← Chapters

ဒုတိယကြယ်ဂူ....

Vol. 6 Ch. 105

ဒုတိယကြယ်ဂူ....

Vol. 6 Ch. 105

အစပိုင်းတွင် ကွေ့စီတက အတော်လေး ယုံကြည်မှုရှိခဲ့သည်။ သူက ချီခွန်ကြယ်သခင်နှင့် ကြယ်ခုနှစ်လုံးလှိုင်ဂူ စမ်းသပ်မှုများနှင့် ရင်းနှီးသော မိသားစုမှ လာခြင်းဖြစ်သည်။

သို့သော် သူက ကြယ်ခုနှစ်လုံးလှိုဏ်ဂူသို့ ပထမဆုံးရောက်ချိန်တွင် ငွေရောင်သင်္ကေတသာ ရရှိခဲ့သည်ကို တွေ့ခဲ့ရသည်။ ၎င်းက ကွေ့စီတကို လက်မခံနိုင်ဖြစ်ရစေသည်။ သူက အမြင့်ဆုံး အနီရောင်သင်္ကေတကို မမျှော်လင့်သော်လည်း ရွှေရောင်သင်္ကေတတော့ ဖြစ်သင့်ပေသည်။

စမ်းသပ်မှုအတွင်းမှ ဆင့်ကဲပြောင်းလဲသူများက တတိယအလွှာနှင့် စတုတ္ထအလွှာများ ဖြစ်ကြသည်ကို သူသိလေသည်။ ထို့ကြောင့် ရွှေရောင်နှင့် အနီရောင်သင်္ကေတများက စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။ တူညီသော အဆင့်တွင် သူ ကွေ့စီတက အနီရောင် သို့မဟုတ် ရွှေရောင်သင်္ကေတ မရဘဲ ငွေရောင်သာ ရရှိခဲ့လေသည်။

" စမှတ်က အရာအားလုံးကို မဆိုလိုဘူး။ ငါ ကွေ့စီတက ကြယ်ဂူခုနှစ်လုံးကို ဖြတ်ပြီး ချီခွန်မျိုးနွယ်ထဲ ဝင်နိုင်ရမယ်။ " ကွေးစီတက ရေရွတ်လိုက်ပြီး ဆက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်တွင် သူက ခြေသံအနည်းငယ်ကို ကြားလိုက်ရသည်။ ကွေ့စီတက လှည့်ကြည့်လိုက်သည်။ သူက သာမန်လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် လာနေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ကွေ့စီတက သူ၏ ပတ်ဝန်းကျင်မှ မြေဆွဲအားမှာ အဆနှစ်ထောင် ပြင်းထန်သည်ကိုသာ မသိပါက ထိုလူငယ်မှာ သူ၏ ကိုယ်ပိုင်ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်ဟုသာ ထင်ပေလိမ့်မည်။

" ဘယ်လို သူက ဘယ်လိုလုပ် ဒီလောက် သက်သောင့်သက်သာဖြစ်နေတာလဲ။ " ကွေ့စီတက မယုံကြည်နိုင်ဖြစ်သွား၏။ မြေဆွဲအား အဆနှစ်ထောင်က သူ၏ အကန့်အသတ်မဟုတ်သော်လည်း သူက ထိုလူငယ်ကဲ့သို့ လုပ်နိုင်ရန် ဝေးကွာလှသည်။

" အဲ့ဒါ ရွေရောင်သင်္ကေတပဲ။ " ကွေ့စီတက လူငယ်၏ မျက်နှာပေါ်မှ ရွှေရောင်သင်္ကေတကို သတိထားမိလိုက်သည်။

" အဲ့ဒါ ကြယ်သခင်ပေးအပ်ထားတဲ့ ရွှေရောင်သင်္ကေတပိုင်ရှင်လား။ " ကွေးစီတက တွေးလိုက်သည်။

အခြားမပြောနှင့် လူငယ်၏ ရုပ်ခန္ဓာကပင် ကွေ့စီတကို နင်းခြေရန် လုံလောက်ပေသည်။

" ကြောက်စရာကောင်းတယ်။ သူ့ရဲ့ အရှိန်က အခုထိ မပြောင်းလဲသေးဘူး။ " ကွေ့စီတက ပင့်သက်ရှိုက်သွား၏။

လင်းယွမ်က ကွေ့စီတကို ကြည့်လိုက်သည်။

" ရွှေသခင်ကို နှုတ်ဆက်ပါတယ်။ " ကွေ့စီတက ပတ်ဝန်းကျင်မှ ကြောက်စရာကောင်းသော ဖိအားများကို လျစ်လျူရှုပြီး လင်းယွမ်ကို အရိုအသေပေးလိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ ပထမစမ်းသပ်မှုက အနက်ရောင်လမ်းအဆုံးကို ရောက်ရန်ဖြစ်သည်။ ပြောရလျှင် ဆင့်ကဲပြောင်းလဲသူများက အနက်ရောင်လမ်းအတိုင်း လမ်းလျှောက်သွားရန်သာ လိုအပ်လေသည်။ သူတို့အချင်းချင်း မတိုက်ခိုက်ရန် ကန့်သတ်ထားခြင်း မရှိပေ။

ယခု ကွေ့စီတက သူ၏ ခွန်အားများကို မြေဆွဲအားကို ခုခံရန် အသုံးပြုထားသည်။ လင်းယွမ်၏ အနေအထားအရ သူ၏ ခွန်အားများကို များစွာ အသုံးပြုထားခြင်း မရှိပေ။

ထိုသို့သော အခြေအနေမျိုးတွင် ကွေ့စီတက လင်းယွမ်ကို ဒေါသထွက်စေခဲ့လျှင် စမ်းသပ်မှုမှ လျင်မြန်စွာ ထုတ်ပယ်ခံရပေလိမ့်မည်။

" ဒါက ရွှေရောင်သင်္ကေတပိုင်ရှင်တွေရဲ့ စွမ်းအားပဲ။ " ကွေ့စီတက သက်ပြင်းချလိုက်ပြီး သူ၏ မကျေမနပ်မှုများ ပျောက်ကွယ်သွားသည်။

" ယဉ်ကျေးလွန်းတယ်။ " လင်းယွမ်က ကွေ့စီတကို တစ်ချက်ကြည့်ပြီး ရှေ့ဆက်သွားသည်။

လင်းယွမ်က လမ်းတစ်လျှောက်တွင် သူတို့အား တိုက်ခိုက်လာမည်ကို ကြောက်ရွံ့နေသော ဆင့်ကဲပြောင်းလဲသူများကို တွေ့ခဲ့ရလေသည်။

မကြာမီ လင်းယွမ်က မီတာလေးသောင်း ဧရိယာထဲသို့ ဝင်ရောက်သွားသည်။ သူက အနက်ရောင်လမ်း၏ ငါးပုံလေးပုံသို့ ရောက်လာပြီဖြစ်သည်။ ထိုနေရာ၏ မြေဆွဲအားက အဆလေးထောင် ပြင်းထန်လေသည်။

" ခံနိုင်ရည်ရှိတုန်းပဲ။ " လင်းယွမ်၏ အရှိန်က မပြောင်းလဲသေးဘဲ ယခုအချိန်ထိ မြေဆွဲအားကို တွန်းလှန်ရန် ထိုက်ကျိနယ်ပယ်ကို အသုံးမပြုခဲ့ပေ။

အကြောင်းရင်းမှာ ဖန်ချင်း၏ ပြောပြချက်အရ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ စမ်းသပ်မှုများကို ချီခွန်ကြယ်သခင်၏ တပည့် ၁၂ယောက်က အာရုံစိုက်နေကြသည်ဟု ပြောထားသောကြောင့် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် သူ၏ စွမ်းရည်များကို ပြသနိုင်ပြီး အထင်သေးမခံရမည်ဖြစ်သည်။

မီတာလေးသောင်းအတွင်း အခြားသူများကို တွေ့ရန် ခက်ခဲလေသည်။

" ဟမ် ရှေ့မှာ တစ်ယောက်ရှိနေတယ်။ " လင်းယွမ်က ရှေ့တက်သွားချိန်တွင် အဝေးမှ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူက ခြေလှမ်းတိုင်းကို ရပ်တန့်ပြီး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပုံရသည်။ ထိုလူက အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရွှေရောင်သင်္ကေတပိုင်ရှင်လည်း ဖြစ်သည်။

" ဟယ်လို " လင်းယွမ်က သူမအား ကြည့်နေသည်ကို မြင်သောအခါ အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးက မျက်နှာပျက်သွားသည်။

မီတာလေးသောင်းမှ မြေဆွဲအားက သူမ၏ ဝှက်ဖဲများကို အသုံးပြုရန် ဖိအားမပေးနိုင်သော်လည်း လင်းယွမ်၏ အခြေအနေက သူမထက် ပိုကောင်းမွန်ပြီး ရုတ်တရက် တိုက်ခိုက်လာပါက ပြဿနာဖြစ်နိုင်လေသည်။

အခြားနေရာများတွင် မနိုင်လျှင် ထွက်ပြေးနိုင်သော်လည်း သာမန်ထက် အဆထောင်ချီပြင်းထန်နေသော မြေဆွဲအားအောက်တွင် လူတစ်ယောက်၏ အရှိန်က ကန့်သတ်ထားလေသည်။

" ဟယ်လို " လင်းယွမ်က ခေါင်းငြိမ့်ပြီး ဆက်လျှောက်သွားသည်။

၎င်းကို မြင်သောအခါမှ အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

နာရီများစွာ ကြာသောအခါ လင်းယွမ်က အနက်ရောင်လမ်းဆုံးကို ရောက်သွားပြီး ဒုတိယကြယ်ဂူသို့ ရောက်သွားသည်။

" ဟမ် " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဒုတိယကြယ်ဂူက ပထမကြယ်ဂူနှင့် ကွဲပြားလေသည်။ ၎င်းက စစ်သင်္ဘောတစ်စီး၏ အတွင်းပိုင်းကဲ့သို့ နေရာတိုင်းတွင် ငွေရောင်သတ္တုနံရံများရှိနေသည်။ မနီးမဝေးတွင် ကြည်လင်သော လမ်းကြောင်းတစ်ခု ရှိနေသည်။

" ဒီကြယ်ဂူက ဘာကိုစမ်းသပ်တာလဲ။ " လင်းယွမ်က ဘေးသို့ ကြည့်လိုက်သောအခါ စမ်းသပ်မှုအချက်အလက်များကို ပြသနေသော သတ္တုမျက်နှာပြင်တစ်ခုကို တွေ့လိုက်ရသည်။

" လမ်းကြောင်းကို ဖြတ်သန်းပါ။ "

" အရိပ်အမြွက် ဆယ်စက္ကန့်တိုင်း လမ်းကြောင်းက လေဆာရောင်ခြည်တွေနဲ့ ဖုံးလွှမ်းသွားပါမယ်။ လမ်းကြောင်းရဲ့ အရှည်က ၄၀၀၀၀မီတာ။ "

" ဒီစမ်းသမ်းမှုက အရှိန်လား ခုခံမှုလား။ " လင်းယွမ်က သတ္တုမျက်နှာပြင်ကို ကြည့်ပြီး စဉ်းစားနေသည်။

စမ်းသပ်မှု၏ စည်းမျဉ်းများအရ ဖြတ်သွားရန် နည်းလမ်းနှစ်မျိုး ရှိလေသည်။ တစ်မျိုးက လေဆာရောင်ခြည်များ အသက်ဝင်မလာမီ လမ်းကြောက်ကို ဖြတ်သန်းရန် ဖြစ်သည်။ လေဆာရောင်ခြည်များက ဆယ်စက္ကန့်တိုင်း အသက်ဝင်ပြီး လမ်းကြောင်းက မီတာလေးသောင်းရှည်သည်။

ဆိုလိုသည်မှာ သူ၏ အရှိန်က တစက္ကန့်လျှင် မီတာလေးထောင်ဖြစ်လျှင် ချောမွေ့စွာ ဖြတ်သန်းနိုင်ပေလိမ့်မည်။

နောက်တစ်နည်းမှာ ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းက လေဆာရောင်ခြည်ကို ခံနိုင်ရည်ရှိလျှင် လမ်းကြောင်းကို ဖြတ်သန်းသည်မှာ လွယ်ကူပေလိမ့်မည်။

" အခြားသူတွေ ဘယ်လိုလုပ်မလဲ ကြည့်ရအောင် " လင်းယွမ်က လမ်းကြောင်းအလယ်တွင် အခြားအတားအဆီးများ ရှိမည်ကို မသေချာသောကြောင့် ခနစောင့်ရန် ဆုံးဖြတ်လိုက်သည်။

လင်းယွမ်က ပထမစမ်းသပ်မှုကို မစတင်မီ နာရီဝက်ခန့် စောင်ခဲ့သော်လည်း အနက်ရောင်လမ်းကို ဖြတ်လျှောက်သည့်အရှိန်က မနှေးခဲ့ပေ။ ထို့ကြောင့် ဒုတိယကြယ်ဂူထဲတွင် လင်းယွမ်အရင် ရောက်နေသော ဆင့်ကဲပြောင်းလဲသူ အများကြီး ရှိမနေခဲ့ပေ။

ဆင့်ကဲပြောင်းလဲသူများက ငါးဆယ်ခြောက်ဆယ်သာ ရှိပြီး ရွှေရောင်သင်္ကေတပိုင်ရှင်များဖြစ်ကြသည်။ သူတို့ထဲတွင် သုံးရောက်ကတော့ အနီရောင်သင်္ကေတများ ဖြစ်၏။

" အနီရောင်သင်္ကေတ " လင်းယွမ်က သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွင် ဆင့်ကဲပြောင်းလဲသူများကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ အနီရောင်၊ ရွှေရောင်နှင့် ငွေရောင်တို့ ဖြစ်၏။ ထိုအဆင့်များက ချီခွန်ကြယ်သခင်၏ သတ်မှတ်ချက်များအပေါ်တွင် မူတည်လေသည်။

ပထမစမ်းသပ်မှုတွင် လင်းယွမ်က ရွှေရောင်သင်္ကေတများကို တွေ့ခဲ့ရသော်လည်း အနီရောင်သင်္ကေတများကို တစ်ယောက်မှ မတွေ့ခဲ့ပေ။

" စကြာဝဠာကြီးရဲ့ လူသားမျိုးနွယ်များစွာထဲမှ ထွက်ပေါ်လာတဲ့ ပါရမီရှင်တွေက နည်းမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ပြိုင်ပွဲတွင် လင်းယွမ်က သူ၏ ဝှက်ဖဲများကို ပြသခြင်းမရှိဘဲ သူ၏ ခွန်အားကိုသာ ပြသခဲ့သည်။ ထို့ကြောင့် ချီခွန်ကြယ်သခင်၏ အမြင်တွင် သူက ရွှေရောင်သင်္ကေတသာ ပိုင်ဆိုင်ပေသည်။

အနီရောင်သင်္ကေတပိုင်ရှင်များကတော့ လင်းယွမ်ထက် သာလွန်ပြီး အရည်အချင်း ရှိမည်မှာ သေချာလေသည်။ သို့သော် လင်းယွမ်က သူ့ကိုသူ မနှိမ့်ချပေ။ အနန္တကမ္ဘာများ၏ ဂိတ်တံခါး သို့မဟုတ် ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းတို့က သူတို့မယှဉ်နိုင်သော အရာများ ဖြစ်ကြသည်။

အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူ သုံးယောက်က ငွေရောင်ဆံပင်နှင့် အမျိုးသမီး၊ နဖူးတွင် ဒေါင်လိုက်မျဉ်းကြောင်းတစ်ခုပါသော အမျိုးသားနှင့် ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသော အရပ်သုံးမီတာနီးပါးရှည်သည့် လူကြီးတို့ ဖြစ်ကြသည်။သူတို့ သုံးယောက်က ထောင့်များတွင် ရပ်နေကြပြီး ဘယ်သူမှ သူတို့အနီးသို့ မသွားရဲကြပေ။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ ကမ္ဘာ၏ ဆန်းကြယ်သောနေရာတွင် လူဆယ့်နှစ်ယောက်က ကြယ်ဂူများကို ကြည့်နေကြသည်။ အားလုံး၏ အာရုံက ဒုတိယကြယ်ဂူတွင် ရှိနေကြသည်။

" နောက်ထပ် ရွှေသင်္ကေတပိုင်ရှင် ရောက်လာပြီ။ "

" အဲ့ဒီလူငယ်က လင်းယွမ်လို့ ခေါ်တာမလား။ သူက ယင်ယန်နိယာမတွေကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ " အကြည့်များက လင်းယွမ်အပေါ်သို့ ကျရောက်သွားသည်။

ကြယ်သခင်၏ တပည့်များဖြစ်သကဲ့သို့ သူတို့က ငွေရောင်သင်္ကေတပိုင်ရှင်များကို ဂရုမစိုက်ပေ။ ငွေရောင်သင်္ကေတပိုင်ရှင်များက ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို ကျော်ဖြတ်နိုင်သည်မှာ ရှားပါးလေသည်။သို့သော် ထိုသို့သော လူများက အနာဂတ်တွင် မြင့်မားသော အဆင့်ကို ရောက်သွားသူများလည်း ရှိလေသည်။

ရွှေရောင်သင်္ကေတပိုင်ရှင်များက ထူးခြားသည်ဟုဆိုလိုပြီး အာရုံစိုက်ရန် ထိုက်တန်လေသည်။ လီမင်ကြယ်စနစ်ရှိ အသက်ဂြိုလ် ၁၂၀၀၀၀တွင် ရွှေသင်္ကေတပိုင်ရှင် တစ်ရာကျော်သာ ရှိလေသည်။

" ခါဝူ မင်းက အဲ့ဒီလင်းယွမ်နဲ့ ဆင်တူတဲ့ အလင်းလမ်းစဉ်ကို နားလည်ထားတာမဟုတ်လား။ ဘာလို့သူကို ကြိုမရွေးထားတာလဲ။ " တစ်ယောက်က ပြောလိုက်သည်။

" ငါနည်းနည်းစောင့်ကြည့်ဦးမယ်။ "

ခါဝူက ချီခွန်ကြယ်သခင်၏ ဆယ်ယောက်မြောက်တပည့် ဆဋ္ဌမအလွှာတွင် ရှိပြီး အခြားသူများ တပည့်ရွေးချယ်နေချိန်တွင် သူက ဝင်ရောက်ရွေးချယ်ရန် မဝံ့ရဲခဲ့ပေ။

ထို့အပြင် တပည့်ရွေးချယ်ခြင်းကလည်း အရေးပါပြီး တပည့်အဖြစ် လက်ခံပြီးနောက် သူတို့ကို လျစ်လျူရှုထား၍ မရပေ။ သူတို့ကို လမ်းညွှန်ပေးပြီး အနာဂတ်လေ့ကျင့်မှုများအတွက်လည်း စီစဉ်ပေးရန် လိုအပ်လေသည်။ ထို့ကြောင့် ခါဝူက ဘယ်သူမှမရွေးချယ်သေးဘဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။

" စတုတ္ထကြယ်ဂူနဲ့ သတ္တမကြယ်ဂူထိရောက်အောင် စောင့်ကြည့်ကြတာပေါ့။ " ခါဝူက ပြောလိုက်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုများတွင် စတုတ္ထကြယ်ဂူနှင့် သတ္တမကြယ်ဂူတို့က အထူးအရေးပါလေသည်။ သူတို့က လူတစ်ယောက်၏ နားလည်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်သောကြောင့် လွယ်ကူသလို ခက်ခဲပေသည်။ ခါဝူက မရွေးချယ်မီ လင်းယွမ်၏ နားလည်နိုင်စွမ်းကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဒုတိယကြယ်ဂူတွင် လင်းယွမ်၏ အတွေးများက အခြားသူများနှင့် တူညီလေသည်။ အနီရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူများပင် လမ်းကြောင်းကို ချက်ခြင်း စိန်မခေါ်ကြသေးပေ။

All Chapters