← Chapters

အရှင်သခင်သုတ်သင်သူ

Vol. 7 Ch. 80

အရှင်သခင်သုတ်သင်သူ

Vol. 7 Ch. 80

စာရေးဆရာဆိုသောပုဂ္ဂိုလ်သည် အာရန်၏ လက်ထဲရှိ သလင်းကျောက်ဓားလေးကို စိုက်ကြည့်ကာ နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။

“မင်းလက်ထဲက ဓားက... လက်နက်တစ်ခုပဲ”

အာရန်သည် ထိုပုဂ္ဂိုလ်ကို ထူးဆန်းစွာ ကြည့်ခဲ့သည်။ ယင်းက အဖြေတစ်ခုတဲ့လား…..

ဓားတစ်လက်သည် လက်နက်တစ်ခုဖြစ်သည်ဆိုသောအချက်မှာ လူတိုင်းသိသောအရာဖြစ်သည်။ ယင်းကို ဖော်ပြရန် လိုအပ်သေး၍လော။

“မင်းစိတ်ထဲမှာ ငါ့ကို ကျိန်ဆဲနေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ”

ထိုပုဂ္ဂိုလ်မှ တစ်ချက်ပြုံးကာ ပြန်မေလိုက်သည်။

“ခင်ဗျား မှားသွားပြီ ကျုပ်တို့ ပထမဆုံးအကြိမ် တွေ့တုန်းကတည်းက ခင်ဗျားကို မကျိန်ဆဲရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီးပြီ”

အာရန်သည် ပခုံးတွန့်၍ပြန်ပြောလိုက်သည်။

“အခု ခင်ဗျား တည်တည်ငြိမ်ငြိမ်နဲ့ အဲ့ဒီအရာက ဘာလဲဆိုတာကို ကျုပ်ကို ပြောပြပေးလို့ရနိုင်ပြီမလား”

“ကောင်းပြီ ငါ ရှင်းပြပါရစေ ငါက ဒါကို လက်နက်တစ်ခုလို့ ပြောတဲ့အခါ သာမန်လက်နက်တစ်ခုလို့ ဆိုလိုတာ မဟုတ်ဘူး သူရဲကောင်း အကယ်ဒမီက အဲဒီလက်နက်ကို လိုက်နေရတဲ့ အကြောင်းပြချက်တစ်ခု ရှိတယ် မင်းက ဘာကြောင့်လဲဆိုတာကို ခန့်မှန်းနိုင်လား”

“ဒါက လူတွေအစုလိုက်အပြုံလိုက် သတ်ပစ်နိုင်တဲ့ လက်နက်တစ်ခုမို့လား” အာရန်သည် ကျပန်းအဖြေတစ်ခုကို ခန့်မှန်း၍ပြောလိုက်သည်။

သူသည် ဤဓားမှ ထူးခြားသည့်အရာတစ်ခုခုကို မခံစားနိုင်ခဲ့သော်လည်း ယင်းသည် အစုလိုက်အပြုံလိုက်သုတ်သင်နိုင်သည့် လက်နက်တစ်ခုနှင့်မူ တူမနေခဲ့ပါ။

“မင်း မှားတယ် အဲဒီလက်နက်က တကယ်တော့ လူတစ်ယောက်ကိုသာ သတ်နိုင်တယ် ပြီးတော့တစ်ကြိမ်သာ အသုံးပြုနိုင်တယ် ကဲအခု ထပ်ခန့်မှန်းကြည့် ပါဦး သူရဲကောင်း အကယ်ဒမီက အဲဒီလက်နက်ကို ဘာလို့ ဒီလောက် အလေးအနက်ထားလိုက်ရှာနေလဲဆိုတာ”

“ဒါက....”

အာရန်သည် တုံ့ပြန်ခြင်းမပြုနိုင်ပဲ ဆွံ့အသွားမိလေသည်။

သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။

ယင်းသည် သူ့အတွက် အဓိပ္ပာယ်ရှိသော ဖြစ်နိုင်ခြေတစ်ခုပင် ဖြစ်သည်။

“ဒီဓားက အရှင်သခင်အဆင့်တစ်ယောက်ကို သတ်နိုင်တဲ့ လက်နက်တစ်ခုလား” အာရန် သည် မယုံကြည်နိုင်စွာဖြင့် ပြန်လည်မေးလိုက်သည်။

ဤလက်နက်မှာ လူတစ်ဦးကိုသာ သတ်နိုင်မည်ဆိုလျှင် သူရဲကောင်း အကယ်ဒမီမှ မည်သည့်ကုန်ကျစရိတ်နှင့်မဆို ကာကွယ်လိုသော လူမှာတစ်ဦးသာ ရှိလေသည်။

ယင်းမှာ တောင်ပိုင်းတိုက်ကြီး၏ အုပ်စိုးသူအရှင်သခင် မစ်စ် ပင်ဖြစ်လေသည်။

ထိုထူးဆန်းသောပုဂ္ဂိုလ်မှာ အာရန်၏ ခန့်မှန်းချက်ကို အံ့အားသင့်သွားဟန် ဖော်ပြခဲ့သည်။

“မင်းက အဲဒီအဖြေကို ရဖို့ အချိန်အများကြီး ယူမယ်လို့ ငါ ထင်နေခဲ့တာ မင်း မဆိုးဘူးပဲ”

“မင်းခန့်မှန်းတာ မှန်တယ် အဲဒီလက်နက်က မစ်စ်အပါအဝင် အရှင်သခင်လေးဦး ထဲက ဘယ်တစ်ဦးကိုမဆို သတ်နိုင်တဲ့ အရာတစ်ခုပဲ မင်းသာတကယ်ဆန္ဒရှိရင် မိစ္ဆာဂိုဏ်းချုပ် ဖန်းယုကိုတောင် သတ်နိုင်တယ်”

သူသည် အာရန်၏ တုံ့ပြန်မှုကို စောင့်ကြည့်ရင်း သူ့နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထပ်မံပေါ်ပေါက်လာလေသည်။

“ဒါဆို ဘယ်လိုလဲ မင်းက ဖန်းယုကို သတ်ပြီး အရှေ့ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးသူ အရှင်သခင်ရာထူးကို မယူချင်ဘူးလား”

သူ၏ စကားများက အာရန်၏ စိတ်ကိုပြောင်းလဲရန် ကြိုးစားနေသော နတ်ဆိုးတစ်ကောင် ၏ တီးတိုးပြောဆိုသံများနှင့် ဆင်တူနေခဲ့သည်။

“ကျုပ်သာ အဲ့အရှင်သခင်တွေကို သတ်လိုက်နိုင်တဲ့အခါ ဒီဓားက သူတို့ရဲ့ အစွမ်တွေကို ခိုးယူပေးနိုင်ဖို့ကော ကူညီပေးနိုင်လား”

အာရန်က ထိုပုဂ္ဂိုလ်၏ စကားများတွင် တစ်ခုခု မှားယွင်းမှုများပါဝင်နေသည်ဟု ခံစားမိုလိုက်သဖြင့် ပြန်မေးလိုက်လေသည်။

ထိုပုဂ္ဂိုလ်မှ ဤလက်နက်သည် အရှင်သခင်တစ်ယောက်ယောက်ကိုသာ သတ်နိုင်သည်ဟုသာ ပြောခဲ့လေသည်။

အကယ်၍သူသာ အကြောင်းတစ်ခုခုကြောင့် ဖန်းယုကို သတ်နိုင်ခဲ့လျှင်ပင် သူသည် သူ၏နောက်ကျောတွင် ပစ်မှတ်အကြီးကြီးတစ်ခုကို ပန်းချီဆွဲထားသကဲ့သို့ ထင်းနေမည် မဟုတ်ပါလား။

သူ့ကိုယ်သူ ကာကွယ်ရန် ခွန်အားမရှိပါပဲ ယင်းလုပ်ရပ်သည် အဆိုးရွားဆုံး ရွေးချယ်မှုပင် ဖြစ်သည်မဟုတ်ပါလော။

ထို့အပြင် ဖန်းယုသာ သေဆုံးခဲ့လျှင် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးသည် အန္တရာယ်တောထဲသို့ သက်ဆင်းသွားလိမ့်မည်ဖြစ်လေသည်။

အခြား အရှင်သခင်များသည် အရှေ့ပိုင်းတိုက်ကြီးကို လာရောက် တိုက်ခိုက်မည်ဆိုလျှင် မိစ္ဆာဂိုဏ်းမှာ ကျရှုံးသွားရန် အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်သည်။

ဖန်းယုကို သတ်လိုက်ခြင်းသည် သူ့အတွက် အရာများကို ပိုမိုခက်ခဲစေခြင်းနှင့် မခြားနားပါ။

“အကြံပြုချက်လေးနဲနဲပေးရရင်”

ထိုပုဂ္ဂိုလ်က လျှာကိုအနဲငယ်သပ်လိုက်ကာ ပြန်လည်ပြောဆိုလိုက်သည်။

“မင်းက အရမ်းသတိထားလွန်းတယ် မင်းကဒီထက်ပိုပြီး ရည်မှန်းချက်ကြီးကြီး မထားနိုင်တော့ဘူးလား”

“ခွန်အားမရှိတဲ့ ရည်မှန်းချက်တွေက ငါ့ကို သေခြင်းတရားဆီပဲ ဦးတည်သွားစေ လိမ့်မယ် ခင်ဗျားကို ဖျော်ဖြေပေးဖို့အတွက် ကျုပ်အသေခံဖို့ စိတ်မဝင်စားဘူး ပြောပါဦးထပ်ပြီး အဲ့ဒီဓားက စွမ်းအားတွေကို ခိုးယူနိုင်လား”

“တကယ်လို့ စွမ်းအားတွေကိုသာ ခိုးယူနိုင်ရင် ဒီဓားကို အရင်ကတည်းက အသုံးပြုပြီးပြီဖြစ်လိမ့်မယ်လို့ မင်းမတွေးမိဘူးလား”

ထိုပုဂ္ဂိုလ်က ပြန်လည်ရှင်းပြလိုက်ခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းကို စနောက်နေတာပါ မင်းက ဒီဓားနဲ့ ဖန်းယုကို တကယ် သတ်ချင်ရင်တောင် မင်းမတတ်နိုင်ပါဘူး အဲဒီဓားက မပြည့်စုံသေးဘူး ဒါကြောင့် ဒါကို အသုံးပြုလို့ မရသေးဘူး”

“မင်း…...”

အာရန်သည် ပြောစရာစကားလုံးများ ပျောက်ရှသွားခဲ့ရသည်။

ဤပုဂ္ဂိုလ်သည် သူ့ကို အမှန်တကယ်ပင် စနောက်နေခဲ့ခြင်းဖြစ်သည်။

“ဒီအခြေအနေမှာ ဒီဓားက ဘာမှအသုံးမဝင်တဲ့ ဓားတစ်လက် မဟုတ်ဘူးလား”

“မင်းက ဒီဓားကို ပြည့်စုံအောင်ပြန်မလုပ်နိုင်မချင်း အဲဒါက အမှန်တရားပဲ” ထိုလူက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကျုပ်က ဒီဓားကို ဘယ်လို ပြည့်စုံအောင် ပြန်လုပ်နိုင်မလဲ”

အာရန်သည် ဆက်လက်မေးလိုက်သည်။

ဓားသည် ပြည့်စုံပုံရသည်။ အနည်းဆုံး ယင်း၏ ရုပ်ပိုင်းဆိုင်ရာပုံစံမှာ ပြည့်စုံခဲ့သည်။ သို့သော် တစ်ခုခုက လိုအပ်နေသေးသည်။

သူသည် ဤကဲ့သို့ ဓားတစ်လက်ကို မည်သူက ဖန်တီးခဲ့သည်ကို မသိနိုင်ပါ။

ဤဓားသည် အရှင်သခင်များကို သတ်နိုင်သော ရတနာတစ်ခုဖြစ်နေသည်တဲ့လား။

တစ်စုံတစ်ယောက်ကသာ ဤကဲ့သို့ ဓားတစ်လက်ကို ဖန်တီးနိုင်ခဲ့လျှင် ၎င်းတို့သည် အခြားတစ်လက်ကိုလည်း ထပ်မံဖန်တီးနိုင်သည်မဟုတ်ပါလော။

ဒါဆို ဘာကြောင့် အတိတ်တွင် အရှင်သခင်များ ဤဓားဖြင့် သေဆုံးသွားခဲ့သည်ဟုမကြားခဲ့ရသနည်း။

မူလဓား ဖန်တီးသူပင် ယင်းကို မည်သို့ ပြည့်စုံအောင် လုပ်ရမည်ကို မသိသေး၍လော။

“အဲဒါက ငါ အမှတ်တမဲ့ ဖြေနိုင်တဲ့ မေးခွန်းတစ်ခု မဟုတ်ဘူး မင်းမှာ အခြား မေးခွန်း ဘောက်ချာတစ်ခု ရှိရင် ဘာကြောင့်ခုထိ မသုံးသေးတာလဲ”

စာရေဆရာထင်သူထိုပုဂ္ဂိုလ်မှ သူ၏ အဖြေကို အရင်ကတည်းက ကြိုသိနေသကဲသို့ ပြန်လည်မေးလိုက်လေသည်။

“မေးခွန်း ဘောက်ချာတွေက သစ်ပင်ပေါ်ကနေအလွယ်တကူ ကျလာတယ်လို့များ ခင်ဗျားထင်နေလား”

အာရန်က စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။

သူ့တွင် မေးခွန်း ဘောက်ချာ တစ်ခုသာရှိပြီး ယင်းကိုလည်း အသုံးပြုပြီးဖြစ်လေသည်။

“သူရဲကောင်း အကယ်ဒမီက ဒီဓားကို ဖန်တီးခဲ့တာ မဟုတ်ဘူး မဟုတ်လား”

အာရန်သည် သူ၏မေးခွန်းကို ပြောင်းလဲလိုက်သည်။

ပြည့်စုံအောင်ပြုလုပ်ရမည့် နည်းလမ်းကို ယခုအချိန်တွင် မသိရသေးလျှင်ပင် သူသည် တတ်နိုင်သမျှ ရသလောက် သိထားချင်သေးသည်။

သူသည် ဤဓားသည် သူရဲကောင်း အကယ်ဒမီနှင့် သက်ဆိုင်သည်ဟု မယုံကြည်နေခဲ့မိပါ။

၎င်းတို့က ဤဓားကို ဖန်တီးခဲ့သူများဆိုလျှင် ၎င်းတို့သည် ဤဓား၏ မပြည့်စုံသေးသောအကြောင်းကို သိထားသင့်လေသည်။

ဒီလိုဆိုသူတို့က ဘာလို့ ဒီလောက် စိုးရိမ်နေရဦးမှာလဲ။

ယင်းသည် နောက်ဆုံးအဖြေတစ်ခုဆီသို့သာ ညွှန်ပြနေခဲ့သည်။

ဤဓားကို သူရဲကောင်းအကယ်ဒမီမှ ဖန်တီးထားခဲ့ခြင်း မဟုတ်ပါ။

ဒါဆို သေဆုံးခဲ့တဲ့အမျိုးသမီးက... ၎င်းတို့ဆီကနေ ထွက်ပြေးနေခဲ့တာလား။

အရာများက တစ်ခဏအတွင်း ပိုမို ရှုပ်ထွေးသွားခဲ့သည်။ ဤဓားဖြင့် သူသည် သူရဲကောင်း အကယ်ဒမီ၏ ဆန့်ကျင်ဘက်အစွန်းတစ်ဖက်တွင် ရပ်မိလျက် ဖြစ်နေခဲ့လေသည်။

သူသည် အပြစ်ကင်းကြောင်းပြောဆိုကာ ဤဓားကို ပြန်လည်ပေးအပ်ရန် ကြိုးစားနိုလေသည်။

သို့သော် ယင်းမှာ မိုက်မဲသောလုပ်ရပ်ဖြစ်ကြောင်းကို သူသိနေခဲ့သည်။

သူရဲကောင်း အကယ်ဒမီနှင့် မိစ္ဆာဂိုဏ်းသည် ရန်ဘက်များ ဖြစ်ကြလေသည်။

အကယ်၍ သူရဲကောင်း အကယ်ဒမီသာ ထိုဓားကို လက်ခံရရှိကာ ယင်းကို ပြီးပြည့်စုံအောင် လုပ်နိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့လျှင် ၎င်းတို့က မည်သူ့အပေါ်တွင် အသုံးပြုမည်နည်း အဖြေက ရှင်းလင်း နေလေသည်။

သူသည် မည်သို့ပေးဆပ်ရပါစေ သူရဲကောင်း အကယ်ဒမီ၏ လက်အတွင်းသို့ ဤဓား ရောက်မရှိသွားရန် ကြိုးစားရမည်ဖြစ်ပေသည်။

“ဒီဓားကို သန့်စင်ဘုရားကျောင်းက ဖန်တီးခဲ့တာ သူတို့ရဲ့ အကြောင်းပြချက်ကိုတော့ မင်းခန့်မှန်းနိုင်မယ်လို့ ငါသိနေတယ်”

ထိုပုဂ္ဂိုလ်သည် ဤမေးခွန်းကိုမူ မငြင်းဆန်ဘဲ ချက်ချင်းပင် ပြန်ဖြေကြားပေးခဲ့သည်။

ထိုအဖြေသည် အာရန်မှ အတင်းအကျပ်စေခိုင်းမှုမပါပဲ ထိုပုဂ္ဂိုလ်မှ စိတ်လိုလက်ရ ပြန်လည်ဖြေကြားပေးခဲ့သည့် တစ်ခုတည်းသော အရေးပါသည့် အဖြေတစ်ခု လည်းဖြစ်လေသည်။

“သန့်စင်ဘုရားကျောင်း ဟုတ်လား သူတို့က နစ်ခရိုမန်ဆာမျှော်စင် သခင် ကို သတ်ဖို့ စီစဉ်နေပုံရတယ် စိတ်ဝင်စားဖို့တော့ကောင်းတယ်”

သန့်စင်ဘုရားကျောင်းသည် အနောက်ဘက်တိုက်ကြီးကို အုပ်ချုပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

တောင်ပိုင်းတိုက်ကြီးကို သူရဲကောင်းများ၏ တိုက်ကြီးဟု ခေါ်လျှင် အနောက်ပိုင်းတိုက်ကြီးကို နတ်ဘုရားများ၏ တိုက်ကြီးဟု ခေါ်ဆိုကြသည်။

အာရန်၏ သိရှိထားသောအချက်အလက်အနည်းငယ်အရ သန့်စင်ပရောဟိတ်မ အီဗန်ဂျလင်းသည် အနောက်ပိုင်းတိုက်ကြီး၏ အားအကောင်းဆုံး တည်ရှိမှု ဖြစ်လေသည်။

သူမသည် နတ်ဘုရားများ၏ ကောင်းချီးပေးခြင်းခံရသူတစ်ဦးဖြစ်ပြီး နတ်ဘုရားများနှင့်ပင် တိုက်ရိုက်စကားပြောနိုင်သည်ဟု အဆိုရှိလေသည်။

#Catfoot

All Chapters