← Chapters

သူတို့ကိုမောင်းထုတ်ဖို့ ကူညီပေးပါဦး

Vol. 2 Ch. 16

သူတို့ကိုမောင်းထုတ်ဖို့ ကူညီပေးပါဦး

Vol. 2 Ch. 16

ဘာတိုလိုစားသောက်ဆိုင်သည် ဖန့်ကြွယ်ယွီက ၉၂% ရှယ်ယာပိုင်ဆိုင်သော ဘာတိုလိုစပိန်စားသောက်ကုန်လုပ်ငန်း ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အကြောင်းကို သူတို့နှစ်ဦး အငြင်းပွါးနေချိန်တွင် ရှောင်းရီက သတင်းပေးပြီးဖြစ်သည်။

ကျန်သောရှယ်ယာ၈%ကို ဖန့်ကြွယ်ယွီက မဝယ်နိုင်တာ မဟုတ်ပေ။ ထိုစားသောက်ကုန်လုပ်ငန်းလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးနေသော တစ်ယောက်ချင်းစီကို ခွဲဝေပေးထား ခြင်းဖြစ်သည်။ သူသာ ၁၀၀% ရှယ်ယာလိုချင်သည်ဆိုပါက  ဖန့်ကြွယ်ယွီအတွက် ခက်ခဲသောအရာတော့မဟုတ်နေပေ။

ဘာတိုလိုစပိန်စားသောက်ဆိုင်သည် ထိုအဖွဲ့၏ ဆိုင်ခွဲတစ်ခု မျှသာဖြစ်သည်။ စားသောက်ဆိုင်လုပ်ငန်း အခြေအနေများ ကိုသေချာလေ့လာပြီး ရုံးချုပ်က ရွေးချယ်ပေးသော နေရာတွင် သာဖွင့်ရသည်။ ဝန်ထမ်းများက စီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများမှာ ဝင်ပါလေ့မရှိနေပေ။

ထို့ကြောင့်ပင် ဘာတိုလိုစားသောက်ကုန်လုပ်ငန်းတစ်ခုလုံး၏ လက်ခွဲတစ်ခုဖြစ်သော ဤဆိုင်ကို သူ့အပိုင်၏ ဆိုနိုင်ခြင်းမှာ အပိုပြောခြင်းမဟုတ်ပေ။

ဘာတိုလိုစားသောက်ကုန်လုပ်ငန်းတစ်ခုလုံး၏ စီမံခန့်ခွဲပိုင်ခွင့် ကို ကျွမ်းမိသားစုကို လွှဲအပ်ထားသောကြောင့် ကျွမ်းရီက ရုံးချုပ်က လုပ်ငန်းများအပေါ် ဩဇာအာဏာသက်ရောက်မှု ရှိသည်။

သူပိုင်ဆိုင်သော စားသောက်ဆိုင်တစ်ဆိုင်က ပိုင်ရှင်ဖြစ်သူ အတွက် စားသောက်ဖွယ်ရာများ စီစဉ်ပေးရခြင်းသည် ဂုဏ်ယူ ဖွယ်ရာအတိဖြစ်သည်။ ထိုင်စရာနေရာမရှိဘူးဟု မည်ကဲ့သို့ ပြောနိုင်မည်နည်း။

“မင်းက ဒီဆိုင်ရဲ့ ပိုင်ရှင်ဟုတ်လား” ဝမ့်ရွှမ်က အားပါးတရ ရယ်မောသည်။

“ဒီနေ့ခေတ်မှာ လုပ်ငန်းအားလုံးရဲ့ တရားဝင်ကိုယ်စားလှယ် နာမည်တွေကို တရားဝင်ချပြထားရတာ။ ဒါပေမဲ့ ဒီနေရာမှာ ရေးထားတာက လုပ်ငန်းလိုင်စင်အတွက် တရားဝင်နာမည်က ရှုကောင်းဝေ့လို့ ရေးထားတာလေ။ မင်းရဲ့ မျိုးရိုးနာမည်က ရှု လို့ ဘယ်အချိန်တုန်းက ပြောင်းလိုက်တာလဲ။ မင်းက ဖန့်မျိုးရိုး မလား။”

ဝမ့်ရွှမ်၏ စကားလုံးများက ဖန့်ကြွယ်ယွီကိုစော်ကားလွန်း လှသည်။ သူတို့နှစ်ဦး၏ ပတ်သက်မှုကို မသိသူများအဖို့ အရင်းရမ်းနှီးသည့် ဆက်ဆံရေးဟု ထင်မြင်ကြလိမ့်မည်။

ဖန့်ကြွယ်ယွီက သူ့အား ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့်ကြည့်သည်။

တရားဥပဒေစိုးမိုးသော လူ့အသိုင်းအဝိုင်းဖြစ်တာမို့ သူက ဝမ့်ရွှမ်ကို ရိုက်နှက်တိုက်ခိုက်ခြင်းမပြုပေ။

သို့သော် လူတစ်ချို့အတွက် ရိုက်နှက်တိုက်ခိုက်ခြင်း အတွက်ပိုမိုပြင်းထန်သော အရာဆိုတာရှိသည်။

“မင်းက ငါ့ကိုမယုံဘူးပေါ့” ဖန့်ကြွယ်ယွီက ရယ်မောသည်။

“မန်နေဂျာပိုင်၊ ဒီနှစ်ယောက်ကို မောင်းထုတ်လိုက်။ ခုချိန်ကစပြီး သူတို့နှစ်ယောက်ကို ဆိုင်ထဲ ဘယ်တော့မှ အဝင်မခံပါနဲ့”

“ဟုတ်ကဲ့ပါရှင့်” မန်နေဂျာရှုက ဖန့်ကြွယ်ယွီတောင်းဆိုသမျှ အားလုံးကိုဖြည့်ဆည်းပေးရန် မှာထားသည်။

“လုံခြုံရေးတွေလာစမ်း..ဒီပြသနာကောင်တွေကို ဆွဲထုတ်လိုက်စမ်း”

“ဒါက..ဒါက ဝမ့်ရွှမ် ငါတို့ဘယ်လိုလုပ်ကြမလဲ” ကျန်းယွမ်က ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ သူတို့နှစ်ဦး ဆိုင်ထဲက ဆွဲထုတ်ခံရသည့်သတင်း ပျံ့နှံ့သွားပါက တစ်ကျောင်းလုံးက လှောင်ပြောင်ကြတော့မည်။

ထို့အပြင် ကျောင်းရှိလူအားလုံးက ဝမ့်ရွှမ်ကို သိကြတာမို့ သူနှင့် အတူလာသူက ကျန်းယွမ်ဖြစ်သည်ဆိုသည့် သတင်းက ပြန့်သွားတော့မည်။

“မင်း စီးပွါးရေးပျက်သွားချင်လား” ဝမ့်ရွှမ်က မတုန်လှုပ်ပေ။

“ဒီလိုမျိုး ဆိုင်ကိုလာစားတဲ့ဧည့်သည်ကို မောင်းထုတ်တဲ့ စားသောက်ဆိုင်ဆိုပြီး ခုမှ ပထမဆုံးကြားဖူးတာပဲ။ မင်းတို့ဆိုင် နာမည်ပျက်မှာမကြောက်ဘူးလား”

“မန်နေဂျာပိုင်၊ စီစီတီဗီမှတ်တမ်းတွေအကုန်စုထားပြီးပါပြီ ခင်ဗျ” စားပွဲထိုးလေးတစ်ဦးက မန်နေဂျာပိုင်၏ အနားကို တိုးတိုးလေးကပ်ပြောသည်။

“သေချာစစ်ကြည့်တော့ ကောင်မလေးနဲ့ တူတူလာတဲ့ ဧည့်သည်က ရန်အရင်စတာပါ”

“ရပြီ။ အဲ့လောက်ဆိုရပြီ”မန်နေဂျာပိုင်က ပြုံးပြီး ပြန်ဖြေ သည်။ သူတို့ဘက်က မှန်နေသရွေ့ ဘာမှ ကြောက်စရာမလို ပေ။

“ကျွန်မတို့က ဧည့်သည်တွေကို နွေးနွေးထွေးထွေးကြိုဆိုပါ တယ်။ စီစီတီဗီ မှတ်တမ်းတွေလည်းရထားပြီးပါပြီ။ ရှင့်ဘက်က အရင် နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ရော ရန်စတာပါ။ ရှင့်ဘက်က တစ်ခုခု ချေပချင်တယ်ဆို စီးပွါးရေးစီမံခန့်ခွဲမှုအဖွဲ့ကို သတင်းပို့ပေးပါ့မယ်”

“မင်း..”ဝမ့်ရွှမ်က သူအခြေအနေမဟန်ဘူးဆိုတာ သိလိုက်ရသည်။

စီစီတီဗီမှတ်တမ်းအရဆို သူက ပြသနာစရှာသူမို့ ဘာမှ မတတ်နိုင်ပေ။

ဝမ့်ရွှမ်ကလည်း သူဌေးသားဆိုသော်ငြား သူ့အဖေက တျောင်ကူးလက်မှတ်ရောင်းချရေးကုမ္ပဏီ၏

ရှယ်ယာရှင်တစ်ဦးဖြစ်သည်။ ထိုအချိန်မှာ သူဘယ်သူဆိုတာ မည်သူမှ မသိကြတာမို့ သူ့ကိုယ်သူအာဏာမရှိသလို ခံစား နေရသည်။

“ဘယ်လိုလဲ။ မင်းဒေါသထွက်နေပြီမလား” ဖန့်ကြွယ်ယွီက မဲ့ပြုံးပြုံးပြရင်း မေးသည်။

“မင်းက သူဌေးသားဆိုတာ သိပါတယ်။ ဒါပေမဲ့ မင်းဘာလုပ်နိုင်မှာမလို့လဲ။ ဒီဆိုင်က ငါ့ဆိုင်။ မင်းချမ်းသာတယ်ဆို ဒီဆိုင်ကို ဘာလို့မဝယ်နိုင်တာလဲ”

လက်သီးဖြင့်အထိုးခံချင်နေသော ဖန့်ကြွယ်ယွီ၏ မျက်နှာကို ဝမ့်ရွှမ်က စေ့စေ့ကြည့်ပြီး ထိုးရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ၏ ခွန်အားသည် လုံခြုံရေးဝန်ထမ်းများနှင့် မယှဉ်နိုင်သဖြင့် တွန်းထုတ်ခံလိုက်ရသည်။

“ဒါနဲ့ ပြောဖို့ မေ့နေသေးတာ။ ငါက ဒီစားသောက်ဆိုင် တစ်ခုလုံးကို ပိုင်တာတင်မကဘူး။ ဘာတိုလိုလုပ်ငန်းစုကြီး တစ်ခုလုံးကို ပိုင်တာ။ ဒီလုပ်ငန်းက တကမ္ဘာလုံးသိကြတဲ့ မစ်ချယ်လင်း ( Michelin) အုပ်စုနဲ့ မယှဉ်နိုင်ပေမဲ့ စားသောက်ကုန်လုပ်ငန်းနဲ့ လက်မှတ်ရောင်းချရေးလုပ်ငန်း စုမှာတော့ ပြိုင်စံရှားအုပ်စုပါ”

“မန်နေဂျာ ပိုင်၊ အဆင်ပြေအောင် ကြည့်ရှင်းလိုက်တော့”

ဖန့်ကြွယ်ယွီသည် ခြေဟန်လက်ဟန်ပြပြီး စားသောက်ဆိုင်ရှိ ဗီအိုင်ပီ စားပွဲဆီသို့ ထွက်ခွါသွားတော့သည်။

“မင်းတို့နှစ်ယောက် ကိုယ့်ဘာသာကိုယ်ပြန်မလား။ ဒါမမဟုတ် လုံခြုံရေးခေါ်ပြီး ဆွဲထုတ်ခိုင်းလိုက်ရမလား”

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ဘာတိုလိုလုပ်ငန်းစုက ဘာကြောင့်ဒီလောက်ကြီးမားသည်ဆိုသော အကြောင်းရင်းကို မန်နေဂျာပိုင် နားလည်သွားတော့သည်။

“ကြည့်ပါဦး။ ဒီကောင်က ပိုက်ဆံရှိတိုင်း လုပ်ချင်တာလုပ်လို့ ရမယ်ထင်နေတာ။ သူက သူနဲ့ အဆင့်အတန်းတူတဲ့သူနဲ့ ဒီတစ်ကြိမ် ထိပ်တိုက်တွေ့လိုက်ရတာမလား။ အဲ့နေရာမှာ ငါသာဆို ခေါင်းတောင် ထောင်နိုင်မှာမဟုတ်ဘူး”

“ဟုတ်တယ်။ ကြည့်ရတာ ဒီကောင်က သူများကောင်မလေးကို ဖြတ်ခုတ်ထားတဲ့ပုံပဲ”

“ဖျစ်။ ဒီကောင်မလေးတွေက ပိုက်ဆံရှိတဲ့သူကို ရွေးပြီး ကပ်ကြတာ။ ငါကြားဖူးတာတော့ ကောင်လေးက ပိုက်ဆံ မရှိဘူးထင်ပြီး ဖြတ်လိုက်တာတဲ့။ သူတော့ အခု တော်တော်လေးရှက်နေလောက်ပြီ”

“ဟား။ သူ့ထိုက်နဲ့သူ့ကံပေါ့”

“ထားလိုက်ပါကွာ။ ကိုယ့်အကြောင်းပဲကိုယ်ပြောကြမယ်”

ပတ်ဝန်းကျင်က လူများ၏ တီတိုးမှတ်ချက်ပြုသံများက သူတို့ကိုပိုပြီး အရှက်ရစေခဲ့သည်။ ဒီမှာဆက်နေလျှင် ပိုပြီး အရှက်ကွဲတော့မည်။ ဝမ့်ရွှမ်က ဆောင့်အောင့်ပြီး ဆိုင်ထဲကထွက်သွားပြီး ကျန်းယွမ်ကို ထားပစ်ခဲ့သည်။

“ဝမ့်ရွှမ့်၊ ငါ့ကိုစောင့်ဦးလေ” ကျန်းယွမ်က ပိုက်ဆံအိတ်ကို ကပျာကယာကောက်ယူရင်း သူ၏နောက်ကိုအပြေးလိုက် လာသည်။

“ဘာလဲကွာ။ မင်းပြောတော့ ဖန့်ကြွယ်ယွီက သာမန်မိသားစု ကမွေးလာတဲ့ ဆင်းရဲတဲ့လူဆို” ဝမ့်ရွှမ်က ဒေါသထွက်နေပြီး သူ၏ ဒေါသများကို ကျန်းယွမ်အပေါ်ကို ပုံချသည်။

“ငါလည်း သိမှ မသိတာ” ကျန်းယွမ်က မျက်နှာငယ်လေးဖြင့် ပြန်ဖြေသည်။ “ငါနဲ့တွဲနေတုန်းကတော့ ငါ့အတွက် လက်ဆောင်တစ်ခုခု ဝယ်ပေးဖို့ဆိုပြီး အချိန်ပိုင်းအလုပ် တွေထွက်လုပ်ရတာ။ သူ့မိဘက ချမ်းသာတယ်ဆိုတာ ငါသိတောင်မသိဘူး”

“ဟမ်။ အဲ့လောက် ရိုးရှင်းသလား” ဝမ့်ရွှမ်ဘဝမှာ ထိုမျှလောက် တစ်ခါမှ အရှက်မရဖူးပေ။

“ချမ်းသာတယ်၊ ဟမ် ဟုတ်လား။ မင်းဘာလုပ်နိုင်မလဲဆိုတာ ငါ မြင်ချင်တယ်”

“ဝမ့်ရွှမ်၊ နင်ဘာလုပ်မလို့လဲ။ ဘာမှမစဉ်းမစားဘဲ အလောတကြီးလျှောက်မလုပ်ပါနဲ့ဟာ”

“ဘာ နင်က ခုချိန်ထိ အဲ့ကောင်ဘက်က နာနေတာလား။ အဲ့ကောင်ကို ခုထိ ဂရုစိုက်ချင်နေတာလား” ဝမ်ရွှမ်က ဒေါသတကြီးအော်ပြောသည်။

“မဟုတ်၊ မဟုတ်ပါဘူးဟာ။ ငါတို့ပြတ်တာဖြင့် ကြာလှပြီ။ ငါက ဘာလုပ်ပေးနိုင်မှာလဲ” ဝမ့်ရွှမ်က ဖန့်ကြွယ်ယွီကို ဘာလုပ်မည်ဆိုတာ သူမ စိတ်မဝင်စားပေ။ ဝမ့်ရွှမ်က ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တာ သူမအသိဆုံးဖြစ်သည်။ ဝမ့်ရွှမ်၏ တရားလွန်လုပ်ရပ်များက သူမကို ထိခိုက်လာမည်ကို စိုးရိမ်သည်။

“စိတ်မပူပါနဲ့။ ငါ့အကြောင်းငါသိတယ်။ အဲ့ကောင်ကို ပညာပြန်ပေးချင်တယ်”

All Chapters