← Chapters

အဲ့ဒါဘာလဲ

Vol. 7 Ch. 87

အဲ့ဒါဘာလဲ

Vol. 7 Ch. 87

ဝိညာဉ်လမ်းလျှောက်သူ၏ ဦးခေါင်းခွံသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသဖြင့် ကွဲအက်တော့မည့်အလား ခံစားလိုက်ရသည်။

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ဦးခေါင်းအား အာရန်၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးပမ်းရင်း သူ၏ နေရာခုန်ကူးနိုင်သည့် အစွမ်းကို လျင်မြန်စွာ အသက်သွင်းလိုက်ရကာ အကွာအဝေးတစ်ခုဆီသို့ ချက်ချင်း ပင် ပြောင်းရွှေ့လိုက်ရသည်။

သူ၏နှလုံးသားသည် ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုတို့ အတူတကွရောနှောကာ ပြင်းထန်စွာ ခုန်ပေါက်လျက်ရှိပြီး နာကျင်မှုဝေဒနာတစ်ခုသည် သူ၏ခန္ဓာကိုယ်ကို တခဏချင်းပြန့်နှံ့သွားစေခဲ့သည်။

သူသည် သူ၏ဦးခေါင်းနောက်ပိုင်းကို အလိုလို စမ်းလိုက်မိသောအခါ သူ၏လက်များတွင် သွေးများဖြင့် စွန်းထင်းနေသည်ကို မြင်လိုက်ရလေသည်။

သူသည် တခဏအတွင်း ဖြစ်ပျက်သွားသောအရာများကြောင့် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

ဤနေရာရှိ အခြားသူရဲကောင်းများမှာလည်း သူ့ကဲ့သို့ပင် အလွန်အံ့အားသင့်ကာ ကြောက်လန့်သွားကြလေသည်။

၎င်းတို့သည် ၎င်းတို့၏ ကြက်သေးသေမှုများမှပင် ရုံးမထွက်နိုင်အောင်ဖြစ်နေကြလေသည်။

ရှုယင်မှာလည်း အလားတူပင်ဖြစ်သည်။

သူမသည် အာရန် ခွန်အားကြီးကြောင်း ကို သိနေခဲ့သော်လည်း သူသည် အမှန်တကယ် ဤမျှခွန်အားကြီးလွန်းနေရသလား။

သူမသည် ထိုအရာကို ယုံကြည်ရန် ခက်ခဲနေလေသည်။

အာရန်၌ တစ်ခုခု မှားယွင်းနေသည်ဟုပင် သူမ ခံစားမိလိုက်သည်။

သူသည် သူကိုယ်တိုင်မဟုတ်သည့် အခြားတစ်ယောက် ဖြစ်သွားသည့်အလား ထင်မှတ်ရလေသည်။

ဆီလက်စ်ကလေးသည်လည်း အဝေးသို့ ပျံသန်းသွားကာ အာရန်၏ ဤ ထူးဆန်းသောအသွင်ပြောင်းလဲမှုကို အလွန်တရာကြောက်ရွံ့နေပုံရကာ သစ်ကိုင်းတစ်ခု၏ နောက်တွင် သွားရောက်ပုန်းအောင်းနေခဲ့လေသည်။

သူရဲကောင်းများသည် တအောင့်ကြာသောအခါမှသာ ၎င်းတို့၏ ကြက်သေးသေနေမှုများမှ ရုံးထွက်နိုင်ခဲ့ကြလေသည်။

ဝိညာဉ်လမ်းလျှောက်သူ ကိုယ်တိုင် ရိုက်နှက်ခံခဲ့ရသည်ကို မြင်ရခြင်းသည် အံ့အားသင့်စရာဖြစ်ရပ် ဖြစ်သော်လည်း ၎င်းတို့အတွက် လုပ်ဆောင်ရန် ပို၍ပင် အကြောင်းပြချက်ကောင်း တစ်ခုဖြစ်ခဲ့လေသည်။

ထိုသူသည် အလွန်အန္တရာယ်များလေသည်။

“သူကဘယ်သူလဲ”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ ဘေးရှိမူလဝိညာဉ်ကို အံ့အားသင့်စွာ ပြန်လည် မေးမြန်းလိုက်သည်။

သူသည် မတူညီသော ဟင်းလင်းပြင်အလွှာအတွင် ဝိညာဉ်ပုံစံဖြင့် ရောက်ရှိနေစဉ် ထိုလူသည် သူ့အား ထိတွေ့နိုင်ခဲ့လေသည်။

ယင်းသည် ပုံမှန်အားဖြင့် ဖြစ်မလာသင့်သောအရာတစ်ခုဖြစ်လေသည်။

အရှင်သခင်များမှလွဲ၍ ဤသို့လုပ်နိုင်သောသူဟူ၍ မည်သူမျှ မရှိခဲ့ဘူးပါ။

“ငါ….ငါလည်း သူကဘယ်လိုဖြစ်တည်မှုလည်းဆိုတာ မသိနိုင်သေးဘူး ဝိညာဉ်တစ်ကောင်အနေနဲ့တောင် အဲဒီလူကို ကြည့်မိတဲ့အခါ ကြောက်ရွံ့မှု တစ်ခုကိုအလိုလိုခံစားလိုက်ရတယ် မင်းဘယ်လိုမှနိုင်မယ် မထင်ဘူး သူကို တခြားသူတွေက အာရုံလွှဲနေတဲ့အခါ မင်းလုံး၀ ထွက်ပြေးပေတော့”

မူလဝိညာဉ်သည် ဝိညာဉ်လမ်းလျှောက်သူအတွက် အကြံဉာဏ်တစ်ခုသာ ရှိနေခဲ့သည်။ ယင်းမှာ ထွက်ပြေးရန်ပင်ဖြစ်လေသည်။

“အခုမှ ထွက်ပြေးဖို့ ဖြစ်နိုင်တော့မယ်လို့ ထင်လား”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ပတ်ဝန်းကျင်ကို ကြည့်ကာ ထူးဆန်းသော အနှောင့်အယှက်တစ်ခုကို ခံစားလိုက်ရသည်။

သူသည် နေရာပြောင်းဂိတ်တံခါးတစ်ခုကို မဖန်တီးနိုင်တော့ကြောင်းကို သတိပြုမိလိုက်သည်။

“ကျုပ်သွေးတွေ အများကြီး ဆုံးရှုံးထားရတယ် ခင်ဗျားရဲ့စွမ်းရည်တွေကို အသုံးပြုရတာ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ”

ဝိညာဉ်လမ်းလျှောက်သူအကြောင်း လူအများမသိသေးသော အရာတစ်ခုရှိသည်။

လူတိုင်းမှာ သူသည် ဟင်းလင်းပြင်ဥပဒေသများ၏ အမှန်တကယ် ကျွမ်းကျင်သူဟု သာသိထားကြသော်လည်း မစ်ထ် တစ်ယောက်သာ သူ၏ အင်အားသည် အကန့်အသတ်ရှိကြောင်းကို သိနေခဲ့လေသည်။

အခြားသူရဲကောင်းများကဲ့သို့ပင် ဝိညာဉ်လမ်းလျှောက်သူ၌လည်း သူ၏ အားနည်းချက်တစ်ခု ရှိနေခဲ့လေသည်။

သို့သော်သူ၏အားနည်းချက်သည် အခြားသူများနှင့် မတူပေ။

သူ၏အားနည်းချက်မှာ သူ၏ သွေးပင်ဖြစ်သည်။ သူသည် သွေးများများဆုံးရှုံးလေ စွမ်းရည်တစ်ခုကို အသုံးပြုရန် ပို၍ ခက်ခဲလေဖြစ်သည်။

ဝိညာဉ်ဂိတ်တံခါး တစ်ခုသည် ဝိညာဉ်လမ်းလျှောက်သူ၏ အဓိကအစွမ်းအထက်ဆုံးစွမ်းရည်တစ်ခုဖြစ်ပြီး သူသည် အတော်အသင့်ပြုလုပ်နိုင်ရုံအဆင့်သာ ရှိနေသေးသည်။

အစစ်အမှန် ဝိညာဉ်လမ်းလျှောက်သူသာဆိုလျှင် သူသည်ယခုအချိန်တွင် အမှန်တကယ်အသုံးဝင်သော ဝိညာဉ်ဂိတ်တံခါးတစ်ခု ကို ဖန်တီးနိုင်မည်ဖြစ်လေသည်။။

သို့သော် ကံမကောင်းစွာဖြင့် အတုအယောင်ဝိညာဉ်လမ်းလျှောက်သူ တစ်ယောက်အနေဖြင့် သူသည်ထိုအရာကို မလုပ်နိုင်ခဲ့ပေ။

“ငါ့ကိုပြန်ပြီး ကုသပေးပါ”

သူသည် သူတို့အဖွဲ့ဆီမှ ကုသသူတစ်ဦးအား သူ့ထံလာရန် အမိန့်ပေးရင်း သူ၏အသံသည် နာကျင်မှုများဖြင့် အက်ကွဲနေခဲ့သည်။

တစ်ချိန်တည်းတွင် သူသည် အခြားသူရဲကောင်းများကို အာရန်အား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်နှင့် သုတ်သင်ပစ်ရန် အမိန့်ပေးလိုက်သည်။

သို့သော် ၎င်းတို့သည် သူပင် မလုပ်ဆောင်နိုင်ခဲ့သော အရာတစ်ခုကို အမှန်တကယ်လုပ်ဆောင်နိုင်ပ့ါမလားဆိုသည်ကိုမူ သေခြာမနေခဲ့ပေ။

သို့သော် ၎င်းတို့တွင် အားသာချက်တစ်ခုတော့ရှိနေလေသည်။ ယင်းမှာ ၎င်းတို့၏ လူအင်အားများပြားနေခြင်းပင်ဖြစ်သည်။

တစ်ခါတစ်ရံတွင်အရေအတွက် သည်လည်း ခွန်အားအတွက်အရေးပါနေတတ်လေသည်။

အာရန်ကို သတ်ရန် ၎င်းတို့၏ရည်မှန်းချက်သည် မဖြစ်နိုင်ပုံရသော်လည်း ၎င်းတို့၏ကြိုးပမ်းမှုများကြောင့် သူအား ပြန်လည်ကုသရန် အချိန်တစ်ခုရသည်အထိ အနည်းဆုံးတော့ ထိုသူကို အလုပ်ရှုပ်ထားစေနိုင်သည်။

တိုက်ပွဲကို အနိုင်ရခြင်းသည် သူ၏ ယခုရည်မှန်းချက် မဟုတ်သေးပေ။

သူ၏ ပထမဦးစားပေးအစီအစဉ်မှာ သူ၏လွတ်မြောက်မှုဖြစ်ပြီး ထိုသို့ပြုလုပ်နိုင်ရန် သူ့ကိုယ်သူအရင် ကုသနိုင်ရန်လိုအပ်နေလေသည်။

လွတ်မြောက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါက အနည်းဆုံးတော့သူသည် မစ်ထ်၏အခန်းရှိရာသို့ ဦးတည်သော ဝိညာဉ်ဂိတ်တံခါးတစ်ခုကို ဖန်တီးနိုင်ရမည်ဖြစ်သည်။

သူသည် မစ်ထ်ကိုသာ ဤနေရာသို့ ခေါ်ဆောင်လာနိုင်ပါက တိုက်ပွဲသည် ပြီးဆုံးလုနီးပါးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

အာရန်သည် မည်မျှအားကောင်းသည်ဖြစ်စေ တောင်ပိုင်းတိုက်၏ အရှင်သခင်တစ်ဦးရှေ့တွင် သူသည် မည်မျှစွမ်းဆောင်နိုင်ဦးမည်နည်း။

သို့သော် သူ၏အစီအစဉ်များသည် မစတင်ရသေးခင်မှာပင် သူ၏မျက်လုံးများရှေ့၌ပင် ပျက်စီးသွားခဲ့ရလေသည်။

အာရန်သည် အခြားသူရဲကောင်းများမှ အာရုံလွှဲသည်ကို ခံယူမည့်အစား သူ၏သားကောင်ဆီသို့သာ ပစ်မှတ်ထားနေသော သားရဲတစ်ကောင်ကဲ့သို့ သူ့ဆီသို့ တည့်တည့်မက်မက် တိုးဝင်လာလေတော့သည်။

ဝိညာဉ်လမ်းလျှောက်သူသည် အာရန်၏တိုးဝင်မှုကို တားဆီးရန် မျှော်လင့်ချက်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင် ဖွဲ့စည်းပုံကို ပြောင်းလဲရန် ကြိုးပမ်းလိုက်လေသည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏ကြိုးပမ်းမှုများသည် မည်သို့မျှ အသုံးမဝင်ကြောင်းကို သက်သေပြခြင်းခံလိုက်ရလေသည်။ အာရန်၏ မဆုတ်မနစ်သော တိုက်ခိုက်မှုများကို မည်သည့်အရာကမျှ မတားဆီးနိုင်တော့ပါ။

သူ့ကိုယ်သူ ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းရင်းဖြင့် ဝိညာဉ်လမ်းလျှောက်သူသည် သူ့ကိုကူညီရန် လာခဲ့သော ကုသသူ ကို ဆွဲကိုင်ကာ အာရန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ဝမ်းနည်းစရာကောင်းစွာပင် ထိုကုသသူသည် သူ၏မူလရည်ရွယ်ထားသော ပစ်မှတ်သို့ မရောက်ရှိမီမှာပင် အမည်မသိသည် အင်အားတစ်ခု၏ ဆုတ်ဖြဲခြင်းကို ခံခဲ့ရလေသည်။

သူ၏ အာကာသ ဟင်းလင်းပြင်ဆိုင်ရာ ကိုင်တွယ်မှုများသည် အာရန်ကို ဆန့်ကျင်ရာတွင် အသုံးမဝင်ကြောင်း သဘောပေါက်သွားသောအခါ ဝိညာဉ်လမ်းလျှောက်သူသည် လက်နက်တစ်ခုကိုသာ အားကိုးရန်ဆုံးဖြတ်ခဲ့လေသည်။

သူသည် အာရန်၏ တိုးဝင်မှုကို တားဆီးရန် သူ၏ အာကာသဒြပ်စင်စွမ်းအင်များကိုသာ အားကိုးနေ၍မရကြောင်း သိလိုက်သည်။

ယင်းအစား သူသည် တိုက်ပွဲကို သူကိုယ်တိုင်သာ တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ရပေတော့မည်။

ဝိညာဉ်လမ်းလျှောက်သူ၏လက်နှစ်ဖက်လုံးသည် ဟင်းလင်းပြင်အလွှာတစ်ခုက လွှမ်းခြုံထားကာ လျင်မြန်သော လှုပ်ရှားမှုများဖြင့် သူ၏ရုပ်ပိုင်းဆိုင်ရာ အင်အားကို တိုးမြှင့်ပေးထားခဲ့လေသည်။

သူသည် သူ၏ဓားကိုလည်း အလားတူ ဟင်းလင်းပြင်စွမ်းအင်များ ထည့်သွင်းလိုက်ကာ အမာကျောဆုံးပစ္စည်းများကိုပင် လှီးဖြတ်နိုင်သော ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သူသည် ထိုဟင်းလင်းပြင်အလွှာတစ်ခုကိုဖန်တီးပြီးနောက် သူ၏အမြင်အာရုံသည် ပို၍ကြည်လင်လာပြီး သူ၏ပတ်ဝန်းကျင်အချိန်သည် သူ့အတွက် ပို၍နှေးကွေးစွာ စီးဆင်းသွားခဲ့သည်။

တစ်စက္ကန့်စီသည် သူ့အတွက် စက္ကန့်တစ်ရာနှင့် ညီမျှလေသည်။

ဤအရှိန်ဖြင့် သူသည် ရှုယင်ကိုပင် အနိုင်ယူနိုင်ခဲ့လေသည်။

သူသည် ဤစွမ်းရည်အပေါ်ကို ယုံကြည်မှုရှိနေခဲ့လေသည်။

“ဟမ် ဘာလဲဟ”

ဝိညာဉ်လမ်းလျှောက်သူသည် ရုတ်တရက် အံ့အားသင့်စွာ ဆွံ့အသွားခဲ့လေသည်။

အချိန်သည် သူ့အတွက် နှေးကွေးသွားသောအခိုက်အတန့်တွင်ပင် သူသည် အာရန်ကိုကောင်းစွာမမြင်နိုင်ခဲ့ပါ။

ရှင်းလင်းစွာ ပေါ်လာမည့်အစား အာရန်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

သူသည် အာရန်ကို တိုက်ခိုက်ခဲ့သော်လည်း သူ၏ဓားသည်၎င်းကို ဖြတ်ကျော်သွားခဲ့လေသည်။

သူ၏ဓားသည် အာရန်၏ နောက်ကျန်ပုံရိပ်ကိုသာ ထိမှန်မိခဲ့လေသည်။

အချိန်သည် သူ့အတွက် နှေးကွေးသွားခဲ့သော်လည်း အာရန်မှာမူ ဤစွမ်းရည်၏ အကန့်အသတ်များကို ကျော်လွန်နိုင်ခဲ့လေသည်။

[ကျန်ရှိနေသောအချိန် : ၁ မိနစ် ၉ စက္ကန့်]

ဝိညာဉ်လမ်းလျှောက်သူသည် အာရန်ကို မမြင်နိုင်တော့ပေ။

သူ၏မျက်လုံးများက အာရန်၏လှုပ်ရှားမှုကို လိုက်၍မမှီနိုင်ဖြစ်နေစဉ် သူ၏လက်သည်ရုတ်တရက် အာရန်၏ ဖမ်းဆုတ်ခြင်းကိုခံလိုက်ရလေသည်။

အာရန်သည် ဝိညာဉ်လမ်းလျှောက်သူ၏လက်ကောက်ဝတ်များကို ဆုပ်ကိုင်ထားလိုက်သည်။

ဝိညာဉ်လမ်းလျှောက်သူသည် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိမီ ကန်ချက်တစ်ခုသည် သူ၏ ဝမ်းဗိုက်ကို ထိမှန်သွားခဲ့သည်။

ဝိညာဉ်လမ်းလျှောက်သူသည် လွင့်စင်သွားခဲ့လေသည်။

ခဏတာအတွင်း သူသည် ဤလူကို အနိုင်ယူနိုင်ရန် နည်းလမ်းများစွာကို တွေးတောနေခဲ့မိသည်။ သို့သော် မကြာမီ နာကျင်မှုသည် သူ့ကို စိုးမိုးသွားနိုင်ခဲ့သည်။

ထိုစဉ် သူ၏လက်နှစ်ဖက်လုံးမှာ ရုတ်တရက် ပျောက်ဆုံးနေကြောင်း သူသတိပြုမိသွားသည်။

သူသည် အာရန်နှင့် ဝေးကွာသောတစ်နေရာသို့ အကန်ထုတ်ခံလိုက်ရစဉ် သူ၏လက်နှစ်ဖက်သည် အာရန်၏လက်ထဲတွင်ကျန် နေခဲ့ကြောင်းကို မြင်လိုက်ရလေသည်။

အာရန်သည် ဝိညာဉ်လမ်းလျှောက်သူရှေ့တွင် ထပ်မံပေါ်လာခဲ့သည်။

ထို့နောက်တွင် အခြားသူရဲကောင်းများသည် ၎င်းတို့၏ စွမ်းရည်အမျိုးမျိုးဖြင့် အာရန်အား ဆက်တိုက်တိုက်ခိုက်နေခဲ့ကြသည်။

၎င်းတို့၏ တိုက်ခိုက်မှုများသည် အာရန်ဆီသို့ မရောက်ရှိမီ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ကြလေသည်။

အာရန်၏ ပတ်လည်တွင် ကြီးမားသော မမြင်နိုင်သည့် အတားအဆီးတစ်ခုရှိနေသည့်အလား ဖြစ်နေခဲ့လေသည်။

“ငါ့ကို သွားခွင့်ပေးပါ....”

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏သွေးများဖြင့် ဖုံးလွှမ်းနေသော အပျက်အစီးများကြားတွင် ထိုင်နေခဲ့လေသည်။

သူသည် မည်သည့်နေရာသို့မျှ မရွေ့လျားနိုင်တော့ပေ။

သွေးအလွန်အကျွံ ဆုံးရှုံးသွားသောကြောင့် သူသည် သူ၏ အားအနည်းဆုံးစွမ်းအင်ကိုပင် အသုံးမပြုနိုင်တော့ပေ။

သူသည် သတ်ဖြတ်ခံရရန် ထိုင်စောင့်ဆိုင်းနေသော သိုးငယ်တစ်ကောင်နှင့်ပင် တူနေခဲ့လေသည်။

“ငါသာသေရင် မစ်ထ် က မင်းကို…..”

ဘုန်း……………..

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏စကားလုံးများကိုပင် ဆုံးအောင်မပြောလိုက်နိုင်ခင် ခြေထောက်တစ်ချောင်းသည် သူ၏ခန္ဓာကိုယ်အား အားပြင်းစွာဖြင့် ဖိချေပစ်လိုက်လေသည်။

သွေးများသည် နေရာတိုင်းသို့ လွင့်စင်သွားကာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးလိုက်လေသည်။

အခြားသူရဲကောင်းများသည် အာရန်ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။

သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုများသည် မည်သို့မျှအသုံးမဝင်ကြောင်း သိလိုက်ရသော အခိုက်အတန့်တွင် ၎င်းတို့သည် လက်လျှော့လုနီးပါး ဖြစ်သွားခဲ့ကြသည်။

ဝိညာဉ်လမ်းလျှောက်သူ ရက်ရက်စက်စက်ပင်သူတို့၏ ရှေ့တွင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ အခြေအနေများမှာ ပို၍ပင် ဆိုးရွားလာခဲ့လေသည်။

၎င်းတို့သည် ချက်ချင်း သတ္တိများပျောက်ဆုံးသွားခဲ့ကြသည်။

ရှုံးနိမ့်မည့်တိုက်ပွဲကို တိုက်ခိုက်မည့်အစား ၎င်းတို့အားလုံး ထွက်ပြေးရန်သာရွေးချယ်လိုက်ကြလေသည်။

ထိုအချိန်တွင် အာရန်သည် သူ၏လက်ကို မြှောက်လိုက်လေသည်။

သူသည် သူ၏ လက်သီးကို ဆုပ်လိုက်သောအခိုက်အတန့်တွင် ကောင်းကင်မှ လျှပ်စီးကြောင်းများစွာသည် ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းသဖွယ် အောက်သို့ကျဆင်းလာခဲ့ကြလေသည်။

လျှပ်စီးကြောင်းတစ်ခုစီသည် ထွက်ပြေးနေသော ပစ်မှတ်တစ်ခုစီကို ထိမှန်သွားခဲ့ကြသည်။

တစ်စက္ကန့်အတွင်း ဝိညာဉ်လမ်းလျှောက်သူနှင့်အတူ လိုက်ပါလာသော သူရဲကောင်းများအားလုံးမှာ သေဆုံးသွားခဲ့ကြလေသည်။

မည်သို့မျှသတ်၍မရနိုင်သောသူရဲကောင်း ဟုလူအများက တင်စားခေါ်တွင်ခဲ့သော ဝိညာဉ်လမ်းလျှောက်သူသည်လည်း ဤနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဤသတင်းသာ ပျံ့နှံ့သွားပါက ဤတိုက်ကြီး၏ နိုင်ငံသားများအတွက်ပင် ယုံကြည်နိုင်ရန်မှာ ခက်ခဲနေလိမ့်မည်ဖြစ်လေသည်။

ရှုယင်သည် မတ်တပ်ရပ်ကာ သူမ၏ပတ်ဝန်းကျင်ရှိ သတ်ဖြတ်မှုများကို စိုက်ကြည့်နေခဲ့မိသည်။

နေရာတစ်ခုလုံးသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်။

သူမသည် ဤနေရာကို ဂရုမစိုက်ပေ။

ဤတိုက်ကြီးရှိ လူသားအားလုံးတစ်ယောက်မကျန် သေဆုံးသွားလျှင်ပင် သူမသည် ဂရုစိုက်မည် မဟုတ်ပေ။

သူမသည် အာရန်ကိုသာ ဂရုစိုက်နေခဲ့ခြင်းဖြစ်သည်။

သူမသည် နာကျင်နေပုံရသော အာရန်ဆီသို့ တစ်လှမ်းခြင်း လျှောက်သွားခဲ့သည်။

သူမသည် သူမ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

သူမသည် ကြောက်ရွံ့နေသော်လည်း အာရန်ကို ကူညီရန် သူမ၏အစွမ်းရှိသမျှကို အသုံးပြုလိုနေခဲ့သည်။

သူမ၏လက်များသည် အာရန်၏ပခုံးကို ထိတွေ့သောအခိုက်အတန့်တွင် သူသည် တစ်ဖက်သို့ လှည့်လာကာ သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။

ရှုယင်သည် အသက်ရှူရန်ပင် အသဲအသန် ရုန်းကန်နေရစဉ် သူမသည် လွတ်မြောက်ရန် အာရန်ကို တိုက်ခိုက်နိုင်သော်လည်း ထိုသို့ တိုက်ခိုက်ရန် သူမကိုယ်သူမ မဝံ့ရဲခဲ့ပေ။

သူမသည် လေထဲတွင် မြှောက်တင်ခံရသောအခါ အသက်ရှူကြပ်နေပြီဖြစ်ပြီး အာရန်၏ ဆုပ်ကိုင်မှုသည် စက္ကန့်တိုင်းတွင် ပို၍တင်းကျပ်လာခဲ့သည်။

အာရန်သည် ဤအခိုက်အတန့်တွင် လုံးဝသူစိမ်းတစ်ဦးနှင့်ပင် တူနေခဲ့သည်။

#Catfoot

All Chapters