← Chapters

ဝိညာဉ်လမ်းလျှောက်သူ

Vol. 7 Ch. 77

ဝိညာဉ်လမ်းလျှောက်သူ

Vol. 7 Ch. 77

“သူမက ဘယ်လို သေဆုံးခဲ့လဲဆိုတာကော သိနိုင်ခဲ့လား”

အာရန်သည် သူရဲကောင်း အကယ်ဒမီနှင့် ဆက်နွယ်နေသော လူတစ်ဦးသည် ဤမျှ လွယ်လွယ်ကူကူ သေဆုံးနိုင်သည်ကို ယုံကြည်ရန် ခက်ခဲလေသည်။

သူရဲကောင်း အကယ်ဒမီမှ စုဆောင်းထားသော လူတိုင်းသည် အကောင်းဆုံးများထဲမှ အကောင်းဆုံးများ ဖြစ်လေသည်။

၎င်းတို့က ဤကဲ့သို့ နည်းလမ်းဖြင့် လွယ်ကူစွာသေဆုံးရန် မည်သို့ဖြစ်နိုင်ရသနည်း။

၎င်းတို့သည် ၎င်းတို့၏ အသက်အတွက် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေခဲ့ရလျှင်ပင် မြို့တစ်ခုလုံးကို သတိပေးအကြောင်းကြားရန် အချိန်လုံလောက်သင့်လေသည်။

“တိုက်ပွဲဖြစ်ခဲ့တဲ့ လက္ခဏာတွေ မတွေ့ခဲ့ရဘူး ဒါကြောင့် သူမကို တစ်စုံတစ်ယောက်က အချင်းချင်းပြန်လည် လုပ်ကြံခဲ့တာ ဖြစ်ဖို့များတယ်”

“ဒါဆို စွမ်းအား အသုံးပြုနိုင်သူတစ်ယောက်က သူမကို သတ်ခဲ့တာပေါ့ ဒါက ကိစ္စတွေကို ပြဿနာ အနည်းငယ်ပိုတက်သွားစေလိမ့်မယ် မြို့ကို သူတို့ ပိတ်ဆို့ထားပြီလား”

ဤလူများ၏ လုပ်ရပ်များကို ခန့်မှန်းရန် အာရန်သည် များစွာ တွေးရန် မလိုခဲ့ပါ။

၎င်းတို့အတွက် အရေးကြီးသော တစ်စုံတစ်ယောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ လုပ်ဆောင်တော့မည့် ပထမဆုံးအရာမှာ မြို့တစ်ခုလုံးကို ပိတ်ဆို့ကာ လူတိုင်းကို ရှာဖွေခြင်းပင် ဖြစ်သည်။

အထူးသဖြင့် အာရန်သည်သူ၏ နောက်ခံမှာ အနည်းငယ် ထိရှလွယ်သောကြောင့် သူသည် စုံစမ်းစစ်ဆေးခံရရန် မလိုလားနေခဲ့ပါ။

“စွမ်းအားအသုံးပြုသူတစ်ယောက်က မြို့ကို ပိတ်ဆို့ထားတယ်”

ရှုယင်သည် ဟုတ်မှန်ကြောင်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“အဲ့စွမ်းအားအသုံးပြုသူကို ငါတို့အတွက် ချိတ်စည်းဖြေပေးဖို့ကို ဖွင့်ပေးဖို့ မင်းရဲ့ ဆွဲဆောင်ခြင်းအစွမ်းကိုအသုံးပြုလို့ရနိုင်မလား”

အာရန်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်၍ ပြောပြလိုက်သည်။

ချိတ်ပိတ်ထားခြင်းမျိုး ရှိလျှင်ပင် ၎င်းတို့သည် ဤနေရာမှ ထွက်ခွာရန် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိနိုင်သေးလေသည်။

၎င်းတို့သည် နောက်ဆုံးတွင် ပင်လယ်နဂါးတစ်ကောင်အား ရှာဖွေရန်အတွက် ပင်လယ်သမုဒ္ဒရာထဲသို့ပင် ဝင်ရောက်ရဦးမည် မဟုတ်ပါလော။

“ကျွန်မက သူ့ကို ရှာတွေ့နိုင်ခဲ့ရင်တော့ ဖြစ်နိုင်ပါတယ် ဒါပေမယ့် အဲဒီလူက ဘယ်မှာနေလဲဆိုတာကို ကျွန်မ မသိဘူး တကယလို့ သူ့ကို ရှာတွေ့နိုင်ရင်တောင် သူက လုံခြုံရေး အတော်လေး တင်းကျပ်တဲ့ နေရာတစ်ခုမှာ ရှိနေလိမ့်မယ်ထင်တယ်ဒါကြောင့် ဒီတိုင်းခွန်အားသုံးပြီး အတားအဆီးကို ချိုးဖျက်ပစ်လိုက်တာကမှ ပိုပြီးလွယ်ဦးမယ်ထင်တယ်”

အာရန်သည် သူ၏ ခေါင်းကိုတဖန်ပြန် ကုတ်လိုက်မိသည်။

သူမပြောတာမှန်နေသည်။

ဤအတားအဆီးကို ဖန်တီးခဲ့သော သူရဲကောင်းတစ်ဦးကို ရှာဖွေရန်မှာ မလွယ်ကူနိုင်ပါ။

သူရဲကောင်းအကယ်ဒမီသည် ဤကဲ့သို့ အရေးကြီးသော လူတစ်ဦးကို လုံခြုံရေးမပြုလုပ်ထားပဲ ထားရှိလောက်အောင် မိုက်မဲသူများမဟုတ်ကြပါ။

၎င်းတို့သည် အတားအဆီးကို အင်အားသုံး၍ အမှန်တကယ် ချိုးဖျက်နိုင်သော်လည်း ယင်းသည် မြို့ထဲရှိ လူတိုင်းကို သတိပေးလိုက်မိခြင်းနှင့် ခြားနားမည်မဟုတ်ပါ။

မြို့ထဲတွင် ရှိနေသော သူရဲကောင်းအားလုံးက ၎င်းတို့နောက်ကို လိုက်လာတော့မည် ဖြစ်သည်။

ယင်းတို့သည် သူအစောပိုင်းမြင်ခဲ့သော သူရဲကောင်းများသာရှိနေသည်ဆိုလျှင် တော်သေးသည်။

ထိုသို့မဟုတ်ပဲ သူရဲကောင်း အကယ်ဒမီမှ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကြီးမှူးနေခြင်းဖြစ်လျှင်ကော။

ယင်းလုပ်ရပ်သည် ကောင်းခြင်းထက် ဆိုးခြင်းများသာဖြစ်ရန် ပိုမိုအခွင့်အရေးများနေလေသည်။

အာရန်သည် ပြတင်းပေါက်ကို ငေးကြည့်လိုက်ကာ ဤပြဿနာကို ဖြေရှင်းရန်အတွက် ဦးနှောက်ကိုညှစ်ထုတ်ဖို့ကြိုးစားကြည့်လိုက်သည်။

ဤတည်းခိုဆောင်သည် ရှာဖွေခံရမည့် ပထမဆုံးနေရာပင် ဖြစ်သည်။

သူသည် ဤဘက်ကိုပိုင်းသို့ တဖြည်းဖြည်း စုရုံးရောက်ရှိလာနေသော သူရဲကောင်းများကိုပင် မြင်နေရပြီ ဖြစ်သည်။

“ဟင်”

သူသည် အခြား သူရဲကောင်းအဖွဲ့တစ်ဖွဲ့ကို ရုတ်တရက် သတိထားမိလိုက်သည်။

၎င်းတို့သည် သူယခင်က မြင်ခဲ့သော အဖွဲ့နှင့် တူညီမနေခဲ့ပါ။

ဤသူရဲကောင်းများတွင် သူရဲကောင်း အကယ်ဒမီကျောင်း၏ မမှတ်တံဆိပ်ပါသော မီးခိုးရောင် ဝတ်ရုံတစ်များကိုဝတ်ဆင်ထားကြလေသည်။

၎င်းတို့၏ အဆင့်အတန်းသည် အားနည်းနေခြင်း မရှိပါ။

၎င်းတို့၏ အဝတ်အစားများမှ ဖော်ပြချက်အရ ၎င်းတို့အားလုံးသည် S အဆင့် သူရဲကောင်းများ ဖြစ်ကြောင်း ထင်ရှားနေလေသည်။

“ဒီလောက်သေးငယ်တဲ့ အဖြစ်အပျက်လေးက ဒီလိုလူတွေကိုတောင် ဆွဲထုတ်လာနိုင်တယ်ဆိုတော့ အဲဒီအမျိုးသမီးရဲ့ နောက်ခံက ဘာများဖြစ်နေမလဲ”

S အဆင့်ရှိ သူရဲကောင်းများသည် အာရန်၏ တည်းခိုခန်းရှေ့တွင် ရပ်နေခဲ့ကြသည်။

နေရာအားလုံးထဲမှာမှ ၎င်းတို့သည် ဤတည်းခိုခန်းရှိရာနေရာတွင် တည့်တည့် လာရပ်နေခဲ့ကြခြင်း ဖြစ်သည်။

အာရန်သည် ယင်းအကြောင်းကို မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်လေသည်။

၎င်းတို့သည် ဤနေရာတွင် လာရောက်ရပ်စောင့်နေခြင်းသည် သာမန် တိုက်ဆိုင်မှုတစ်ခုသက်သက်ပေလော။

သူရဲကောင်းတစ်ဦးက သူ့လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်ဂိတ်ပေါက် တစ်ခုကို ဖွင့်လိုက်သည်။

“ဝိညာဉ်စွမ်းရည်ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်လား”

အာရန်သည် ထိုစွမ်းရည်ကို မြင်လိုက်သောအခိုက်အတန့်တွင် သူ၏အမူအရာများသည် မဲမှောင်သွားခဲ့လေသည်။

သူသည် ဒဏ္ဍာရီလာ သူရဲကောင်း အကယ်ဒမီအကြောင်းကို အများကြီး မသိခဲ့ပါ။

၎င်းတို့သည် သူဖတ်ခဲ့သောဝတ္ထုတွင် လုံလောက်စွာ ဖော်ပြထားခြင်း မရှိခဲ့ပါ။

သို့သော် ဤကမ္ဘာ၏ သမိုင်းကြောင်းများကို ပြောသောအပိုင်းတွင်း ဖော်ပြထားချက်များအရ သူရဲကောင်း အကယ်ဒမီမှ လူအနည်းငယ်အကြောင်း တော့သိရှိခွင့်ရခဲ့လေသည်။

၎င်းတို့ထဲမှ တစ်ဦးသည် ဒဏ္ဍာရီလာသူရဲကောင်းအကယ်ဒမီ ၏ ဒု-ကျောင်းအုပ် ဖြစ်သော သူရဲကောင်းတစ်ဦး ဖြစ်သည်။

သူသည် ဝိညာဉ်စွမ်းရည်များကို အသုံးပြုသူနိုင်သူတစ်ဦး ဖြစ်သည်ဟုလည်း ဆိုထားခဲ့သည်။

သူသည် သူ၏ဆန္ဒအတိုင်း အာကာသဥပဒေသများကို ကွေးညွှတ်စေနိုင်ရုံသာမကပဲ တစ်နေရာမှ အခြားတစ်နေရာသို့ခုန်ကူးနိုင်သော ဝိညာဉ်ဂိတ်ပေါက် များကိုလည်း ဖန်တီးနိုင်သူဖြစ်သည်။

ဝါးမြိုခြင်းစွမ်းအင်ကိုပိုင်ဆိုင်ထားသော သူရဲကောင်းကို အရှင်သခင်လေးဦးက ပူးပေါင်း၍ သတ်ဖြတ်ခဲ့ကြသည်။

သို့သော် ထိုဝါးမြိုသူကို ရှာဖွေတွေ့ရှိကာ အရှင်သခင်လေးဦးကို ထိုသူဆီသို့ ခေါ်ဆောင်လာရန် တာဝန်ယူပေးခဲ့သူမှာ အခြားမဟုတ် ဤ သူရဲကောင်းအကယ်ဒမီ ၏ ဒု-ကျောင်းအုပ်ပင်ဖြစ်လေသည်။

“သူကအဲ့ဒီ ‘ ဝိညာဉ်လမ်းလျှောက်သူ’ မဟုတ်ဘူးမလား”

သူသည် သူ၏ ယူဆချက်များ မှားယွင်းနေစေရန်သာ ကြိတ်၍ မျှော်လင့်နေခဲ့မိသည်။

ဝိညာဉ်လမ်းလျှောက်သူသည် ဒဏ္ဍာရီလာသူရဲကောင်း အကယ်ဒမီ၏ ဒု-ကျောင်းအုပ် ဖြစ်ရုံသာမကဘဲ ဤသူရဲကောင်းတိုက်ကြီးတွင် ဒုတိယမြောက် အားအကောင်းဆုံးသူလည်း ဖြစ်လေသည်။

သူ၏ ကိုယ်ပိုင် ခွန်အားကို လျစ်လျူရှုထားလျှင်ပင် ဂိတ်ပေါက်များကို ဖန်တီးနိုင်သည့် သူ၏စွမ်းအားတစ်ခုနှင့်ပင် ထိုသူမှာ အန္တရာယ်အလွန်များသူ ဖြစ်ကြောင်း ပြောရန် လုံလောက်နေလေသည်။

ထိုသူသည် သူရဲကောင်းအကယ်ဒမီနှင့် ချိတ်ဆက်ကာ အကယ်ဒမီ၏ ကျောင်းအုပ်ဖြစ်သူ မစ်စ်ကို တိုက်ရိုက်ဆင့်ခေါ်ခဲ့လျှင် ယင်းသည် အဆုံးသတ်ပင် ဖြစ်သည်မဟုတ်ပါလော။

“သူက ဒီကို ဘာလာလုပ်နေတာလဲ”

ရှုယင်ပင် ထိုသူကို ဤနေရာတွင် တွေ့လိုက်ရသောကြောင့် အံ့အားသွားသင့်ပုံရသည်။

သူမသည် အဖြစ်အပျက်များကို စစ်ဆေးရန် သွားရောက်ခဲ့စဉ်က ထိုသူသည် ဤနေရာတွင် ရှိမနေခဲ့သေးပါ။

“သေဆုံးသွားလူက ကျောင်းအုပ်ကြီး မစ်စ်လို့တော့ ကိုယ့်ကိုမ မပြောနဲ့”

အာရန်သည် ရှုယင်ကို ထိတ်လန့်စွာပြန်မေးလိုက်သည်။

ဤနေရာတွင် ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းအင်မြင့်ပုဂ္ဂိုလ်များကိုပင် လာရောက်စေနိုင်သည်အထိ ဆွဲဆောင်နိုင်သောသေဆုံးသူမှာ အကယ်ဒမီ၏ ကျောင်းအုပ်မှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်းဟုပင်တွေးလိုက်မိသည်။

အခြားမည်သူ့အတွက်မဆို ယင်းက အဓိပ္ပာယ်ရှိမနေခဲ့ပေ။

“မစ်စ် မဟုတ်ပါဘူး ကျွန်မ အဲ့ဒီကျောင်းအုပ်ကို အရင်က မြင်ဖူးပါတယ် သေဆုံးနေတဲ့လူက သူနဲ့မတူဘူး”

ရှုယင်ပင် ဤနေရာတွင်သာမန်အားဖြင့် ဝိညာဉ်လမ်းလျှောက်သူတစ်ဦး ပေါ်လာလေ့မရှိကြောင်း သိထားလေသည်။

ပုံမှန်အားဖြင့် ဤတိုက်ကြီး၏ သေခြင်းရှင်ခြင်းကဲ့သို့ အရေးပါသော ကိစ္စများ ဖြစ်ပွားသောအခါမှသာ ဝိညာဉ်လမ်းလျှောက်သူ သို့မဟုတ် ကျောင်းအုပ်ကြီး မစ်စ် တို့ကဲ့သို့သောတည်ရှိမှုများသည် ပေါ်ပေါက်လာတတ်ကြခြင်းဖြစ်လေသည်။

ဝိညာဉ်လမ်းလျှောက်သူ သည် ဂိတ်ပေါက်တစ်ခုကို ဖွင့်လိုက်သည်။

အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်သည် ထိုဂိတ်ပေါက်မှတဆင့် ဝင်ရောက်လာကာ မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။

“သူမက မနေ့က သေဆုံးခဲ့တဲ့လူပဲ”

ရှုယင်သည် ဤခန္ဓာကိုယ်ကို မှတ်မိနေခဲ့လေသည်။

“အဲဒီအမျိုးသမီးက…..”

အာရန်သည် အမျိုးသမီးကို မြင်သောအခါ တိတ်ဆိတ်သွားခဲ့သည်။

အာရန်သည် ဤသေဆုံးသူအမျိုးသမီး၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူမသည် ယမန်နေ့ညက သူ့ကို တိုက်မိသွားခဲ့သော အမျိုးသမီးဖြစ်ကြောင်း တန်း၍ မှတ်မိသွားလေသည်။

ထိုစဉ် အခြားသူရဲကောင်းတစ်ဦးမှ ရှေ့သို့ တက်လာခဲ့သည်။

သူသည် ထိုသေဆုံးသူ အမျိုးသမီး၏ နဖူးပေါ်သို့ သူ၏ လက်ကို တင်လိုက်ကာ သူ၏ စွမ်းအင်အချို့ကို အသက်သွင်းလိုက်လေသည်။

ထို့နောက် ပါးလွှာလွန်းသော ရွှေရောင်ချည်မျှင်တစ်ခု ပေါ်လာကာ ထိုရွှေရောင်ချည်မျှင်တန်း ၏ အဆုံးတစ်ဖက်သည် သေဆုံးသူအမျိုးသမီးနှင့် ချိတ်ဆက်သွားကာ အခြားတစ်ဖက်သည် သူမ၏ရှေ့ရှိ တည်းခိုခန်းတစ်ခုဆီသို့ တည့်တည့်ကြီး ပျံသန်းထွက်ခွာ သွားခဲ့လေသည်။

ထိုချည်မျှင်တန်း၏ အခြားအဆုံးတစ်ဖက်သည် အာရန်ဆီသို့ တည့်တည့်ကြီးပင် ရောက်ရှိသွားလေသည်။

အာရန်သည် ယင်းကို ရှောင်ရှားရန် ကြိုးစားလိုက်သော်လည်း ထိုချည်မျှင်တန်းသည် ပိတ်ထားသော ပြတင်းပေါက်ကို ဖြတ်ကာ သူ၏ လက်ကောက်ဝတ်တွင် လာရောက်ကပ်ညိနေလေတော့သည်။

“ကျုပ်မှန်တယ် ထင်တယ် သူမနဲ့ နောက်ဆုံး ထိတွေ့ခဲ့တဲ့လူက အဲဒီနေရာ တည့်တည့်မှာ ရှိနေသင့်တယ်”

ခေါင်းစွပ်စွပ်ထားသော ထိုပုံရိပ်က ထရပ်လိုက်သည်။

“ကျုပ် ခန့်မှန်းတာသာမှန်ရင် သူမမှာ အဲဒီအရာ မရှိတော့တဲ့အကြောင်းအရင်းက သူမက အဲဒီအရာကို အခြားတစ်ယောက်ယောက်ကို ပေးခဲ့လိုက်တာဖြစ်ရမယ် အဲဒီလူက သူမနဲ့ နောက်ဆုံး ထိတွေ့ခဲ့တဲ့လူပဲ ဖြစ်ရမယ်တယ်”

ဝိညာဉ်လမ်းလျှောက်သူသည် တည်းခိုခန်း၏ ဒုတိယထပ် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။

ပြတင်းပေါက်၏ အခြားတစ်ဖက်တွင် အာရန်ကလည်း ထိုသူကို ပြန်လည်စိုက်ကြည့်နေခဲ့လေသည်။

#Catfoot

All Chapters