှေသင်္ကေတ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရောက်လာသည်။
" ပထမဂူက အခက်ခဲဆုံးပဲ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
" မင်းက ရိုးသားမှုမရှိဘူးပဲ။ " ဆင့်ကဲပြောင်းလဲသူက လင်းယွမ်ကို ကြည့်ပြီး ခေါင်းခါ၍ ထွက်ခွာသွားသည်။
နောက်ထပ်ဆင့်ကဲပြောင်းလဲသူအချို့က လင်းယွမ်နှင့် သတင်းအချက်အလက် ဖလှယ်ရန် ရောက်လာကြသည်။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဝင်နိုင်သည့် ဆင့်ကဲပြောင်းလဲသူများက အနည်းဆုံး တတိယအလွှာတွင် ရှိသူများဖြစ်ကြပြီး သူတို့၏ ဉာဏ်ရည်တွင် ပြဿနာမရှိသည်မှာ သေချာလေသည်။
" လေးစားရတဲ့ ရွှေသခင် " ငွေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရောက်လာသည်။
" ကျုပ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူရဲ့ စမ်းသပ်မှုတွေနဲ့ ပက်သက်ပြီး သိထားပါတယ်။ အဲ့ဒါကို ဘာတန်ကြေးမှမယူဘဲ ပြောပြချင်ပါတယ်။ " ဆင့်ကဲပြောင်းလဲသူက တိုက်ရိုက်ပြေလိုက်သည်။
သူက လင်းယွမ်ကို ခနလေ့လာပြီးနောက် လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူအကြောင်း အနည်းငယ်သာ သိသည်ကို အတည်ပြုနိုင်ခဲ့သည်။
" ဘာတောင်းဆိုချင်တာလဲ။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
" ရွှေသခင်က စမ်းသပ်နယ်မြေထဲဝင်ရင် ကျုပ်အတွက် ကိစ္စသုံးခုလုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။ " ငွေဆင့်ကဲပြောင်းလဲသူက ပြောလိုက်သည်။
" ဘာကိစ္စသုံးခုလဲ။ " လင်းယွမ်က သိချင်သွား၏။
" ကျုပ်မသိသေးဘူး။ " ငွေဆင့်ကဲပြောင်းလဲသူက ခေါင်းခါလိုက်သည်။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူက အမြဲတမ်းပြောင်းလဲနေသောကြောင့် အခြေအနေကို အတိအကျမသိပေ။
" ဒါဆို မေ့လိုက်တော့။ " လင်းယွမ်က ငြင်းပယ်လိုက်သည်။
ထိုတောင်းဆိုမှုက အလွန်များလေသည်။ အကယ်၍ သူက အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို တိုက်ခိုက်ခိုင်းရင်ရော။ သူရရှိထားသော အခွင့်အရေးတစ်ခုကို တောင်းရင်ရော။
" တကယ်စိတ်မဝင်စားဘူးလား။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူရဲ့ အချက်အလက်တွေက တန်ဖိုးကြီးတယ်။ မင်းသာ ကြိုသိထားတာရှိရင် ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေးပိုများသွားလိမ့်မယ်။ " ဆင့်ကဲပြောင်းလဲသူက လက်မလျှော့ဘဲ ဆက်ပြောလိုက်သည်။
" မင်းတောင်းဆိုမယ့် အချက်တွေကို ကြိုမပြောရင် မရဘူး။ " လင်းယွမ်က ထပ်မံငြင်းပယ်လိုက်သည်။
" ကျုပ်က အထဲရောက်မှ သိမှာ။ " ငွေသင်္ကေတ ဆင့်ကဲပြောင်းလဲသူက လင်းယွမ်ငြင်းပယ်သည်ကို မြင်သောအခါ စိတ်ပျက်စွာဖြင့် ထွက်ခွာသွားသည်။
စမ်းသပ်မှု အချက်အလက်များအတွက် မြင့်မားသော တန်ကြေးဖြင့် တောင်းဆိုလာသော ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ပြီးနောက် လင်းယွမ်က VR ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ပြီး လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့သည်။
ဗဟိုကုန်းမြေ အဓိကအဆောက်အဦး၏ လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က သူ၏ မျက်ခုံးများကို ပွတ်သပ်လိုက်သည်။
" အချက်အလက်တွေက အရေးကြီးတယ်။ " လင်းယွမ်က ၎င်းကို ကောင်းကောင်းသိလေသည်။
၎င်းက စာမေးပွဲတစ်ခုလိုပင်။ မေးခွန်းကို ကြိုသိထားသောလူက ပြင်ဆင်ချိန်ရှိပြီး မရရှိထားသည့်လူက ဉာဏ်ပညာအပေါ်တွင်သာ မှီခိုရပေလိမ့်မည်။ သို့သော် ကြယ်ခုနှစ်လုံးလှိုဏ်ဂူက မေးခွန်းများထက် ပိုလေသည်။
အကယ်၍ ၎င်းက မေးခွန်းများသာ ဖြစ်ပါက လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမှတ်ပြည့်ရပေလိမ့်မည်။
" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။
စကြာဝဠာလူသားမဟာမိတ်တွင် ဉာဏ်ပညာနတ်ဘုရား၏ အဆင့်အတန်းနှင့် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမသပ်မှုအကြောင်းကို သိနိုင်လေသည်။ သို့သော် သူမ ပြောပြချင်သည် မပြောပြချင်သည်ကတော့....
" နိုင်ငံသားလင်းယွမ် သင့်ရဲ့ လုပ်ပိုင်ခွင့်က မလုံလောက်ပါဘူး။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
လင်းယွမ်က ၎င်းကို မမျှော်လင့်ထားခြင်းတော့ မဟုတ်ပေ။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ စမ်းသပ်မှုအချက်အလက်များကို ဖြန့်ဝေခြင်းက ဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ပြီး လူသားမဟာမိတ်နှင့် ကြယ်သခင်၏ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။ ထို့အခြေအနေတွင် ဉာဏ်ပညာနတ်ဘုရားကလည်း အသိပေးမည်မဟုတ်ပေ။ အဆုံးတွင် နတ်ဘုရားသုံးပါး၏ အခြေခံလုပ်ဆောင်မှုများက လူသားမဟာမိတ်ဥပဒေပေါ်တွင် အခြေခံလေသည်။
" ကိစ္စမရှိဘူး။ အချက်အလက်တွေ မသိရင်တောင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဖြတ်သန်းလို့ရသေးတယ်။ " လင်းယွမ်က သက်ပြင်းချပြီး စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
ဆင့်ကဲပြောင်းလဲသူအချို့က ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ စမ်းသပ်မှုများအား ကြိုသိနေသည်ကို ကြယ်သခင်က သတိပြုမိလျှင်တောင် မတားမြစ်ခဲ့ပေ။ ထို့အပြင် အချက်အလက်များ မရှိလျှင်လည်း ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဖြတ်သန်းနိုင်လေသည်။
" ခွန်အားက အရာအားလုံးရဲ့ အခြေခံပဲ။ " လင်းယွမ်က မျက်လုံးများ မှိတ်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။
ထိုအချိန်တွင် လင်းယွမ်၏ အိမ်ရှေ့သို့ ဧည့်သည်တစ်ယောက် ရောက်လာသည်။ ဧည့်သည်က ဖန်ချင်းမှလွဲ၍ အခြားမဟုတ်ပေ။
ထိုခနတွင် ဖန်ချင်းက ထုံထိုင်းနေပုံရသည်။ မုတ်ဆိတ်ဖြူလူအိုကြီး၏ ဟိန်းဟောက်သံက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
" မင်းအရူး မင်းက လင်းယွမ်လောက် မသန်မာဘူး။ ဒီအချိန်မှာ မင်းက သူနဲ့ မိတ်ဆွေမဖွဲ့ဘဲ ဘာကို စောင့်နေတာလဲ။ "
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူရဲ့ အချက်အလက်တွေကို သခင် အသက်ရှင်တုန်းက စုဆောင်းထားခဲ့တယ်။ မင်းက အဲ့ဒါတွေကို လင်းယွမ်ကို သွားမပြောပြသေးဘူးလား။ "
" လင်းယွမ်သာ အချက်အလက်တွေ သိသွားရင် မင်းအရမ်းနောက်ကျသွားလိမ့်မယ်။ " လူအိုကြီး၏ ဆူငေါက်သံက ဆက်လက်ထွက်ပေါ်နေသည်။
အဓိကအဆောက်အဦး၏ တတိယအထပ်တွင် လင်းယွမ်နှင့် ဖန်ချင်းတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" အကိုလင်း ကြယ်ခုနှစ်လုံးလှိုဏ်ဂူအကြောင်း ငါသိထားတာတွေ မင်းကို ပြောပြမယ်။ " ဖန်ချင်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ လူအိုကြီး၏ အော်ဟစ်သံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ သူက ထိုနှိပ်စက်မှုဒဏ်ကို ဆက်မခံနိုင်တော့ပေ။
" အို " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။
ထိုအခြေအနေတွင် သတင်းအချက်အလက်များကို သိထားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ကြီးမားသော နောက်ခံ သို့မဟုတ် သူတို့၏ နောက်တွင် ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့်ကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ရှိနေလေသည်။ အလယ်အဆင့် ကန်လန်ကြယ်တွင် ထိုကဲ့သို့ အင်အားစုမျိုး မရှိပေ။
" ယူဆချက်တွေက မှန်နေပုံပဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွား၏။
ဖန်ချင်းက ကြီးမားသော အခွင့်အလမ်းတစ်ခုကို ရရှိခဲ့ပြီး အားကောင်းသည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို အမွေဆက်ခံနိုင်ခဲ့သည်။ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြယ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးမှ ရှေးဟောင်းနတ်ဘုရားကို ရည်ညွှန်းခြင်း ဖြစ်သည်။ အလွန်တိကျသော လမ်းညွှန်မှုမရှိဘဲ ရှေးဟောင်းနတ်ဘုရား၏ နည်းစနစ်များကို လေ့ကျင့်လျှင် ချို့ယွင်းချက်များဖြစ်ပေါ်လာပြီး ရှေးဟောင်းနတ်ဘုရား၏ ရုပ်သေး သို့မဟုတ် အစေခံ ဖြစ်လာပေလိမ့်မည်။
ထိုစွမ်းအားကောင်းသော တည်ရှိမှုများက အကြည့်တစ်ချက်နှင့် မရေတွက်နိုင်သော သက်ရှိများကို သေဆုံးစေနိုင်လေသည်။
ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွန်အန္တရာယ်များသောကြောင့် စကြာဝဠာလူသားမဟာမိတ်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ အခြားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ကျင့်ကြံခြင်းကျရှုံးလျှင် သေဆုံးရုံသာဖြစ်သည်။ သို့သော် ရှေးဟောင်းနတ်ဘုရားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျရှုံးလျှင် ရုပ်သေးတစ်ရုပ် ဖြစ်သွားနိုင်လေသည်။
သို့သော် စကြာဝဠာလူသားမဟာမိတ်က ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တားမြစ်ထားရုံသာဖြစ်ပြီး ဖျက်ဆီးခြင်းမရှိပေ။
အကြောင်းရင်းမှာ ကြယ်စကြာဝဠာထဲမှ ရှေးဟောင်းနတ်ဘုရားများက သမိုင်းထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ဖြစ်၏။ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းက အန္တရာယ်များသော်လည်း အောင်မြင်လျှင် စကြာဝဠာလူသားမဟာမိတ်က ရှေးဟောင်းနတ်ဘုရားတစ်ပါးကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။
ဖန်ချင်းက ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံရဲခြင်းမှာ သူ့ကို တိကျစွာ လမ်းညွှန်ပေးနိုင်သော တစ်စုံတစ်ယောက် ရှိပေလိမ့်မည်။
" ဒါပေမယ့် ငါက ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုနဲ့ပက်သက်ပြီး ဘာမှမသိဘူး။ " ဖန်ချင်းက အချက်အလက်များ မျှဝေချင်သော်လည်း လင်းယွမ်က သတင်းအချက်အလက်များကို ရေရေရာရာ မသိပေ။
" ပြဿနာမရှိဘူး။ ငါတို့က ကန်လန်ကြယ်ရဲ့ နိုင်ငံသားတွေပဲ။ ငါတို့အချင်းချင်း ကူညီသင့်တာပေါ့။ " ဖန်ချင်းက သူ၏ လက်ကို ဝှေ့ရမ်းပြီး ဂရုမစိုက်ဘဲ ပြောလိုက်သည်။
" ဒါပေမယ့် ငါတို့မပြောခင် အကိုလင်း စကြာဝဠာလူသားမဟာမိတ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူရဲ့ သတင်းအချက်အလက်တွေကို တားမြစ်ထားလို့ ဉာဏ်ပညာနတ်ဘုရားကို ခွင့်တောင်းပေးပါဦး။ " ဖန်ချင်းက တစ်စုံတစ်ခုကို တွေးမိပြီး လျင်မြန်စွာ ပြောလိုက်သည်။
ဤအိမ်က လင်းယွမ်၏ ပိုင်နက်ဖြစ်သောကြောင့် သူက ဉာဏ်ပညာနတ်ဘုရား၏ စောင့်ကြည့်ခြင်းကို ရပ်တန့်ရန် အခွင့်အရေးရှိလေသည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး ဉာဏ်ပညာနတ်ဘုရားကို သူ့အား ခနလျစ်လျူရှုထားရန် ပြန်လိုက်သည်။
အားလုံးပြင်ဆင်ပြီးသောအခါ ဖန်ချင်းက ကြယ်ခုနှစ်လုံးလှိုဏ်ဂူနှင့် ပက်သက်သော အချက်အလက်များကို စတင်ပြောဆိုလိုက်သည်။
" တကယ်တော့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူရဲ့စမ်းသပ်မှုက ဖြစ်ခဲတယ်။ ချီခွန်ကြယ်သခင် စိတ်ကောင်းဝင်မှသာ ဖွင့်ပေးတာ။ " ဖန်ချင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချီခွန်ကြယ်နယ်မြေတွင် အဓိကကြယ်စနစ် ရှစ်ခုရှိ၏။ ပြိုင်ပွဲပြီးသောအခါ ချီခွန်ကြယ်သခင်က ကြယ်စနစ်တစ်ခုကို ရွေးချယ်ပြီး ပြိုင်ပွဲဝင်များကို လေ့လာလေသည်။ သူက ထိုကြယ်စနစ်မှ စစ်မှန်သော ပါရမီရှင်များ ထွက်ပေါ်လာမှသာ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ဖွင့်ရန် စဉ်းစားပေးလေသည်။
" ဒါပေမယ့် ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုစတင်တာနဲ့ ချီခွန်ကြယ်သခင်ရဲ့ တပည့်ဆယ့်နှစ်ယောက်က သေချာစောင့်ကြည့်ကြတယ်။ စမ်းသပ်မှုခုနှစ်ခုကို ဖြတ်ကျော်နိုင်ရင် သူတို့ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ရဲ့ တပည့်ဖြစ်လာဖို့ အခွင့်အရေးရှိတယ်။ "
ဖန်ချင်းက ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " အဲ့ဒီတပည့် ၁၂ ယောက်ကလည်း လျှော့တွက်လို့မရဘူး။ သူတို့ကြားက အားအနည်းဆုံးက ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့်မှာ ရှိတယ်။ အသန်မာဆုံး တစ်ယောက်နှစ်ယောက်ဆို ဆဋ္ဌမအလွှာကို ကျော်လွန်နေကြပြီ။ "
" ဆဋ္ဌမအလွှာကို ကျော်လွန်တယ်..." လင်းယွမ်က အနည်းငယ် တုန်လှုပ်သွား၏။
ဆဋ္ဌမအလွှာကို ကျော်လွန်ရန် မပြောနှင့် ဆဋ္ဌမအလွှာကပင် သူနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ သူ၏ ခန့်မှန်းချက်အရ ဆင်းသက်ခြင်းနှစ်ကြိမ် သုံးကြိမ်လောက် ပြုလုပ်ပြီးမှ ဆဋ္ဌမအလွှာသို့ ရောက်နိုင်ပေလိမ့်မည်။ အခြားကမ္ဘာများတွင် နှစ်ပေါင်းများစွာ ကြာလျှင်တောင် မူလကမ္ဘာတွင် ခနသာ ကြာမည်ဖြစ်သော်လည်း လက်ရှိ လင်းယွမ်က ဆဋ္ဌမအလွှာကို မော့ကြည့်နေရဆဲ ဖြစ်သည်။
" ဒါကြောင့် စမ်းသပ်မှုအတွင်းမှာ အကောင်းဆုံး စွမ်းရည်တွေကို ပြသဖို့လိုတယ်။ အနည်းဆုံး သူတို့ ၁၂ ယောက်ရဲ့ တပည့်ဖြစ်မလာရင်တောင် ချီခွန်မျိုးနွယ်ထဲ ဝင်နိုင်သေးတယ်။ " ဖန်ချင်းက အသံနိမ့်ပြီး ပြောလိုက်သည်။
ထိုအချက်အလက်များက အလွန်လျို့ဝှက်သောကြောင့် အဆင့်မြင်သော လူအများစုပင် မသိကြပေ။ သူ၏ ဆရာပင် ၎င်းတို့ကို သိရန် ဘဝတလျှောက်လုံး ရှာဖွေစုဆောင်းခဲ့ရသည်။
" ငါသိပြီ " လင်းယွမ်က ခေါင်းငြိမ့်ပြီး မှတ်သားထားလိုက်သည်။
" ဒါပေမယ့် ငါတို့က စမ်းသပ်မှုနဲ့ ပက်သက်ပြီးတော့ ပြောလို့မရဘူး။ " ဖန်ချင်းက ပြောလိုက်သည်။ " အဓိကကတော့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူရဲ့ စမ်းသပ်မှုမှာ ဂူခုနှစ်လုံးပါဝင်တယ်ဆိုတာပဲ။ "