← Chapters

တစ်စုံတစ်ယောက်နှင့်ထပ်မံတွေ့ဆုံခြင်း

Vol. 7 Ch. 78

တစ်စုံတစ်ယောက်နှင့်ထပ်မံတွေ့ဆုံခြင်း

Vol. 7 Ch. 78

“ကိုယ်တို့တော့ ပြဿနာတစ်ခုကြားထဲကို ဝင်ပါမိလိုက်ပြီ ထင်တယ်”

ရွှေရောင်မှိန်ဖျော့ဖျော့ သွယ်တန်းလျက်ရှိသော ထိုရွှေရောင်ချည်မျှင်တန်းသည် အာရန်နှင့် ထိုသေဆုံးသူအမျိုးသမီးကြားတွင်ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ပေးထားလေသည်။

ယင်းမှာ သူ့ကို သံသယရှိသူအဖြစ် ဖန်တီးခံလိုက်ရသကဲ့သို့ ဖြစ်သွားစေလေသည်။

အာရန်သည် သူ၏အပြစ်ကင်းစင်ကြောင်းကို ရှင်းပြရန် ကြိုးစားနိုင်သော်လည်း ယင်းသည် အသုံးဝင်မည်မဟုတ်ပါ။

သူ၏ အချက်အလက်များကို ဖော်ထုတ်ခံလိုက်ရပြီးသည်နှင့်တစ်ပြိုင်နက် သူဘာပြောပြော အသုံးဝင်တော့မည်မဟုတ်ပေ။

၎င်းတို့အတွက်မူ သူသည် သူရဲကောင်းအကယ်ဒမီမှ အဖွဲ့ဝင်တစ်ဦးကို သတ်ခဲ့သော အရှေ့ပိုင်းတိုက်ကြီးမှ တစ်စုံတစ်ယောက် ဖြစ်နေမည်ဖြစ်သည်။

အတိတ်တွင် သူရဲကောင်း အကယ်ဒမီမှ ပါမောက္ခတစ်ဦးကို သတ်ခဲ့သော ရှုယင်မှာလည်း သူ့နှင့်အတူ ရှိနေသေးသဖြင့် မည်သည့်ရှင်းပြမှုမျိုးမဆို အသုံးဝင်တော့မည်မဟုတ်ပါ။

“သူ့အပေါ်ကို မင်းရဲ့ ဆွဲဆောင်မှုစွမ်းရည် အသုံးပြုလို့ရနိုင်မလား”

အာရန် သည် ရှုယင်အား မေးလိုက်သည်။

ရှုယင်ဆီမှ ပြန်လည်တုံ့ပြန်မှုမရပဲ တိတ်ဆိတ်နေသဖြင့် သူ့အတွက် လုံလောက်သော အဖြေတစ်ခု ပြန်ရလိုက်ပြီးဟုဆိုလိုလေသည်။

ဆွဲဆောင်မှုစွမ်းရည်၏ ကျွမ်းကျင်မှုအဆင့်တွင်ပင် ၎င်း၏ ကန့်သတ်ချက်များ ရှိနေခဲ့လေသည်။

၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သော မစ်စ် သို့မဟုတ် ဝိညာဉ်လမ်းလျှောက်သူ ကဲ့သို့ တစ်စုံတစ်ယောက်အပေါ် သက်ရောက်နိုင်ခြင်းမရှိပါ။

ယင်းသို့ မဟုတ်လျှင်ပင် ၎င်းတို့၏ အကြီးအကဲတစ်ဦး ထိုအစွမ်းကြောင့် သေဆုံးခဲ့သောအခါ သူရဲကောင်း အကယ်ဒမီ၏ အဆင့်မြင့်သူများသည် ထိုဆွဲဆောင်မှုအပေါ် တန်ပြန်တိုက်စစ်ဆင်နိုင်သောအရာများကိုပြန်လည် တီထွင်ခဲ့ကြလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ကဲ့သို့ အဆင့်မြင့်မားသူများမှာ ဤမျှ လွယ်လွယ်ကူကူ ကျရှုံးနိုင်ဖွယ် ရှိမနေခဲ့ပါ။

ဤနေရာတွင် ဝိညာဉ်လမ်းလျှောက်သူ ရောက်ရှိလာခြင်းအားဖြင့် သူတို့ကြံစည်မည့် အစီအစဉ်အားလုံးမှာ အသုံးမဝင်နိုင်တော့ပါ။

ဤသူသည် ဤကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင်ပုန်းအောင်းနေခဲ့သော မိစ္ဆာဝါးမြိုသူကိုပင် လိုက်လံဖမ်းဆီးနိုင်ခဲ့သော လူတစ်ယောက် ဖြစ်လေသည်။

သူသည် အရှင်သခင်များကို သူ့ဆီသို့ ရောက်လာရန်ခေါ်ဆောင်နိုင်ခဲ့ခြင်းအားဖြင့် မိစ္ဆာဝါးမြိုသူကို ကျဆုံးစေခဲ့သော အဓိကလူတစ်ယောက်လည်း ဖြစ်လေသည်။

ထိုသူသည် ယခုတွင် သူတို့၏ မျက်လုံးရှေ့တွင် ရောက်ရှိလာပြီဖြစ်သည်။

အာရန်သည် သူ၏ ကံကိုသူအမှန်တကယ်ပင် ကျိန်ဆဲမိလိုက်တော့သည်။

လွန်ခဲ့သောညက သူ့တွင် ရွေးချယ်စရာ နှစ်ခုကို ရှိခဲ့လေသည်။

သူသည် ပထမရွေးချယ်မှုကို ရွေးချယ်ကာ ထိုအမျိုးသမီးနောက်ကို လိုက်ခဲ့လျှင် သူမကို ကယ်တင်နိုင်ခဲ့လိမ့်မည်ဖြစ်သည်။

ထို့နောက် သူသည် ဤရှုပ်ထွေးမှုထဲသို့ ရှိနေလာလိမ့်မည် မဟုတ်ပါ။

သူသည် လွတ်မြောက်ခြင်းအဆောင် ဆုလာဘ်ပါသည့် ရွေးချယ်မှုကိုရွေးချယ်ခဲ့ လျှင်လည်း ရှုယင်နှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လိမ့်မည်ဖြစ်သည်။

သို့သော် အာရန် သည် ဤကဲ့သို့ အခြေအနေတစ်ခုကိုကြုံတွေ့ရလိမ့်မည်ဟု လုံး၀ မမျှော်လင့်ထားခဲ့ပါ။

ထို့ကြောင့်ပင် သူသည် ဤမေးခွန်းဘောက်ချာကိုရယူနိုင်သည့် ရွေးချယ်မှုလမ်းကြောင်းကို ရွေးချယ်မိခဲ့ခြင်းဖြစ်လေသည်။

အာရန်သည် နောက်ထပ်ဖြစ်နိုင်ချေများကို ဆက်လက်တွေးတောလိုက်သည်။

သူသည် ၎င်းတို့နှင့် စကားပြော၍ ညှိနှိုင်းကြည့်ရန် ကြိုးစားကြည့်နိုင်မလား။

သို့မဟုတ် ပြန်လည်တိုက်ခိုက်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်မှုလား။

သူ့တွင် ခွန်အားမြင့်လည်ဆွဲ အသုံးပြုမှုတစ်ကြိမ် ကျန်ရှိနေသေးသည်။

ကံမကောင်းစွာဖြင့် ခွန်အားသည် အာကာသစွမ်းအင်ကို ထိန်းချုပ်နိုင်သော တစ်စုံတစ်ယောက်၏ ရှေ့တွင် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ မည်သို့မျှ အသုံးဝင်နိုင်မည်မဟုတ်ချေ။

သူအားကိုးနိုင်သော တစ်ခုတည်းသောအရာမှာ အကာအကွယ်လည်ဆွဲပင် ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်တွင်ရှိနေသော ဝိညာဉ်လမ်းလျှောက်သူသည် လေထဲသို့ ရုတ်တရက် မြောက်တက်သွားကာ တည်းခိုခန်း ဒုတိယထပ် ၏ ပြတင်းပေါက်ရှေ့ တည့်တည့်တွင် ရပ်လိုက်ကာ သူ၏စူးရှသော အကြည့်များသည် အာရန်၏ကိုယ်ပေါ်သို့ ကျရောက်လာလေတော့သည်။

ယင်းသည် သူ၏ သားကောင်ကို ချောင်း‌မြောင်း

နေသော မုဆိုးတစ်ယောက်၏ အကြည့်ကဲ့သို့ ဖြစ်လေသည်။

သူသည် အာရန်ဘေးတွင်ရှိနေသော ရှုယင်ကိုလည်း သတိပြုမိလိုက်လေသည်။

ထိုအခါတွင်မှသာ သူ၏မျက်နှာသည် အနည်းငယ် အံ့အားသင့်မှုတစ်ခုကို ဖော်ပြခဲ့သော်လည်း မကြာမီမှာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ သွားလေသည်။

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ ၎င်းတို့ကို ပိုင်းခြားထားသော ပြတင်းပေါက်နေရာသည် တစ်စုံတစ်ခု၏ စုတ်ယူဝါးမျိုခြင်း ကိုခံလိုက်ရသကဲ့သို့ အစအနရှာမရအောင် ထူးဆန်းစွာ ပျောက်ကွယ်သွားလေသည်။

‘နောက်ဆုံးတော့ ပြန်လည်တိုက်ခိုက်ခြင်းတစ်ခုပဲ နောက်ဆုံးရွေးချယ်မှု အဖြစ်ကျန်ရှိတော့တယ် ထင်တယ်’

အာရန်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ပြင်းထန်သော တိုက်ခိုက်မှုများကိုစတင်ရန် ပြင်ဆင်လိုက်လေသည်။

သူသည် ဤအခြေအနေမှ လွတ်မြောက်နိုင်မလားဆိုသည်ကိုပင် သေခြာမနေတော့ပါ။

အာရန်သည် သူ၏စိတ်ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏နှလုံးသားတွင် ထူးဆန်းသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။

သူ၏ နှလုံးခုန်နှုန်းသည် ပုံမှန်မဟုတ်တော့ပါ။

အာရန်သည် ကမ္ဘာနှင့်သူ၏ကြားဆက်သွယ်မှုမှာ ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

အာရန်သည် ဤခံစားမှုကို မှတ်မိသွားသောအခါ သူ၏မျက်နှာသည် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သေချာစေရန် သူသည် ပတ်ဝန်းကျင်ကိုတစ်ချက်လှည့် ကြည့်လိုက်သည်။

ထို့နောက် သူသည် သူ့၏ဘေးကို လှည့်ကြည့်လိုက်သည်။

ဆီလက်စ်ကလေးသည် ထိုနေရာတွင် ရှိနေသေးသော်လည်း သူမသည် တစ်ချိန်ထဲတွင် အေးခဲသွားပုံရလေသည်။

ရှုယင်အတွက်လည်း အတူတူပင်ဖြစ်လေသည်။

အာကာသစွမ်းအင်များကိုထိန်းချုပ်နိုင်သော ဝိညာဉ်လမ်းလျှောက်သူကဲ့သို့ တစ်စုံတစ်ယောက်ပင် မရွေ့လျားနိုင်တော့ပါ။

အချိန်သည် လုံး၀ရပ်တန့်သွားခဲ့လေသည်။

သူသည် ဆီလက်စ်ကလေးကို ထိတွေ့နိုင်ရန် လက်ကိုဆန့်ထုတ်ကြည့်လိုက် သော်လည်း သူ၏လက်သည် သူမကို ဖြတ်၍ဖောက်ထွက်သွားခဲ့လေသည်။

ယင်းသည် ဤကဲ့သို့ ဖြစ်ပျက်ခဲ့သော ဒုတိယအကြိမ် ဖြစ်လေသည်။

လေထုသည် အမည်မသိသောတည်ရှိမှုတစ်ခုကြောင့် ပိုမို၍လေးလံနေသကဲ့သို့ ခံစားနေရပြီး ထိုပုဂ္ဂိုလ်ရောက်လာတော့မည့် ရှေ့ပြေးခံစားမှုတစ်ခုက သူ့ကို လွှမ်းခြုံထားလေသည်။

“စာရေးဆရာရေ ခင်ဗျားက ဒီတစ်သက်ကိုယ်ထင်ကော ပြဦးမှာလား မပြတော့ဘူးလား”

အာရန်သည် အသံထွက်၍ မေးလိုက်သည်။

[တွေ့ဆုံမှုစတင်အသက်ဝင်ပါပြီ။ သင့်ရဲ့ မေးခွန်း ဘောက်ချာကို ဉာဏ်ရှိစွာ အသုံးချပါ။ ဤတွေ့ဆုံမှုတွင် ဤမေးခွန်း ဘောက်ချာကိုသာ မသုံးမိပါက အချိန်ပြည့်သွားသောအခါတွင် ဤမေးခွန်း ဘောက်ချာသည် အလိုအလျောက် သက်တမ်းကုန်ဆုံးသွားပါလိမ့်မည်။]

အာရန်သည် သူ၏ မြင်လွှာ ထောင့်ဘက်တွင် ဤအသိပေးချက်ကို မြင်လိုက်ရလေသည်။

ယင်းသည် သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

ဤမေးခွန်း ဘောက်ချာသည် သူ့အား စာရေးဆရာဖြစ်ကြောင်းကို လက်ခံရန် ငြင်းဆန်ခဲ့သော ထိုပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် ခွင့်ပြုပေးထားသော လက်မှတ်တစ်ခုကဲ့သို့ ပင်ဖြစ်နေခဲ့လေသည်။

ဤမေးခွန်း ဘောက်ချာသည် မည်သည့်မေးခွန်းကိုမဆို မေးရန် ခွင့်ပြုထားပြီး ထိုပုဂ္ဂိုလ်မှ ပြန်လည်ဖြေကြားခြင်းကို ငြင်းဆန်နိုင်ခွင့် မရှိပါ။

နောက်ဆုံးတွင် တွေ့ဆုံမှုသည်စတင်အသက်ဝင်သွားလေတော့သည်။

“မင်းကို ငါက ကံကောင်းတယ်လို့ ပြောရမလား ကံဆိုးတယ်လို့ ပြောရမလားဆိုတာ ငါတောင်တကယ်မပြောတတ်တော့ဘူး”

အသံတစ်ခုသည် အာရန်၏ နောက်ကျော တည့်တည့်မှ ထွက်ပေါ်လာခဲ့လေသည်။

“အခြား ကမ္ဘာကူးလာသူတွေက မေးခွန်းဘောက်ချာတစ်ခုတောင် မရသေးချိန်မှာ မင်းက ဒုတိယအကြိမ်မေးခွန်း ဘောက်ချာတစ်ခုကိုရယူနိုင်ခဲ့တယ်ဆိုတော့”

အာရန်သည် နောက်သို့လှည့်ကြည့်လိုက်ရာ ထိုင်ခုံတစ်ခုပေါ်တွင် သူ၏ကိုယ်ပိုင်အိမ်ယာကဲ့သို့ အေးဆေးစွာထိုင်နေသော ထိုပုဂ္ဂိုလ်ကိုတဖန်ပြန် တွေ့ရှိခဲ့လေသည်။

သူသည် ထိုပုဂ္ဂိုလ်၏ မျက်နှာကို ယခုထိ မမြင်နိုင်သေးပါ။

ယင်းသည် ထိုလူ၏ မျက်နှာကို ဖော်ပြရန် ဤကမ္ဘာမြေကိုယ်တိုင်က ချို့ယွင်းချက်တစ်ခုခု ရှိနေသကဲ့သို့ပင် ဖြစ်လေခဲ့သည်။

သူမြင်နိုင်သော တစ်ခုတည်းသောအရာမှာ ထိုပုဂ္ဂိုလ်၏ ကိုယ်လုံးကိုယ်ပေါက် ဖြစ်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုပုဂ္ဂိုလ်တစ်ဦးအနေနှင့်သာ မြင်စေခဲ့သည်။

“ကျုပ်နောက်ကလူကိုလည်း ကြည့်ပါဦး ကျုပ်က ကံကောင်းနေတဲ့ပုံစံ ပေါက်နေလို့လား”

အာရန်သည် ဝိညာဉ်လမ်းလျှောက်သူကို ပြန်ညွှန်ပြရင်း လှောင်ပြောင်သောမေးခွန်းတစ်ခုကို ပြန်လည်မေးလိုက်လေသည်။

“အဲဒါလည်း မှန်တာပဲ မင်းရဲ့ ကံကိုက ဒီလောက်ဆိုးရတယ်လို့ မင်းက ဒုတိယ ကမ္ဘာကူးသူတစ်ယောက်ကို ဒီလောက်စောစော တွေ့နိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး ဘယ်လောက် ကံဆိုးလိုက်သလဲ”

“ကျုပ်ကံသာတကယ်ကောင်းခဲ့ဖူးရင်…… ခဏနေပါဦး…..ခင်ဗျားစောစောက ဘာပြောလိုက်တာလ”

အာရန်သည် ထိုပုဂ္ဂိုလ်၏ စကားများကို ပြန်မှတ်မိလိုက်သောအခါ သူ၏ မေးရိုးများသည် လုံးဝပြုတ်ကျလုနီးပါးဖြစ်သွားခဲ့ရလေသည်။

“ခင်ဗျားက ဝိညာဉ်လမ်းလျှောက်သူအကြောင်းကို ပြောနေတာ တော့မဟုတ်ပါဘူးနော်”

“ဒါဆို ငါက ဘယ်သူ့အကြောင်းကို ပြောနေရဦးမှာလဲ”

စာရေးဆရာဆိုသူထိုပုဂ္ဂိုလ်မှ အပြစ်ကင်းဟန်ဖြင့် အာရန်အား ပြန်လည်မေးခွန်းထုတ်လိုက်သည်။

အာရန်၏ အမူအရာများသည် ကမ္ဘာပေါ်တွင် အစပ်ဆုံး ငရုတ်သီးထောင့်ကို ရုတ်တရက် စားလိုက်ရသော လူတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့လေသည်။

သူသည် ထိုစာရေးဆရာထင်သူပုဂ္ဂိုလ်နှင့် နောက်ဆုံးအကြိမ် ပြောခဲ့သောအခါ က အခြားကမ္ဘာမြေမှ လာသော လူအနည်းဆုံးလေးဦးခန့် ရှိကြောင်းကို သိရှိခဲ့ရပြီးဖြစ်သည်။

သူသည် အရှေ့ပိုင်းတိုက်ကြီးတွင် ပြောင်းရွှေ့ရောက်ရှိလာခဲ့သော တစ်ဦးတည်းသော ကမ္ဘာကူးလာသူ ဖြစ်ပြီး အခြား ကမ္ဘာကူးလာသူများသည် အခြားတိုက်ကြီးများတွင် ဖြန့်ကျက်တည်ရှိလျက်ရှိကြောင်းသိခဲ့ပြီးဖြစ်သည်။

“ခင်ဗျား ကျုပ်ကို နောက်နေတာလို့ ပြန်ပြောစမ်းပါဦး”

အာရန်၏ နှုတ်ခမ်းများသည် စိတ်ပျက်မှုများစွာဖြင့် တုန်ယင်နေခဲ့လေသည်။

သူသည် ဤကမ္ဘာတွင် အဆင့်ဆင့် အားကောင်းလာစေရန်အတွက် အသဲအသန် ရုန်းကန်နေခဲ့ရလေသည်။

ထိုအချိန်တွင် ဝိညာဉ်လမ်းလျှောက်သူ ဆိုသူကကော။

ဤကမ္ဘာ၏ ဟန်ချက်သည် အဘယ်ကြောင့် ဤမျှပင် ပျက်စီးယိုယွင်းနေခဲ့ရ သနည်း။

၎င်းသည် ဂိမ်းတစ်ခုသာ ဖြစ်ခဲ့ပါလျှင် သူသည် ငရဲအဆင့်ခက်ခဲမှုများကြောင့် ဂိမ်းဖန်တီးသူများထံသို့ တိုင်ကြားစာပို့ပြီးလောက်ပြီ ဖြစ်လိမ့်မည်။

သူသည် သုညဘ၀မှ စတင်ခဲ့ရခြင်းဖြစ်သည်။

ထိုစဉ်တွင် ဤဝိညာဉ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောသူက ရှိနေခဲ့လေသည်။

ထိုသူသည် ဝိညာဉ်လမ်းလျှောက်သူ၏ စွမ်းအားများကို အသုံးပြုနိုင်ခဲ့ပြီး ကျောင်းအုပ်ကြီးမှလွဲ၍ ဤတိုက်ကြီးတွင် အမြင့်ဆုံး အာဏာကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သည်။

“စိတ်မပူပါနဲ့ သူက ကြောက်စရာကောင်းပုံပေါ်နေပေမယ့် တကယ်တော့ သူက အတော်လေး အားနည်းပါသေးတယ်”

“ခင်ဗျား……... ဒါကြီးက ခင်ဗျားအတွက် အားနည်းတဲ့ပုံစံ ပေါက်နေတာလား”

အာရန်၏ ဒေါသများသည် ပေါက်ကွဲလုနီးပါးအဆင့်သို့ရောက်သွားခဲ့လေသည်။

#Catfoot

All Chapters