အားလုံးရဲ့အပြင်ဘက်
Vol. 7 Ch. 86
တိုက်ကြီးလေးခုအနှံ့ တစ်ယောက်တစ်နေရာစီတည်ရှိနေကြသော အရှင်သခင်လေးဦးစလုံးသည် တစ်စုံတစ်ခုကို အာရုံခံစားမိလိုက်ကြလေသည်။
ကောင်းကင်ဆီမှ ၎င်းတို့ကိုဖိနှပ်ထားနိုင်သော လေးလံသည့် အော်ရာတစ်ခု ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
ထိုအော်ရာသည် ၎င်းတို့ကို မထိခိုက်နိုင်သလို ခံစား၍သာသိရှိနိုင်သော အရာတစ်ခုလည်းဖြစ်လေသည်။
သို့သော် ၎င်းတို့အရှင်သခင်အဆင့်များပင် ၎င်းအော်ရာထွက်ပေါ်လာရာ မူလအရင်းအမြစ်တည်နေရာကို ရှာမတွေ့နိုင်ခဲ့ကြပါ။
ထိုအော်ရာသည် တစ်ချိန်တည်းမှာပင် နေရာတိုင်းတွင် တည်ရှိနေပုံရပြီး တစ်ချိန်တည်းတွင် မည်သည့်နေရာမှာမှ ရှိမနေပုံလည်းရနေပြန်လေသည်။
ထို့ကြောင့်အရှင်သခင်လေးဦးစလုံးပင် ၎င်း၏ ဇစ်မြစ်ကို မရှာဖွေနိုင်ခဲ့ကြပါ။
“ငြိမ်းချမ်းသာယာတဲ့အချိန်တွေရှိခဲ့တာတောင် အတော်ကြာသွားပြီထင်တယ်”
ဖန်းယုသည် အထက်ကောင်းကင်ကို မော့ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
နစ်ခရိုမန်ဆာမျှော်စင်ထိပ်တွင် ရပ်နေသော သေမင်းအရှင်သခင် မှာမူ ရယ်မောလိုက်လေသည်။
သူ့ ရယ်မောသံ၏ အကြောင်းရင်းကို မည်သူမျှ မသိနိုင်သော်လည်း ထိုရယ်မောသံအတွင်း ၌ မကောင်းသော အငွေ့အသက်များရောနှောပါဝင်နေလေသည်။
သန့်စင် ပုရောဟိတ်မသည် နတ်ဘုရားမ ရုပ်တုကိုစိုက်ကြည့်နေမိသည်။
ထို့နောက်သူမသည် မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်ပြီး တိတ်ဆိတ်စွာဖြင့် ဆုတောင်းခြင်းကိုသာ ပြန်လည်လုပ်ဆောင်နေလိုက်သည်။
သူရဲကောင်းတိုက်ကြီးတွင်မူ ကျောင်းအုပ်မစ်ထ် သည် သူမ၏မျက်လုံးများကို မှိတ်ထားလေသည်။
သူမမည်သည့်အရာများတွေးနေသည်ကိုမူ သူမမှလွဲ၍ မည်သူမျှနားလည်နိုင်မည်မဟုတ်ပါ။
...........................
“သူက တကယ်ကံကောင်းတာလား ကံဆိုးတာလားဆိုတာ ကျုပ်ကိုယ်တိုင်တောင် တကယ် နားမလည်နိုင်တော့ဘူး”
အမည်မသိသော နေရာတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ဦးသည် အမှောင်ထုထဲတွင် ထိုင်လျက်ရှိနေခဲ့လေသည်။
ထိုနေရာသည် အချိန် နှင့်အာကာသ (ဟင်းလင်းပြင်) ဥပဒေသများ၏ သက်ရောက်မှုမျာမှ လွတ်ကင်းနေသော နေရာတစ်ခုလည်းဖြစ်လေသည်။
အရာအားလုံးသည် အမှောင်ထုကြီးမှလွဲ၍ မည်သည့်အရာမှ တည်ရှိမနေပုံပေါက်နေသည်။
ထိုလူပုဂ္ဂိုလ်သည် မျက်လုံးများကို မှိတ်ထားပြီး တည်ငြိမ်သော အမှောင်ထုဖြင့် သူ့ကိုယ်သူ ဝန်းရံထားလျက်ရှိသည်။
“လူတွေအများကြီးထဲမှာ သူက ရန်နစ်ခရိုလိုင်း ရဲ့ ခန္ဓာကိုယ်ထဲကိုမှရွေးပြီး ကူးပြောင်းခံခဲ့ရတယ်... သူဟာ အဲ့ဒီခန္ဓာကိုယ်ထဲကနေ အစောဆုံး သေဆုံးသွားသင့်တဲ့သူတစ်ယောက်ဖြစ်သင့်တယ်……....”
ထိုပုဂ္ဂိုလ်သည် ဖြည်းညင်းစွာဖြင့် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
အမှောင်ထဲတွင် သူ၏ သွေးနီရောင် မျက်လုံးတစ်စုံသာ မြင်နိုင်နေပြီး ထိုမျက်လုံးများသည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံပြီးမြင်နေဟန်ရလေသည်။
“သူသေသွားတော့မယ်လို့ ငါခဏခဏထင်ခဲ့တယ် ဒါပေမဲ့ သူက ငါ့ရဲ့ မျှော်လင့်ချက်တွေကို ထပ်ခါထပ်ခါ ကျော်လွန်နိုင်ခဲ့တယ် အဲဒါထက် မင်းက သူ့ကို အရမ်းမျက်နှာသာပေးလွန်းတယ်လို့ မထင်ဘူးလား”
ထိုပုဂ္ဂိုလ်သည် မေးခွန်းတစ်ခုကို မေးလိုက်သည်။
ထိုမေးခွန်းသည် ဘယ်သူ့ကို ရည်ညွှန်းခြင်းဆိုသည်ကိုမူ မည်သူမျှသိရှိရန် မဖြစ်နိုင်ပါ။
ဤနေရာတွင် အခြားမည်သူမျှလည်းရှိမနေခဲ့ပါ။
“မေးခွန်း ဘောက်ချာ နှစ်ခု ပြီးတော့ ယာယီ ချိတ်စည်းဖြေတဲ့.....
မင်း ဒီအရာတွေရဲ့ နောက်ဆက်တွဲတွေကို နားလည်မယ်လို့ ငါမျှော်လင့်တယ်...”
အမှောင်ထဲတွင် မည်သည့်တုံ့ပြန်မှုမှ ပြန်မလာခဲ့ပါ။
အဆုံးတွင် ထိုပုဂ္ဂိုလ်သည် သူ၏ မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်သည်။
ဤနေရာသည် ထိတ်လန့်ဖွယ် တိတ်ဆိတ်မှောင်မိုက်သော အခြေအနေတစ်ခုဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
................
“သူ ဘာဖြစ်သွားတာလဲ အသိစိတ်လွတ်ပြီး ရုတ်တရက် စိတ်ထဖောက်သွာတာလား”
အာရန်က အဘယ့်ကြောင့် ရုတ်တရက် ထိုသို့ထပြုမူရသနည်းဆိုသည်အား ဝိညာဉ်လမ်းလျှောက်သူကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်သွားရလေသည်။
ဘာလို့ တောရိုင်းတိရစ္ဆာန်တစ်ကောင်လို အော်ဟစ်နေရတာလဲ။
သူ့မျက်နှာမှာတောင် သွေးတစ်စက်မှ မရှိတော့သလိုမျိုး လုံးဝ ဖြူဖျော့သွားခဲ့တယ်။
အာရန်သည် မမျှော်လင့်ဘဲ အလွန်နာကျင်သော ဝေဒနာ၏ ထိုးနှက်ချက်ကို ကိုယ်တိုင်ပြန်လည်ခံစားလိုက်ရသည်။
မမြင်နိုင်သော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်အား ရက်စက်စွာ တိုက်ခိုက်နေပြီး သူ၏အရိုးများဆီမှ တဂျုန်းဂျုန်းကျိုးကြေသံများကိုပင် ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။
နာကျင်မှု၏ ပြင်းထန်မှုအဆင့်သည် တရိပ်ရိပ်ပိုမိုမြင့်တက်လာပြီး ထိုနာကျင်မှု ဝေဒနာကို လုံး၀မခံနိုင်သော အဆင့်အထိတစ်ခုအထိ မြှင့်တင်ပေးနေလေသည်။
အာရန်၏ နှလုံးသားသည် အလွန် မြန်ဆန်သောနှုန်းဖြင့် ခုန်ပေါက်လျက်ရှိနေပြီး ၎င်း၏ နှလုံးခုန်နှုန်းကို ရေတွက်ရန်ပင်မရနိုင်တော့ပါ။
သူ၏ လည်ချောင်းများ မှာလည်း ပိုမိုခြောက်သွေ့လာပြီး သာမန်ရေတစ်စက်သည် ပင် နတ်ပြည်မှ နတ်ရေစင်တစ်စက်ကဲ့သို့ အလွန်အဖိုးတန်သည်ဟု မှတ်ထင်လာရသည့်အဆင့်သို့ ခြောက်သွေ့မှုမှာပြင်းထန်လာလေသည်။
ထိုသို့ဝေဒနာများ ဆက်လက်၍ပိုမိုပြင်းထန်နေချိန်တွင် အာရန်၏ အမြင်အာရုံများသည်လည်း စတင်၍ပုံစံပျက်ယွင်းလာပြီး သူ၏ပတ်ဝန်းကျင်ကို ပုံမှန်မြင်နေသော အရောင်စုံမြင်ကွင်းများဆီမှ ကြောက်မက်ဖွယ် အနီရဲရဲတောက်အရောင်များအဖြစ်သို့ စတင်အသွင်ပြောင်းလဲသွားလေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ မကောင်းသောနိမိတ်တစ်ခုကို ဖော်ဆောင်နေသော အော်ရာတစ်ခုသည် တဖြည်းဖြည်းစတင်ထွက်ပေါ်လာနေပြီး အခြေအနေမှာ ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်တစ်ခုသို့ ပြောင်းလဲသွားလေသည်။
[ယာယီ ချိတ်စည်းဖြေအဆောင် အသက်ဝင်သွားပါပြီ]
[အကျိုးသက်ရောက်မှုကြာချိန် : နှစ်မိနစ် ]
သူ၏ နာကျင်မှုများကြားတွင် အာရန်သည် သူ၏ရှေ့ရှိ စနစ်မျက်နှာပြင်မှ အသိပေးချက်များစွာ ပေါ်ထွက်လာနေသော်လည်း ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ၎င်းတို့၏ အကြောင်းအရာများကိုလည်း ဖတ်ကြည့်နိုင်စွမ်းမရှိတော့ပါ။
သူ့၏ အသိစိတ်ပင်လယ်တစ်ခုလုံးသည် ထိုပြင်းထန်သည့် ဝေဒနာ၏ စားသုံးခြင်းကိုခံလိုက်ရပြီး သူ့တွင် အခြားအတွေးများ သို့မဟုတ် ထည့်သွင်းစဉ်းစားမှု တွက်ချက်မှုများပြုလုပ်ရန် အသိစိတ်အနည်းငယ်မျှပင် မကျန်ရှိတော့ပါ။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို ချိတ်စည်းဖြေအဆောင်တစ်ခုသုံးလိုက်ရုံဖြင့် အဘယ်ကြောင့် ဤမျှ နာကျင်မှုကိုခံစားသွားရသနည်း။
ထိုအဆောင်မှာ တစ်ခုခု မှားနေ၍လော။
ထိုအချိန်အာရန် ၏ အတွင်းစိတ်ထဲတွင် မေးခွန်းများစွာ ရှိနေခဲ့သော်လည်း ဤမေးခွန်းများ အားလုံးသည် သူ၏နာကျင်နေသော အော်ဟစ်သံများကြားတွင် နက်နက်ရှိုင်းရှိုင်းပင် မြှုပ်နှံခြင်းခံလိုက်ရလေသည်။
ထိုနာကျင်မှုသည် သူ့ရဲ့ နုနယ်သော သိစိတ်ဖြင့် ကိုင်တွယ်ဖြေရှင်းရန် အလွန်ပင်ပြင်းထန်လွန်းနေခဲ့သည်။
ထိုနာကျင်မှုတစ်ခုတည်းဖြင့်ပင် သူသည်ရူးသွပ်သွားတော့မည်ဟုပင် ခံစားလိုက်ရသည်။
သူသည် သတိလစ်မသွားချင်ခဲ့ပါ။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ယာယီသာ ဖြေထားနိုင်ခြင်းဖြစ်လေသည်။
ဤအချိန်များကို ဖြုန်းတီးမိပြီး သတိလစ်သွားခဲ့ပါက ရှုယင်မှာ မည်သည့်အရာများရင်ဆိုင်ရမည်နည်း။
သူ၏ ခိုင်မာသော စိတ်ဆန္ဒဖြင့် သူသည် ထိုနာကျင်မှုကို အန်တုရန် ကြိုးစားနေခဲ့သည်။
သူသည် သွားများကိုအံကြိတ်ကာ နှုတ်ခမ်းများ ပင်ပေါက်ထွက်တော့မတတ် ကိုက်ထားမိလေသည်။
သူသည် အလွန်နာကျင်သော ဝေဒနာကို တိုက်ခိုက်နေစဉ် သွေးစီးကြောင်းတစ်ခုသည် သူ၏ မေးစေ့မှနေ၍ စီးကျသွားလေသည်။
ကံမကောင်းစွာဖြင့် ထိုနာကျင်မှုသည် သူ့အတွက် အလွန်များပြားလွန်းနေခဲ့သည်။
ခိုင်မာသော စိတ်ဆန္ဒဖြင့်ပင် သူသည် နာကျင်မှုကို မတောင့်ခံနိုင်ခဲ့ပါ။
ထိုနာကျင်မှုများကြောင့် မကြာမှီပင် သူ၏ သိစိတ်သည် လုံး၀လစ်ဟင်းသွားလေတော့သည်။
ကံမကောင်းစွာဖြင့် ၎င်းသည် အစပိုင်းသာ ရှိသေးလေသည်။
အာရန်သည် သတိလစ်သွားသည့်တိုင် သူ၏ခန္ဓာကိုယ်မှာ မတ်တပ်ရပ်နေဆဲပင်ဖြစ်သည်။
သူ၏ မျက်ဝန်းများသည် ပိုမို၍ အာရုံစူးစိုက်မိလာသည်။
သူ၏ နှာခေါင်းမှ သွေးများ ထပ်မံယိုစီးကျလာကာ နာကျင်စွာ အော်ဟစ်သံများ ရပ်တန့်သွားလေသည်။
ထိုအချိန်တွင် အရာအားလုံး ပြီးဆုံးသွားသကဲ့သို့ ပြန်လည် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။
“မင်းကို ပြေးပါလို့ ငါပြောခဲ့တယ်လေ”
မူလဝိညာဉ်လမ်းလျှောက်သူ၏ ဝိညာဉ်မှ အော်ဟစ်ပြောဆိုလိုက်သည်။
သူ့မှာသာ လုပ်သောအစွမ်းရှိပါက ထိုဝိညာဉ်လမ်းလျှောက်သူ ခန္ဓာကိုယ်အတွင်းဝင်နေသော ချာတိတ်အား သူ၏ ဂုတ်မှဆွဲကာ ကိုင်ထုတ်သွားချင်နေမိသည်။
“ပြေးရမယ် ဟုတ်လား ဘာလို့ပြေးရမှာလဲ သူကလှုပ်တောင်မလှုပ်နိုင်ဘူးလေ သူ အဆိုးဆုံး ဘယ်လောက်အထိ လုပ်နိုင်မှာမို့လို့လဲ”
အတုအယောင် ဝိညာဉ်လမ်းလျှောက်သူမှာ ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
သူသည် အာရန်ကို အလေးအနက် မထားခဲ့ပါ။
သူသည် သူ့ကို ခြိမ်းခြောက်နိုင်သော ဤကမ္ဘာမှ အထူးဖြစ်တည်မှုများအကြောင်းကို သိရှိပြီးဖြစ်လေသည်။
သူပိုင်ဆိုင်ထားသော ထိုဟင်းလင်းပြင်စွမ်းအင်များ၏ရှေ့တွင် အရှင်သခင်လေးဦးလောက်သာ သူ့ကို ခြိမ်းခြောက်နိုင်အောင် အားကောင်းလေသည်။
ထိုကဲ့သို့ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အော်ဟစ်မြည်ကြွေးနေပြီး ဘာမှမလုပ်ရပါပဲအလိုလို ခန္ဓာကိုယ်မှ သွေးများယိုစီးနေသော ထိုသို့သူတစ်ဦးကို သူသည်အဘယ့်ကြောင့် ကြောက်ရွံရန် လိုအပ်ပါမည်နည်း။
မူလဝိညာဉ်လမ်းလျှောက်သူ၏ ဝိညာဉ်မှာ သူ့ကို စနောက်နေသလားဟုပင် တွေးလိုက်မိသည်။
ကံမကောင်းစွာဖြင့် သူ့အတွေးများသည် ကြာကြာမခံလိုက်ပါ။မကြာခင်မှာပင် သူမည်မျှမှားယွင်းမိခဲ့ကြောင်း သိရှိလိုက်ရလေသည်။
ရုတ်တရက် သူ၏ နှလုံးသားအတွင်မှ မွမ်းကျပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ သာယခုအချိန် မထွက်ခွာနိုင်ပါက လုံး၀သေဆုံးတော့မည်ဟူသော အသိတစ်ခုကို ရလိုက်လေသည်။
ထို့နောက် သူ၏မျက်စိရှေ့တွင်ပင် အာရန်သည် ရှေ့သို့တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။
သူ၏ ခြေထောက်ပတ်လည်ရှိ တံဆိပ်စည်းသည်ပင် သူ့ကို မတားဆီးထားနိုင်တော့ပါ။
သူ၏ခြေထောက်များသည် သွေးချင်းချင်းနီရဲနေသော်လည်း အာရန်သည် လုံး၀ ဂရုစိုက်သည့်ပုံမရပါ။
ဝိညာဉ်လမ်းလျှောက်သူသည် မျက်တောင်တစ်ချက်ခပ်စာအချိန်မှာပင် အာရန်သည် သူ့ရှေ့သို့ရုတ်တရက် ရောက်လာခဲ့လေသည်။
သူသည်အလွန် အံ့သြတုန်လှုပ်သွားပြီး အာရန်၏ လက်များ သူ့ကို မထိနိုင်စေရန် မီတာတစ်ရာအကွာသို့ရောက်အောင် အမြန်ပင် နေရာကူးပြောင်းအစွမ်း အသုံးပြုလိုက်ရသည်။
“ဘယ်... ဘယ်လိုလုပ်..”
သူသည် အာရန်ထံမှ အလျှင်အမြန်နေရာခုန်ကူးနေစဉ်တွင်ပင် နာကျင်စွာ ညည်းညူလိုက်မိသည်။
“ ငါသေချာစမ်းသပ်ထားတယ် သူက ငါ့ကို မထိတွေ့နိုင်ဘူးလေ ဒါဆို ဘယ်လိုလုပ်ပြီး”
သူသည် ရင်ဘတ်မှ နာကျင်မှုများဆောင့်တက်လာသည်ကို ခံစားလိုက်ရကာ အောက်ကို ငုံ့ကြည့်လိုက်သောအခါ သူ၏ရင်ဘတ်တွင် သွေးများယိုစိမ့်ထွက်နေသော အမာရွတ်တစ်ခု ကျန်ရစ်ခဲ့လေသည်။
“ဒီကောင်က တကယ်ကို တစ်ခုခုတော့ မှားနေပြီ ငါထွက်သွားမှဖြစ်တော့မယ်”
ဝိညာဉ်လမ်းလျှောက်သူ၏ နောက်တွင် နေရာပြောင်းဂိတ်တံခါးတစ်ချပ် ပေါ်လာခဲ့သည်။
သူသည် အာရန်နှင့် တတ်နိုင်သမျှ ဝေးရာနေရာသို့ အမြန်ထွက်သွားချင်နေပြီဖြစ်သည်။
သူသည် နောက်သို့ ဆုတ်လိုက်ကာ နေရာပြောင်းဂိတ်တံခါးအတွင်းသို့ မဝင်နိုင်ခင်မှာပင် အေးစက်သော လက်တစ်ဖက်သည် သူ၏မျက်စိရှေ့တွင် ရုတ်တရက်ပေါ်လာလေသည်။
ထိုလက်တစ်ဖက်သည် သူ၏မျက်နှာကို ဆုပ်ကိုင်လိုက်လေသည်။
ထို့နောက်အချိန်တစ်ခဏအတွင်း ထိုဝိညာဉ်လမ်းလျှောက်သူသည် မာကျောသော ကြမ်းပြင်ပေါ်သို့ ရိုက်ချခြင်းခံလိုက်ရသောကြောင့် လေထုထဲတွင် ကျယ်လောင်သောအသံတစ်ခု ပဲ့တင်ထပ်သွားလေသည်။
[ကျန်ရှိနေသောအချိန် - ၁ မိနစ် ၃၆ စက္ကန့်]
#Catfoot