← Chapters

အံ့အားသင့်ဖွယ်လက်ဆောင်တစ်ခု

Vol. 7 Ch. 76

အံ့အားသင့်ဖွယ်လက်ဆောင်တစ်ခု

Vol. 7 Ch. 76

အာရန်သည် ဆီလက်စ်နှင့် ကတိကို ချိုးဖျက်ခဲ့ရခြင်းအတွက်သူမည်သို့မျှ မတတ်နိုင်ခဲ့ပါ။

“ငါတို့ဒီတစ်ခါ ကိတ်မုန့်တွေကို ပိုဝယ်ကြမလား”

သူသည် ဆီလက်စ်ကလေးကို မေးခဲ့သည်။

ဆီလက်စ်သည် ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလေသည်။

သူမ၏ ကလေးဆန်သော အသွင်အပြင်ကို ကြည့်ရင်း အာရန်သည် သူမသည် အဘယ်ကြောင့် ထိုကိတ်မုန့်များကို ဤမျှ စွဲလမ်းသွားရသနည်းဟု တွေးတောနေမိလေသည်။

“ဒါပေမယ့် ငါတို့သာ အခုချိန်ပိုဝယ်ထားလိုက်ရင်ရင် တစ်စုံတစ်ယောက်က ငါတို့မုန့်တွေကိုလာပြီး ခိုးသွားနိုင်တယ်”

အာရန်၏ စကားများကို ကြားပြီးနောက် ဆီလက်စ်သည် စိုးရိမ်ပူပန်လာခဲ့လေသည်။

တစ်စုံတစ်ယောက်က သူမ၏ ကိတ်မုန့်ကို ခိုးတော့မှာလားဟူ၍ဖြစ်လေသည်။

သူမသည် အာရန်၏ အင်္ကျီကော်လာကို ကိုင်ဆွဲကာ ထိုကိတ်မုန့်ကို အလုမခံချင်ကြောင်း သဘောထားကိုပြသနေလေသည်။

သူမသည် သူမ၏ ကိတ်မုန့်များကို သူခိုးကို ပေးပစ်ရန် မလိုလားခဲ့ချေ။

အာရန်သည်သူ၏ ကတိကို ချိုးဖျက်ခဲ့ရသောကြောင့် စိတ်မကောင်း ဖြစ်မိလေသည်။ သို့သော် ယင်းသည် ခဏတာသာ ဖြစ်ခဲ့သည်။

သူသည် နောက်ပိုင်းတွင် သူမအတွက် ကိတ်မုန့်များစွာ ရယူပေးမည်သာ ဖြစ်လေသည်။

“ငါတို့က ရှုယင် ပြန်လာတဲ့အထိ စောင့်သင့်တယ်လို့ မင်းက ပြောချင်နေတာလား” အာရန်က ပြန်မေးလိုက်လေသည်။

ဆီလက်စ်သည် ထပ်၍ ခေါင်းညိတ်ပြခဲ့သည်။ ရှုယင်သည် ပိုမို အစွမ်းထက်ကြောင်း ကို သူမ သိနေခဲ့သည်။

ရှုယင်သာ ဤနေရာတွင် ရှိနေလျှင် မည်သည့်သူခိုးမျှ သူမ၏ ကိတ်မုန့်ကို ယူသွားနိုင်မည် မဟုတ်ဟုလည်း သေခြာနေခဲ့လေသည်။

“အဲဒါက အမှန်ပဲ ငါတို့သာတကယ်လို့ အခန်းတစ်ခန်းယူနိုင်ခဲ့ရင် မင်းလည်း ဘာမှ စိုးရိမ်စရာမလိုဘဲ ကိတ်မုန့်တွေကို တ၀စားနိုင်လိမ့်မယ် ငါ့ရဲ့ ဆီလက်စ်ကလေးက တော်သားပဲ”

အာရန်သည် မိန်းကလေးအငယ်လေး၏ ခေါင်းကို ပုတ်လိုက်ကာ သူမကို ဤကိစ္စတွင် ဦးဆောင်သူတစ်ဦးကဲ့သို့ခံစားစေလိုက်သည်။

ဆီလက်စ်သည် သူမ၏ ကိတ်မုန့် ပြုတ်ကျစဉ်အခါက ငိုတော့မလို ဖြစ်ခဲ့ခြင်းအားလုံးဝ မေ့လျော့သွားသည့်ပုံဖြင့် ဂုဏ်ယူစွာ ပြုံးနေခဲ့လေသည်။

အာရန်သည် ရှုယင်ကို စောင့်နေရင်းဖြင့် သူ၏ လက်တစ်ဖက်အား အိတ်ကပ်ထဲသို့အမှတ်တမဲ့ စမ်းကြည့်မိလိုက်သောအခါ……..

“ဟင်”

အာရန် သည် သူ၏လက်ကို အိတ်ကပ်ထဲသို့ မတော်တဆစမ်းမိလိုက်သော အခိုက်အတန့်တွင် တစ်စုံတစ်ခုရှိနေသည်ကို သတိပြုမိလိုက်သည်။

ဤတိုက်တွင်သုံးသည့် ဒင်္ဂါးများအပြင် သူ့အိတ်ထဲတွင် အခြားအရာတစ်ခုလည်း ရောက်ရှိနေခဲ့လေသည်။

“ဒါက ဘာလဲ”

အာရန်သည် ချွန်ထက်လျက်ရှိသော ထိုအရာကို သူ၏အိတ်အတွင်းမှ ထုတ်ယူလိုက်သောအခါ ၎င်းသည် သလင်းကျောက်ဖြင့်ပြုလုပ်ထားသော ဓားတစ်ချောင်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

“ဟေ့ မင်းက ဘယ်ကနေ ရောက်လာတာလဲဟ”

သူသည် အသံထွက်၏ ပြောလိုက်မိလေသည်။

ယင်းသည် စနစ်မှ ပို့လိုက်ခြင်းဟုတ်မဟုတ် သူမသေခြာနေပါ။

စနစ်သည် အမှန်တကယ် ဘောနပ်စ် ဆုလာဘ်များကို ပေးနေခြင်းမျိုးမဟုတ်ပါက ဤကဲ့သို့ ဆုလာဘ်မျိုးရရှိစရာအကြောင်းမရှိနေပါ။

ထိုဓားကို လှည့်ပတ်လေ့လာလိုက်ပြီး သူသည် စနစ်၏ စာရင်းဇယားများကို ခဏလောက် ထပ်မံစစ်ဆေးကြည့်လိုက်သည်။

မေးခွန်း ဘောက်ချာကိုသာ ဆုလာဘ်အဖြစ် သူ၏ သိုလှောင်ခန်းအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

.....

အာရန်နှင့် စောစောပိုင်းက ဝင်တိုက်မိခဲ့သော အမျိုးသမီးသည် နောက်ပြန်လှည့်ကြည့်ရင်း ဆက်လက် ပြေးလွှားနေခဲ့လေသည်။

သူမ၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်လျက်ရှိသော်လည်း သူမသည် အော်ဟစ်အကူအညီတောင်းခံခြင်းမျိုး မပြုလုပ်ခဲ့ပါ။

သူမသည် အနီးနားရှိ အိမ်များကိုလည်း ချဉ်းကပ်၍ဝင်ရောက်သွားခဲ့ခြင်းမျိုးလည်းမရှိပါ။

“မင်း ပြေးနေတာ လုံလောက်ပြီထင်တယ်”

အမျိုးသမီးသည် သူမ၏ ရှေ့မှလာသော အသံကို ကြားလိုက်ရသောအခါ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူမသည် သစ်ပင်ပေါ်ရှိ အရိပ်များ ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။

ထိုစဉ်အရိပ်တစ်ခုသည် မြေပြင်အတွင်းမှ တိုးထွက်လာကာ လူတစ်ယောက်၏ ပုံသဏ္ဌာန်သည် တဖြည်းဖြည်းပီပြင်လာခဲ့သည်။

“ငါက ကြင်နာမှုပြနေတုန်းမှာ မင်းက ခိုးသွားတဲ့ အဲ့ဒီအရာကိုအသာတကြည် ပြန်ပေးလိုက်သင့်တယ်”

ထိုလူသည် ပြေးလာသောအမျိုးသမီးအား အမိန့်ပေးသည့်လေသံဖြင့် သတိပေးလိုက်ကာ သူ၏ လက်ကို ဆန့်ထုတ်ပေးခဲ့သည်။

“ရှင်က ရိုးလွန်းတာလား ဒါမှမဟုတ် မိုက်မဲတာလားဆိုတာကို ကျွန်မမပြောတတ်တော့ဘူ ဒါပေမယ့် ကျွန်မက အဲ့ပစ္စည်းကို ရှင့်ကိုပြန်ပေးမယ်လို့ တကယ်ကြီး မျှော်လင့်နေတာလား”

“မင်း အသက်ရှင်ချင်သေးရင်တော့ ပြန်ပေးသင့်တယ်လို့ထင်တာပဲ”

“ဒါဆို ကျွန်မက ပြန်မပေးဘူးဆိုရင်ကော”

“ဒါဆိုတော့ မင်းကို သတ်ပစ်ရလိမ့်မယ် ပြီးတော့ အဲဒီပစ္စည်းကို မင်းရဲ့ အလောင်းဆီကနေ ပြန်ယူသွားရလိမ့်မယ်”

“ရှင်က ရှင်တစ်ယောက်တည်းအစွမ်းနဲ့ ကျွန်မကို သတ်နိုင်တယ်လို့ ထင်နေတာလား”

အမျိုးသမီးသည် ထိုသို့ပြန်ပြောရင်း ထိုလူအား လက်ခလယ်ထောင်ပြလိုက်သည်။

“မင်းက လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်အထိ ကြောက်လန့်တကြားနဲ့ ပြေးလွှားနေခဲ့ရတဲ့ လူတစ်ယောက်ပါ အခုတော့လည်း အတော်လေး ရဲရင့်တဲ့ပုံ ပြုမူနေပါလား”

“ကျွန်မထင်တာ ‘သူ’ က ရှင်နဲ့ အတူပါလာမယ်လို့ ထင်လို့ ပြေးနေမိခဲ့တာ ဒါပေမယ့် ခု ရှင်ကတစ်ယောက်တည်း ရောက်လာတယ်ဆိုတော့ သူရဲကောင်း အကယ်ဒမီက ရှင့်ကို အတော်လေးယုံကြည်မှုပေးထားတယ်ထင်တယ် ကျွန်မကို ဖမ်းဖို့ S အဆင့် သူရဲကောင်းတစ်ယောက်ကိုပဲ စေလွှတ်လိုက်တယ်ဆိုတော့ သူတို့က ကျွန်မကို အတော်လေးအထင်သေးနေကြတယ်နဲ့တူတယ်”

“မင်းကို နောက်ဘဝ ကူးပေးဖို့က ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်”

....

အခန်းကောင်းကောင်းရှိသော တည်းခိုခန်းတစ်ခုကို ရှာတွေ့ပြီးနောက် ရှုယင်သည် အာရန်ထံသို့ ပြန်လာခဲ့လေသည်။

ထိုတည်းခိုခန်းသို့ သွားရာလမ်းတွင် အာရန်သည် ဆီလက်စ်အတွက် ကိတ်မုန့်အချို့ကို ဝယ်သွားပေးခဲ့လေသည်။

သို့သော် ၎င်းတို့သည် သူတို့၏ အခန်းဆီသို့ ပြန်မရောက်မချင်း သူမကို စားခွင့်မပေးခဲ့ပေ။

သူသည် အခန်းထဲသို့ ဝင်ရောက်ပြီးမှသာ စားပွဲပေါ်တွင် ကိတ်မုန့်တစ်လုံးကို တင်ကာ ဆီလက်စ်အား ထိုကိတ်မုန့်တစ်ခုလုံး စားစေခဲ့လေသည်။

ကျန်ရှိသော ကိတ်မုန့်များကို အနာဂတ်အတွက် စနစ်သိုလှောင်ခန်းအတွင်းတွင် ချန်ထားလိုက်လေသည်။

ဤမိန်းကလေးအငယ်လေးကို လိမ်လည်မိခဲ့ခြင်း အတွက် ပြန်လည်ပြုလုပ်ပေးရန်အတွက်လည်း ဖြစ်လေသည်။

“သူမက ကိတ်မုန့်ကို အတော်သဘောကျတာပဲ”

ရှုယင်သည် အာရန်၏ ဘေးတွင် ထိုင်ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော ကိတ်မုန့်ကို စိုက်ကြည့်နေခဲ့လေသည်။

အာရန်သည် ရှုယင်၏ ခါးသွယ်သယ်ကလေးကို သူ၏လက်ဖြင့် ညင်သာစွာ ပွေ့ယူလိုက်ကာ သူ၏ ပေါင်ပေါ်တွင် ဝင်ထိုင်စေလိုက်သည်။

အာရန်သည် ရှုယင်၏ ပခုံးပေါ်တွင် သူ့မေးစေ့ကို တင်ကာ ဆီလက်စ်လေးအား သူမနှင့်အတူ ကြည့်နေလိုက်သည်။

“ ကိုယ်မင်းကို ချစ်သလောက် သူမကလည်း ကိတ်မုန့်ကို ချစ်တယ်ထင်တယ်”

ရှုယင်သည် ဆီလက်စ်ကို ယခုထိ မမြင်နိုင်သေးသော်လည်း အာရန်သည် သူမ၏ တည်ရှိမှုအကြောင်းကို ရှုယင်အား အသိပေးပြီး ဖြစ်လေသည်။ ဤရှည်လျားသော ခရီးစဉ်အတွင်း ဆီလက်စ်၏ တည်ရှိမှုကို အမြဲတမ်းဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပါ။

“ကျွန်မသာ ဆီလက်စ်ကလေးကို ရှင့်လို မြင်နိုင်ရင် ကောင်းမှာပဲ သူမဟာ တကယ် ချစ်စရာကောင်းနေရမယ်ဆိုတာ ကျွန်မတွေးကြည့်လို့တောင်ရနေတယ်” ရှုယင်သည် လှပစွာ ပြုံး၍ပြောလိုက်သည်။

သူမသည် ဆီလက်စ်ကလေးကို မမြင်နိုင်သေးသော်လည်း သူမလေးကို သူမ၏ ကလေးလေးတစ်ဦးကဲ့သို့ စတင်ဆက်ဆံနေပြီဖြစ်လေသည်။

“ကိုယ်သာ ပုံတူတွေကိုဆွဲသားနိုင်တဲ့အစွမ်းရှိရင် မင်းကို ဆွဲပြပေးပါတယ် သူမကို စကားလုံးတွေနဲ့ ဖော်ပြဖို့ကျ အတော်လေးခက်ခဲလွန်းနေတယ်”

အာရန်သည် အမှန်ကို ပြောနေခဲ့ခြင်းဖြစ်လေသည်။

ဆီလက်စ်လေးသည် နတ်သမီးတစ်ပါးကဲ့သို့ လှပသူလေး ဖြစ်လေးသည်။

သူက သူမကို ဖော်ပြပေးနိုင်ရန် စကားလုံးများ မလုံလောက်ခဲ့ပါ။

ဆီလက်စ်လေးတွင် ရှုယင်နှင့် မတူညီသော ကိုယ်ပိုင် ဆွဲဆောင်မှုတစ်ခုလည်း ရှိနေခဲ့လေသည်။

ရှုယင်တွင် သွေးဆောင်ညှို့ငင်တတ်သော ဆွဲဆောင်မှုတစ်ခု ရှိနေသကဲ့သို့ ဆီလက်စ်ကလေးတွင်လည်း လူများထံမှ အလိုလိုကာကွယ်ပေးချင်စိတ် ပေါက်လာသော ခံစားချက်များကို ထုတ်ပေးသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့လေသည်။

သူမကို ဖော်ပြခြင်းသည် ကောင်းကင်တမန်တစ်ပါးကို ဖော်ပြရန် ကြိုးစားခြင်းနှင့် တူညီနေခဲ့လေသည်။

ယင်းသည် တစ်စုံတစ်ယောက်က ခံစားသိရှိနိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သော်လည်း နှုတ်ဖြင့်ထုတ်ဖော်ပြ၍မူမပြုလုပ်နိုင်ချေ။

“အို အခု ရှင်က ကျွန်မကိုတောင် မနာလိုဖြစ်လာစေနေပြီနော်”

ရှုယင်သည် ချစ်စဖွယ်ကောင်းစွာဖြင့် နှုတ်ခမ်းလေးကို ဆူထားလိုက်လေသည်။

“ဒါဆို မင်းက ကိုယ့်ကိုဘာလုပ်မှာလဲ” အာရန်သည် သူမ၏ နားနားသို့ ကပ်ခါ တီးတိုးပြောလိုက်ရင်း သူမ၏ နားရွက်လေးကို ညင်သာစွာ ကိုက်ခဲလိုက်သည်။

ဤမိန်းကလေးက သူ့ကို မည်သို့ စနောက်ခဲ့သည်ကို သူ မမေ့သေးပါ။ ယခုက သူ့အလှည့် ဖြစ်လေသည်။

“ကျွန်မလည်း ဆီလက်စ် ပြုလုပ်နေတဲ့အရာမျိုးကိုပဲ ပြုလုပ်ချင်နေတယ်”

ရှုယင်သည် သူမ၏ ရီဝေဝေမျက်လုံးကလေးများဖြင့် အာရန်အား စိုက်ကြည့်နေခဲ့သည်။

“ပြီးတော့ အဲဒါက ဘာဖြစ်မလဲ”

အာရန်သည် သူ၏အကြည့်များကို သူမ၏ နှုတ်ခမ်းဖူးဖူးလေးများဆီသို့ ရွေ့လျားလိုက်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“ကျွန်မကတော့ ဟောဒီကအရသာရှိတဲ့အရာကိုပဲ သုံးဆောင်ချင်နေတယ်လေ”

သူမသည် အာရန်ကို ပြန်လည်တွန်းထုတ်လိုက်ကာ သူ့အား အိပ်ရာပေါ်သို့ လန်ကျသွားစေလိုက်သည်။ သူမသည်အမှန်တကယ် အစားကြူးသူတစ်ယောက် ပမာပြုမူလိုက်လေသည်။

....

အာရန်သည် အိပ်ယာမှနိုးလာသောအခါ နံနက်ခင်းစောစောအချိန်သို့ရောက်နေ ပြီဖြစ်ပြီး သူသည်ယခုအချိန်ထိပင် ပင်ပန်းနေဆဲ ဖြစ်လေသည်။

အာရန်သည် သူ၏ ဘေးသို့လှမ်းကြည့်လိုက်သော်လည်း ရှုယင်သည် ရှိမနေခဲ့ပါ။

“သူမက အပြင်ထွက်သွားတာလား”

သူသည် အိပ်ရာမှ ထကာ အဝတ်အစားများ ပြန်လည်ဝတ်ဆင်ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

“ဘာလို့ အပြင်မှာ ဒီလောက် ဆူညံနေတာလဲ”

သူသည် လမ်းမပေါ်တွင် လူများစွာဖြင့်ဆူညံနေသည်ကို မြင်လိုက်ရသည်။

၎င်းတို့အထဲတွင် သူရဲကောင်း အကယ်ဒမီ၏ တံဆိပ်များပါရှိနေသော လူများစွာ လည်း ပါဝင်ရောက်ရှိနေလေသည်။

“သူတို့က ငါရောက်နေတာကိုများ သိသွားကြလို့လား”

အာရန်သည် တွေးမိလိုက်သည်။

“မြို့ထဲမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာ တွေ့ခဲ့ရတယ်”

ရှုယင်သည် အာရန်၏ နောက်တွင် ပေါ်လာကာ သူ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“သူမက သူရဲကောင်း အကယ်ဒမီက လူတွေကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့ အတော်လေး အထူးခြားတဲ့သူတစ်ဦး ဖြစ်ရမယ်”

#Catfoot

All Chapters