ယွမ်သန်းတစ်ရာဆို လုံလောက်လား??
Vol. 2 Ch. 17
စားသောက်ဆိုင်မှ ဖန့်ကြွယ်ယွီတို့အတွက် အထူးသီးသန့် နေရာတစ်ခုကို ပြင်ထားပေးသည်။ ထိုနေရာသည် ဆိုင်ကို စဝင်လာကတည်းက သတိထားမိမည့်နေရာ ဖြစ်သော်ငြား အမြင်အာရုံဖမ်းစားနိုင်လောက်သည့် နေရာတော့မဟုတ်ပေ။
“မစ္စတာဖန့်၊ ဒါက မီနူး(menu)ပါ” စားပွဲထိုးက ယူလာပေး သော မီနူးစာအုပ်သည် တခြားစားသုံးသူများကိုပေးသည့် စာအုပ်နှင့် မတူကွဲပြားနေတာကို ဖန့်ကြွယ်ယွီသတိထားမိ သည်။
“အမဲနံရိုးကင်နှစ်ပွဲ၊ အနေတော်ပဲကင်ပေးပါ။ ပြီးတော့ အာဂျင်တီးနားပုစွန်ဟင်းတစ်ပွဲ၊ ငန်းအသည်းဟင်းတစ်ပွဲ…” ထိုဟင်းလျာများ၏ တန်ဖိုးသည် သာမန်ကျောင်းသား တစ်ယောက်ကို ချွေးပျံသည်အထိ ပမာဏများသည်။ သို့သော် ဖန့်ကြွယ်ယွီအတွက် ထိုမျှပမာဏက ဘာမှ မဟုတ်ပေ။
မနေ့ညက စားခဲ့သောပင်လယ်စာခေါက်ဆွဲသည် ထိုဟင်းလျာတစ်ခုလုံးထက် တန်ကြေးမြင့်သည်။
ချမ်ခိုင်က ဟင်းလျာများကို မှာရန် တွန့်ဆုတ်နေမည်ကို သိသဖြင့် ဖန့်ကြွယ်ယွီကိုယ်တိုင်က လူနှစ်ယောက်စားနိုင်ရုံမျှ ပမာဏကို မှာလိုက်သည်။
“ဒီလောက်ပဲ။ ဟင်းပွဲတွေကို အမြန်ဆုံး ယူလာခဲ့ပါ” ချမ်ခိုင်၏ ဗိုက်ထဲမှ တဂွီဂွီအော်နေသံကို ဖန့်ကြွယ်ယွီကြားနေရသည်။
“စိတ်ချပါခင်ဗျ။ အမြန်ဆုံးယူလာခဲ့ပါ့မယ်” စားပွဲထိုးက ဦးညွှတ်ပြီးနောက် ထွက်ခွါသွားသည်။
“သေစမ်း။ ဟေ့ကောင် ဖန့်ကြွယ်ယွီ မင်းငါတို့ကို သုံးနှစ်လုံး ဖုံးကွယ်ထားခဲ့တာပေါ့” စားပွဲထိုးထွက်သွားပြီးနောက် ချမ်ခိုင်က ရင်ထဲရှိသမျှကို ထုတ်ဖော်ပြောလိုက်သည်။
“ငါက မင်းရဲ့ အခန်းဖော်အနေနဲ့ သုံးနှစ်တောင်အတူနေခဲ့တာ။ ငါတို့က မင်းဒီလောက်ထိချမ်းသာမယ်လို့ မထင်ဘူး။ မင်းလိုသူဌေးသားတစ်ယောက်က ငါ့ဆီကတောင် ပိုက်ဆံချေးလိုက်သေးတယ်။ မင်းကွာ…”
“စိတ်လျှော့ပါ။ စိတ်လျှော့ပါကွာ။ ငါမင်းကိုပြောသားပဲ။ ငါ့မိသားစုက ချမ်းသာတယ်ဆိုတာ ငါလည်း ဟိုးတလောကမှ သိခဲ့ရတာလို့။ ငါအစထဲက ဟန်ဆောင်ခဲ့တာမှမဟုတ်တာ”
ချမ်ခိုင်၏ သံသယဖြစ်နေသောအမူအရာကိုကြည့်ပြီး ဖန့်ကြွယ်ယွီက ထပ်ပြောသည်။
“စဉ်းစားကြည့်ပါဦး။ ဒီသုံးနှစ်အတွင်း ငါ ဇိမ်ခံကားတွေ ဘာတွေစီးပြီး နေ့တိုင်းကျောင်းကိုလာတာ မင်းမြင်လို့လား”
“ဟုတ်တယ်။ ဟုတ်ပါတယ်” ချမ်ခိုင်က သေချာစဉ်းစားပြီးမှ ပြန်ဖြေသည်။ ဖန့်ကြွယ်ယွီသည် လွန်ခဲ့သော သုံးနှစ်တောက်လျှောက်လုံး သာမန်လူလိုပဲ နေထိုင်ခဲ့သည်။ သူက ဟန်ဆောင်တယ်ဆိုဦးတော့ ထိုမျှ အချိန်ကြာကြာကြီး ဖုံးကွယ်ထားနိုင်ဖို့က မလွယ်လှပေ။
“လာပါဦး။ ငါ့ကိုပြောပါဦးကွာ။ မင်းတို့မိသားစုက ဘယ်လောက်တောင်ချမ်းသာလဲ” ချမ်ခိုင်က ဘေးဝိုင်းက လူများကြားမည်ကို စိုးရိမ်ပြီး သတိထားပြီးမေးသည်။
ဖန့်ကြွယ်ယွီက ခေါင်းခါပြီး
“ ငါ့ကိုယ်ငါ ဘယ်လောက်ချမ်းသာလဲဆိုတာ မသိဘူးလို့ဖြေ လျှင် မင်းယုံမှာလား” ဟု ပြန်မေးသည်။
ချမ်ခိုင်က ခေါင်းခါပြသည်။
ထိုအဖြေကိုမည်သူမှ ယုံလိမ်မည်မဟုတ်ချေ။
“နေပါဦး မင်းပြောတဲ့ ကျန်းနန်ဗီလာဆိုတာ ဘယ်လိုနေရာ မျိုးလဲ” ဖန့်ကြွယ်ယွီ နှင့် ဝမ့်ရွှမ်တို့ အပြန်အလှန်ပြောကြသည့် စကားများကို ချမ်ခိုင်က ရုတ်တရက်သတိရလာသည်။
“ငါတို့ ကျောင်းကနေ သုံးကီလိုမီတာလောက်ဝေးတဲ့နေရာမှာ ဗီလာတစ်ခုရှိတယ်။ ငါတို့ အဆောင်မှာနောက်ဆုံးညစာ စားကြတုန်းက တင်းမင်ဟွေ့ပြောတဲ့အကြောင်းကို မှတ်မိလား”
“အဲ့နေရာမှာရှိတဲ့ အိမ်စျေးက အရမ်းမြင့်တယ်မလား” ချမ်ခိုင်က လက်ငါးချောင်းထောင်ပြသည်။
“ဒီလောက်ပမာဏထိများတာလား”
“ဆိုပါတော့။ ဒါပေမဲ့ ငါ့မိသားစုအိမ်ကတော့ မင်းနောက်ထပ် လက်ညှိုးတစ်ချောင်းထပ်ဖြည့်ရမယ်”
“ခြောက်သောင်း” ချမ်ခိုင်က သက်ပြင်းချသည်။ အရမ်းမများသော ပမာဏဟု စဉ်းစားမိပြီး စိတ်သက်သာရာ ရသွားသည်။
“မဟုတ်ဘူး။ ငါပြောတာက ဆယ်ဂဏန်းနေရာတစ်လုံး ထပ်ဖြည့်ဖို့ပြောတာ”
“ဘာကြီး။ တစ်သိန်းခွဲ”
စားသောက်ဆိုင်ထဲမှာသာ မဟုတ်ပါက ချမ်ခိုင်သည် စားပွဲခုံကိုအားပါးတရရိုက်မိတော့မည်။
“ငါတို့မြို့မှာဆို တစ်သိန်းခွဲလောက်နဲ့ဆို မြို့ပြင်လောက်မှာ အိမ်တစ်လုံးကောင်းကောင်းဝယ်လို့ရတယ်”
“အဲ့နေရာမှာ အိမ်တွေရောင်းချနေတာကို မှတ်မိပြီ။ မင်းအိမ်က ဘယ်လောက်ကျယ်လဲ။ စတုရန်းမီတာ ၄၀၀လောက်ရှိလား” ချမ်ခိုင်က စိတ်ထဲမှာ တွက်ချက်နေသည်။ သုညအတန်းလိုက်ကြီးက သူ့ကိုရင်တုန်ပမ်းတုန်ဖြစ်စေသည်။
“မတွက်ပါနဲ့တော့။ ငါမင်းတို့ အိမ်လည်ခေါ်မှာပါ။ အဲ့ခါကျ မင်းသိလိမ့်မယ်” ချမ်ခိုင်ကိုသာ ဆက်ပြီး တွက်ခိုင်းပါက ချမ်ခိုင်တစ်ယောက် အံ့အားသင့်ရလိမ့်မည်။
ထို့ပြင် သူ့အိမ်ထဲမှာရှိနေသော ပန်းချီကားသို့ အိမ်အပြင် အဆင်က တစ်အိမ်လုံးတန်ဖိုးထက်ပိုပြီး များပြားနေသည်။
“သူငယ်ချင်း ငါတို့ကတိပေးထားကြတာမှတ်မိလား။ ချမ်းသာသွားရင် တစ်ယောက်ကိုတစ်ယောက် မမေ့ကြေးလို့ ကတိပေးထားကြတယ်။ မှတ်မိလား။ ခုမင်းက ချမ်းသာနေပြီဆိုတော့ မင်းသူငယ်ချင်းတွေကို မမေ့ပါနဲ့”
“ဟား။ ဒါပေါ့ကွာ။ မေ့စရာလား။ မင်းတို့မှာ အကြံဥာဏ် ကောင်းတွေရှိလျှင် ငါ့ကိုပြောပါ။ မင်းတို့ကို အစွမ်းကုန် ကူညီပါ့မယ်” ဖန့်ကြွယ်ယွီက လူတိုင်းကို အကူအညီမပေး သော်ငြား သူ့အပေါင်းအသင်းများကိုတော့ အစွမ်းကုန် ကူညီပေးလိမ့်မည်။
“ကတိကွာ။ မင်းအဲ့လိုပြောလာမှာကို စောင့်နေတာ” ချမ်ခိုင်သည် ပျော်ရွှင်သွားရသည်။
“အမှန်တိုင်းပြောရရင် ငါတို့မှာ အကြံတော့ရှိတယ်”
“အို ဟုတ်လား” ဖန့်ကြွယ်ယွီက စိတ်ဝင်တစားဖြစ်သွားသည်။ သူတို့အဆောင်မှာ သူတစ်ဦးတည်း ရူပဗေဒဘာသာကို လေ့လာပြီး ကျန်သုံးဦးက ကွန်ပျူတာဘာသာရပ်ကို လေ့လာသည်။ သူတို့၏ အကြိုက်ဆုံး အချိန်မှာ ဂိမ်းကစားချိန် ဖြစ်သည်။
“ပြောပါဦး”
“ဟဲဟဲ။ ဒီလိုကွ။ သုံးနှစ်လုံးလုံး ဂိမ်းဆော့လိုက် ကောင်မလေးတွေနောက်လိုက်တာနဲ့ အကုန်မခံဘူး။ မင်း ရည်းစားနဲ့ချိန်းတွေနေချိန်မှာ ငါတို့က ဂိမ်းပုံစံတစ်မျိုးကို ဖန်တီးခဲ့တာ။ အဲ့ဂိမ်းကိုသာ သေချာဖန်တီးမယ်ဆို စျေးကွက်ထဲမှာ သေချာပေါက် နာမည်ကြီးမှာပဲ”
“အာ ဒါပေမဲ့ကွာ ငါတို့မှာ ပိုက်ဆံက မရှိဘူးဖြစ်နေတာ။ ဂိမ်းအတွက် လိုအပ်တာတွေ စက်ပစ္စည်းတွေ လူအင်အားတွေ မစိုက်ထုတ်နိုင်ဘူး။ ငါတို့လည်း ဘာမှ မတတ်နိုင်တာမို့ လက်လျှော့ဖို့ ပြင်နေကြတာ။ မဟုတ်ရင် ဘာလို့ ဒီတက္ကသိုလ်ကို ဒုက္ခခံနေရမှာလဲ”
“ဒါဆို ရင်းနှီးမြုပ်နှံဖို့အတွက် ယွမ်ဆယ်သန်းဆိုရပြီလား”
“ဖျစ်” သောက်လက်စရေများတောင် အပြင်ပြန်အန်ထွက် ကုန်သည်။ ဆယ်သန်းဆိုတာ ဘာမှမဟုတ်သည့်အလား ဖန့်ကြွယ်ယွီက ပြောနေတာမို့ မည်သူက မအံ့ဩဘဲ နေနိုင် မည်နည်း။
“ဘာြဖစ်လို့လဲ မလောက်လို့လား” ဖန့်ကြွယ်ယွီသည် ဂိမ်းလောကအကြောင်းကို မသိပေ။ သို့သော် ဂိမ်းတစ်ခုကို တီထွင်ဖန်တီးခြင်းသည် ပိုက်ဆံအမြောက်အမြား လိုအပ်သည်ဆိုတာတော့ သူနားလည်သဘောပေါက်သည်။
“ဒါဆို ယွမ်သန်းတစ်ရာဆိုရင်ရော”
“ဟွတ် ဟွတ် ဟွတ်” ချမ်ခိုင်က ချောင်းဆိုးလာသည်။ ဖန့်ကြွယ်ယွီမိသားစုက မည်မျှတောင်ချမ်းသာသလဲ။
“မဟုတ် မဟုတ်ပါဘူး။ ငါတို့ တီထွင်တဲ့ဂိမ်းက မိုဘိုင်းဖုန်းသုံး တဲ့သူတွေကို ဦးတည်တာမို့ အဲ့လောက်ပိုက်ဆံအများကြီးမှ မလိုတာ။ ဒါမဲ့ မင်းက ပိုက်ဆံကို လိုသလောက်ထုတ်ပေးဖို့ ပြင်နေတာဆိုတော့ ငါတို့ မအောင်မြင်မှာမစိုးရိမ်ဘူးလား”
“ဟား။ ငါ မင်းတို့ကို ယုံတယ်လေကွာ” ဖန့်ကြွယ်ယွီက ရယ်မောပြီး ပြန်ဖြေသည်။
“ပြီးတော့ မအောင်မြင်ဘဲနဲ့ ပိုက်ဆံတွေရှုံးရင်ရော ဘာဖြစ်လဲ။ အစကနေပြန်စကြတာပေါ့”
“ဟုတ်တယ်။ မင်းပြောတာမှန်တယ်။”
ချမ်ခိုင်မှာ ပြောစရာစကားလုံးများ ပျောက်ခဲ့ရသည်။
လူချမ်းသာတွေက ပိုက်ဆံသန်းပေါင်းများစွာ ဆုံးရှုံးလည်း ဘာမှ မဖြစ်သလို နေနိုင်တာပဲလား။
“ဂိမ်းနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေအရင်ရှာကြည့်ပေါ့။ ငါရဲ့ လက်ထောက်နဲ့တွေ့ဖို့ မင်းတို့ကိုအချိန်ပြန်ပြောမယ်လေ။ အဆင်ပြေတယ်ဆို ပိုက်ဆံချက်ချင်းထုတ်ပေးမှာပေါ့။ ဒါပေမဲ့ ငါက ပိုက်ဆံပဲ စိုက်မှာ။ ကျန်တာ မင်းတို့ကောင်တွေ စီစဉ်ရမှာ”
“ရတယ်။ ပိုက်ဆံသာရရင် ကျန်တာအားလုံးအဆင်ပြေပြီ”
သူတို့စကားတပြောပြောရှိနေတုန်း ဟင်းပွဲများ ရောက်လာ သည်။ သူတို့က ဟင်းပွဲများကို မြိန်ရေယှက်ရေ သုံးဆောင်ကြ သည်။ ဂိမ်းကို ဆက်လက်ပြီး တီထွင်ဖို့ ဆုံးဖြတ်လိုက်သဖြင့် ကျောင်းဆက်တက်မည့် အစီအစဉ်ကို ချမ်ခိုင် စွန့်လွှတ်လိုက် သည်။ သူ့ဘဝ၏ လုပ်ငန်းနယ်ပယ်အသစ်အတွက် အစွမ်းကုန် ကြိုးစားရတော့မည်။
နေ့လည်စာသုံးဆောင်ပြီးနောက် ဖန့်ကြွယ်ယွီက ဗီလာကို ပြန်သွားသည်။ ထိုအချိန်မှာ သူ့အတွက် အဝတ်အစားများ စီစဉ်ပေးဖို့ လူက ရောက်လာသည်။
သူအိမ်ကိုပြန်ရောက်သောအခါ အချိန်အကြာကြီး အဆက် အသွယ်ပြတ်နေသော လူတစ်ဦးထံမှ ဖုန်းဝင်လာသည်။
“ကျန်းရီ နင်မှ ဟုတ်ရဲ့လား။ ဘွဲ့ရပြီးတဲ့နောက် ငါ့ကိုတစ်ခါ လေးတောင် ဖုန်းမဆက်ခဲ့ဘူး။ ငါကပဲ နင့်ကိုခေါ်ခဲ့ရတာ။ ဒီနေ့ကျ ထူးထူးဆန်းဆန်း ဖုန်းတွေဘာတွေခေါ်လို့ပါလား” သူ၏ သူငယ်ချင်းအရင်းကြီးနှင့် အဆက်အသွယ်ပြန်ရသော အခါ အထက်တန်းကျောင်းတက်တုန်းက အချိန်များကို သတိရမိသည်။
“ငါကြားတာတော့ မကြာသေးခင်က နင် နောက်တစ်ယောက်နဲ့ ထပ်ပြတ်ပြန်ပြီဆို ဟုတ်လား။ ငါ နင့်ကို နှစ်သိမ့်ပေးချင်လို့ ဆက်ခဲ့တာ” ကျန်းရီ၏ အသံက နှစ်သိမ့်ပေးချင်သည့် လေသံမဟုတ်နေပေ။
“ငါ နင့်အကြောင်းသိပါတယ်။ နင်သာမကျိန်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ကျေးဇူးပြုပြီး ကျိန်စာကို ပယ်ဖျက်ပေးပါဟာ”
“ဟား မစတော့ဘူး။ စီးပွါးရေး အကြောင်းပဲပြောကြတာပေါ့။ လာမဲ့ လဝက်အတွင်းမှာ ငါတို့အထက်တန်းကျောင်းရဲ့ နှစ်ပတ်လည်အခမ်းအနားရှိတယ်။ ဆရာမက ငါတို့ကိုပြန်လာစေချင်ပြီးတော့ ရှိနေစေချင်တာ”
“ကောင်းပြီလေ။ ငါတို့လည်း တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာကြာပေါ့။ အဆက်အသွယ်မပြတ်တာ ပိုကောင်းပါတယ်” ဖန့်ကြွယ်ယွီက ထိုသတင်းကိုကြားပြီး အလွန်ပျော်ရွှင်မိသည်။
“ငါတို့တွေ ပြန်ဆုံရတာ ကောင်းတာပေါ့။ ဒါပေမဲ့ နင် သိတဲ့အတိုင်းပဲ။ ငါတို့အတန်းက လူတချို့က ကြွားဝါဖို့ သေချာပေါက်ပြန်လာချင်ကြတာ။ စိတ်ကိုပြင်ဆင်ထားဖို့ မမေ့နဲ့ဦး”
“မစ်ရှင်အသစ် ထွက်ပေါ်လာပါပြီ” ရုတ်တရက်ဆိုသလို ရှောင်းရီ၏ အသံက ဝင်ရောက်လာသည်။
မစ်ရှင်လိုအပ်ချက်၊ ကျောင်းပွဲမှာ လူအများ၏အာရုံစိုက်မှု ရအောင်လုပ်ရမည်။
မစ်ရှင်ဆုကြေး၊ ခွင့်ပြုချက်မစ်ရှင် အဆင့်တစ် အောင်မြင်မှုက ၂% တိုးတက်လာမည်။ ဘိုးဘေးတွေပေးအပ်ခဲ့တဲ့ ဆုလက်ဆောင်တစ်မျိုးလည်းရမည်။
ဖန့်ကြွယ်ယွီ၏ မျက်နှာလက်ခနဲဖြစ်သွားသည်။ ကြွားဝါချင်ရုံသက်သက် ပြန်လာချင်သူ များပြားလောက်မည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူသည် စကြာဝဠာတစ်ခုလုံးမှာ အထွန်းလင်းဆုံး ကြယ်စင်တစ်လုံးဖြစ်လာတော့မည်။