← Chapters

ချိတ်စည်း

Vol. 7 Ch. 85

ချိတ်စည်း

Vol. 7 Ch. 85

အာရန်သည် ခွန်အားမြင့်လည်ဆွဲနှင့် အကာအကွယ်လည်ဆွဲ အကြောင်းကို မည်သူ့ကိုမှ မပြောပြခဲ့ပါ။ ရှုယင်ကိုပင် ဤအကြောင်းကို မပြောပြထားခဲ့ပါ။

ဤအရာနှစ်ခုသည် သူ့အသက်ကို အရေးပေါ်ကယ်တင်ပေးနိုင်သော ရတနာများဖြစ်လေသည်။

၎င်းတို့အကြောင်းကို ဖော်ပြခြင်းသည် ၎င်းတို့ကို အသုံးမဝင်အောင် ပြုလုပ်ခြင်းနှင့်အတူတူပင်ဖြစ်သည်

သူသည် အကာအကွယ်လည်ဆွဲကို နှစ်ကြိမ်သာ အသုံးပြုရန် ကျန်ရှိကြောင်းသာ တစ်စုံတစ်ယောက်မှ သိသွားခဲ့လျှင် သူ့ကို သတ်ရန် လုံလောက်သော ခွန်အားဖြင့် သုံးကြိမ်ဆက်တိုက် တိုက်ခိုက်လာလျှင် သူ့အတွက် လွတ်မြောက်ရန်ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် ထိုလျှို့ဝှက်ချက်ကို မည်သူ့ကိုမျှသိခွင့်မပေးပဲ သိမ်းဆည်းထားခြင်းဖြစ်သည်။

သို့သော် သူသည် ဤကဲ့သို့တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်ရန် လိုအပ်သည့် အခြေအနေမျိုးတွင် ၎င်းကို ထုတ်သုံးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါ။

ရှုယင်မှာ သူ့စကားကိုနားထောင်ကာ ပြန်လည်တိုက်ခိုက်တော့မည်ဟု သူကြိုတွေးထားခဲ့ခြင်းဖြစ်သည်။

သူ၏ အကာအကွယ်လည်ဆွဲ မှာ ထိုတိုက်ခိုက်မှုတွင် သူ့အား ကာကွယ်ပေးမည် ဖြစ်ပြီး ဝိညာဉ်လမ်းလျှောက်သူ ကို တန်ပြန်ထိခိုက်စေနိုင်မည် ဖြစ်လေသည်။

ကံကောင်းလျှင် ထိုအချိန်အားနည်းသွားသော ဝိညာဉ်လမ်းလျှောက်သူကို ခွန်အားမြင့်လည်ဆွဲ ဖြင့်ပင် ပြန်လည်တိုက်ခိုက်နိုင်ချင်နိုင်ဦးမည်ဖြစ်သည်။

သို့သော် ရှုယင်သည် သူမ၏ အသက်ထက် သူ့ကို ပို၍ စိုးရိမ်နေခဲ့လေသည်။

သူမသည် သူ့ကို မတော်တဆ ထိခိုက်စေခြင်းထက် သေဆုံးရန်ကိုသာ ရွေးချယ်ခဲ့ပြီး သူမ၏ ထိုမျှ သူ့အပေါ် သစ္စာစောင့်သိမှုကြောင့် အာရန်၏ စိတ်ထဲတွင် အနည်းငယ် ခံစားသွားရလေသည်။

သို့သော် ယခုအချိန်သည် ထိုအကြောင်းကို စဉ်းစားရန် အချိန်အခါမဟုတ်သေးပါ။

ဝိညာဉ်လမ်းလျှောက်သူသည် သူ့အနားတွင် ရှိနေပြီး ရှုယင်ကြောင့် သူ၏ အာရုံများ ခဏတာပျံ့လွင့်နေမည်ဟုတွေးလိုက်မိသည်။

သူသည် ဤအခွင့်အရေးကို အသုံးချကာ တစ်ကြိမ်သာအသုံးပြုရန်ကျန်တော့သည့် ခွန်အားမြင့်လည်ဆွဲ၏ နောက်ဆုံးအကြိမ်အား အသုံးပြုလိုက်လေသည်။

အာရန်သည် ခွန်အားမြင့်လည်ဆွဲ ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် စွမ်းအားလှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားလေသည်။

သူ၏ မြင်လွှာထောင့်ဘက်တွင် အချိန်တိုင်းနာရီလေးတစ်ခု ပေါ်လာပြီး ငါးမိနစ် ကို စတင်ရေတွက်နေလေသည်။

ခွန်အားမြင့်လည်ဆွဲ ၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်တစ်လျောက် စီးဆင်းသွားပြီး သူ၏ ခွန်အားကို စိတ်ကူးမယဉ်နိုင်သော အဆင့်များအထိသို့ မြှင့်တင်ပေးလိုက်သည်။

အာရန်သည် ဒုတိယအကြိမ်ထပ်အတွေးမပွားတော့ပဲ သူ၏လည်ပင်းကို ဆုပ်ကိုင်ထားသော ဝိညာဉ်လမ်းလျှောက်သူအား တန်ပြန်တိုက်ခိုက်လိုက်သည်။

သူ၏ လက်သီးသည် ခွန်အားများဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်လမ်းလျှောက်သူဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်သည်။

ဤအနီးကပ် အကွာအဝေးတွင် သူ၏ လက်သီးချက်သည် အရှင်သခင်အဆင့်တစ်ဦးကိုပင် သတ်နိုင်သည်ဟု ခံစားမိနေသည်။

အာရန်၏ ထိုလက်သီးချက်တစ်ခုတည်းမှပင် ဖိအားအနည်းငယ် လှိုင်းထသွားပြီး အပြင်ဘက်မျက်နှာပြင်သို့ ပျံ့နှံ့သွားလေသည်။

ထိုအချိန်တွင် ခွန်အားမြင့်လည်ဆွဲ ၏ ထူးခြားသော စွမ်းအားဖြင့် သက်ရောကခံလိုက်ရပြီး သူသည်မည်သို့မျှ မရှုံးနိုင်သူသော ခံစားချက်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် အရမ်းကြမ်းသည့်ခန္ဓာကြံ့ခိုင်သူပုဂ္ဂိုလ်အချို့မှလွဲ၍ ဤတိုက်ခိုက်မှု ဖြင့်သာ ထိမှန်ပါက မည်သူမျှ အသက်ရှင်ရန် မဖြစ်နိုင်ကြောင်းသေခြာနေခဲ့သည်။ သို့သော်…

“ပြောရရင် မင်းက ငါမျှော်လင့်ထားတာထက် ပိုအားကောင်းနေတာပဲ”

အံ့အားသင့်နေသော အာရန်ကို ပြန်ကြည့်ရင်း ဝိညာဉ်လမ်းလျှောက်သူမှာ ပျင်းရိစွာဖြင့် မှတ်ချက်ပေးလိုက်လေသည်။

“မင်းရဲ့အစွမ်းက ခန္ဓာကိုယ်ခွန်အား အမျိုးအစားဖြစ်ပုံရတယ် ဒါပေမယ့် ခွန်အား အမျိုးအစားအတွက် အဆိုးဆုံး ပြိုင်ဘက်က ဘယ်သူလဲ မင်းသိလား ငါ့လို ဟင်းလင်းပြင်ဥပဒေသတွေကို ပြောင်းလဲပြင်ဆင်နိုင်တဲ့သူမျိုးပဲ မင်း မထိနိုင်တဲ့အရာကို မင်းဘယ်လိုအနိုင်ယူမှာလဲ”

အာရန်၏ မျက်လုံးများသည် တုန်လှုပ်သွားလေသည်။ သူ့၏ လက်သီးသည် ဝိညာဉ်လမ်းလျှောက်သူကို မထိနိုင်ခဲ့ပါ။

ယင်းအစား ထိုသူ၏ ခန္ဓာကိုယ်ကို ရိုးရှင်းစွာ ဖြတ်ကျော်သွားခဲ့ပြီး ထိုသူမှာ သူနှင့်လုံးဝ ကွဲပြားခြားနားသော အလွှာတစ်ခုတွင် တည်ရှိနေပုံရလေသည်။

သူ့လက်သီးသည် မထိတွေ့နိုင်သောကြောင့် ဝိညာဉ်လမ်းလျှောက်သူ၏ ကိုယ်ပေါ်တွင် အမှတ်အသားသေးသေးလေးတစ်ခုပင် မကျန်ခဲ့ပါ။

သို့သော် သူ၏ လက်သီးချက်မှ ဖိအားသည် ပြင်းထန်လွန်းသဖြင့် အဝေးရှိ အဆောက်အအုံသည် အပိုင်းပိုင်းပြတ်ကာ ကွဲထွက်သွားခဲ့လေသည်။

“ဒါက အားကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုပဲ သူ့ကို လျှော့မတွက်နဲ့ တိုက်ရိုက်ထိတွေ့မိရင် မင်းက အပိုင်းပိုင်း ကွဲထွက်သွားနိုင်တယ်”

မူရင်းဝိညာဉ်လမ်းလျှောက်သူ၏ ဝိညာဉ်သည် ပျက်စီးသွားသော အဆောက်အအုံကို အံ့သြတုန်လှုပ်စွာ ကြည့်ရင်း ပြောလိုက်သည်။

ထိုချာတိတ်၏ တိုက်ခိုက်မှုသည် သူ၏ မျှော်မှန်းထားသည်များထက်ပင် ကျော်လွန်နေသော တိုက်ခိုက်မှုတစ်ခုဖြစ်လေသည်။

လူသိများသော အကယ်ဒမီမှ S အဆင့်သူရဲကောင်းများပင် ဤကဲ့သို့ ခွန်အားဖြင့် တိုက်ခိုက်နိုင်မည် မဟုတ်ပါ။

“သူက ဟိုအမျိုးသမီးထက် ပိုအန္တရာယ်များနိုင်တယ် ပြီးတော့သူက အကယ်ဒမီရဲ့ သစ္စာဖောက်လဲဖြစ်တယ် ဒါကြောင့် သူ့ကို အရင်သတ်ရမည်”

“ကျွန်တော်က ဒီကိစ္စကို ကျွန်တော့်နည်းလမ်းနဲ့ပဲ ကိုင်တွယ်ပ့ါမယ်”

အတုအယောင် ဝိညာဉ်လမ်းလျှောက်သူက ပြန်ပြောလိုက်သည်။

“ကျွန်တော့ ဦးနှောက်ကို အခု လာမစားနဲ့ဦး ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ဟာဘာဖြစ်မလဲဆိုတာ ကြည့်ချင်သေးတယ်”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ အာရုံကို အာရန်ဆီသို့ ပြန်လည်ရွှေ့လိုက်သည်။

“ခွန်အားနဲ့ ဟင်းလင်းပြင် ကြားတိုက်ပွဲမှာ အနိုင်ရသူက အမြဲတမ်း ဟင်းလင်းပြင်ပဲ မင်း ငါနဲ့ ဒီနေ့ဆုံရတာဟာ မင်းအတွက်နောင်တရစရာပဲ”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ ဟင်းလင်းပြင်အစွမ်းတစ်ခုကို အသုံးပြုလိုက်ပြီး အာရန်၏ ခြေထောက်ပတ်ပတ်လည်တွင် ဟင်းလင်းပြင် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

သို့သော် ၎င်းသည် အခြားတိုက်ခိုက်မှုများကဲ့သို့မဟုတ်ပဲ ယင်းအစား ၎င်းသည် ချိတ်စည်းတံဆိပ်တစ်ခုသာဖြစ်လေသည်။

အာရန်၏ ခြေထောက်ပတ်လည်ရှိ နေရာကို ချိတ်စည်းတံဆိပ်တစ်ခုဖြင့် ခတ်ထားလိုက်ခြင်းဖြစ်သည်။ ခွန်အားဖြင့်ပင် ဤကန့်သတ်ချက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

ကံမကောင်းစွာဖြင့် ဝိညာဉ်လမ်းလျှောက်သူသည် ခြေထောက်ပတ်လည်တွင်သာ ဤကဲ့သို့ တစ်စုံတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး အာရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကိုမူ ထိုသို့ ချိတ်စည်းမျိုး မဖန်တီးနိုင်သေးပါ။

မူလဝိညာဉ်၏ သင်ကြားမှုများရှိနေသော်လည်း သူသည် ဤစွမ်းရည်ကို လုံးဝ ကျွမ်းကျင်အဆင့်သို့ ရောက်ရန်အချိန်တစ်ခု လိုအပ်နေလေသည်။

“စိတ်မပူပါနဲ့ မင်းကို အချစ်ရဲ့ ထင်ယောင်ထင်မှားဖြစ်စေခြင်းတွေကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့အတွက် ပြီးရင် မင်း ငါ့ကို ကျေးဇူးတင်နေမိလိမ့်မယ်”

ဝိညာဉ်လမ်းလျှောက်သူသည် အာရန်ထံမှ ထွက်ခွာသွားပြီး သူ့ကို ခဏတာလွှတ်ထားလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ဤချိတ်စည်းတံဆိပ်ခပ်ခြင်းသည် ထိုကိစ္စအတွက်ကိုင်တွယ်ရန် လုံလောက်သောကြောင့်ဖြစ်သည်။

ခွန်အားမြင့်လည်ဆွဲ၏အစွမ်းဖြင့်ပင် အာရန်သည် သူ၏ ခြေထောက်များကို ရွှေ့လျားရန်မလုပ်ဆောင်နိုင်တော့ပါ။ ၎င်းသည် သူ့ခြေထောက်ပတ်လည်တွင် ရှိသော သာမန်ချိတ်စည်းတစ်ခု မဟုတ်ခဲ့ပါ။

၎င်းသည် သူ၏ခြေထောက်အတွင်းရှိ အာရုံကြောများနှင့် သွေးစီးဆင်းမှုများကိုပင် ချိတ်ပိတ်ထားနိုင်သော ချိတ်စည်းတံဆိပ်ခပ်ခြင်းမျိုးဖြစ်လေသည်။

မည်သည့် ခွန်အားပမာဏကမျှ ဤအရာကို မချိုးဖြတ်နိုင်ပါ။ အာရန်သည် သူ၏ ခြေထောက်များတည်ရှိမှု ကိုပင် အာရုံမခံနိုင်တော့ပါ။

တစ်ချိန်တည်းမှာပင် ဝိညာဉ်လမ်းလျှောက်သူသည် ရှုယင်ဆီသို့ လျှောက်သွားနေခဲ့သည်။

“မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ် သူ့ကို သတ်ရင် မင်းကို လွှတ်ပေးမယ် ဒါမှမဟုတ် ငါ့လက်ထဲမှာ ကိုယ်တိုင်လာအသေခံရင်တော့ သူ့ကို လွှတ်ပေးမယ် ဒီဇာတ်လမ်းလေးကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ထင်တယ် ဟုတ်တယ်မလား”

ဝိညာဉ်လမ်းလျှောက်သူ၏ စကားလုံးများသည် ရှုယင်၏ နားထဲတွင် နတ်ဆိုး၏ တီးတိုးပြောဆိုသံများကဲ့သို့ ဖြတ်ဝင်သွားလေသည်။

သူမသည် အာရန်အား သတ်လိုက်ရုံဖြင့် ဘေးကင်းစွာ ပြန်သွားနိုင်မည်။ သို့မဟုတ် သူမသည်အစားသေပေးရမည်။

ပုံမှန်လူတိုင်း ယခုအချိန်တွင် မည်သည့်ရွေးချယ်မှုကို ရွေးချယ်ရမည်မှန်း သိကြလေသည်။

ဝိညာဉ်လမ်းလျှောက်သူသည် သူမကို ထိုသို့ရွေးချယ်ခွင့် ပေးလိုက်သော်လည်း သူမ၏ အဖြေကို သူကြိုတင်သိထားပြီးသားဖြစ်သည်။

တစ်စုံတစ်ယောက်သည် ၎င်းတို့၏ အသက်အစား အခြားသူတစ်ဦး၏ အသက်ကိုကယ်တင်ရန် အဘယ်ကြောင့် ရွေးချယ်ရမည်နည်း။

ဝိညာဉ်လမ်းလျှောက်သူသည် အကယ်၍ သူမသာ အာရန်ကို သတ်ပြီးပါက သူမကို ထွက်ခွာခွင့်ပေးမယ်ဟု ကတိပေးထားသော်လည်း သူသည်ထိုကတိကို ထိန်းသိမ်းရန် ရည်ရွယ်ထားခဲ့ မရှိခဲ့ပါ။

သူမ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အာရန်၏ ပတ်ပတ်လည်တွင် အကာအကွယ်လွှာတစ်ခုကိုပင် သူသည်ဖန်တီးထားပြီးဖြစ်လေသည်။

အမှန်တကယ်တွင် ဤလုပ်ရပ်သည် ချစ်သူတစ်ဦးသည် သူ့တို့၏ခက်ခဲသောအချိန် များတွင် အချိန်မရွေး နောက်ကျောကို ဓားဖြင့်ထိုးနိုင်သူများသာဖြစ်ကြောင်းကို အာရန်အား သိရှိစေရန် ကြိုးပမ်းမှုလေးတစ်ခုသာ ဖြစ်လေသည်။

အာရန်သည် ထိုတွေ့ရှိချက်ကို မည်သို့တုံ့ပြန်မည်ဟူသည်ကို သူမြင်ချင်ခဲ့ခြင်းဖြစ်သည်။

ထိုသူသည် ထိုအချိန်တွင် ထ၍ ငိုမလား။ သို့မဟုတ် သူမသည် အဘယ်ကြောင့်ထိုသို့ပြုမူရသနည်းဟု ပြန်လည်မေးခွန်းထုတ်နေမလား။ သို့မဟုတ် သူမအစား သူ့ကို သူမအား ပြန်လည် သတ်ခွင့်ပေးရန် တောင်းဆိုမလား။

ဝိညာဉ်လမ်းလျှောက်သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေလေသည်။

ကိုယ်ကျင့်တရားဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှုများအတွက် သူသည်လုံး၀ဂရုမစိုက်ချင်တော့ပါ။

သူတွင် နေထိုင်ရန် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည်။ သူသည် သူပိုင်ဆိုင်သော ဘဝ၏ နောက်ဆုံးနှစ်နေဝင်ချိန်ခဏလေးအတွင်း သူလုပ်ချင်သည့်အရာများ ပြုလုပ်၍သာ ကုန်ဆုံးလိုနေခဲ့သည်။

……………………………….

“ရှင့်ရဲ့ ကတိကို ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ် ကောင်းပြီ ကျွန်မအသက်နဲ့ ပေးဆပ်မယ်”

ရှုယင်၏ အသံတွင် ကြောက်ရွံ့မှုများရှိမနေခဲ့ပါ။ သူမသည် သေရမည်ကို လုံး၀ မကြောက်ပါ။

သူမသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီးဖြစ်သည်။ အတိတ်တွင် သူမ၏ ဘဝသည် အလွန်အထီးကျန်ဆန်လွန်းနေခဲ့ရလေသည်။

သူမသည် သူမ၏ ခံစားချက်အားလုံးကို သူမ၏ နှလုံးသားထဲတွင်သာ ဝှက်သိမ်းထားလေ့ရှိပြီး အခြားသူများရှေ့တွင် အမြဲတမ်းမြှူဆွယ်ဖြားယောင်းတတ်သောသူတစ်ဦးကဲ့သို့ သာသိမြင်စေခဲ့ပြီး သူမ၏မျက်နှာတွင်လည်း တက်ကြွရွှင်လန်းနေသည့် အပြုံး တစ်ခုကိုသာ အမြဲတမ်း ဖော်ပြထားလေ့ရှိခဲ့သည်။

သူမသည် သူမ၏ စစ်မှန်သော ခံစားချက်များကို သူမ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် အချိန်ကြာမြင့်စွာ မြှုပ်နှံထားခဲ့ပြီးဖြစ်သည်။

သို့သော် ဤခံစားချက်များကို တစ်စုံတစ်ယောက်က မီးစလေးတစ်စအဖြစ်စတင် တောက်လောင် စေခဲ့လေသည်။

သူမသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူမ၏ ခံစားချက်များသည် ဆူနာမီရေလှိုင်းသဖွယ် တစ်ရှိန်ထိုးတိုးဝင် သက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

အာရန်နှင့်အတူ နောက်ဆုံးအတူရှိခဲ့ရသောရက်သတ္တပတ်အနည်းငယ်သည် သူမအတွက် အိပ်မက်လှလှလေးတစ်ခုနှင့်ပင်တူနေခဲ့သည်ဟု သူမ အမှန်တကယ် ယုံကြည်ခဲ့လေသည်။

ထိုအိပ်မက်လှလှလေးအတွက် သူမ၏ သေခြင်းဖြင့် ပေးဆပ်ရမည်ဆိုလျှင်လည်း သူမတွင် နောင်တလုံး၀ရှိနေမည်မဟုတ်ပါ။

ထို သူမချစ်ရသူကို ကယ်တင်နိုင်သရွေ့ မည်သည့်ပေးဆပ်မှုမဆို ထိုက်တန်နေမည်သာဖြစ်သည်။

‘ခြေထောက်စုတ်တွေရယ် ရွေ့စမ်းပါ ရွေ့စမ်း…..’

အာရန်သည် ရှုယင်၏ မျက်လုံးလေးများ မှိတ်သွားသည်ကို ဒီတိုင်း ကြည့်နေခဲ့ရလေသည်။

ထိုအချိန်တွင် အာရန်၏ နှလုံးသားသည် နာကျင်မှုအတွင်းလုံး၀ နစ်မြုပ်သွားခဲ့လေသည်။

သူသည် ခွန်အားရှိသမျှတတ်နိုင်သလောက်အစွမ်းကုန် ရုန်းကန်နေခဲ့သော်လည်း မည်သို့မျှလုပ်နိုင်စွမ်းမရှိခဲ့ပါ။

သူသည် သူ့အတွက်အသက်ပေးတော့မည့် မိန်းကလေးတစ်ဦး၏ သေဆုံးခြင်းကို သည်အတိုင်းလက်ပိုက်ကြည့်နေရုံမှလွဲ၍ မည်သည့်အရာမျှ မတတ်နိုင်သော သာမန်အကျဉ်းသားတစ်ဦးနှင့် အတူတူပင်ဖြစ်နေလေသည်။

‘ခွန်အားအစွမ်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး ငါ မရွေ့လျားနိုင်ရင် င့ါခွန်အားနဲ့ ဒီလူကို မတားနိုင်ဘူး’

သူ့မှာ ကျင့်ကြံခြင်းအဆင့်တစ်ခုတွင်ရှိနေပါက သူ၏အော်ရာကို အသုံးပြုကြည့်ရန် ကြိုးစားနိုင်လေသည်။ သို့သော် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုတောင် ချိတ်ပိတ်ခြင်းခံထားရလေသည်။

သူ့အတွေးတွေက ထိုနေရာသို့ ရောက်သွားတဲ့အခါ ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားလေသည်။

စောစောလေးကမှ သူရရှိထားသော နောက်ထပ် ဆုလာဘ်တစ်ခုကျန်နေသေးလေ သည်။

သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်မထားပါက အကြီးအကဲရန်၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှရှိသည်ကို သူ မသိရှိထားပါ။

သို့သော် အားအနည်းဆုံးဖြစ်နေခဲ့ရင်တောာင် ကောက်ရိုးတမျှင်အနေနှင့် သူကျိုးစားကြည့်ရမည်သာဖြစ်သည်။

“ဒါက လှည့်ကွက်တစ်ခုလားဆိုတာ ငါမသိနိုင်ဘူး ဒါပေမဲ့ မင်းက ဒီလိုမျိုးပဲ တကယ်အသေခံသွားမှာလားဆိုတာကို ငါသိချင်သေးတယ်”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏လက်ကို ဆန့်ထုတ်ရင်းအချက်ပြလိုက်သည်။ ဘေးတွင်ရပ်နေသော လက်အောက်ငယ်သား သူရဲကောင်း တစ်ဦးမှာ သူအား ချွန်မြလျက်ရှိသော ဓားတစ်လက်ကို လာရောက်ယူလာပေးလေသည်။

“အခွင့်အရေး ရှိသေးတယ် မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းချင်သေးလား”

ဝိညာဉ်လမ်းလျှောက်သူမှ ထပ်မံမေးလိုက်သော်လည်း ရှုယင်သည် ပြန်မဖြေခဲ့ပါ။

“ဒါဆိုလည်း ကောင်းပြီလေ...”

အာရန်သည် ချိတ်စည်းဖြေအဆောင်ကို စနစ်သိုလှောင်ခန်းအတွင်းမှ ဆင့်ခေါ်လိုက်ပြီး အသက်သွင်းမှုကို စတင်လိုက်လေသည်။

ချက်ချင်းဆိုသလို အလွန်ပြင်းထန်သောနာကျင်မှု ခံစားချက်တစ်ခုသည် သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ စတင်ပေါက်ဖွားလာခဲ့လေသည်။

“အား…….”

အလွန်နာကျင်လွန်းသော ခံစားချက်တစ်ခုသည် သူ့အား အလွန်ရက်စက်သော သားရဲတစ်ကောင် ကဲ့သို့ စူးရှစွာအော်ဟစ်မိလိုက်စေသည်။

အာရန်၏ အော်ဟစ်သံကြောင့် ဝိညာဉ်လမ်းလျှောက်သူ၏ အာရုံမှာ ရုတ်တရက်ခံစားချက်တစ်ခု၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရပြီး နောက်သို့ ပြန်လည်လှည့်ကြည့်လိုက်မိသည်။

“သူ ဒီမှာ ဘာဖြစ်သွားတာလဲ”

သူ့ဘေးမှာ မူလဝိညာဉ် ၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားလေသည်။

သူသည် စကားလုံးတစ်လုံးတည်းကိုသာ ပြောလိုက်သည်။

“ပြေး”

………....

အရှေ့ဘက်တိုက်ကြီးတွင် မိစ္ဆာဂိုဏ်းချုပ်ဖန်းယုသည် တစ်စုံတစ်ခုကိုရုတ်တရက် ခံစားမိလိုက်လေသည်။

သူမသည် ပြတင်းပေါက်မှနေ၍ အပြင်သို့လှမ်းကြည့်လိုက်မိသည်။

တောင်ပိုင်းတိုက်ကြီးတွင်လည်း ကျောင်းအုပ်မစ်ထ်သည် သူမ၏ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။

အနောက်ပိုင်းတိုက်ကြီးတွင် သန့်စင်ပုရောဟိတ်မသည် နတ်ဘုရားမ ရုပ်တုရှေ့တွင် ထိုင်ကာ ဆုတောင်းလျက်ရှိနေလေသည်။

ရုတ်တရက် သူမသည်လည်း သူမ၏ ဆုတောင်းခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းကိုအပေါ်သို့ မော့ကြည့်လိုက်မိသည်။

မြောက်ပိုင်းတိုက်ကြီးတွင်မူ လူပုဂ္ဂိလ်တစ်ဦးသည် သေခြင်း၏ အငွေ့အသက်ဖြင့် ဝန်းရံထားသော မှောင်မိုက်လွန်းသည့် မျှော်စင်ကြီးတစ်ခု၏ထိပ်တွင် ရပ်လျက် တစ်စုံတစ်ခုခုကို စိုက်ကြည့်လျက်ရှိနေလေသည်။

#Catfoot

All Chapters