ကံကောင်းခြင်းလော ကံဆိုးခြင်းလော
Vol. 7 Ch. 79
စာရေးဆရာထင်သူသည် ဝိညာဉ်လမ်းလျှောက်သူကို ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင် သနားကျင်နာမှုများကို မြင်တွေ့နိုင်လေသည်။
“မင်းသာ သိရင်...”
သူသည် ဒုတိယအကြိမ်ပင်ထပ်မံမကြည့်တော့ဘဲ ခေါင်းကို ညင်သာစွာ ခါယမ်းနေခဲ့သည်။
“မင်းက မင်းကိုယ်မင်း ကံဆိုးတယ်လို့ ခေါ်နိုင်ပေမယ့် ငါ့နေရာကနေ မင်းမြင်ရမယ်ဆိုရင် အဲဒီကလေးက မင်းထက် အများကြီး ကံဆိုးပါတယ်”
အာရန်သည် ထိုလူ၏ စကားများနောက်ရှိ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပါ။
သူက ဝိညာဉ်လမ်းလျှောက်သူက ပို၍ ကံဆိုးသည်ဟု ဘာကြောင့် ထင်ရသနည်း။
ထိုသူမှာ အရာအားလုံးကို ပိုင်ဆိုင်ထားခဲ့ခြင်းမဟုတ်ပါလော။
ထိုသူသည် သူရဲကောင်းတိုက်ကြီးတွင် ဒုတိယ အားအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်ပြီး မည်သူမဆို မနာလိုဖြစ်သွားစေနိုင်သော စွမ်းရည်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သူ၏ ဝိညာဉ် စွမ်းရည်ဖြင့်ပင် သူသည် သတ်၍မရနိုင်သော သက်ရှိဖြစ်တည်မှု တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီးဖြစ်လေသည်။
ဝိညာဉ်လမ်းလျှောက်သူထက် မည်သူက ပို၍ ကံကောင်းနိုင်ဦးမည်နည်း။ ဝိညာဉ်လမ်းလျှောက်သူသည် သူ့ကဲ့သို့ သန်မာနေဟန်ဆောင်ကာ လျှောက်လုပ်နေရန် မလိုအပ်ခဲ့ပေ။
အာရန်ကဲ့သို့ နေ့တိုင်း မည်သည့်အချိန်ရုတ်တရက် အသတ်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေစရာလည်း မလိုခဲ့ပါ။
ကျောင်းအုပ်မစ်စ်သည် သူ့ကိုယ်သူ လူအများရှေ့လူလုံးထွက်ပြခြင်းမျိုးသိပ်မရှိ ခဲ့သောကြောင့် ဝိညာဉ်လမ်းလျှောက်သူသည် အခြေခံအားဖြင့် ဤတိုက်ကြီး၏ စစ်မှန်သော အုပ်စိုးသူတစ်ခုဟုလည်းပြော၍ရနေလေသည်။
ဤသို့သော လူမျိုးကို ထိုပုဂ္ဂိုလ်မှ ကံဆိုးသည်ဟု ခေါ်ချင်နေသေးသည်လား။ ယင်းက ကံဆိုးခြင်းဆိုလျှင် သူ၏ကံမှာ မည်သို့ခေါ်ရတော့မည်နည်း။
“ဘာလို့လဲ မင်းသိချင်လား မင်းက မေးခွန်း ဘောက်ချာကို ဒီကိစ္စသိဖို့အတွက် အသုံးပြုနိုင်တယ် ဒါမှမဟုတ် မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အခြားမေးခွန်းတစ်ခုခုကိုလည်း မေးနိုင်တယ် သေခြာဂရုစိုက်ပါ ဒါက မင်း ငါနဲ့ နောက်ဆုံးစကားပြောခွင့်ရတဲ့အချိန်လည်း ဖြစ်သွားနိုင်တယ်”
စာရေးဆရာထင်သူသည် နောက်ထပ် မရှင်းပြတော့ပါ။ သူသည် အာရန်၏ ဆုံးဖြတ်ချက်ကိုသာ ရိုးရှင်းစွာ စောင့်ဆိုင်းနေခဲ့လေသည်။
‘မေးခွန်းတစ်ခုလား...’
အာရန်သည် တိတ်ဆိတ်သွားခဲ့သည်။ သူ့စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေခဲ့ပြီး ထိုအထဲမှသူသည် တစ်ခုကိုသာ မေးနိုင်သည်။
ယင်းသည် လူအများစု၏ ဦးနှောက်များကို အလွန်အမင်ရှုပ်ထွေးသွားစေနိုင်သော အခြေအနေတစ်ခုပင် ဖြစ်သည်။
သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အရင်ထိန်းလိုက်ကာ အရေးကြီးသော မေးခွန်းများကို တွေးတောရန် ကြိုးစားခဲ့လေသည်။
ထိုပုဂ္ဂိုလ်သည် ဝိညာဉ်လမ်းလျှောက်သူအား အဘယ့်ကြောင့် ကံဆိုးသည်ဟု ခေါ်ရသည်ကို သိချင်နေခဲ့သည်။
သို့သော် အာရန်သည် သူ့၏ကိုယ်ပိုင်ဘဝအကြောင်းကိုလည်း သိချင်နေခဲ့သည်။
သူသည် သူ့အိတ်ထဲတွင် ပေါ်လာသော သေးငယ်သည့် သလင်းကျောက်ဓားလေး အကြောင်းကိုလည်း သိချင်နေခဲ့သည်။
သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းနှင့်ပင် ၎င်းဓားလေး၏အကြောင်းများကို အဖြေမထုတ် ပေးနိုင်ခဲ့ပါ။
ပထမတွင် သူသည် ယင်းဓားကို စနစ်မှ လက်ဆောင်တစ်ခုရရှိခြင်းဖြစ်မည်ဟု ထင်ခဲ့မိလေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည် နောက်တစ်ခုကို ထပ်မံတွေးတောမိလိုက်လေသည်။
အမျိုးသမီးသည် သူ့ကို ဝင်တိုက်မိစဉ်အခါတွင်မှ ယင်း သလင်းကျောက်ဓားလေး သည် သူ၏အိတ်အတွင်း ရုတ်တရက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ထိုညတွင်းချင်းပင် ထိုအမျိုးသမီးမှာ သေဆုံးသွားခဲ့ရလေသည်။
အမျိုးသမီးသည် အရေးသောပုဂ္ဂိလ်တစ်ဦးဆိုလျှင်ပင် သူမသည် မစ်စ် မဟုတ်ခဲ့ပါ။
ထို့ကြောင့် ဤအမှုအတွက် သူရဲကောင်း အကယ်ဒမီမှ ဤကဲ့သို့ အဆင့်မြင့်သော လူများက ဤနေရာသို့ လာရောက်ကြခြင်းသည် အဓိပ္ပာယ်မရှိနေပါ။
အမျိုးသမီးတစ်ဦး…. ဤဓားတစ်ချောင်းနှင့် သူရဲကောင်း အကယ်ဒမီ မှ အဆင့်မြင့်ကျွမ်းကျင်သူများ ပေါ်လာရခြင်း..... ယင်းတို့အားလုံးတွင် ဆက်စပ်မှုတစ်ခု ရှိနေသည်ဟု သူခံစားလိုက်ရသည်။
‘ဒါပေမယ့် ငါထင်တာ မှားနေရင်ကော ငါက အတွေးလွန်သလိုဖြစ်သွားပြီး မေးခွန်း ဘောက်ချာကို ဖြုန်းတီးပစ်သလိုဖြစ်သွားနိုင်တယ်’
အာရန်သည် ထိုပုဂ္ဂိုလ်အား ဤမေးခွန်းကို မမေးမီ သူ့ကိုယ်သူ မေးရမည် ဖြစ်သည်။
သူသည် ကစားစရာအရုပ်ဆိုင်တစ်ဆိုင်တွင် ထားခဲ့ခြင်းခံရသော ကလေးတစ်ယောက် နှင့် တူနေခဲ့ပြီး သူ့အား အရုပ်တစ်ခုသာ ဝယ်ပေးမည်ဟုလည်း မှာကြားခြင်းခံထားရလေသည်။
“အဲဒါက မေးခွန်းကောင်းတစ်ခု ဖြစ်နိုင်တယ်”
သူသည် ရုတ်တရက် အခြားတစ်ခုကို တွေးမိလိုက်သည်။
သို့သော် ထိုလူက ဖြေကြားမည်ဟုတ်မဟုတ်ကို မသေချာသောကြောင့် အာရန်သည် ခဏတုံ့ဆိုင်းသွားရလေသည်။
“မင်းက မေးခွန်းတစ်ခုကို မေးမယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင် မေးလိုက်ပါ”
ထိုပုဂ္ဂိုလ်မှ အာရန်အား ပြုံးပြကာ စိတ်ရှည်စွာဖြင့် စောင့်နေခဲ့သည်။
“ကောင်းပြီ ကျုပ်မေးခွန်းက ရိုးရှင်းပါတယ် ဒီကမ္ဘာမှာရှိတဲ့ အဓိကဇာတ်လိုက်တွေ နှင့် ကမ္ဘာကူးပြောင်းလာသူတွေရဲ့ အချက်အလက် နောက်ခံတွေက ဘာတွေဖြစ်မလဲ သူတို့ရဲ့ အရင်ကမ္ဘာကအချက်အလက်တွေကို ပြောတာမဟုတ်ဘူး ဤကမ္ဘာမှာတည်ရှိနေတဲ့ အချက်အလက်တွေ အကြောင်းကိုသိချင်တာပါ”
သူသည် မေးခွန်းတစ်ခုကို မေးလိုက်သည်နှင့်တစ်ပြိုင်နက် အမှားမပါသွားစေရန် အတွက် သူ၏မေးခွန်းကို ပိုမိုရှင်းလင်းစေရန်အသေးစိတ် ရှင်းပြလိုက်သည်။
“မေးခွန်း ဘောက်ချာကို အခြား ကမ္ဘာသားတွေရဲ့ အချက်အလက်ကို ရှာဖွေဖို့ အသုံးပြုလို့ မရဘူး ကမ္ဘာကူးပြောင်းလာသူတစ်ယောက်စီတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာတွေကို သူတို့ပိုင်ဆိုင်ထားကြတယ် ဒါကြောင့် မေးခွန်း ဘောက်ချာတစ်ခုက ၎င်းတို့အားလုံးကိုပြောပြဖို့ အကျုံးမဝင်နိုင်ဘူး”
ထိုထူးဆန်းသောပုဂ္ဂိုလ်မှ ပြန်လည်ရှင်းပြလိုက်သည်။
“ဒါပေမယ့် မင်းက ဒါကို ဒီအတွက် တကယ်အသုံးပြုချင်သေးတယ်ဆိုရင်တော့ ငါက သူတို့ထဲကမှ ကျပန်းလူတစ်ယောက်ရဲ့ အချက်အလက်တွေအကြောင်းကို မင်းကို ပြောပြနိုင်ပါတယ်”
“မလိုတော့ပါဘူး ရပါတယ်”
အာရန်သည် ဤမေးခွန်းကို ဆက်မမေးတော့ပါ။
သူက လူတစ်ဦး၏ အချက်အလက်ကိုသာ ရနိုင်မည်ဆိုလျှင် ယင်းသည် ဖြုန်းတီးခြင်းတစ်ခုသာဖြစ်လိမ့်မည်ဟု ခံစားမိလေသည်။
ဤအချက်တွင် သူသည် အခြားမေးခွန်းတစ်ခုသို့ ပြောင်းလဲခဲ့သည်။
အာရန်သည် သူ၏ခံစားချက်ကို ရဲတင်းစွာထုတ်ဖော်ရန်ဆုံးဖြတ်လိုက်သည်။
ဤနေရာတွင် ဖြစ်ပျက်နေသော အကြောင်းအရာအားလုံးနှင့် သလင်းကျောက်ဓားသည် ဆက်စပ်နေသည်ဟူသော သူ၏ သီအိုရီကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ စနစ်ဖြင့်ပင် ထိုပစ္စည်းအကြောင်းကိုစစ်ဆေးနိုင်ခြင်း မရှိခဲ့ပါ။
ထို့ကြောင့်သူသည် ထိုပစ္စည်းအကြောင်းကို ဘာမှမသိသလို ဒီအတိုင်း လွှတ်ချနိုင်ခဲ့၍ မဖြစ်နိုင်ကြောင်း နားလည်လိုက်လေသည်။
“ကျုပ်က ဒီဓားအကြောင်းကို ပြောပြစေချင်ပါတယ်”
အာရန်သည် သူ၏စနစ်သိုလှောင်ခန်းအတွင်းမှထိုသလင်းကျောက်ဓားလေးကို ထုတ်ယူကာ ထိုထူးဆန်းသောပုဂ္ဂိုလ်အား ဖော်ထုတ်ပြသလိုက်သည်။
ထိုပုဂ္ဂိုလ်သည် ဤဓားကိုမြင်လိုက်သည်နှင့် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူသည် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“ငါစောစောက ပြောခဲ့သလိုပဲ မင်းကို ကံကောင်းတယ်လို့ ခေါ်ရမလား ကံဆိုးတယ်လို့ ခေါ်ရမလားဆိုတာကို ငါ တကယ် မသိတော့ဘူး ဒါပေမယ့် မင်းက ငါ့အတွက် အမြဲတမ်း ဒီလို ဒုက္ခပေးတဲ့ မေးခွန်းတွေကို ရှာတွေ့တတ်တယ်”
“ငါ ထပ်မေးမယ်နော် မင်းက ဒီဓားအပေါ်မှာ မေးခွန်း ဘောက်ချာကို အသုံးပြုချင်တယ်ဆိုတာ သေချာရဲ့လား”ထို ပုဂ္ဂိုလ်မှ တဖန်ပြန်မေးလိုက်သည်။
“မင်းက မေးခွန်းကို ပြောင်းလဲနိုင်ခွင့်ရှိသေးတယ် မင်းက သေဆုံးခြင်းမရှိဘဲ ဤနေရာက ထွက်ခွာနိုင်တဲ့ နည်းလမ်းတစ်ခုကို ခုမေးခွန်းအစား ငါ့ကို မေးရင်ကော ဘယ်လိုလဲ”
“မင်းက မင်းရဲ့ လက်ရှိအခြေအနေကို မေ့နေတာ မဟုတ်ဘူးလို့တော့ ငါ မျှော်လင့်ပါတယ်”
သူသည် အာရန်၏ နောက်ကို ညွှန်ပြခဲ့ပြီး ထိုနေရာတွင် ဝိညာဉ်လမ်းလျှောက်သူ မှာ အေးခဲလျက်ပင် ရပ်နေဆဲ ဖြစ်သည်။
“ငါ ဒီက ထွက်သွားပြီးတဲ့နောက်မှာ အချိန်က ပုံမှန်အတိုင်း ပြန်စီးဆင်းသွားလိမ့်မယ် သူတို့က မင်းကို ဘာလုပ်ကြမလဲဆိုတာကို ငါတောင်ခန့်မှန်းလို့မရနိုင်ဘူး”
“မင်းက အသက်ကို တန်ဖိုးထားတဲ့လူဆိုတာကို ငါသိပါတယ် ဒါကြောင့်မင်းက မင်းအသက်ကို ကယ်တင်တဲ့ မေးခွန်းတစ်ခုကို ရွေးချယ်ချင်လား ဒါမှမဟုတ် မင်းရဲ့ သိချင်စိတ်ကိုချွေးသိပ်ပေးမဲ့ မေးခွန်းတစ်ခုကိုပဲ ရွေးချယ်ချင်တာလား”
အာရန်သည် ထိုပုဂ္ဂိုလ်မှ အမှန်တရားတစ်ခုကို ပြောနေကြောင်းကို သိနေခဲ့လေသည်။
ထိုပုဂ္ဂိုလ်၏ အဖြေဖြင့် သူသည် ဤနေရာမှ လုံခြုံစွာ ထွက်ခွာရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။
သို့သော် ဤပုဂ္ဂိုလ်မှာ သူ၏ မေးခွန်းကို ပြောင်းလဲစေရန် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားနေသည်ကိုလည်း သတိပြုမိခဲ့လေသည်။
သူသည် ထိုပုဂ္ဂိုလ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် မူလကမ္ဘာသို့ပြန်သွားရန် နည်းလမ်းများအကြောင်းကို မေးမိသောအခါ ထိုပုဂ္ဂိုလ်မှာ ခဏတုံ့ဆိုင်းခဲ့ သော်လည်း သူ၏မေးခွန်းကိုမူ ပြန်လည် ဖြေကြားခဲ့သေးသည်။
သို့သော် ယခုအခါတွင်မူ ထိုပုဂ္ဂိုလ်သည် သူ့ဘက်မှစ၍ အခြားမေးခွန်းများကိုပင် အကြံပြုချက်များပေးကာ သူ့ကို စိတ်ပြောင်းသွားရန် ကြိုးစားနေခဲ့လေသည်။
ဤပုဂ္ဂိုလ်မှ ထိုသို့ပြုမူလေလေ အာရန်သည် သူသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြောင်းကိုပိုမို၍ ခံစားရလေလေ ဖြစ်သည်။
သူသည် သူ၏ အန္တရာယ်များကို သိနေခဲ့လေသည်။
သူ့၏ အသက်သည် ဤနေရာတွင် ဆံချည်မျှင်တစ်မျှင်မျှသာ ရှိနေခဲ့ပြီး သူ၏ ထင်မြင်ယူဆချက်များမှာ မှားယွင်းမိခဲ့ပါက သူသည် ထာဝရ နောင်တရလိမ့်မည်ဖြစ်သည်။
သို့သော် သူ့ကဲ့သို့ သာမန်လူများအတွက် အန္တရာယ်များကြားတွင် မစွန့်စားရဲပဲ ပိုမိုသန်မာလာရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်းလဲသိထားလေသည်။
သူသည် မေးမြန်းစရာမလိုအောင်ပင် အရာအားလုံးကို ရယူပိုင်ဆိုင်ထားနိုင်သော ထို ဝိညာဉ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ခဲ့ပါ။
သူသည် အရာအားလုံးအတွက် များစွာရင်းနှီးမှုများပြုလုပ်ရမည် ဖြစ်လေသည်။
သူသည် သုညဘ၀ မှ စတင်ရမည်လည်း ဖြစ်သည်။
အထူးသဖြင့် သူသည် အောင်နိုင်သူသူရဲကောင်းတစ်ဦး၏ လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့် လုံခြုံသော လမ်းကြောင်းသည် သူ့အတွက် ဖြစ်မနေတော့ပါ။
“ကျုပ်က ဒီမေးခွန်းကိုပဲ ဆက်ပြီးရွေးချယ်ချင်တယ် ဒီဓားနဲ့ ပတ်သတ်တဲ့ အရာတွေအားလုံး ခင်ဗျားသိထားသလောက် ကျုပ်ကိုပြောပြပေးပါ”
#Catfoot