← Chapters

ကိုယ်ကျင့်တရားသည် စောင့်ထိန်းရန်မလို

Vol. 7 Ch. 81

ကိုယ်ကျင့်တရားသည် စောင့်ထိန်းရန်မလို

Vol. 7 Ch. 81

အရှင်သခင်လေးဦးထဲတွင် အီဗန်ဂျလင်း၏ တည်ရှိမှုသည် အလွန်အရေးပါပြီး ထူးခြားလေသည်။

သို့သော် သူမသည်ပင် သေခြင်းတရားဆီမှ ကောင်းချီးပေးခြင်းခံထားရသော နစ်ခရိုမန်ဆာမျှော်စင် သခင်ကို သတ်နိုင်ခြင်း မရှိခဲ့ချေ။

“သူမက အရှင်အသခင်အဆင့်တွေကိုတောင် သုတ်သင်ပစ်နိုင်တဲ့ လက်နက်တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့တာ အံ့သြစရာ မဟုတ်ပါဘူး”

ဤအဖြေတစ်ခုသည်ပင် အာရန်အား အရာများစွာကို ဆက်စပ်နားလည်သွားစေခဲ့သည်။

အရှေ့ပိုင်းတိုက်ကြီးတွင် ဖန်တီးထားခဲ့သော လက်နက်တစ်ခုသည် တောင်ပိုင်းတိုက်ကြီးတွင် ရောက်ရှိကာအဆုံးသတ်ခဲ့သည်။ ယင်းတွင် အဓိပ္ပာယ်တစ်ခုသာ ရှိလေသည်။

တစ်စုံတစ်ယောက်သည် ဘုရားကျောင်းမှ ဤလက်နက်ကို ခိုးယူလာခဲ့ခြင်းပင် ဖြစ်သည်။

ယင်းကို အောင်မြင်အောင်ခိုးယူနိုင်သော ပုဂ္ဂိုလ်တစ်ဦးမှာ….... အာရန်သည် ယင်းဖြစ်ရပ်များ၏ နောက်ကွယ်တွင် သူရဲကောင်း အကယ်ဒမီ၏ ပါဝင်ပတ်သတ်ခြင်းအခန်ကဏ္ဍမှာ သေခြာသလောက်ရှိကြောင်း တွေးမိလိုက်လေသည်။။

“ဘုရားကျောင်းက ဒီသလင်းကျောက်ဓားကို အပြည့်အစုံမဖန်တီးနိုင်ခင်မှာ ခိုးယူခံခဲ့ရတာမို့ လက်နက်က မပြည့်မစုံဖြစ်နေတာ မဟုတ်လား”

အာရန်သည် ထိုထူးဆန်းသောပုဂ္ဂိုလ်အား မေးလိုက်သည်။

“မင်းမှန်းတာ ထပ်မှန်ပြန်ပြီ မင်းက ဒီဓားကို ပြီးပြည့်စုံအောင် ပြန်လုပ်ချင်တယ်ဆိုရင် မင်းကိုယ်တိုင် အနောက်ပိုင်းတိုက်ကြီးကို သွားမှရလိမ့်မယ် ဒါပေမယ့် မင်းရဲ့ နောက်ခံအချက်အလက်တွေက အလွန်ရှုပ်ထွေးလွန်းတဲ့အတွက် ငါကတော့မင်းကို အဲ့ဒီကိုမသွားဖို့ အကြံပေးချင်တယ် “

“ကျုပ်က နစ်ခရိုမန်ဆာမျှော်စင်နဲ့ကော ဆက်စပ်နေလို့လား”

အာရန်က အဖြေကို ကြိုတင်ခန့်မှန်းထားသော်လည်း သေခြာအောင် ထပ်မံမေးလိုက်သည်။

ဘုရားကျောင်းသည် နစ်ခရိုမန်ဆာမျှော်စင် ကို မုန်းတီးလေသည်။

မိမိမှာမူ နစ်ခရိုမန်ဆာမျှော်စင် ၏ အမွေဆက်ခံသူ ဖြစ်နေသည်။

အကယ်၍ သူ၏ နောက်ခံအချက်အလက်ကိုသာ ထိုနေရာတွင် အဖော်ထုတ်ခံခဲ့ရပါက ရလဒ်ကို သူခန့်မှန်းကြည့်ရန်ပင်မလိုအပ်ပါ။

ဤကမ္ဘာတွင် တိုက်ကြီး လေးခု ရှိခဲ့လေသည်။ ထိုအထဲမှ ဤတိုက်ကြီး သုံးခုမှာ သူ့အတွက် အန္တရာယ်များပြည့်နေသောနေရာများပင် ဖြစ်လေသည်။

အရှေ့ပိုင်းတိုက်ကြီးတွင် သူ့အား သူလျှိုတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရလျှင် သူသည် သတ်ခံရလိမ့်မည်ဖြစ်သည်။

အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူတစ်ဦးအနေဖြင့် တောင်ပိုင်းတိုက်ကြီးသည် အရင်ကတည်းက သူ၏ရန်သူ ဖြစ်နေခဲ့ပြီးဖြစ်သည်။

ပြီးတော့ ယခု အနောက်ပိုင်းတိုက်ကြီးသည်ပင် သူ၏ရန်သူ ဖြစ်လာခဲ့ပြီဖြစ်သည်။

“ဒီ မူလခန္ဓာကိုယ်ပိုင်ရှင်က ရန်သူတွေကို ဖန်တီးရာမှာ တကယ့်ကျွမ်းကျင် အဆင့်ပဲ စဉ်းစားကြည့်ရင် ငါမရောက်ဘူးသေးတဲ့ တိုက်ကြီးတွေမှာတောင် ငါ့ရန်သူတွေကနည်းတာမဟုတ်ဘူး “

အာရန်သည် စိတ်ပျက်စွာ သူ၏ ဦးခေါင်းကိုသာပြန်လည် ကုတ်နိုင်လေသည်။

“ကျုပ်ရဲ့ ကံကောင်းမှုမျိုးနဲ့ဆိုရင် မြောက်ပိုင်းတိုက်ကြီးကတောင် ကျုပ်ရဲ့ရန်သူ ဖြစ်နေလိမ့်မယ်လို့ အာရုံရနေတယ်”

အာရန်သည် မိမိကိုယ်ကိုယ် လှောင်ပြောင်သလို ခနဲ့တဲ့တဲ့ပြန်မေးလိုက်သည်။

စာရေးဆရာထင်မိခဲ့သောထိုထူးဆန်းသည့် ပုဂ္ဂိုလ်သည် ယခုအချိန်တွင် မည်သည့်တုံ့ပြန်မှုမှမပြုပဲ ခဏတာခန့် တိတ်ဆိတ်သွားခဲ့လေသည်။

သူ၏ ထိုသို့တုံ့ပြန်မှုကို မြင်သောအခါ အာရန်သည် သူ၏ နှလုံးသားတွင် မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်လေသည်။

“အဲဒါက အဲဒီလို မဟုတ်ဘူးလို့ ကျုပ်ကို ပြောစမ်းပါ” အာရန် ကထပ်မံ ပြောလိုက်သည်။

“အဟွတ် ….. မလိုအပ်သေးတဲ့ အရာတွေကို ဘာလို့ ကြိုတွေးနေရတာလဲကွာ”

ထို ပုဂ္ဂိုလ်သည် အကြောင်းအရာကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။

အာရန်သည် ယခုအချိန်တွင်တော့ အဖြေကို ရရှိလိုက်ပြီးဖြစ်လေသည်။

သူသည် ပို၍ စိတ်အနှောင့်အယှက်ဖြစ်ကာ သူ့နဖူးကိုထပ်မံ ပွတ်လိုက်သည်။

သူ့ကိုယ်သူ ကာကွယ်လိုလျှင် သူသည် ပို၍ အားကောင်းလာအောင်ပြုမူရန်မှလွဲ၍ အခြားမည်သည့် ရွေးချယ်စရာမှ မရှိတော့ပါ။

စွမ်းအားအကြီးဆုံးသူ ဖြစ်လာခြင်းဖြင့်သာ သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။

အရှင်သခင်များ၏ အထက်တွင်ရှိသော တည်ရှိမှုတစ်ခု ဖြစ်လာခြင်းဖြင့်သာ သူသည် သူအေးဆေးစွာနေထိုင်လိုသော ကမ္ဘာတစ်ခုကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။

“ခင်ဗျား….. ခင်ဗျားက ကျုပ်ကို အခြားအချက်အလက်တွေထပ်ပြီး ပြောပြနိုင်တာမရှိတော့ဘူးလား”

“ငါက မင်းကို ပြောခဲ့ပြီးပြီလေ ငါက စာရေးဆရာ မဟုတ်ဘူးလို့ ဒီရွေးရွေးချယ်မှုပြုလုပ်တာတွေမှာ ငါပါဝင်ပတ်သက်မှု မရှိနေဘူး”

ထိုလူက ထပ်မံ ရှင်းပြခဲ့သော်လည်း အာရန်သည် ယင်းစကားကိုယုံကြည်ခြင်းမရှိခဲ့ချေ။ ထိုလူက အမှန်တရား အပြည့်အစုံကို ပြောပြခြင်းမဟုတ်ကြောင်း သူခံစားမိလေသည်။

“ကျုပ်...”

အာရန်သည် ဆက်လက်မေးမြန်းရန် ကြိုးစားလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ အရာရာသည် ထပ်မံ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အာရန် သည် ခေါင်းကို မြှောက်ကာ အပေါ်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

“င့ါအချိန်က ကုန်သွားပြီထင်တယ် ငါက ပြန်ထွက်သွားရတော့မယ် ဒါပေမယ့် ငါမှာ နောက်ဆုံး အကြံပေးချက်တစ်ခု ရှိနေတယ် အနာဂတ်အကြောင်းကို လျောက်တွေးမယ့်အစား မင်းက ပစ္စုပ္ပန်အကြောင်းကို ပိုပြီး စဉ်းစားသင့်တယ်”

သူသည် ဝိညာဉ်လမ်းလျှောက်သူကို ညွှန်ပြလိုက်သည်။

အာရန်သည် ထိုပုဂ္ဂိုလ်၏ အဓိပ္ပာယ်ကို နားလည်ခဲ့သည်။

သူ့တွင် ယခုအချိန်တွင် ဖြေရှင်းရန် ကြီးမားသော ပြဿနာတစ်ခု ရှိနေသေးသည်။

သူသည် သူရဲကောင်း အကယ်ဒမီက ဤနေရာတွင် ဘာလုပ်နေသည်ကို နားလည်လိုက်ပြီဖြစ်သည်။

၎င်းတို့သည် လူသတ်မှုကို စုံစမ်းရန် ဤနေရာတွင် ရှိနေခဲ့ခြင်း မဟုတ်ပါ။

အကယ်၍ သူ့အတွေးသာမှန်လျှင် ဤဓားကို ရယူရန် ထိုအမျိုးသမီးကို သတ်ခဲ့သောသူများမှာ ၎င်းတို့ သူရဲကောင်း အကယ်ဒမီမှပင် ဖြစ်သည်။

၎င်းတို့က သူမကိုယ်ပေါ်တွင် ဓားကို ရှာဖွေ၍ မတွေ့သောအခါမှသာ ၎င်းတို့သည် ဤဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်လေသည်။

၎င်းတို့သည် ဤဓား၏တည်နေရာကို ရှာဖွေတွေ့ရှိနိုင်၍လော။

သို့မဟုတ် အာရန်မှာ ထိုသေဆုံးသွားသူအမျိုးသမီးနှင့် နောက်ဆုံးထိတွေ့ခဲ့သော ပုဂ္ဂိုလ်ဖြစ်သောကြောင့်သာ ၎င်းတို့က ခန့်မှန်းနေကြခြင်းပေလောဆိုသည်ကိုသူ မသိရှိသေးပေ။

သို့သော် ပထမ ဖြစ်နိုင်ခြေမှာ ပို၍ ဖြစ်နိုင်ချေနည်းလေသည်။

ဤလက်နက်သည် ပြီးပြည့်စုံမှုကိုရရှိပြီးသည်နှင့် အရှင်သခင်များကိုပင် သတ်ပစ်နိုင်သော အစွမ်းထက် လက်နက်တစ်ခု ဖြစ်လေသည်။

ဤမျှအစွမ်းထက်သောလက်နက်တစ်ခုကို ဤမျှ လွယ်ကူစွာ ရှာဖွေတွေ့ရှိရန်မှာ မဖြစ်သင့်ပါ။

၎င်းတို့က ထိုသို့သာ ရှာဖွေနိုင်ပါက အမျိုးသမီးတွင် ထိုလက်နက်မရှိကြောင်းကို ပထမစတွေ့စဉ်ကတည်းက သဘောပေါက်သင့်လေသည်။

ထိုသို့သိထားပါက ၎င်းတို့တွင် သူမကို သတ်ပစ်ရန် လုံလောက်သောအကြောင်းပြချက်မရှိနေပေ။

ထို့ကြောင့် ၎င်းတို့၏ အချက်အလက်များအပေါ်ကောက်ချက်ချ၍သာ သူ့ဆီသို့ရောက်လာခြင်း ပိုဖြစ်နိုင်ကြောင်းကို စဥ့်စားမိလိုက်လေသည်။

သို့သော် ခန့်မှန်းချက်တစ်ခုဖြင့်ပင် ထိုအရာများမှာ ရှုပ်ထွေးနေဆဲဖြစ်လေသည်။

“ကံကောင်းပါစေ ကောင်ငယ်လေးရေ မင်းလုပ်နိုင်လိမ့်မယ်လို့ငါမျှော်လင့်….” ထိုပုဂ္ဂိုလ်၏ ပုံရိပ်မှယ ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် သူ၏ စာကြောင်းကိုပင်ပြီးအောင်မပြောသွားနိုင်လိုက်ပါ။

ထို့နောက် ထိုပုဂ္ဂိုလ်သည် အလင်း၏ အမှုန်များအဖြစ် ပြောင်းလဲကာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အာရန်သည် အချိန်၏ စီးဆင်းမှုများ လုံး၀အကောင်းအတိုင်း ပြန်ဖြစ်မလာသေးခင်တွင် သူရရှိထားသော ထိုသလင်းကျောက်ဓားကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ လျင်မြန်စွာထည့်၍ ဝှက်ထားလိုက်လေသည်။

သူသည် အခြားသူများ မမြင်စေချင်သော သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အရာများကိုလည်း အလျှင်အမြန်ပင်ထုတ်ယူကာ သူ၏စနစ်သိုလှောင်ခန်း အတွင်းသို့ ပြန်လည် ထည့်ထားလိုက်လေသည်။

သူသည် အကြံတစ်ခုကိုရလိုက်သဖြင့် စနစ်သိုလှောင်ခန်းအတွင်းမှ အရာတစ်ခုကို မူ သူ၏ အိတ်ကပ်ထဲသို့ပြောင်းလဲထည့်ထားလိုက်လေသည်။

ယင်းသည် ပို၍ ကြီးမားသော ရှုပ်ထွေးမှုကို ဖန်တီးနိုင်သော အစီအစဉ်တစ်ခုဖြစ်နေသော်လည်း ယခုအချိန်တွင် သူတွေးနိုင်သော အရများအနက် တစ်ခုတည်းသော ဖြေရှင်းချက်လည်း ဖြစ်နေခဲ့သည်။

ရှုယင်မှာ ထိုဝိညာဉ်လမ်းလျှောက်သူအား တိုက်ခိုက်ကာ ဒဏ်ရာအနာတရ ဖြစ်သွားမည်ကို သူ မလိုချင်နေခဲ့ပါ။

သူ၏ ပြင်ဆင်မှုများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် အာရန်သည် သူ၏မူလအချိန်နေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

အချိန်၏ စီးဆင်းမှုမှာ ပြန်လည်ကောင်းမွန်လာကာ ကမ္ဘာသည် ဤလျှို့ဝှက်ဆန်းကြယ်သော ကန့်သတ်ချက်များမှ လွတ်မြောက်သွားခဲ့သည့် ဟန်ရလေသည်။

လူတိုင်းက အေးခဲသွားသော်လည်း မည်သည့်အရာများဖြစ်ပျက်သွားခဲ့သည်ကို မည်သူမျှ သတိမထားမိခဲ့ကြပါ။

၎င်းတို့အတွက်မူ စောစောကဖြစ်ရပ်များမှာ ဘယ်တုံးကမှမဖြစ်ပွားခဲ့ဘူးသည့်အတိုင်းပင်ဖြစ်လေသည်။

...

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ အသိစိတ်ကို ပြန်လည်ရရှိခဲ့လေသည်။

သူသည် အဘယ့်ကြောင့်ဆိုသည်ကို နားမလည်သော်လည်း သူ၏ပတ်ဝန်းကျင်ရှိ အရာများနှင့်ပတ်သတ်၍ တစ်ခုခု မှားယွင်းနေသည်ဟု သူခံစားမိနေလေသည်။

အရာအားလုံးက ပုံမှန်ဖြစ်နေပုံရသော်လည်း တစ်ခုခုက နေရာမှားနေသကဲ့သို့ ခံစားနေရလေသည်။

သူသည် အတွေးလွန်မိသွားချင်လောဟု တွေးမိလိုက်သော်လည်း အချိန်အများစု စောစောက ခဏတာအတွင်း ပိုမိုကုန်လွန်သွားသကဲ့သို့ ခံစားမိနေလေသည်။ သူက ယင်းဖြစ်ရပ်ကို အတည်မပြုနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ယင်းသိရှိမှုသည် မွေးရာပါ ခံစားချက်တစ်ခုအနေနှင့်သာ ဖြစ်သောကြောင့် ဖြစ်သည်။

ဝိညာဉ်လမ်းလျှောက်သူသည် သူ့အားပြန်လည်စိုက်ကြည့်နေသော အာရန်ကို သတိထားမိလိုက်သည်။

“ကျွန်တော်ခင်ဗျားကို ဘာကူညီပေးရမလဲဗျာ”

အာရန်သည် တိတ်ဆိတ်နေမှုအား ပထမဆုံးမေးခွန်းဖြင့် စတင်ဖြိုခွင်းလိုက်လေသည်။

“အဲဒီအရာကို ငါ့ကို ပေးလိုက်ပါ။”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။

“ဒါဆို မင်းကို အသက်ရှင်ခွင့်ပေးဖို့ ငါက စဉ်းစားပေးမယ်”

အာရန်သည် ဤလူ၏ စကားများကို ယုံကြည်လောက်သည်အထိ အရူးတစ်ယောက် မဟုတ်နေပါ။

၎င်းတို့သည် ဤလက်နက်၏ တည်ရှိမှုအကြောင်းကို သိထားသောလူများကို လုံး၀ လွှတ်ပေးရန်အကြောင်းရှိမနေပေ။

ယင်းသလင်းကျောက်ဓားလေး၏တည်ရှိမှုအကြောင်းကိုသာ အနောက်ပိုင်း တိုက်ကြီးအတွင်း၌သ ဖော်ထုတ်မိခဲ့လျှင် တိုက်ကြီးနှစ်ခုကြား ကြီးမားသော စစ်ပွဲကြီးတစ်ပွဲ စတင်နိုင်လေသည်။

အာရန်သည် သူ့တွင် ထိုဓားရှိကြောင်းကို ဝန်ခံလိုက်မိပါက ယင်းသည် သေဒဏ်ပေးသည့်စာကို လက်မှတ်ရေးထိုးလက်ခံလိုက်ခြင်း နှင့်ခြားနားမည်မဟုတ်ပါ။

ဝိညာဉ်လမ်းလျှောက်သူသည် ဤကမ္ဘာသို့ သူ့ကဲ့သို့ ကမ္ဘာကူးပြောင်းလာသူ တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် သူသည် ယခင်စစ်မှန်သော ဝိညာဉ်လမ်းလျှောက်သူ ၏ မှတ်ဉာဏ်အချက်အလက်များကို ပြန်လည်ရရှိနိုင် ခဲ့သော သူဖြစ်နေလေသည်။

သူသည် လူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်ကြောင်းကို တွေးတောကြည့်ရန် မခက်ခဲပါ။

ဤကမ္ဘာတွင် သူသည်လည်း ကိုယ်ကျင့်တရားများကို စောင့်ထိန်းနေရန်မလိုအပ်ပါ။

#Catfoot

All Chapters